လစာရဲ့ ၂၅% ပါတီလစဉ်ကြေး မပေးသူတွေကို အမတ်လောင်းအဖြစ် ပြန်မရွေးဘူးလို့ ဒေါက်တာဇော်မြင့်မောင်ပြေ

၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ NLD ပါတီ အမတ်တချို့ကို နေပြည်တော် လွှတ်တော်တစ်ခုမှာ တွေ့ရစဉ်
(Unicode)⤵⤵⤵
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးချယ်ရာမှာ လက်ရှိ အမတ်တွေထဲက ရတဲ့လစာရဲ့ ၂၅ % ကို ပါတီ လစဉ်ကြေးအဖြစ် ပြန်မပေးတဲ့သူတွေကို ကိုယ်စားလှယ်လောင်းအဖြစ် ပြန်ရွေးတော့မှာ မဟုတ်ဘူးလို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

"၂၅ %က ပါတီကို ထောက်ပံ့ရတာ ရှိတယ်၊ လွှတ်တော် ကိုယ်စားလှယ်တွေရော အစိုးရအဖွဲ့ဝင်တွေရော.. တချို့ဆို မပေးတော့ဘူးဗျ၊ ပါတီလစဉ်ကြေး မပေးတဲ့သူတွေ၊ စည်းကမ်းပျက်တဲ့သူတွေကတော့ ပြုတ်သွားမှာပေါ့" လို့ ဒေါက်တာ ဇော်မြင့်မောင်က ဘီဘီစီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

"ကျွန်တော်တို့က စီးပွားရေး လုပ်တဲ့ ပါတီမှ မဟုတ်တာ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ဝင်တွေရဲ့ ထောက်ပံ့ကြေးနဲ့ ပါတီရဲ့ စည်းရုံးရေးစရိတ်တွေကို သုံးနေရတာ ဖြစ်တယ်" ဆိုပြီးတော့ ဒေါက်တာဇော်မြင့်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ယှဉ်ပြိုင်အရွေးခံခဲ့သူတွေကိုလည်း အမတ်လောင်းအဖြစ် ရွေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"၂၀၁၇ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနဲ့ စည်ပင်ရွေးကောက်ပွဲတွေမှာ တခြားပါတီတွေကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ယှဉ်ပြိုင်အရွေးခံခဲ့သူတွေကို မရွေးပါဘူး" လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

အရည်အချင်း သတ်မှတ်ချက်မှာတော့ အမတ်လောင်းတွေဟာ ပါတီရဲ့ နိုင်ငံရေး မူဝါဒ သဘောတရားနဲ့ ရည်ရွယ်ချက်တွေကို ဆောင်ရွက်ပေးသူ ဖြစ်ရမယ် ဆိုတဲ့ ကန့်သတ်ချက်ကိုလည်း ထည့်ထားပါတယ်။

"အရွေးခံပြီးမှ ပါတီတွင်း ပါလာပြီး ပါတီရဲ့ လုပ်ငန်းစဉ်တွေကို ကန့်လန့်တိုက်နေတယ်ဆိုရင် စောစောစီးစီး ပါမလာတာ ကောင်းတာပေါ့၊ အတွေ့အကြုံအရ ဒီအချက်ကို ထည့်ထားပါတယ်" လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

"၂၀၁၅ က အတွေ့အကြုံရခဲ့တယ်ဗျ၊ အဲ့ဒီတုန်းက အရွေးခံရပြီး ကိုယ်စားလှယ်ဖြစ်လာသူတွေထဲ ပါတီရဲ့ မူဝါဒ သဘောတရားတွေကို မလိုက်နာသူတွေ ရှိခဲ့တယ်၊ အဲ့ဒီထဲမှာ အရေးယူခံရပြီး ထွက်သွားရသူရော ဒီတိုင်း နုတ်ထွက်သွားရသူတွေရော ရှိခဲ့ပါတယ်၊ သူတို့တွေကို ပြန်ရွေးဖို့ မရှိပါဘူး" လို့လည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဒီလို ကန့်သတ်ချက်တွေကြောင့် လက်ရှိ NLD ပါတီ အမတ်တွေထဲက ရာခိုင်နှုန်း ဘယ်လောက်လောက်က အရွေးမခံရတော့မယ့် အနေအထားမှာ ရှိသလဲလို့ ဘီဘီစီက မေးရာမှာတော့ "ကိုယ်စားလှယ်လောင်းစာရင်း ဗဟိုကို ရောက်လာမှ သိရပါမယ်" လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားထားရသူ တစ်ဦး ဖြစ်ပါတယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရမယ့် စည်းမျဉ်းစည်းကမ်းတွေကို မြို့နယ်အဆင့် အလုပ်အမှုဆောင်တွေဆီကို ပို့ထားပြီး ဖြစ်ပြီး ဇူလိုင်လမှာ ဗဟိုကနေ အပြီးသတ် ရွေးချယ်နိုင်ဖို့ ပါတီက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မြို့နယ် တစ်မြို့နယ်ကို တိုင်းဒေသကြီး (ဒါမှမဟုတ်) ပြည်နယ်လွှတ်တော်၊ ပြည်သူ လွှတ်တော်၊ အမျိုးသားလွှတ်တော်အတွက် နေရာရှိရင်လည်း ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို တောင်းခံနေပြီး ကိုယ်စားလှယ်လောင်း တစ်နေရာအတွက် ဦးစားပေး (၁)၊ ဦးစားပေး (၂) ဆိုပြီး တင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြို့နယ်က ပေးတဲ့စာရင်းကို တိုင်း (ဒါမှမဟုတ်) ပြည်နယ် အလုပ်အမှုဆောင်ကို တင်၊ အဲ့ဒီကမှ ဗဟိုအလုပ်အမှုဆောင်ကို တင်ပြီး စိစစ်ရွေးချယ်မယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ ဒေါက်တာ ဇော်မြင့်မောင်က "၂၀၁၅ တုန်းက ရွေးခဲ့တဲ့ မူနဲ့ သိပ်မကွာဘူး၊ ပါတီဝင်ဖြစ်ရမယ်၊ ရပ်ကွက် မြို့နယ်တွေက လေးစားသူ နိုင်ငံရေး လူမှုရေး ကိစ္စတွေ သိနားလည်သူ တက်သိပညာရှင် ဖြစ်ရမယ်" လို့ ပြောပါတယ်။

"အရည်အချင်းတူတယ်ဆိုရင် တိုင်းရင်းသား ဦးစားပေးမယ်၊ လူငယ် ဦးစားပေးမယ်၊ အမျိုးသမီး ဦးစားပေးမယ်" ဆိုပြီးတော့ ပြောပါတယ်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ မြို့နယ် အလုပ်အမှုဆောင်တွေကို မြို့မိ မြို့ဖတွေက တဆင့် ထောက်ခံပေးရမှာ ဖြစ်ပြီး မြို့မိ မြို့ဖ ရွေးဖို့ အရည်အချင်း ကန့်သတ်ချက်တွေကိုလည်း ပါတီက ထုတ်ပြန်ပါတယ်။

"မြို့မိ မြို့ဖ ဖြစ်ဖို့ဆိုရင် အဲ့ဒီမှာ နှစ်ရှည် နေထိုင်ခဲ့သူ ၊ အများက ယုံကြည်လေးစားသူ၊ ဒီမိုကရေစီအရေးကို အစဉ်တစိုက် ထောက်ခံသူ၊ ပါတီရဲ့ အကျိုးစီးပွားကို ဖော်ဆောင်သူ၊ နိုင်ငံရေး အမြှော်အမြင်ရှိသူ ဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းချက်တွေနဲ့ အကျုံးဝင်ရမယ်"လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲကို နိုဝင်ဘာလထဲ လုပ်မယ်လို့ ပြောနေပေမယ့် ရက်အတိအကျကိုတော့ မထုတ်ပြန်သေးဘူး။

လာမယ့် ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ လက်ရှိ သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဝင်ရောက် အရွေးချယ်ခံဖို့ ရှိသလားဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ ဒေါက်တာဇော်မြင့်မောင်က "တိတိကျကျ ပြောဖို့ ခက်နေသေးကြောင်းနဲ့ မကြာခင် ထုတ်ပြန်ပါလိမ့်မယ်" လို့ ပြောပါတယ်။

BBC Burmese
-------------------------------------------
(Zawgyi)⤵⤵⤵
လစာရဲ႕ ၂၅% ပါတီလစဥ္ေၾကး မေပးသူေတြကို အမတ္ေလာင္းအျဖစ္ ျပန္မေ႐ြးဘူးလို႔ ေဒါက္တာေဇာ္ျမင့္ေမာင္ေျပာ

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းေတြကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီက ေ႐ြးခ်ယ္ရာမွာ လက္ရွိ အမတ္ေတြထဲက ရတဲ့လစာရဲ႕ ၂၅ % ကို ပါတီ လစဥ္ေၾကးအျဖစ္ ျပန္မေပးတဲ့သူေတြကို ကိုယ္စားလွယ္ေလာင္းအျဖစ္ ျပန္ေ႐ြးေတာ့မွာ မဟုတ္ဘူးလို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

"၂၅ %က ပါတီကို ေထာက္ပံ့ရတာ ရွိတယ္၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြေရာ အစိုးရအဖြဲ႕ဝင္ေတြေရာ.. တခ်ိဳ႕ဆို မေပးေတာ့ဘူးဗ်၊ ပါတီလစဥ္ေၾကး မေပးတဲ့သူေတြ၊ စည္းကမ္းပ်က္တဲ့သူေတြကေတာ့ ျပဳတ္သြားမွာေပါ့" လို႔ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ဘီဘီစီနဲ႔ သီးသန႔္ အင္တာဗ်ဴးမွာ ေျပာခဲ့ပါတယ္။

"ကြၽန္ေတာ္တို႔က စီးပြားေရး လုပ္တဲ့ ပါတီမွ မဟုတ္တာ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ၊ အစိုးရအဖြဲ႕ဝင္ေတြရဲ႕ ေထာက္ပံ့ေၾကးနဲ႔ ပါတီရဲ႕ စည္း႐ုံးေရးစရိတ္ေတြကို သုံးေနရတာ ျဖစ္တယ္" ဆိုၿပီးေတာ့ ေဒါက္တာေဇာ္ျမင့္က ေျပာပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္နဲ႔ ယွဥ္ၿပိဳင္အေ႐ြးခံခဲ့သူေတြကိုလည္း အမတ္ေလာင္းအျဖစ္ ေ႐ြးမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

"၂၀၁၇ ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲ၊ ၂၀၁၅ အေထြေထြ ေ႐ြးေကာက္ပြဲနဲ႔ စည္ပင္ေ႐ြးေကာက္ပြဲေတြမွာ တျခားပါတီေတြကေန အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္နဲ႔ ယွဥ္ၿပိဳင္အေ႐ြးခံခဲ့သူေတြကို မေ႐ြးပါဘူး" လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

အရည္အခ်င္း သတ္မွတ္ခ်က္မွာေတာ့ အမတ္ေလာင္းေတြဟာ ပါတီရဲ႕ ႏိုင္ငံေရး မူဝါဒ သေဘာတရားနဲ႔ ရည္႐ြယ္ခ်က္ေတြကို ေဆာင္႐ြက္ေပးသူ ျဖစ္ရမယ္ ဆိုတဲ့ ကန႔္သတ္ခ်က္ကိုလည္း ထည့္ထားပါတယ္။

"အေ႐ြးခံၿပီးမွ ပါတီတြင္း ပါလာၿပီး ပါတီရဲ႕ လုပ္ငန္းစဥ္ေတြကို ကန႔္လန႔္တိုက္ေနတယ္ဆိုရင္ ေစာေစာစီးစီး ပါမလာတာ ေကာင္းတာေပါ့၊ အေတြ႕အႀကဳံအရ ဒီအခ်က္ကို ထည့္ထားပါတယ္" လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

"၂၀၁၅ က အေတြ႕အႀကဳံရခဲ့တယ္ဗ်၊ အဲ့ဒီတုန္းက အေ႐ြးခံရၿပီး ကိုယ္စားလွယ္ျဖစ္လာသူေတြထဲ ပါတီရဲ႕ မူဝါဒ သေဘာတရားေတြကို မလိုက္နာသူေတြ ရွိခဲ့တယ္၊ အဲ့ဒီထဲမွာ အေရးယူခံရၿပီး ထြက္သြားရသူေရာ ဒီတိုင္း ႏုတ္ထြက္သြားရသူေတြေရာ ရွိခဲ့ပါတယ္၊ သူတို႔ေတြကို ျပန္ေ႐ြးဖို႔ မရွိပါဘူး" လို႔လည္း ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

ဒီလို ကန႔္သတ္ခ်က္ေတြေၾကာင့္ လက္ရွိ NLD ပါတီ အမတ္ေတြထဲက ရာခိုင္ႏႈန္း ဘယ္ေလာက္ေလာက္က အေ႐ြးမခံရေတာ့မယ့္ အေနအထားမွာ ရွိသလဲလို႔ ဘီဘီစီက ေမးရာမွာေတာ့ "ကိုယ္စားလွယ္ေလာင္းစာရင္း ဗဟိုကို ေရာက္လာမွ သိရပါမယ္" လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ေ႐ြးခ်ယ္ရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြကို ၿမိဳ႕နယ္အဆင့္ အလုပ္အမႈေဆာင္ေတြဆီကို ပို႔ထားၿပီး ျဖစ္ၿပီး ဇူလိုင္လမွာ ဗဟိုကေန အၿပီးသတ္ ေ႐ြးခ်ယ္ႏိုင္ဖို႔ ပါတီက လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ၿမိဳ႕နယ္ တစ္ၿမိဳ႕နယ္ကို တိုင္းေဒသႀကီး (ဒါမွမဟုတ္) ျပည္နယ္လႊတ္ေတာ္၊ ျပည္သူ လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ ေနရာရွိရင္လည္း ကိုယ္စားလွယ္ေလာင္း အမည္စာရင္းေတြကို ေတာင္းခံေနၿပီး ကိုယ္စားလွယ္ေလာင္း တစ္ေနရာအတြက္ ဦးစားေပး (၁)၊ ဦးစားေပး (၂) ဆိုၿပီး တင္ရမယ္လို႔ ထုတ္ျပန္ထားပါတယ္။

ၿမိဳ႕နယ္က ေပးတဲ့စာရင္းကို တိုင္း (ဒါမွမဟုတ္) ျပည္နယ္ အလုပ္အမႈေဆာင္ကို တင္၊ အဲ့ဒီကမွ ဗဟိုအလုပ္အမႈေဆာင္ကို တင္ၿပီး စိစစ္ေ႐ြးခ်ယ္မယ္လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

ကိုယ္စားလွယ္ေလာင္း အရည္အခ်င္းသတ္မွတ္ခ်က္ေတြနဲ႔ ပတ္သက္လို႔ ေဒါက္တာ ေဇာ္ျမင့္ေမာင္က "၂၀၁၅ တုန္းက ေ႐ြးခဲ့တဲ့ မူနဲ႔ သိပ္မကြာဘူး၊ ပါတီဝင္ျဖစ္ရမယ္၊ ရပ္ကြက္ ၿမိဳ႕နယ္ေတြက ေလးစားသူ ႏိုင္ငံေရး လူမႈေရး ကိစၥေတြ သိနားလည္သူ တက္သိပညာရွင္ ျဖစ္ရမယ္" လို႔ ေျပာပါတယ္။

"အရည္အခ်င္းတူတယ္ဆိုရင္ တိုင္းရင္းသား ဦးစားေပးမယ္၊ လူငယ္ ဦးစားေပးမယ္၊ အမ်ိဳးသမီး ဦးစားေပးမယ္" ဆိုၿပီးေတာ့ ေျပာပါတယ္။

ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ရာမွာ ၿမိဳ႕နယ္ အလုပ္အမႈေဆာင္ေတြကို ၿမိဳ႕မိ ၿမိဳ႕ဖေတြက တဆင့္ ေထာက္ခံေပးရမွာ ျဖစ္ၿပီး ၿမိဳ႕မိ ၿမိဳ႕ဖ ေ႐ြးဖို႔ အရည္အခ်င္း ကန႔္သတ္ခ်က္ေတြကိုလည္း ပါတီက ထုတ္ျပန္ပါတယ္။

"ၿမိဳ႕မိ ၿမိဳ႕ဖ ျဖစ္ဖို႔ဆိုရင္ အဲ့ဒီမွာ ႏွစ္ရွည္ ေနထိုင္ခဲ့သူ ၊ အမ်ားက ယုံၾကည္ေလးစားသူ၊ ဒီမိုကေရစီအေရးကို အစဥ္တစိုက္ ေထာက္ခံသူ၊ ပါတီရဲ႕ အက်ိဳးစီးပြားကို ေဖာ္ေဆာင္သူ၊ ႏိုင္ငံေရး အေျမႇာ္အျမင္ရွိသူ ျဖစ္ရမယ္ဆိုတဲ့ စည္းကမ္းခ်က္ေတြနဲ႔ အက်ဳံးဝင္ရမယ္"လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေတာ့ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလထဲ လုပ္မယ္လို႔ ေျပာေနေပမယ့္ ရက္အတိအက်ကိုေတာ့ မထုတ္ျပန္ေသးဘူး။

လာမယ့္ ေ႐ြးေကာက္ပြဲမွာ NLD ပါတီအေနနဲ႔ လက္ရွိ သမၼတ နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တို႔ ဝင္ေရာက္ အေ႐ြးခ်ယ္ခံဖို႔ ရွိသလားဆိုတဲ့ ဘီဘီစီရဲ႕ အေမးကိုေတာ့ ေဒါက္တာေဇာ္ျမင့္ေမာင္က "တိတိက်က် ေျပာဖို႔ ခက္ေနေသးေၾကာင္းနဲ႔ မၾကာခင္ ထုတ္ျပန္ပါလိမ့္မယ္" လို႔ ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52902945
လစာရဲ့ ၂၅% ပါတီလစဉ်ကြေး မပေးသူတွေကို အမတ်လောင်းအဖြစ် ပြန်မရွေးဘူးလို့ ဒေါက်တာဇော်မြင့်မောင်ပြေ လစာရဲ့ ၂၅% ပါတီလစဉ်ကြေး မပေးသူတွေကို အမတ်လောင်းအဖြစ် ပြန်မရွေးဘူးလို့ ဒေါက်တာဇော်မြင့်မောင်ပြေ Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.