ကန် မှာ နိုင်ငံရေးတင်းမာမှုတွေဖြစ်အောင် ရုရှားမီဒီယာတွေ ကြိုးစားနေ


(Unicode)⤵⤵⤵
အမေရိကန်နိုင်ငံရဲ့ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် ပြည်သူတွေ စိတ်ဝမ်းကွဲစေမယ့် ဝါဒဖြန့်မှု အစိတ်အပိုင်း တခု အနေနဲ့ အမေရိကန်နိုင်ငံတွင်းက ရဲတပ်ဖွဲ့ပြဿနာတွေကို ဦးတည် အသုံးချဖို့ ရုရှားက ပြင်းပြင်းထန်ထန်လုပ်ဆောင်နေပုံရပါတယ်။ အာဖရိကန် အမေရိကန်အမျိုးသား George Floyd ရဲဖမ်းထားစဉ် သေဆုံးခဲ့မှုနဲ့ အမေရိကန်က ကန့်ကွက်ဆန္ဒပြမှုတွေကို ရုရှားအစိုးရ အထောက်အပံ့ ပေးထားတဲ့ သတင်းဌာနတွေ ဖြစ်တဲ့ RT နဲ့ Sputnik တို့က သီတင်းပတ်နဲ့ချီပြီး အများအပြား ဦးစားပေးထုတ်လွှင့်ခဲ့တာပါ။

အခုအချိန်မှာ အထူးသဖြင့် အင်္ဂလိပ်ဘာသာနဲ့ တင်ပြတဲ့ RT သတင်းဌာနက အမေရိကန် ရဲအရာရှိတွေနဲ့. သမဂ္ဂအရာရှိေတွေကို ဆက်သွယ် မေးမြန်းပြီး တင်ပြ ပေးနေတာတွေဟာ အမေရိကန်နိုင်ငံတွင်း တင်းမာမှုတွေ ဖြစ်လာအောင် ကြိုးစားတဲ့ အနေထား ဖြစ်နေတယ်လို့ အမေရိကန် အရာရှိတွေနဲ့ လွှတ်တော် အမတ်တွေက ပြောပါတယ်။

RT နဲ့ Sputnik တို့လို ရုရှာအစိုးရ အထောက်အပံ့ပေးထား တာနဲ့ ရုရှားအစိုးရ ညွှန်ကြားမှုအောက်က သတင်းဌာန တွေရဲ့ လုပ်ဆောင်မှုအတွက် အမေရိကန်တွေက သံသယရှိနေကြဆဲပဲလို့ အထက်လွှတ်တော် ထောက်လှန်းရေး ကော်မတီ ယာယီ ဥက္ကဌ Marco Rubio က ဗွီအိုအေကို ပြောပါတယ်။

အမေရိကန်နိုင်ငံတွင်းက သဘောထား ကွဲပြားမှုကို အခွင့်ကောင်းယူပြီး ရှိပြီးသား လူမှုရေးတင်းမာမှု အခြေနေကို ပိုဆိုးအောင် ရုရှားက ကြိုးစားချင်နေတယ်လို့ ပြောကြားခဲ့သလို သြဇာကြီးတဲ့ ရဲအရာရှိတွေနဲ့ သူတို့ကို ထောက်ခံသူတွေကို ရုရှားက အသုံးချတာ ဒါမှမဟုတ် လွှမ်းမိုးဖို့ ကြိုးစားနေတာနဲ့ ပတ်သက်ပြီး လွှတ်တော် အမတ်တွေက စိုးရိမ်နေကြတယ်လို့လည်း အတည်ပြုပါတယ်။

ရဲအရာရှိတွေနဲ့ ရဲအဖွဲ့အစည်းတွေကလည်း သူတို့ကို RT သတင်းဌာနရဲ့ ဆက်သွယ်မှုအတွက် အံ့အားသင့်ခဲ့ရတယ်လို့ VOA ကို ပြောပါတယ်။ ရဲအရာရှိတွေရဲ့ lawofficer.com ဝက်ဘ်ဆိုဒ် တာဝန်ခံ ကတော့ ဒီသတင်းဌာနတွေ ဘယ်အဖွဲ့အစည်းနဲ့ ဆက်နွယ်နေတယ် ဆိုတာ တွက်လို့ မရဘူးလို့ပြောပါတယ်။ ရဲတွေရဲ့ လုပ်နည်းကိုင်နည်းအတွက် ပြည်သူတွေ ဆန္ဒပြ နေကြတာကို စိတ်ပျက်ကြောင်း အိုကလာဟိုးမား က ရဲတာဝန်ရှိသူတဦးနဲ့ ရေးသားချက်ကို ထုတ်ဝေခွင့် ပြုဖို့ RT က သူတို့ကို ဆက်သွယ်လာတယ်လို့လည်း ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------
(Zawgyi)⤵⤵⤵
ကန္ မွာ ႏိုင္ငံေရးတင္းမာမႈေတြျဖစ္ေအာင္ ႐ုရွားမီဒီယာေတြ ႀကိဳးစားေန

အေမရိကန္ႏိုင္ငံရဲ႕ ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲ မတိုင္ခင္ ျပည္သူေတြ စိတ္ဝမ္းကြဲေစမယ့္ ဝါဒျဖန႔္မႈ အစိတ္အပိုင္း တခု အေနနဲ႔ အေမရိကန္ႏိုင္ငံတြင္းက ရဲတပ္ဖြဲ႕ျပႆနာေတြကို ဦးတည္ အသုံးခ်ဖို႔ ႐ုရွားက ျပင္းျပင္းထန္ထန္လုပ္ေဆာင္ေနပုံရပါတယ္။ အာဖရိကန္ အေမရိကန္အမ်ိဳးသား George Floyd ရဲဖမ္းထားစဥ္ ေသဆုံးခဲ့မႈနဲ႔ အေမရိကန္က ကန႔္ကြက္ဆႏၵျပမႈေတြကို ႐ုရွားအစိုးရ အေထာက္အပံ့ ေပးထားတဲ့ သတင္းဌာနေတြ ျဖစ္တဲ့ RT နဲ႔ Sputnik တို႔က သီတင္းပတ္နဲ႔ခ်ီၿပီး အမ်ားအျပား ဦးစားေပးထုတ္လႊင့္ခဲ့တာပါ။

အခုအခ်ိန္မွာ အထူးသျဖင့္ အဂၤလိပ္ဘာသာနဲ႔ တင္ျပတဲ့ RT သတင္းဌာနက အေမရိကန္ ရဲအရာရွိေတြနဲ႔. သမဂၢအရာရွိေေတြကို ဆက္သြယ္ ေမးျမန္းၿပီး တင္ျပ ေပးေနတာေတြဟာ အေမရိကန္ႏိုင္ငံတြင္း တင္းမာမႈေတြ ျဖစ္လာေအာင္ ႀကိဳးစားတဲ့ အေနထား ျဖစ္ေနတယ္လို႔ အေမရိကန္ အရာရွိေတြနဲ႔ လႊတ္ေတာ္ အမတ္ေတြက ေျပာပါတယ္။

RT နဲ႔ Sputnik တို႔လို ႐ုရွာအစိုးရ အေထာက္အပံ့ေပးထား တာနဲ႔ ႐ုရွားအစိုးရ ၫႊန္ၾကားမႈေအာက္က သတင္းဌာန ေတြရဲ႕ လုပ္ေဆာင္မႈအတြက္ အေမရိကန္ေတြက သံသယရွိေနၾကဆဲပဲလို႔ အထက္လႊတ္ေတာ္ ေထာက္လွန္းေရး ေကာ္မတီ ယာယီ ဥကၠဌ Marco Rubio က ဗြီအိုေအကို ေျပာပါတယ္။

အေမရိကန္ႏိုင္ငံတြင္းက သေဘာထား ကြဲျပားမႈကို အခြင့္ေကာင္းယူၿပီး ရွိၿပီးသား လူမႈေရးတင္းမာမႈ အေျခေနကို ပိုဆိုးေအာင္ ႐ုရွားက ႀကိဳးစားခ်င္ေနတယ္လို႔ ေျပာၾကားခဲ့သလို ၾသဇာႀကီးတဲ့ ရဲအရာရွိေတြနဲ႔ သူတို႔ကို ေထာက္ခံသူေတြကို ႐ုရွားက အသုံးခ်တာ ဒါမွမဟုတ္ လႊမ္းမိုးဖို႔ ႀကိဳးစားေနတာနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္ အမတ္ေတြက စိုးရိမ္ေနၾကတယ္လို႔လည္း အတည္ျပဳပါတယ္။

ရဲအရာရွိေတြနဲ႔ ရဲအဖြဲ႕အစည္းေတြကလည္း သူတို႔ကို RT သတင္းဌာနရဲ႕ ဆက္သြယ္မႈအတြက္ အံ့အားသင့္ခဲ့ရတယ္လို႔ VOA ကို ေျပာပါတယ္။ ရဲအရာရွိေတြရဲ႕ lawofficer.com ဝက္ဘ္ဆိုဒ္ တာဝန္ခံ ကေတာ့ ဒီသတင္းဌာနေတြ ဘယ္အဖြဲ႕အစည္းနဲ႔ ဆက္ႏြယ္ေနတယ္ ဆိုတာ တြက္လို႔ မရဘူးလို႔ေျပာပါတယ္။ ရဲေတြရဲ႕ လုပ္နည္းကိုင္နည္းအတြက္ ျပည္သူေတြ ဆႏၵျပ ေနၾကတာကို စိတ္ပ်က္ေၾကာင္း အိုကလာဟိုးမား က ရဲတာဝန္ရွိသူတဦးနဲ႔ ေရးသားခ်က္ကို ထုတ္ေဝခြင့္ ျပဳဖို႔ RT က သူတို႔ကို ဆက္သြယ္လာတယ္လို႔လည္း ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
ကန် မှာ နိုင်ငံရေးတင်းမာမှုတွေဖြစ်အောင် ရုရှားမီဒီယာတွေ ကြိုးစားနေ ကန် မှာ နိုင်ငံရေးတင်းမာမှုတွေဖြစ်အောင် ရုရှားမီဒီယာတွေ ကြိုးစားနေ Reviewed by THITHTOOLWIN on 09:30 Rating: 5
Powered by Blogger.