ရှေ့မှ‌မောင်းနေသောဆိုင်ကယ်ကို နောက်မှကားက ဝင်တိုက်မှုဖြစ်ပွား၍ တစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာများ ရရှိ


(Unicode)⤵⤵⤵
မင်းလှ    ဇွန်    ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီးအုပ်စု၊ ကိုင်းပြင်ကြီးကျေးရွာအနီးတွင် ဇွန် ၁ ရက် ညနေပိုင်းက ရှေ့မှမောင်းနေသော ဆိုင်ကယ်ကို နောက်မှကားက ဝင်တိုက်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်- ပြည်ကားလမ်းမကြီးမိုင်တိုင်အမှတ်(၁၀၁/ဝ) နှင့် (၁၀၁/၁) အကြားတွင် ရန်ကုန်ဘက်မှပြည်ဘက်သို့ ယာဉ်မောင်း မျိုးမင်းဦး မောင်းနှင်၍  ယာဉ်နောက်လိုက် ကျော်မျိုးသူနှင့် တင်သောင်း လိုက်ပါလာသော ယာဉ်သည် လားရာတူ ၎င်းတို့ကားရှေ့မှ ကျော်ဦးမောင်းနှင်သော ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိပြီးနောက် ကားလမ်းမ၏ ဝဲဘက် လမ်းဘေးသစ်ပင်ကို ထပ်မံဝင်ရောက်တိုက်မိခဲ့ရာ တင်သောင်းမှာ ကား‌ထဲညှပ်သေဆုံးခဲ့၍  မျိုးမင်းဦး၊ ကျော်မျိုးသူနှင့် ကျော်ဦးတို့မှာ (စိုးရိမ်ရ/ပြင်းထန်ဒဏ်ရာ) များ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ မျိုးမင်းဦးအား မင်းလှမြို့မှရဲစခန်းက အရေးယူဆောင် ရွက်ထားကြောင်းသိရသည်။

ပေါက်စ (မင်းလှ)- Myanmaalinn
-----------------------------------
(Zawgyi)⤵⤵⤵

မင်းလှ    ဇွန်    ၂




https://www.facebook.com/MYANMAALINNNEWS
ရှေ့မှ‌မောင်းနေသောဆိုင်ကယ်ကို နောက်မှကားက ဝင်တိုက်မှုဖြစ်ပွား၍ တစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာများ ရရှိ ရှေ့မှ‌မောင်းနေသောဆိုင်ကယ်ကို နောက်မှကားက ဝင်တိုက်မှုဖြစ်ပွား၍ တစ်ဦးသေဆုံးပြီး သုံးဦး  ပြင်းထန်ဒဏ်ရာများ ရရှိ Reviewed by THITHTOOLWIN on 22:30 Rating: 5
Powered by Blogger.