အမေရိကန်လူ့အခွင့်အရေးကိစ္စ ကုလလူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးမည်

ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို မကျေနပ်လို့ California ပြည်နယ် Huntington Beach မြို့က ဆန့်ကျင်ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၁၄၊ ၂၀၂၀)
(Unicode)⤵⤵⤵
အမေရိကန် ပြည်ထောင်စုမှာ စနစ်တကျ လူမျိုးရေးခွဲခြားမှုတွေ၊ ရဲတပ်ဖွဲ့ရဲ့ အလွန်အကျွံလုပ်ရပ်တွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အင်အားသုံးနှိမ်နင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် အရေးပေါ် ဆွေးနွေးမယ့်အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

အာဖရိကနိုင်ငံတွေကိုယ်စား Burkina Faso နိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ပန်ကြားခဲ့ပြီးနောက် လူ့အခွင့်အရေးကောင်စီက ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် သေဆုံးသွားတဲ့ လူမည်းအမျိုးသား George Floyd ရဲ့ ဖြစ်ရပ်ဟာ တကြိမ်တခါ ဖြစ်စဉ်မျိုး မဟုတ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ လူမည်းအမျိုးသား Floyd ကတော့ မေလ ၂၅ ရက်နေ့တုန်းက Minnesota ပြည်နယ် Minneapolis မြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် လမ်းပေါ်မှာ လက်နောက်ပြန်ချုပ်ထားပြီး လည်ပင်းပေါ်ကို ရဲအရာရှိတယောက်က ၉ မိနစ်နီးပါးကြာ ဖိထားခဲ့ရာက သေဆုံးခဲ့တာ ဖြစ်ပါတယ်။
လန်ဒန်မြို့က ဆန္ဒပြတဲ့ မြင်ကွင်း။ (ဇွန် ၁၂၊ ၂၀၂၀)
သေဆုံးမှု ဖြစ်စဉ်ဗွီဒီယို ထွက်ပေါ်လာခဲ့ပြီးနောက်မှာတော့ အမေရိကန် နေရာတော်တော်များများမှာ သာမက ပြည်ပနိုင်ငံ တော်တော်များများမှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေစိုက် အဖွဲ့ဝင် ၄၇ နိုင်ငံပါ လူ့အခွင့်အရေး ကောင်စီမှာတော့ သမ္မတ Donald Trump အစိုးရလက်ထက်မှာ အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္လူ႔အခြင့္အေရးကိစၥ ကုလလူ႔အခြင့္အေရးေကာင္စီမွာ ေဆြးေႏြးမည္

အေမရိကန္ ျပည္ေထာင္စုမွာ စနစ္တက် လူမ်ိဳးေရးခြဲျခားမႈေတြ၊ ရဲတပ္ဖြဲ႕ရဲ႕ အလြန္အကြၽံလုပ္ရပ္ေတြနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြအေပၚ အင္အားသုံးႏွိမ္နင္းတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္လို႔ လာမယ့္ ဗုဒၶဟူးေန႔က်ရင္ အေရးေပၚ ေဆြးေႏြးမယ့္အေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီက ဒီကေန႔ပဲ ေၾကညာလိုက္ပါတယ္။

အာဖရိကႏိုင္ငံေတြကိုယ္စား Burkina Faso ႏိုင္ငံက ၿပီးခဲ့တဲ့ သီတင္းပတ္မွာပဲ ပန္ၾကားခဲ့ၿပီးေနာက္ လူ႔အခြင့္အေရးေကာင္စီက ေဆြးေႏြးဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ရဲတပ္ဖြဲ႕က ဖမ္းဆီးစဥ္ ေသဆုံးသြားတဲ့ လူမည္းအမ်ိဳးသား George Floyd ရဲ႕ ျဖစ္ရပ္ဟာ တႀကိမ္တခါ ျဖစ္စဥ္မ်ိဳး မဟုတ္ေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။ လူမည္းအမ်ိဳးသား Floyd ကေတာ့ ေမလ ၂၅ ရက္ေန႔တုန္းက Minnesota ျပည္နယ္ Minneapolis ၿမိဳ႕မွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးစဥ္ လမ္းေပၚမွာ လက္ေနာက္ျပန္ခ်ဳပ္ထားၿပီး လည္ပင္းေပၚကို ရဲအရာရွိတေယာက္က ၉ မိနစ္နီးပါးၾကာ ဖိထားခဲ့ရာက ေသဆုံးခဲ့တာ ျဖစ္ပါတယ္။

ေသဆုံးမႈ ျဖစ္စဥ္ဗြီဒီယို ထြက္ေပၚလာခဲ့ၿပီးေနာက္မွာေတာ့ အေမရိကန္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ သာမက ျပည္ပႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားမွာလည္း ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့တာပါ။ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕အေျခစိုက္ အဖြဲ႕ဝင္ ၄၇ ႏိုင္ငံပါ လူ႔အခြင့္အေရး ေကာင္စီမွာေတာ့ သမၼတ Donald Trump အစိုးရလက္ထက္မွာ အဖြဲ႕ဝင္အျဖစ္က ႏုတ္ထြက္ထားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/un-us-protest/5463056.html
အမေရိကန်လူ့အခွင့်အရေးကိစ္စ ကုလလူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးမည် အမေရိကန်လူ့အခွင့်အရေးကိစ္စ ကုလလူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးမည် Reviewed by THITHTOOLWIN on 22:18 Rating: 5
Powered by Blogger.