ရိခေါ်ဒါရ်မြို့အနီး ငလျင်ကြောင့် အဆောက်အဦတချို့ပျက်စီး


(Unicode)⤵⤵⤵
အိန္ဒိယ - မြန်မာနယ်စပ်ဖြစ်တဲ့ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့အနီးမှာ ဇွန်လ၂၂ရက်နေ့ မနက်အစောပိုင်းမှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့လို့ လူနေအိမ်နဲ့ အဆောက်အဦ ၁၀ ကျော် အနည်းငယ်ပျက်စီးသွားခဲ့ပါတယ်။

ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အဆောက်အဦတချို့ ပျက်စီးတာရှိပေမယ့် လူအသေအပျောက် မရှိဘူးလို့ RFA ကို ပြောပါတယ်။

 မနက် ၅ နာရီ အချိန်လောက်က ဟားခါးမြို့ကနေ အနောက်မြောက်ဘက် ၄၂ မိုင်အကွာ မြန်မာ-အိန္ဒိယနယ်စပ်အနီးမှာ မြေအောက် အနက် လေးကီလိုမီတာကို ဗဟိုပြုပြီးတော့ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၉ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
"ကျွန်တော့်ရုံး အဆောက်အဦက အန္တရာယ်တော့ ရှိလာတယ်။ အဓိကကတော့ နံရံအက်တာပေါ့။ နံရံအက်တော့ စိုးရိမ်စရာတော့ ရှိတယ်"လို့ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဦးပက်ကာ‌က ပြောပါတယ်။

၂၁ ရက်နေ့တုန်းကလည်း  တမူးမြေငလျင်စခန်းကလည်း မြန်မာနိုင်ငံပြင်ပ အိန္ဒိယနယ်စပ်ဘက်မှာ ရစ်ချက်တာစကေး ၅.၂ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်
သွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

RFA Burmese
-----------------------------------------------------
(Zawgyi)⤵⤵⤵
ရိေခၚဒါရ္ၿမိဳ႕အနီး ငလ်င္ေၾကာင့္ အေဆာက္အဦတခ်ိဳ႕ပ်က္စီး

အိႏၵိယ - ျမန္မာနယ္စပ္ျဖစ္တဲ့ ခ်င္းျပည္နယ္၊ ရိေခၚဒါရ္ၿမိဳ႕အနီးမွာ ဇြန္လ၂၂ရက္ေန႔ မနက္အေစာပိုင္းမွာ အင္အားအသင့္အတင့္ရွိတဲ့ ငလ်င္လႈပ္ခတ္ခဲ့လို႔ လူေနအိမ္နဲ႔ အေဆာက္အဦ ၁၀ ေက်ာ္ အနည္းငယ္ပ်က္စီးသြားခဲ့ပါတယ္။

ရိေခၚဒါရ္ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး ဦးက်င္လမ္းခိုင္က အေဆာက္အဦတခ်ိဳ႕ ပ်က္စီးတာရွိေပမယ့္ လူအေသအေပ်ာက္ မရွိဘူးလို႔ RFA ကို ေျပာပါတယ္။

 မနက္ ၅ နာရီ အခ်ိန္ေလာက္က ဟားခါးၿမိဳ႕ကေန အေနာက္ေျမာက္ဘက္ ၄၂ မိုင္အကြာ ျမန္မာ-အိႏၵိယနယ္စပ္အနီးမွာ ေျမေအာက္ အနက္ ေလးကီလိုမီတာကို ဗဟိုျပဳၿပီးေတာ့ အင္အားရစ္(ခ္)တာစေကး ၅ ဒသမ ၉ အဆင့္ရွိတဲ့ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့တာျဖစ္ပါတယ္။
"ကြၽန္ေတာ့္႐ုံး အေဆာက္အဦက အႏၲရာယ္ေတာ့ ရွိလာတယ္။ အဓိကကေတာ့ နံရံအက္တာေပါ့။ နံရံအက္ေတာ့ စိုးရိမ္စရာေတာ့ ရွိတယ္"လို႔ ရိေခၚဒါရ္ၿမိဳ႕ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရး ဦးစီးမႉး ဦးပက္ကာ‌က ေျပာပါတယ္။

၂၁ ရက္ေန႔တုန္းကလည္း  တမူးေျမငလ်င္စခန္းကလည္း ျမန္မာႏိုင္ငံျပင္ပ အိႏၵိယနယ္စပ္ဘက္မွာ ရစ္ခ်က္တာစေကး ၅.၂ အဆင့္ရွိတဲ့ ငလ်င္လႈပ္ခတ္
သြားတယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားေရးမႉးဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ရိခေါ်ဒါရ်မြို့အနီး ငလျင်ကြောင့် အဆောက်အဦတချို့ပျက်စီး ရိခေါ်ဒါရ်မြို့အနီး ငလျင်ကြောင့် အဆောက်အဦတချို့ပျက်စီး Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.