ဇူလိုင်လ ကျောင်းတွေပြန်ဖွင့်ဖို့ ဘယ်လိုပြင်ဆင်နေသလဲ

ရန်ကုန်မြို့ရှိ လမ်းတခုအတွင်းတွင် တွေ့ရတဲ့ ကျောင်းသား၊ ကျောင်းသူများ။ (ဇွန် ၁၈၊ ၂၀၁၉)
(Unicode)⤵⤵⤵
ဇူလိုင်လကုန်ပိုင်းလောက်မှာ ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ဘယ်လိုတွေ ပြင်ဆင်နေကြသလဲဆိုတာ ပညာရေးဌာနတာဝန်ရှိသူတွေနဲ့ မေးမြန်းထားတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက တင်ဆက်ပေးပါမယ်။

ပုံမှန် ဇွန်လမှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်လေ့ ရှိပေမဲ့ ဒီနှစ်မှာတော့ COVID 19 ကပ်ရောဂါကြောင့် ပုံမှန်ထက်နောက်ကျပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာမှ ပြန်ဖွင့်လှစ်နိုင်မှာပါ။

ဒီလို ကပ်ရောဂါကြောင့် ကျောင်းတွေ ပြန်ဖွင့်ပြီးတဲ့အခါမှာ ကျောင်းသားတွေ ရောဂါကူးစက်မှုက ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လိုက်နာရမယ့် သတ်မှတ်ချက်တွေကို ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

ကျောင်းပြန်ဖွင့်ချိန်မှာ စာသင်ခန်းတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ပူးကပ်မနေဖို့၊ နှာခေါင်းစည်းတပ်ဖို့ လက်ဆေးဖို့ စတဲ့ လိုက်နာရမယ့် အချက်တွေကို ကျောင်းတွေမှာ ပညာပေးတာ၊ ပိုစတာကပ်တာတွေ လုပ်မယ်လို့ အခြေခံပညာဦးစီးဌာနက သိရပါတယ်။

ကျောင်းသားတွေကို ရောဂါကူးစက်တာကနေ ကာကွယ်နိုင်ဖို့ လို့အပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက VOA ကိုပြောပါတယ်။
ဆယ္တန်းစာမေးပဲြေျဖပြီးလို့ ကေ်ာင်းက ျပန်တော့မယ့် ဆရာမနဲ့ ကေ်ာင်းသားတခို့ (မတ် ၁၈၊ ၂၀၂၀)
SEE ALSO:
အခြေခံပညာ သင်ရိုးသစ်သင်တန်းတွေ အွန်လိုင်းကနေ ပို့ချနေပြီ

“ကျောင်းမဖွင့်ခင်မှာ ကျောင်းသားတစ်ယောက်ကို Face Shield တစ်ခု၊ နောက် Cotton Mask နှစ်ခု ဒါတွေလည်းပဲ ဆရာတို့ အပြည့်အဝဖြန့်ဝေဖို့ရှိတယ်။ ကျောင်းတိုင်းကို အပူချိန်တိုင်းဖို့ ဒယ်ဂျစ်တယ် သာမိုမီတာတွေလည်း ဖြန့်ဝေဖို့ရှိတယ်။ ဒါတွေကို ဆရာတို့က ကျောင်းဖွင့်ပြီဆိုတာနဲ့ အားလုံး အခြေအနေ ရယ်ဒီ ဖြစ်နေအောင်တော့ အကုန်လုံးက ဒီကာလအတွင်းမှာ ဆရာတို့ ဆောင်ရွက်နေတယ်။ Emergency ဖြစ်တယ်ဆိုပါစို့ ကျောင်းမှာ အဲ့လိုဖြစ်ရင် အရံကား ထားရမယ်ဆိုတာ ဆရာတို့ ပြောပြီးသားဖြစ်တယ်။ အဲ့တော့ Emergency ဖြစ်တယ်ဆိုရင် သူတို့ကို အရံကား မှာထားမယ်၊ ထားပြီးတော့ အနီးဆုံး ကျန်းမာရေးဌာနကို ဆက်သွယ်လို့ ရတဲ့ဟာတို့ Emergency အနေနဲ့ဆိုလို့ရှိရင် Ambulance တွေပါတွေ ခေါ်လို့ရမယ်အနေအထားပေါ့ ဒါမျိုးတွေကို ကျနော်တို့ အဆင်သင့်အောင် ကျနော်တို့က လုပ်ပေးထားမယ်ပေါ့။ ကျောင်းတွေမှာ အရံကား ထားသလို လိုအပ်တဲ့နေရာတွေဆိုလို့ရှိရင် ဥပမာ ကူးစက်နှုန်းမြင့်တဲ့ ရန်ကုန်တိုင်းက မြို့နယ်တွေဆိုရင် ကျောင်းတွေမှာ ကျနော်တို့က PPE ကို ဝတ်စုံပြည့် အနည်းဆုံး နှစ် စုံလောက် အရေးပေါ်လိုရင် သုံးဖို့ ဆိုပြီး ဒါမျိုးတွေလည်း ထားပေးဖို့ရှိတယ်။”

ပုံမှန်ကျောင်းပြန်ဖွင့်ရက်ထက် ရက်ပေါင်း ၅၀ ကျော် နောက်ကျတဲ့အပြင် အတန်းတွေကလည်း တစ်ပတ်ခြား၊ နှစ်ပတ်ခြား စသဖြင့် အရင်ပုံမှန်လို မဟုတ်ဘဲ တက်ရမယ့် ကျောင်းတွေ ရှိနေတာကြောင့် အတန်းတိုင်းကို သင်ရိုးတွေ လျှော့ချဖို့ကိုလည်း ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

တွံတေးမြို့နယ် ပညာရေးမှူး ဦးစိုးစိုးဦးကတော့ ကျောင်းပြန်ဖွင့်ချိန်မှာ ကျောင်းသားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်မလဲဆိုတာကို ခုလိုပြောပြပါတယ်။

“ကျနော်တို့ ဒီမှာ ဒီကိုဗစ်အဖွဲ့ကတော့ သူတို့နီးစပ်ရာ နီးစပ်ရာ ကျောင်းတွေမှာ သူတို့ နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းလေးတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့တော့ ပြောထားတာရှိတယ်။ ကျနော်တို့က မြို့ပေါ်မဟုတ်တဲ့ ရွာတွေမှာဆိုလို့ရှိရင် ကျန်းမာရေး ဆရာမတွရှိတယ်၊ ကျန်းမာရေးဆရာမတွေနဲ့ ကျနောတို့ ဌာနက ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ပါ။”

ကျောင်းတွေမှာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း ကျောင်းသားတွေကို ထားနိုင်ဖို့အတွက် ကျောင်းတက်ချိန်တွေ သတ်မှတ်နိုင်ဖို့ သက်ဆိုင်ရာ ကျောင်းအုပ်တွေက စာရင်းကောက်ပြီး စိစစ်ဆောင်ရွက်နေတယ်လို့ ဦးစိုးစိုးဦးက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ကျောင်းတွေကို ပြန်ဖွင့်ဖို့အတွက် လက်ရှိ ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ခုလိုပြောပြပါတယ်။
ကေ်ာင်းတက္ဖို့သြားကြတဲ့ ကေ်ာင်းသားတခို့ (ဇြန် ၀၁၊ ၂၀၁၂)
SEE ALSO:
ဇူလိုင်လလယ် ကျောင်းပြန်ဖွင့်ဖို့ Quarantine Center ဖွင့်ကျောင်းများ ပြန်အပ်ဖို့ညွှန်ကြား

“ပုံမှန်သင်နေတဲ့ကျောင်းတွေကတော့ တစ်ခန်း ၂၀ နဲ့ စာသင်ခန်းလည်း ရှိတယ် ခုံ၊ ကုလားထိုင်လည်း လောက်တယ် ဆရာ၊ ဆရာမလည်း အင်အားရှိတယ်ဆိုရင် အဆင်သင့်ပဲ ပုံမှန်တက်တဲ့ဟာတွေလည်း ရှိမှာပေါ့။ တချို့ကျတော့လည်း အခန်းရှိပေမဲ့ ခုံကုလားထိုင် မရှိတဲ့ကျောင်းတွေလည်း ရှိမယ်၊ တချို့ကျတော့လည်း အခန်းလည်း ရှိတယ်၊ ခုကုလားထိုင်လည်း ရှိတယ်။ ဆရာ၊ ဆရာမ အင်အားမရှိလို့ပေါ့။ ဒါပေမဲ့ ဒီကလေးတွေကို ဒီအတိုင်းအလွတ်ထားတာမျိုး မဟုတ်ဘဲ ရက်ခြားပေါ့၊ တပတ်ခြားတွေ လုပ်ရမယ်၊ နှစ်သုတ်ခွဲတွေ တက်ရမယ်။”

မူလတန်းအလယ်တန်းက ဆရာတွေက ကျောင်းတက်ရမယ်ဆိုပေမဲ့ စာမသင်ကြရသေးတာကြောင့် လိုအပ်တဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကူညီဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဦးတင်သိန်းက ဆိုပါတယ်။

ကျောင်းတွေကို အသုတ်လိုက် ဒါမှမဟုတ် တပတ်ခြား၊ နှစ်ပတ်ခြား တက်ဖို့ စီမံနေကြရပေမယ့် ကျောင်းသားတွေကို အိမ်ကနေ လုပ်နိုင်မယ့် သင်ခန်းစာတွေကို လုပ်ခိုင်းထားမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။

လက်ရှိမှာ ကျောင်းသားနဲ့ဆရာ အရေအတွက် ၁ အချိုး ၂၃ နဲ့ သွားမှာ ဖြစ်တဲ့အတွက် ဆရာ အရေအတွက် လိုအပ်ရင်လည်း ထပ်ပြီး ခန့်သွားဖို့ရှိတယ်လို့ သိရပါတယ်ရှင်။

အိမ့်သန္တာထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------------
(Zawgyi)⤵⤵⤵
ဇူလိုင္လ ေက်ာင္းေတြျပန္ဖြင့္ဖို႔ ဘယ္လိုျပင္ဆင္ေနသလဲ

ဇူလိုင္လကုန္ပိုင္းေလာက္မွာ ေက်ာင္းေတြ ျပန္ဖြင့္ဖို႔ စီစဥ္ေဆာင္႐ြက္ေနတာနဲ႔ ပတ္သက္လို႔ ဘယ္လိုေတြ ျပင္ဆင္ေနၾကသလဲဆိုတာ ပညာေရးဌာနတာဝန္ရွိသူေတြနဲ႔ ေမးျမန္းထားတာကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၲာထြန္းက တင္ဆက္ေပးပါမယ္။

ပုံမွန္ ဇြန္လမွာ အေျခခံပညာေက်ာင္းေတြ ျပန္ဖြင့္ေလ့ ရွိေပမဲ့ ဒီႏွစ္မွာေတာ့ COVID 19 ကပ္ေရာဂါေၾကာင့္ ပုံမွန္ထက္ေနာက္က်ၿပီး ဇူလိုင္လ ၂၁ ရက္ေန႔မွာမွ ျပန္ဖြင့္လွစ္ႏိုင္မွာပါ။

ဒီလို ကပ္ေရာဂါေၾကာင့္ ေက်ာင္းေတြ ျပန္ဖြင့္ၿပီးတဲ့အခါမွာ ေက်ာင္းသားေတြ ေရာဂါကူးစက္မႈက ကာကြယ္ႏိုင္ဖို႔အတြက္ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ ပညာေရးဝန္ႀကီးဌာနတို႔ ပူးေပါင္းၿပီး လိုက္နာရမယ့္ သတ္မွတ္ခ်က္ေတြကို ထုတ္ျပန္သြားမွာ ျဖစ္ပါတယ္။

ေက်ာင္းျပန္ဖြင့္ခ်ိန္မွာ စာသင္ခန္းေတြမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ပူးကပ္မေနဖို႔၊ ႏွာေခါင္းစည္းတပ္ဖို႔ လက္ေဆးဖို႔ စတဲ့ လိုက္နာရမယ့္ အခ်က္ေတြကို ေက်ာင္းေတြမွာ ပညာေပးတာ၊ ပိုစတာကပ္တာေတြ လုပ္မယ္လို႔ အေျခခံပညာဦးစီးဌာနက သိရပါတယ္။

ေက်ာင္းသားေတြကို ေရာဂါကူးစက္တာကေန ကာကြယ္ႏိုင္ဖို႔ လို႔အပ္တဲ့ ပစၥည္းေတြကို ေထာက္ပံ့ေပးသြားမယ္လို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက VOA ကိုေျပာပါတယ္။

“ေက်ာင္းမဖြင့္ခင္မွာ ေက်ာင္းသားတစ္ေယာက္ကို Face Shield တစ္ခု၊ ေနာက္ Cotton Mask ႏွစ္ခု ဒါေတြလည္းပဲ ဆရာတို႔ အျပည့္အဝျဖန႔္ေဝဖို႔ရွိတယ္။ ေက်ာင္းတိုင္းကို အပူခ်ိန္တိုင္းဖို႔ ဒယ္ဂ်စ္တယ္ သာမိုမီတာေတြလည္း ျဖန႔္ေဝဖို႔ရွိတယ္။ ဒါေတြကို ဆရာတို႔က ေက်ာင္းဖြင့္ၿပီဆိုတာနဲ႔ အားလုံး အေျခအေန ရယ္ဒီ ျဖစ္ေနေအာင္ေတာ့ အကုန္လုံးက ဒီကာလအတြင္းမွာ ဆရာတို႔ ေဆာင္႐ြက္ေနတယ္။ Emergency ျဖစ္တယ္ဆိုပါစို႔ ေက်ာင္းမွာ အဲ့လိုျဖစ္ရင္ အရံကား ထားရမယ္ဆိုတာ ဆရာတို႔ ေျပာၿပီးသားျဖစ္တယ္။ အဲ့ေတာ့ Emergency ျဖစ္တယ္ဆိုရင္ သူတို႔ကို အရံကား မွာထားမယ္၊ ထားၿပီးေတာ့ အနီးဆုံး က်န္းမာေရးဌာနကို ဆက္သြယ္လို႔ ရတဲ့ဟာတို႔ Emergency အေနနဲ႔ဆိုလို႔ရွိရင္ Ambulance ေတြပါေတြ ေခၚလို႔ရမယ္အေနအထားေပါ့ ဒါမ်ိဳးေတြကို က်ေနာ္တို႔ အဆင္သင့္ေအာင္ က်ေနာ္တို႔က လုပ္ေပးထားမယ္ေပါ့။ ေက်ာင္းေတြမွာ အရံကား ထားသလို လိုအပ္တဲ့ေနရာေတြဆိုလို႔ရွိရင္ ဥပမာ ကူးစက္ႏႈန္းျမင့္တဲ့ ရန္ကုန္တိုင္းက ၿမိဳ႕နယ္ေတြဆိုရင္ ေက်ာင္းေတြမွာ က်ေနာ္တို႔က PPE ကို ဝတ္စုံျပည့္ အနည္းဆုံး ႏွစ္ စုံေလာက္ အေရးေပၚလိုရင္ သုံးဖို႔ ဆိုၿပီး ဒါမ်ိဳးေတြလည္း ထားေပးဖို႔ရွိတယ္။”

ပုံမွန္ေက်ာင္းျပန္ဖြင့္ရက္ထက္ ရက္ေပါင္း ၅၀ ေက်ာ္ ေနာက္က်တဲ့အျပင္ အတန္းေတြကလည္း တစ္ပတ္ျခား၊ ႏွစ္ပတ္ျခား စသျဖင့္ အရင္ပုံမွန္လို မဟုတ္ဘဲ တက္ရမယ့္ ေက်ာင္းေတြ ရွိေနတာေၾကာင့္ အတန္းတိုင္းကို သင္႐ိုးေတြ ေလွ်ာ့ခ်ဖို႔ကိုလည္း ေဆြးေႏြးညႇိႏႈိင္းေနၾကတယ္လို႔ ဦးကိုေလးဝင္းက ဆိုပါတယ္။

တြံေတးၿမိဳ႕နယ္ ပညာေရးမႉး ဦးစိုးစိုးဦးကေတာ့ ေက်ာင္းျပန္ဖြင့္ခ်ိန္မွာ ေက်ာင္းသားေတြရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ဘယ္လို ေဆာင္႐ြက္မလဲဆိုတာကို ခုလိုေျပာျပပါတယ္။

“က်ေနာ္တို႔ ဒီမွာ ဒီကိုဗစ္အဖြဲ႕ကေတာ့ သူတို႔နီးစပ္ရာ နီးစပ္ရာ ေက်ာင္းေတြမွာ သူတို႔ နီးစပ္ရာ က်န္းမာေရးဝန္ထမ္းေလးေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ေဆာင္႐ြက္ဖို႔ေတာ့ ေျပာထားတာရွိတယ္။ က်ေနာ္တို႔က ၿမိဳ႕ေပၚမဟုတ္တဲ့ ႐ြာေတြမွာဆိုလို႔ရွိရင္ က်န္းမာေရး ဆရာမတြရွိတယ္၊ က်န္းမာေရးဆရာမေတြနဲ႔ က်ေနာတို႔ ဌာနက ဝန္ထမ္းေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ေဆာင္႐ြက္ဖို႔ပါ။”

ေက်ာင္းေတြမွာ က်န္းမာေရးဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့ အကြာအေဝးအတိုင္း ေက်ာင္းသားေတြကို ထားႏိုင္ဖို႔အတြက္ ေက်ာင္းတက္ခ်ိန္ေတြ သတ္မွတ္ႏိုင္ဖို႔ သက္ဆိုင္ရာ ေက်ာင္းအုပ္ေတြက စာရင္းေကာက္ၿပီး စိစစ္ေဆာင္႐ြက္ေနတယ္လို႔ ဦးစိုးစိုးဦးက ဆိုပါတယ္။

ရခိုင္ျပည္နယ္မွာ ေက်ာင္းေတြကို ျပန္ဖြင့္ဖို႔အတြက္ လက္ရွိ ေဆာင္႐ြက္ေနတာနဲ႔ ပတ္သက္လို႔ ရခိုင္ျပည္နယ္ ပညာေရးမႉး ဦးတင္သိန္းက ခုလိုေျပာျပပါတယ္။
ေက္ာင္းတကၹိဳ႕ၾသားၾကတဲ့ ေက္ာင္းသားတခ္ိဳ႕ (ျဇႏ္ ၀၁၊ ၂၀၁၂)
SEE ALSO:
ဇူလိုင္လလယ္ ေက်ာင္းျပန္ဖြင့္ဖို႔ Quarantine Center ဖြင့္ေက်ာင္းမ်ား ျပန္အပ္ဖို႔ၫႊန္ၾကား

“ပုံမွန္သင္ေနတဲ့ေက်ာင္းေတြကေတာ့ တစ္ခန္း ၂၀ နဲ႔ စာသင္ခန္းလည္း ရွိတယ္ ခုံ၊ ကုလားထိုင္လည္း ေလာက္တယ္ ဆရာ၊ ဆရာမလည္း အင္အားရွိတယ္ဆိုရင္ အဆင္သင့္ပဲ ပုံမွန္တက္တဲ့ဟာေတြလည္း ရွိမွာေပါ့။ တခ်ိဳ႕က်ေတာ့လည္း အခန္းရွိေပမဲ့ ခုံကုလားထိုင္ မရွိတဲ့ေက်ာင္းေတြလည္း ရွိမယ္၊ တခ်ိဳ႕က်ေတာ့လည္း အခန္းလည္း ရွိတယ္၊ ခုကုလားထိုင္လည္း ရွိတယ္။ ဆရာ၊ ဆရာမ အင္အားမရွိလို႔ေပါ့။ ဒါေပမဲ့ ဒီကေလးေတြကို ဒီအတိုင္းအလြတ္ထားတာမ်ိဳး မဟုတ္ဘဲ ရက္ျခားေပါ့၊ တပတ္ျခားေတြ လုပ္ရမယ္၊ ႏွစ္သုတ္ခြဲေတြ တက္ရမယ္။”

မူလတန္းအလယ္တန္းက ဆရာေတြက ေက်ာင္းတက္ရမယ္ဆိုေပမဲ့ စာမသင္ၾကရေသးတာေၾကာင့္ လိုအပ္တဲ့ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ကိစၥေတြကို ကူညီေဆာင္႐ြက္ေပးမွာျဖစ္တယ္လို႔ ဦးတင္သိန္းက ဆိုပါတယ္။

ေက်ာင္းေတြကို အသုတ္လိုက္ ဒါမွမဟုတ္ တပတ္ျခား၊ ႏွစ္ပတ္ျခား တက္ဖို႔ စီမံေနၾကရေပမယ့္ ေက်ာင္းသားေတြကို အိမ္ကေန လုပ္ႏိုင္မယ့္ သင္ခန္းစာေတြကို လုပ္ခိုင္းထားမွာျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္က ဆိုပါတယ္။

လက္ရွိမွာ ေက်ာင္းသားနဲ႔ဆရာ အေရအတြက္ ၁ အခ်ိဳး ၂၃ နဲ႔ သြားမွာ ျဖစ္တဲ့အတြက္ ဆရာ အေရအတြက္ လိုအပ္ရင္လည္း ထပ္ၿပီး ခန႔္သြားဖို႔ရွိတယ္လို႔ သိရပါတယ္ရွင္။

အိမ့္သႏၲာထြန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-education-covid/5450630.html
ဇူလိုင်လ ကျောင်းတွေပြန်ဖွင့်ဖို့ ဘယ်လိုပြင်ဆင်နေသလဲ ဇူလိုင်လ ကျောင်းတွေပြန်ဖွင့်ဖို့ ဘယ်လိုပြင်ဆင်နေသလဲ Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.