ပန်းတနော်မြို့တွင် ကျောင်းအုပ်ဆရာမတစ်ဦး ဓားထိုးခံရ


(Unicode)⤵⤵⤵
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အနောက်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာ ဇွန်(၁၆)ရက် ညနေ(၆) နာရီခန့်က ခတ္တိယရွာသစ် အ.မ.က(မူလွန်) ကျောင်းအုပ် ဆရာမတစ်ဦး ဓားထိုးခံရမှုဖြစ်ပွားခဲ့တယ်လို့ ပန်းတနော် မြို့နယ်ရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

တရားခံဖြစ်သူဟာ ကျောင်းအုပ်ဆရာမ နေအိမ်ကို လာရောက်ပြီး  ငွေကြေးကိစ် စပြောဆိုရာကနေ စကားများပြီး ဓားမြှောင်နဲ့ထိုးခဲ့တာလို့ဆိုပါတယ်။ ကျောင်းအုပ် ဆရာမဟာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်(စိုးရိမ်ရ)၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာလက် ဖဝါးပြတ်ရှဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတယ်လို့ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းဖော်ထုတ်ခဲ့ရာမှာ အခင်းဖြစ်ပွားပြီး (၂၄)နာရီ အတွင်း တရားခံကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

 သတင်း-ပြည့်ဖြိုးကျော်(ပန်းတနော်) / One News Myanmar
---------------------------------
(Zawgyi)⤵⤵⤵
ပန္းတေနာ္ၿမိဳ႕တြင္ ေက်ာင္းအုပ္ဆရာမတစ္ဦး ဓားထိုးခံရ

ဧရာဝတီတိုင္းေဒသႀကီး၊ ပန္းတေနာ္ၿမိဳ႕နယ္၊ အေနာက္ပိုင္းရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းမွာ ဇြန္(၁၆)ရက္ ညေန(၆) နာရီခန႔္က ခတၱိယ႐ြာသစ္ အ.မ.က(မူလြန္) ေက်ာင္းအုပ္ ဆရာမတစ္ဦး ဓားထိုးခံရမႈျဖစ္ပြားခဲ့တယ္လို႔ ပန္းတေနာ္ ၿမိဳ႕နယ္ရဲစခန္းက တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

တရားခံျဖစ္သူဟာ ေက်ာင္းအုပ္ဆရာမ ေနအိမ္ကို လာေရာက္ၿပီး  ေငြေၾကးကိစ္ စေျပာဆိုရာကေန စကားမ်ားၿပီး ဓားေျမႇာင္နဲ႔ထိုးခဲ့တာလို႔ဆိုပါတယ္။ ေက်ာင္းအုပ္ ဆရာမဟာ ဝမ္းဗိုက္ထိုးသြင္းဒဏ္ရာတစ္ခ်က္(စိုးရိမ္ရ)၊ ဝဲလက္ဖ်ံျပတ္ရွဒဏ္ရာ တစ္ခ်က္၊ ယာလက္ ဖဝါးျပတ္ရွဒဏ္ရာတစ္ခ်က္ရရွိခဲ့ၿပီး ပန္းတေနာ္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးမွာ ကုသမႈခံယူေနတယ္လို႔ဆိုပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ပန္းတေနာ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ဝင္ေတြက စုံစမ္းေဖာ္ထုတ္ခဲ့ရာမွာ အခင္းျဖစ္ပြားၿပီး (၂၄)နာရီ အတြင္း တရားခံကိုဖမ္းဆီးႏိုင္ခဲ့တယ္လို႔ဆိုပါတယ္။

 သတင္း-ျပည့္ၿဖိဳးေက်ာ္(ပန္းတေနာ္) / One News Myanmar
https://www.facebook.com/onenewsmyan
ပန်းတနော်မြို့တွင် ကျောင်းအုပ်ဆရာမတစ်ဦး ဓားထိုးခံရ ပန်းတနော်မြို့တွင် ကျောင်းအုပ်ဆရာမတစ်ဦး ဓားထိုးခံရ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.