ကမ္ဘာ့ကူးစက်ကပ်ရောဂါဖြစ်နိုင်တဲ့ တုပ်ကွေးပိုးသစ် တရုတ်မှာတွေ့

တုပ်ကွေးပိုးသစ်က ၂၀၀၉ ဝက်တုပ်ကွေးနဲ့ ဆင်တူ

(Unicode)⤵⤵⤵
    မစ်ရှဲလ် ရောဘတ်စ်
    ကျန်းမာရေး အယ်ဒီတာ၊ ဘီဘီစီ သတင်း အွန်လိုင်း

ကမ္ဘာ့ကူးစက်ကပ်ရောဂါဖြစ်လာနိုင်တဲ့ တုပ်ကွေးပိုးသစ်တစ်မျိုးကို သိပ္ပံပညာရှင်တွေက တရုတ်နိုင်ငံမှာ ရှာတွေ့ခဲ့ပါတယ်။

ဒီပိုးက အခုတလောမှာမှ ထွက်ပေါ်လာတာ ဖြစ်ပြီး ဝက်တွေမှာ ဒီပိုးသယ်ဆောင်ထား ဖြစ်ပါတယ်။

အဲဒီပိုးက လူတွေကိုလည်း ကူးစက်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အဲဒီပိုးသစ်ဟာ မျိုးဗီဇ ထပ်ပြောင်းလဲသွားနိုင်လို့ လူချင်း လွယ်လွယ်ကူကူ ကူးစက်ရာက တစ်ကမ္ဘာလုံးကူးစက်ရောဂါ ဖြစ်သွားမှာကို သုတေသနသမားတွေက စိုးရိမ်နေကြပါတယ်။

အဲဒါက ချက်ချင်းဖြစ်လာမယ့် ပြဿနာ မဟုတ်ပေမဲ့ လူတွေကို ကူးစက်နိုင်မယ့် လက္ခဏာအပြည့်ရှိလို့ အနီးကပ် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

ပြီးတော့ အဲဒီပိုးက အသစ်ဖြစ်လို့ လူတွေက ဒီပိုးကို ခုခံအား နည်းနည်းပဲရှိတာ ဒါမှမဟုတ် လုံးဝ မခုခံနိုင်တာတွေ ဖြစ်နိုင်ပါတယ်။

ဝက်တွေမှာတွေ့ရတဲ့ ပိုးကို ထိန်းချုပ်ဖို့နဲ့ ဝက်ထုတ်လုပ်ရေးက လုပ်သားတွေကို သေချာစောင့်ကြည့်တာတွေ မြန်မြန်ဆန်ဆန်လုပ်ဖို့ Proceedings of the National Academy of Sciences ဂျာနယ်မှာ သိပ္ပံပညာရှင်တွေက ရေးထားပါတယ်။

ကမ္ဘာ့ကူးစက်ရောဂါ ခြိမ်းခြောက်မှု

လက်ရှိ ကိုရိုနာ ကူးစက်ရောဂါကို တိုက်ဖျက်နေတုန်းမှာပဲ အခု အသစ်တွေ့ရတဲ့ တုပ်ကွေးပိုးသစ်ဟာ ပညာရှင်တွေ ထိပ်ဆုံးက စောင့်ကြည့်ရတဲ့ ရောဂါခြိမ်းခြောက်မှုတွေထဲက တစ်ခု ဖြစ်လာပါတယ်။

အခုကူးစက်မှုမတိုင်ခင် ကမ္ဘာမှာ နောက်ဆုံးကြုံခဲ့ရတဲ့ ကပ်အသွင် တုပ်ကွေးကူးစက်မှုက ၂၀၀၉ ခုနှစ်က ဝက်တုပ်ကွေး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ထင်ထားထက် လူသေဆုံးမှု နည်းခဲ့ပါတယ်။

အဲဒီလို သေဆုံးမှု နည်းတာက ဒီပိုးကို အသက်ကြီးရင့်သူတွေက ခံနိုင်ရည်ရှိကြတာက အဓိက ဖြစ်တဲ့အပြင် အဲဒီပိုးက အရင်နှစ်တွေက ဖြစ်ခဲ့ဖူးတဲ့ တခြားတုပ်ကွေးပိုးတွေနဲ့ ဆင်တူတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဝက်တုပ်ကွေး A/H1N1pdm09 လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ကို အခုအခါမှာ နှစ်စဉ် ကာကွယ်ဆေးနဲ့ လူတွေကို ကာကွယ်ထားပါတယ်။

အခု တရုတ်မှာ အသစ်တွေ့ရတဲ့ တုပ်ကွေးပိုးဟာ ၂၀၀၉ ဝက်တုပ်ကွေးနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ သူ့မှာ အပြောင်းအလဲ အသစ်တချို့တော့ ရှိပါတယ်။

အခုထိတော့ ဒီပိုးသစ်က ခြိမ်းခြောက်မှု ကြီးကြီးမားမား မရှိသေးပေမဲ့ စောင့်ကြည့်ရမယ့် ပိုးဖြစ်တယ်လို့ အဲဒီပိုးကို လေ့လာနေတဲ့ ပါမောက္ခ ကင်ချောင်ချန်နဲ့ အဖွဲ့က ပြောပါတယ်။

ဘယ်လောက်စိုးရိမ်သင့်လဲ

G4 EA H1N1 လို့ သုတေသီတွေက နာမည်ပေးထားတဲ့ အဲဒီပိုးသစ်က လူတွေရဲ့ အသက်ရှူလမ်းကြောင်းက ဆဲလ်တွေထဲမှာ ပြန့်ပွားနိုင်ပါတယ်။

တရုတ်က သားသတ်ရုံနဲ့ ဝက်ထုတ်လုပ်ရေးမှာ လုပ်တဲ့ လူတွေရဲ့ ၂၀၁၁ ကနေ ၂၀၁၈ ခုနှစ်အတွင်း အချက်အလက်တွေအရ ဒီပိုး လူတွေမှာ လတ်တလော ကူးစက်တဲ့ အထောက်အထားကို သုတေသီတွေက တွေ့ခဲ့တာပါ။

လက်ရှိ ရှိနေတဲ့ ကာကွယ်ဆေးတွေက ဒီပိုးကို ကာကွယ်နိုင်ခြေ မရှိပါဘူး။ ဒါပေမဲ့ လိုအပ်လာရင် ပြောင်းထုတ်နိုင်ခြေ ရှိကောင်း ရှိနိုင်ပါတယ်။

အခုတော့ ကျွန်တော်တို့ ကိုရိုနာဗိုင်းရပ်စ်နဲ့ အလုပ်များနေပါတယ်။ ဒါပေမဲ့ အန္တရာယ် ဖြစ်လာနိုင်ခြေရှိတဲ့ ပိုးသစ်တွေကို မေ့မထားသင့်ဘူးလို့ ယူကေ နော်တင်ဂမ် တက္ကသိုလ်က ပါမောက္ခ ကင်ချောင်ချန်က ပြောပါတယ်။

သီအိုရီအရ တုပ်ကွေး ကပ်ရောဂါက အချိန်မရွေး ဖြစ်လာနိုင်ပေမဲ့ ဖြစ်တောင့် ဖြစ်ခဲ အခြေအနေပါ။

တုပ်ကွေးဗိုင်းရပ်စ်တွေက မျိုးဗီဇ အမြဲတမ်းပြောင်းလဲနေလို့ တုပ်ကွေးကာကွယ်ဆေးတွေကိုလည်း လိုက်ပြောင်းထုတ်နေရပေမဲ့ အများအားဖြင့် ကပ်ရောဂါအသွင်တော့ အမြဲဖြစ်လာလေ့မရှိပါဘူး။

BBC Burmese
--------------------------------------
(Zawgyi)⤵⤵⤵
ကမာၻ႔ကူးစက္ကပ္ေရာဂါျဖစ္ႏိုင္တဲ့ တုပ္ေကြးပိုးသစ္ တ႐ုတ္မွာေတြ႕

    မစ္ရွဲလ္ ေရာဘတ္စ္
    က်န္းမာေရး အယ္ဒီတာ၊ ဘီဘီစီ သတင္း အြန္လိုင္း

ကမာၻ႔ကူးစက္ကပ္ေရာဂါျဖစ္လာႏိုင္တဲ့ တုပ္ေကြးပိုးသစ္တစ္မ်ိဳးကို သိပၸံပညာရွင္ေတြက တ႐ုတ္ႏိုင္ငံမွာ ရွာေတြ႕ခဲ့ပါတယ္။

ဒီပိုးက အခုတေလာမွာမွ ထြက္ေပၚလာတာ ျဖစ္ၿပီး ဝက္ေတြမွာ ဒီပိုးသယ္ေဆာင္ထား ျဖစ္ပါတယ္။

အဲဒီပိုးက လူေတြကိုလည္း ကူးစက္လာႏိုင္တယ္လို႔ သိပၸံပညာရွင္ေတြက ေျပာပါတယ္။

အဲဒီပိုးသစ္ဟာ မ်ိဳးဗီဇ ထပ္ေျပာင္းလဲသြားႏိုင္လို႔ လူခ်င္း လြယ္လြယ္ကူကူ ကူးစက္ရာက တစ္ကမာၻလုံးကူးစက္ေရာဂါ ျဖစ္သြားမွာကို သုေတသနသမားေတြက စိုးရိမ္ေနၾကပါတယ္။

အဲဒါက ခ်က္ခ်င္းျဖစ္လာမယ့္ ျပႆနာ မဟုတ္ေပမဲ့ လူေတြကို ကူးစက္ႏိုင္မယ့္ လကၡဏာအျပည့္ရွိလို႔ အနီးကပ္ ေစာင့္ၾကည့္ဖို႔ လိုအပ္ပါတယ္။

ၿပီးေတာ့ အဲဒီပိုးက အသစ္ျဖစ္လို႔ လူေတြက ဒီပိုးကို ခုခံအား နည္းနည္းပဲရွိတာ ဒါမွမဟုတ္ လုံးဝ မခုခံႏိုင္တာေတြ ျဖစ္ႏိုင္ပါတယ္။

ဝက္ေတြမွာေတြ႕ရတဲ့ ပိုးကို ထိန္းခ်ဳပ္ဖို႔နဲ႔ ဝက္ထုတ္လုပ္ေရးက လုပ္သားေတြကို ေသခ်ာေစာင့္ၾကည့္တာေတြ ျမန္ျမန္ဆန္ဆန္လုပ္ဖို႔ Proceedings of the National Academy of Sciences ဂ်ာနယ္မွာ သိပၸံပညာရွင္ေတြက ေရးထားပါတယ္။

ကမာၻ႔ကူးစက္ေရာဂါ ၿခိမ္းေျခာက္မႈ

လက္ရွိ ကို႐ိုနာ ကူးစက္ေရာဂါကို တိုက္ဖ်က္ေနတုန္းမွာပဲ အခု အသစ္ေတြ႕ရတဲ့ တုပ္ေကြးပိုးသစ္ဟာ ပညာရွင္ေတြ ထိပ္ဆုံးက ေစာင့္ၾကည့္ရတဲ့ ေရာဂါၿခိမ္းေျခာက္မႈေတြထဲက တစ္ခု ျဖစ္လာပါတယ္။

အခုကူးစက္မႈမတိုင္ခင္ ကမာၻမွာ ေနာက္ဆုံးႀကဳံခဲ့ရတဲ့ ကပ္အသြင္ တုပ္ေကြးကူးစက္မႈက ၂၀၀၉ ခုႏွစ္က ဝက္တုပ္ေကြး ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီတုန္းက ထင္ထားထက္ လူေသဆုံးမႈ နည္းခဲ့ပါတယ္။

အဲဒီလို ေသဆုံးမႈ နည္းတာက ဒီပိုးကို အသက္ႀကီးရင့္သူေတြက ခံႏိုင္ရည္ရွိၾကတာက အဓိက ျဖစ္တဲ့အျပင္ အဲဒီပိုးက အရင္ႏွစ္ေတြက ျဖစ္ခဲ့ဖူးတဲ့ တျခားတုပ္ေကြးပိုးေတြနဲ႔ ဆင္တူတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

ဝက္တုပ္ေကြး A/H1N1pdm09 လို႔ ေခၚတဲ့ ဗိုင္းရပ္စ္ကို အခုအခါမွာ ႏွစ္စဥ္ ကာကြယ္ေဆးနဲ႔ လူေတြကို ကာကြယ္ထားပါတယ္။

အခု တ႐ုတ္မွာ အသစ္ေတြ႕ရတဲ့ တုပ္ေကြးပိုးဟာ ၂၀၀၉ ဝက္တုပ္ေကြးနဲ႔ ဆင္တူပါတယ္။ ဒါေပမဲ့ သူ႔မွာ အေျပာင္းအလဲ အသစ္တခ်ိဳ႕ေတာ့ ရွိပါတယ္။

အခုထိေတာ့ ဒီပိုးသစ္က ၿခိမ္းေျခာက္မႈ ႀကီးႀကီးမားမား မရွိေသးေပမဲ့ ေစာင့္ၾကည့္ရမယ့္ ပိုးျဖစ္တယ္လို႔ အဲဒီပိုးကို ေလ့လာေနတဲ့ ပါေမာကၡ ကင္ေခ်ာင္ခ်န္နဲ႔ အဖြဲ႕က ေျပာပါတယ္။

ဘယ္ေလာက္စိုးရိမ္သင့္လဲ

G4 EA H1N1 လို႔ သုေတသီေတြက နာမည္ေပးထားတဲ့ အဲဒီပိုးသစ္က လူေတြရဲ႕ အသက္ရႉလမ္းေၾကာင္းက ဆဲလ္ေတြထဲမွာ ျပန္႔ပြားႏိုင္ပါတယ္။

တ႐ုတ္က သားသတ္႐ုံနဲ႔ ဝက္ထုတ္လုပ္ေရးမွာ လုပ္တဲ့ လူေတြရဲ႕ ၂၀၁၁ ကေန ၂၀၁၈ ခုႏွစ္အတြင္း အခ်က္အလက္ေတြအရ ဒီပိုး လူေတြမွာ လတ္တေလာ ကူးစက္တဲ့ အေထာက္အထားကို သုေတသီေတြက ေတြ႕ခဲ့တာပါ။

လက္ရွိ ရွိေနတဲ့ ကာကြယ္ေဆးေတြက ဒီပိုးကို ကာကြယ္ႏိုင္ေျခ မရွိပါဘူး။ ဒါေပမဲ့ လိုအပ္လာရင္ ေျပာင္းထုတ္ႏိုင္ေျခ ရွိေကာင္း ရွိႏိုင္ပါတယ္။

အခုေတာ့ ကြၽန္ေတာ္တို႔ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ အလုပ္မ်ားေနပါတယ္။ ဒါေပမဲ့ အႏၲရာယ္ ျဖစ္လာႏိုင္ေျခရွိတဲ့ ပိုးသစ္ေတြကို ေမ့မထားသင့္ဘူးလို႔ ယူေက ေနာ္တင္ဂမ္ တကၠသိုလ္က ပါေမာကၡ ကင္ေခ်ာင္ခ်န္က ေျပာပါတယ္။

သီအိုရီအရ တုပ္ေကြး ကပ္ေရာဂါက အခ်ိန္မေ႐ြး ျဖစ္လာႏိုင္ေပမဲ့ ျဖစ္ေတာင့္ ျဖစ္ခဲ အေျခအေနပါ။

တုပ္ေကြးဗိုင္းရပ္စ္ေတြက မ်ိဳးဗီဇ အၿမဲတမ္းေျပာင္းလဲေနလို႔ တုပ္ေကြးကာကြယ္ေဆးေတြကိုလည္း လိုက္ေျပာင္းထုတ္ေနရေပမဲ့ အမ်ားအားျဖင့္ ကပ္ေရာဂါအသြင္ေတာ့ အၿမဲျဖစ္လာေလ့မရွိပါဘူး။

BBC Burmese
https://www.bbc.com/burmese/world-53234149
ကမ္ဘာ့ကူးစက်ကပ်ရောဂါဖြစ်နိုင်တဲ့ တုပ်ကွေးပိုးသစ် တရုတ်မှာတွေ့ ကမ္ဘာ့ကူးစက်ကပ်ရောဂါဖြစ်နိုင်တဲ့ တုပ်ကွေးပိုးသစ် တရုတ်မှာတွေ့ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.