အမေရိကန်တဝန်း ဒါဇင်နဲ့ချီတဲ့ မြို့တွေက ဆန္ဒပြပွဲတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ်

နယူးယောက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့နေတဲ့မြင်ကွင်း။ (မေ ၃၀၊ ၂၀၂၀)
(Unicode)⤵⤵⤵
အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Minneapolis မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူမည်းအမျိုးသားတဦး ရဲလက်ချက်နဲ့ သေဆုံးသွားခဲ့တာနဲ့ ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြပွဲတွေ အမေရိကန် မြို့ကြီးအတော်များများမှာ ဒီရက်ပိုင်း ဖြစ်ပွားရာမှာ စနေနေ့ညပိုင်းက အကြမ်းဖက်တာတွေ၊ လုယက်တာတွေနဲ့ မီးရှို့ဖျက်ဆီးတာတွေအထိ ဖြစ်ခဲ့ပါတယ်။

ရဲကားတွေနဲ့ အစိုးရ အဆောက်အဦတွေကို ဆန္ဒပြသူတချို့က မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။

ဈေးဆိုင် ပြတင်းပေါက်တွေ ရိုက်ခွဲ ဖျက်ဆီးပြီး လုယက်သူတွေက တန်ဖိုးကြီး ကုန်ပစ္စည်းတွေကို ယူသွားခဲ့ကြသလို ပန်းခြံတွေထဲက ရုပ်တုတွေကိုလည်း ဆေးတွေနဲ့ပက်ပြီး ဖျက်ဆီးခဲ့ကြပါတယ်။

အစောပိုင်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြတဲ့ သူတွေဟာ စနေနေ့ညပိုင်းမှာ အင်အားပိုများလာခဲ့ပြီး ညဘက်ရောက်လာချိန်မှာတော့ ဆန္ဒပြသူတွေထဲက တချို့က အကြမ်းဖက်တာတွေ လုပ်လာခဲ့တာပါ။

ဒါကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ငရုတ်ကောင်းရည်တွေနဲ့ ရာဘာကျည်တွေ သုံးပြီး နှိမ်နင်းခဲ့ပါတယ်။

မြို့အတော်များများမှာ ညမထွက်ရ ကာဖျူးအမိန့် ချမှတ်ထားတာကို ဖီဆန်ပြီး ဆန္ဒပြသူတွေက လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသလို ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်တာတွေ ဖြစ်ခဲ့ပါတယ်။

မြို့တချို့မှာကေတော့ ဆန္ဒပြသူတွေ ကိုယ်တိုင်ကပဲ ညမထွက်ရအမိန့် ချိုးဖောက်မှုနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အဖမ်းခံခဲ့တာတွေလည်း ရှိပါတယ်။

နိုင်ငံတဝန်း ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှုတွေကြောင့် လူ ၁,၄၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။
ဝါရှင်တန်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ် ဖြိုခွဲနေတဲ့မြင်ကွင်း။ (မေ ၃၀၊ ၂၀၂၀)
ပြီးခဲ့တဲ့ တနင်္လာနေ့က Minneapolis မြို့က လမ်းမတခုပေါ်မှာ အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား George Floyd ကို ရဲက ဖမ်းဆီးချိန် လက်ထိပ်နောက်ပြန်ခတ်၊ လမ်းမပေါ်မှာ ဖိချထားပြီး လည်ပင်းကို ဒူးနဲ့ထောက်ထားခဲ့တာမှာ Floyd က အသက်ရှူမရတော့ဘူးလို့ အကြိမ်ကြိမ် တောင်းပန်ပြောရင်း သေဆုံးသွားခဲ့ရာကနေ ခုလို အမေရိကန်မြို့ကြီးတွေ အများအပြားမှာ ဆန္ဒပြပွဲတွေ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်မြို့ ရဲကော်မရှင်နာမင်းကြီးကတော့ စနေနေ့ည ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၃၅၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ ရဲအရာရှိ ၃၀ ကျော်လောက်လည်း အသေးစားဒဏ်ရာတွေ ရရှိခဲ့သလို ရဲကားတွေလည်း မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ နယူးယောက်မြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ဖို့ မရှိသေးဘူးလို့ မြို့တော်ဝန် Bill de Blasio က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့မှာတော့ အရေးပေါ်အခြေအနေအဖြစ် ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က ကြေညာထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္တဝန္း ဒါဇင္နဲ႔ခ်ီတဲ့ ၿမိဳ႕ေတြက ဆႏၵျပပြဲေတြမွာ ႐ုန္းရင္းဆန္ခတ္ျဖစ္

အေမရိကန္ျပည္ေထာင္စု Minnesota ျပည္နယ္ Minneapolis ၿမိဳ႕မွာ ၿပီးခဲ့တဲ့ သီတင္းပတ္က လူမည္းအမ်ိဳးသားတဦး ရဲလက္ခ်က္နဲ႔ ေသဆုံးသြားခဲ့တာနဲ႔ ပတ္သက္ၿပီး ကန႔္ကြက္ ဆႏၵျပပြဲေတြ အေမရိကန္ ၿမိဳ႕ႀကီးအေတာ္မ်ားမ်ားမွာ ဒီရက္ပိုင္း ျဖစ္ပြားရာမွာ စေနေန႔ညပိုင္းက အၾကမ္းဖက္တာေတြ၊ လုယက္တာေတြနဲ႔ မီးရႈိ႕ဖ်က္ဆီးတာေတြြအထိ ျဖစ္ခဲ့ပါတယ္။

ရဲကားေတြနဲ႔ အစိုးရ အေဆာက္အဦေတြကို ဆႏၵျပသူတခ်ိဳ႕က မီးရႈိ႕ ဖ်က္ဆီးခဲ့ၾကပါတယ္။

ေဈးဆိုင္ ျပတင္းေပါက္ေတြ ႐ိုက္ခြဲြ ဖ်က္ဆီးၿပီး လုယက္သူေတြက တန္ဖိုးႀကီး ကုန္ပစၥည္းေတြကို ယူသြားခဲ့ၾကသလို ပန္းၿခံေတြထဲက ႐ုပ္တုေတြကိုလည္း ေဆးေတြနဲ႔ပက္ၿပီး ဖ်က္ဆီးခဲ့ၾကပါတယ္။

အေစာပိုင္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပေနၾကတဲ့ သူေတြဟာ စေနေန႔ညပိုင္းမွာ အင္အားပိုမ်ားလာခဲ့ၿပီး ညဘက္ေရာက္လာခ်ိန္မွာေတာ့ ဆႏၵျပသူေတြထဲက တခ်ိဳ႕က အၾကမ္းဖက္တာေတြ လုပ္လာခဲ့တာပါ။

ဒါေၾကာင့္ ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးေတြ၊ င႐ုတ္ေကာင္းရည္ေတြနဲ႔ ရာဘာက်ည္ေတြ သုံးၿပီး ႏွိမ္နင္းခဲ့ပါတယ္။

ၿမိဳ႕အေတာ္မ်ားမ်ားမွာ ညမထြက္ရ ကာဖ်ဴးအမိန႔္ ခ်မွတ္ထားတာကို ဖီဆန္ၿပီး ဆႏၵျပသူေတြက လမ္းမေပၚထြက္ ဆႏၵျပခဲ့ၾကသလို ရဲတပ္ဖြဲ႕နဲ႔ ထိပ္တိုက္ရင္ဆိုင္တာေတြ ျဖစ္ခဲ့ပါတယ္။

ၿမိဳ႕တခ်ိဳ႕မွာေကေတာ့ ဆႏၵျပသူေတြ ကိုယ္တိုင္ကပဲ ညမထြက္ရအမိန႔္ ခ်ိဳးေဖာက္မႈနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အဖမ္းခံခဲ့တာေတြလည္း ရွိပါတယ္။

ႏိုင္ငံတဝန္း ဆႏၵျပပြဲေတြအတြင္း အၾကမ္းဖက္မႈေတြေၾကာင့္ လူ ၁,၄၀၀ ထက္မနည္း ဖမ္းဆီးခံခဲ့ရတယ္လို႔ AP သတင္းမွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ တနလၤာေန႔က Minneapolis ၿမိဳ႕က လမ္းမတခုေပၚမွာ အသက္ ၄၆ ႏွစ္အ႐ြယ္ လူမည္းအမ်ိဳးသား George Floyd ကို ရဲက ဖမ္းဆီးခ်ိန္ လက္ထိပ္ေနာက္ျပန္ခတ္၊ လမ္းမေပၚမွာ ဖိခ်ထားၿပီး လည္ပင္းကို ဒူးနဲ႔ေထာက္ထားခဲ့တာမွာ Floyd က အသက္ရႉမရေတာ့ဘူးလို႔ အႀကိမ္ႀကိမ္ ေတာင္းပန္ေျပာရင္း ေသဆုံးသြားခဲ့ရာကေန ခုလို အေမရိကန္ၿမိဳ႕ႀကီးေတြ အမ်ားအျပားမွာ ဆႏၵျပပြဲေတြ ျပင္းထန္လာခဲ့တာ ျဖစ္ပါတယ္။

နယူးေယာက္ၿမိဳ႕ ရဲေကာ္မရွင္နာမင္းႀကီးကေတာ့ စေနေန႔ည ဆႏၵျပပြဲေတြအတြင္း လူေပါင္း ၃၅၀ နီးပါး ဖမ္းဆီးခံခဲ့ရတယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ရဲအရာရွိ ၃၀ ေက်ာ္ေလာက္လည္း အေသးစားဒဏ္ရာေတြ ရရွိခဲ့သလို ရဲကားေတြလည္း မီးရႈိ႕ခံခဲ့ရတယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္ထိ နယူးေယာက္ၿမိဳ႕မွာ ညမထြက္ရအမိန႔္ ထုတ္ျပန္ဖို႔ မရွိေသးဘူးလို႔ ၿမိဳ႕ေတာ္ဝန္ Bill de Blasio က ေျပာပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္ Los Angeles ၿမိဳ႕မွာေတာ့ အေရးေပၚအေျခအေနအျဖစ္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Gavin Newsom က ေၾကညာထားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/us-protests/5443394.html
အမေရိကန်တဝန်း ဒါဇင်နဲ့ချီတဲ့ မြို့တွေက ဆန္ဒပြပွဲတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ် အမေရိကန်တဝန်း ဒါဇင်နဲ့ချီတဲ့ မြို့တွေက ဆန္ဒပြပွဲတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ် Reviewed by THITHTOOLWIN on 06:32 Rating: 5
Powered by Blogger.