ရသေ့တောင် တပ်မိသားစုဝင် သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း AA အတည်ပြု

ရသေ့တောင်မြို့နယ်မှာ လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဦးမောင်အေးညွန့်ကို စစ်တွေဆေးရုံဆီ ၂၀၂၀ ဇွန် ၂၅ ရက်နေ့က အရေးပေါ်သယ်ဆောင်လာစဉ် / Photo: Ni Min Tun/RFA
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး နယ်မြေခံ တပ်မတော်မိသားစုဝင် သုံးဦးကို အမည်မသိ လူတစ်စုက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံ သုံးဦးကို ရှာဖွေတဲ့ စစ်ကြောင်းကို AA က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ AA ပြောခွင့်ရသူကတော့ ဒီလိုဖမ်းဆီးထားတာ ဟုတ်မှန် ကြောင်း ဒီနေ့ RFA ကို အတည်ပြုပြောပါတယ်။ မိုင်းခွဲတိုက်ခိုက်အပြီး နောက်ဆက်တွဲ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေကြောင့်  ရသေ့တောင် စစ်ဘေးဒုက္ခသည်စခန်းထဲ လက်နက်ကြီးကျရောက်ခဲ့ပြီး  အရပ်သားတစ်ဦး လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း RFA က စုံစမ်းသိရပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး တံတားနားမှာ မနေ့က ညနေ ၄ နာရီကျော်လောက်က တပ်မတော် စစ်ကြောင်းတစ်ခုကို အေအေအဖွဲ့က မိုင်းခွဲတိုက်ခိုက်အပြီး နောက်ဆက်တွဲ အပြန်အလှန်ပစ်ခတ်မှုတွေကနေ အနီးအနားကျေးရွာ ရပ်ကွက်တွေထဲကိုပါကျရောက်ခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးရဲ့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒဏ်ရာရှိသူ ဦးမောင်အေးညွန့်ရဲ့ ဘယ်ခြေဟာ ဒဏ်ရာပြင်းထန်တာကြောင့် ဒီနေ့မနက်မှာ စစ်တွေဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။

ဒဏ်ရာရတဲ့ ဦးမောင်အေးညွန့်ဟာ ရသေ့တောင်မြို့နယ် ညောင်ပင်လှကျေးရွာကဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်လခန့်ကပင် ရသေ့တောင်မြို့ပေါ် ရွှေပါရမီကျောင်းတိုက် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူပါ။

သူဟာ ဆွံ့အနားမကြားသူဖြစ်ပြီး ပစ်ခတ်မှုဖြစ်စဉ် စခန်းထဲက တဲအိမ်ထဲမှာထိုင်နေစဉ် လက်နက်ကြီးကျည်ဟာ ခေါင်းမိုးကိုဖောက်ဝင်ပြီး ထိမှန်ခဲ့တလို့ ဆွေမျိုးတစ်ဦးဖြစ်တဲ့ ဦးမောင်ထွန်းသာက RFA ကိုပြောပါတယ်။

“သူဟာမွေးရာပါ နားမကြား၊ မျက်စိမှုန်တာကြောင့် နည်းနည်းမှောင်ရင် လမ်းလျှောက်ဖို့ အဆင်မပြေတဲ့ ဒုက္ခသည်ပါ။ မနေ့ကဖြစ်စဉ်ဖြစ်တဲ့အခါ သူက အိမ်ထဲမှာပဲရှိနေတာ။ သူ့ရဲ့ယာယီတဲအိမ်ပေါ့။ စစ်ဘေး ဒုက္ခသည်စခန်းက ယာယီတဲအိမ်မှာနေတာ။ အိမ်ထဲမှာပဲနေတာ။ လက်နက်ကျည်က အိမ်ခေါင်မိုးကို ဖောက်ပြီးတော့ သူ့ကိုထိသွားတာ”

ဒီသတင်းနဲ့ပတ်သက်လို့ RFA က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာ မနေ့က နေ့လယ်ခင်းတိုက်ခိုက်မှုတွေကြောင်း အရပ်သား ထိခိုက်ဒဏ်ရာရတဲ့သတင်း မသိရှိရကြောင်း၊ ဒါပေမဲ့ AA အဖွဲ့က မိုင်းခွဲ တိုက်ခိုက်မှုကြောင့် တပ်မတော်သားတချို့တော့ ထိခိုက်ဒဏ်ရာရတာရှိကြောင်း အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

ရသေ့တောင် နယ်မြေခံတပ်ရင်းတစ်ခုက တပ်မတော်မိသားစုဝင် အမျိုးသား သုံးဦး ဆိုင်ကယ်နဲ့ ကြိမ်သာရွာဘက် ကို သွားရောက်ရာမှာ ကြိမ်သာရွာမှာ AA အဖွဲ့နဲ့ အမာခံတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နယ်မြေခံ လုံခြုံရေး တပ်တွေက ကယ်ဆယ်ဖို့ရှာဖွေရာမှာ အဝေးထိန်း မိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း၊ ဒီလို တိုက်ခိုက် ခံရတဲ့အတွက် တပ်မတော်သားတချို့ ဒဏ်ရာရခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒါပေမဲ့ ဘယ်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ တပ်မတော်အနေနဲ့ ဒီသတင်းကို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မနေ့က ရသေ့တောင်တိုက်ခိုက်တွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ မနေ့က ရသေ့တောင်မြို့နယ်မှာ မိနစ်အနည်းငယ်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ကြောင်း၊ မောင်းသူမဲ့ လေယာဉ်ငယ်တစ်စင်းကို AA က ပစ်ချခဲ့ကြောင်း အဲဒီလေယာဉ် ငယ်ကို လာရောက်ရှာဖွေတဲ့ ရသေ့တောင်အခြေစိုက် ခြေလျင်တပ်ရင်း ၅၃၆ က တပ်မိသားစုဝင် သုံးဦးကို AA က ထိန်းသိမ်းနေတာရှိကြောင်း  ခိုင်သုခက ပြောပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ဟာ တပ်မှာ အမှုထမ်းနေတဲ့ ရခိုင်မိသားစုဝင်တွေကို အသုံးချပြီး စစ်တပ်အတွက် ကင်းထောက်လုပ်ငန်းတွေ၊ သတင်းစုံစမ်းတာတွေ၊ ဒေသခံ မွတ်ဆလင်တွေနဲ့ ရခိုင်တွေအကြား ပြဿနာဖြစ်ပွားအောင် ဖန်တီးနေတာတွေရှိကြောင်းလည်း ခိုင်သုခက ပြောကြားပါတယ်။ ဖမ်းဆီးထားသူ သုံးဦးနဲ့ပတ်သက်လို့ နောက်ဆက်တွဲ သတင်းထုတ်ပြန်သွားမယ်လို့လည်း သူက ပြောပါတယ်။

မနေ့ကဖြစ်စဉ်အတွင်း ပစ်ခတ်မှုတွေကြောင့် လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေဟာ အနီးအနား ကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကိုပါ ကျရောက်ခဲ့တယ်လို့ ဒဏ်ရာရသူကို အကူအညီပေးနေတဲ့ ရသေ့တောင်မြို့ခံ ကိုဘက္ကာက RFA ကိုပြောပါတယ်။

“ရသေ့တောင်မြို့ပေါ်  တပ်ရင်းတစ်ရင်းက ပြားချောင်းကြီးရွာဘက်ကို စစ်ကြောင်းထွက်လာတယ်။ စစ်ကြောင်းထွက်လာတော့ ရသေ့တောင်တံတား တချို့က ပြားချောင်းကြီးတံတားလို့ခေါ်တာပေါ့ အဲဒီတံတားနားမရောက်ခင် မြို့အဝင်ဆိုင်းဘုတ်နားမှာ သူတို့နှစ်ဖက်ထိတွေ့မှုဖြစ်ကြတယ်။ ပထမတော့ မိုင်းဆွဲတာလား ဘာလားတော့ မသိ အသံအကျယ်ကြီးတစ်ခု ကြားလိုက်ရတယ်။ အဲဒီအချိန်မှာ လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ ဒလဟောပစ်တာ။ ဘေးပတ်ဝန်းကျင်တွေအားလုံးကို ပစ်တယ်။ ကျည်တွေက ကျွန်တော်တို့ မြို့ဘက်ကိုလည်း အများကြီးလာတယ်”

မနေ့က ဖြစ်စဉ်ဟာ အချိန် ဆယ်မိနစ်လောက်သာ ကြာမြင့်ပေမယ့် ပစ်ခတ်မှုတွေက ကျရောက်တဲ့ ကျည်တွေ ကြောင့် ရွှေပါရမီ၊ ဓညဝတီ၊ ပြည်လုံးချမ်းသာ၊ ပညာပါရမီ စတဲ့ စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ မြို့အတွင်းပိုင်းနေရာတွေဆီကို ထွက်ပြေးခဲ့ကြရတယ်လို့ ဒုက္ခသည်အရေးကူညီပေးနေသူတွေကပြောပါတယ်။

အလားတူ ပစ်ခတ်မှုဖြစ်တဲ့နေရာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ထွန်းရဝေ၊ ပြားချောင်းကြီး၊ အလယ်ရွာ၊ ပြင်ခေါင် စတဲ့ကျေးရွာတွေက ဒေသခံတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရတယ်လို့ဆိုပါတယ်။

ရသေ့တောင်မြို့ခံ ကိုဘက္ကာကတော့ နှစ်ဖက်လက်နက်ကိုင်တွေအနဲ့ တိုက်ခိုက်မှုတွေကို လူနေရပ်ကွက်၊ ကျေးရွာတွေအနီးအနားမှာ ရှောင်ရှားကြစေချင်တယ်လို့ပြောပါတယ်။

“ပြောချင်တာကတော့လေ နှစ်ဖက်စလုံးကိုပေါ့နော် အခုလိုမြို့နဲ့နီးတဲ့နေရာမျိုးပေါ့။ ကျွန်တော်တို့ ရသေ့တောင်မြို့က တခြားမြို့နယ်တွေနဲ့မတူတာက လမ်းပန်းဆက်သွယ်ရေးကလည်းခက်တယ်။ မြို့ပေါ်မှာ စစ်ဘေးဒုက္ခသည်စခန်း ၁၈ ခုလောက်ရှိတယ်။ စစ်ဘေးဒုက္ခသည်တွေကလည်း တော်တော်များတယ်။ တော်တော် ဒုက္ခရောက်နေတဲ့မြို့ဆိုတော့ အဲဒီလိုမျိုးမဖြစ်စေချင်ဘူးပေါ့နော်။ နောင်အခါ ထိန်းထိန်း သိမ်းသိမ်းလုပ်ကြပါလို့ပဲ ပြောချင်ပါတယ်”

ရသေ့တောင်မြို့မှာ ဒီနေ့နေ့လယ်ကလည်း ပစ်ခတ်မှုတွေရှိပြီး မြို့ပေါ်က နေအိမ်အချို့ လက်နက်ဒဏ်တွေ ကြောင့် ပျက်စီးသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး အခုရက်ပိုင်းတွေအတွင်း ရသေ့တောင်မြို့နယ်မှာ တိုက်ခိုက်မှုတွေများလာတာကို တွေ့ရပါတယ်။

အခုလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာနဲ့အတူ အရပ်သားတွေ သေကြေထိခိုက်မှုကလည်း တနေ့တခြားပိုများလာနေပါတယ်။

RFA က ကောက်ယူရရှိထားတဲ့အချက်အလက်အရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ မနေ့က ဇွန်လ ၂၄ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၂၆၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၅၇၁ ဦးအထိရှိနေပြီဖြစ်ပါတယ်။

RFA Burmese
----------------------------------------
(Zawgyi)⤵⤵⤵
ရေသ့ေတာင္ တပ္မိသားစုဝင္ သုံးဦးကို ဖမ္းဆီးစစ္ေဆးေနေၾကာင္း AA အတည္ျပဳ

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕အနီး နယ္ေျမခံ တပ္မေတာ္မိသားစုဝင္ သုံးဦးကို အမည္မသိ လူတစ္စုက ဖမ္းဆီး ေခၚေဆာင္သြားခဲ့ၿပီး ဖမ္းဆီးခံ သုံးဦးကို ရွာေဖြတဲ့ စစ္ေၾကာင္းကို AA က အေဝးထိန္းမိုင္းနဲ႔ ေဖာက္ခြဲတိုက္ခိုက္ ခဲ့တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ပါတယ္။ AA ေျပာခြင့္ရသူကေတာ့ ဒီလိုဖမ္းဆီးထားတာ ဟုတ္မွန္ ေၾကာင္း ဒီေန႔ RFA ကို အတည္ျပဳေျပာပါတယ္။ မိုင္းခြဲတိုက္ခိုက္အၿပီး ေနာက္ဆက္တြဲ ႏွစ္ဖက္အျပန္အလွန္ ပစ္ခတ္မႈေတြေၾကာင့္  ရေသ့ေတာင္ စစ္ေဘးဒုကၡသည္စခန္းထဲ လက္နက္ႀကီးက်ေရာက္ခဲ့ၿပီး  အရပ္သားတစ္ဦး လည္း ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔လည္း RFA က စုံစမ္းသိရပါတယ္။

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕အနီး တံတားနားမွာ မေန႔က ညေန ၄ နာရီေက်ာ္ေလာက္က တပ္မေတာ္ စစ္ေၾကာင္းတစ္ခုကို ေအေအအဖြဲ႕က မိုင္းခြဲတိုက္ခိုက္အၿပီး ေနာက္ဆက္တြဲ အျပန္အလွန္ပစ္ခတ္မႈေတြကေန အနီးအနားေက်း႐ြာ ရပ္ကြက္ေတြထဲကိုပါက်ေရာက္ခဲ့ၿပီး အသက္ ၅၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးရဲ႕ ေျခေထာက္မွာ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ဒဏ္ရာရွိသူ ဦးေမာင္ေအးၫြန႔္ရဲ႕ ဘယ္ေျခဟာ ဒဏ္ရာျပင္းထန္တာေၾကာင့္ ဒီေန႔မနက္မွာ စစ္ေတြေဆး႐ုံႀကီးကို အေရးေပၚပို႔ေဆာင္လိုက္ရပါတယ္။

ဒဏ္ရာရတဲ့ ဦးေမာင္ေအးၫြန႔္ဟာ ရေသ့ေတာင္ၿမိဳ႕နယ္ ေညာင္ပင္လွေက်း႐ြာကျဖစ္ၿပီး ၿပီးခဲ့တဲ့ ႏွစ္လခန႔္ကပင္ ရေသ့ေတာင္ၿမိဳ႕ေပၚ ေ႐ႊပါရမီေက်ာင္းတိုက္ စစ္ေဘးဒုကၡသည္စခန္းမွာ ခိုလႈံေနသူပါ။

သူဟာ ဆြံ႕အနားမၾကားသူျဖစ္ၿပီး ပစ္ခတ္မႈျဖစ္စဥ္ စခန္းထဲက တဲအိမ္ထဲမွာထိုင္ေနစဥ္ လက္နက္ႀကီးက်ည္ဟာ ေခါင္းမိုးကိုေဖာက္ဝင္ၿပီး ထိမွန္ခဲ့တလို႔ ေဆြမ်ိဳးတစ္ဦးျဖစ္တဲ့ ဦးေမာင္ထြန္းသာက RFA ကိုေျပာပါတယ္။

“သူဟာေမြးရာပါ နားမၾကား၊ မ်က္စိမႈန္တာေၾကာင့္ နည္းနည္းေမွာင္ရင္ လမ္းေလွ်ာက္ဖို႔ အဆင္မေျပတဲ့ ဒုကၡသည္ပါ။ မေန႔ကျဖစ္စဥ္ျဖစ္တဲ့အခါ သူက အိမ္ထဲမွာပဲရွိေနတာ။ သူ႔ရဲ႕ယာယီတဲအိမ္ေပါ့။ စစ္ေဘး ဒုကၡသည္စခန္းက ယာယီတဲအိမ္မွာေနတာ။ အိမ္ထဲမွာပဲေနတာ။ လက္နက္က်ည္က အိမ္ေခါင္မိုးကို ေဖာက္ၿပီးေတာ့ သူ႔ကိုထိသြားတာ”

ဒီသတင္းနဲ႔ပတ္သက္လို႔ RFA က တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကို ဆက္သြယ္ေမးျမန္းရာမွာ မေန႔က ေန႔လယ္ခင္းတိုက္ခိုက္မႈေတြေၾကာင္း အရပ္သား ထိခိုက္ဒဏ္ရာရတဲ့သတင္း မသိရွိရေၾကာင္း၊ ဒါေပမဲ့ AA အဖြဲ႕က မိုင္းခြဲ တိုက္ခိုက္မႈေၾကာင့္ တပ္မေတာ္သားတခ်ိဳ႕ေတာ့ ထိခိုက္ဒဏ္ရာရတာရွိေၾကာင္း အဖြဲ႕အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက RFA ကို ေျပာပါတယ္။

ရေသ့ေတာင္ နယ္ေျမခံတပ္ရင္းတစ္ခုက တပ္မေတာ္မိသားစုဝင္ အမ်ိဳးသား သုံးဦး ဆိုင္ကယ္နဲ႔ ႀကိမ္သာ႐ြာဘက္ ကို သြားေရာက္ရာမွာ ႀကိမ္သာ႐ြာမွာ AA အဖြဲ႕နဲ႔ အမာခံေတြက ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး နယ္ေျမခံ လုံၿခဳံေရး တပ္ေတြက ကယ္ဆယ္ဖို႔ရွာေဖြရာမွာ အေဝးထိန္း မိုင္း ႏွစ္လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခံရေၾကာင္း၊ ဒီလို တိုက္ခိုက္ ခံရတဲ့အတြက္ တပ္မေတာ္သားတခ်ိဳ႕ ဒဏ္ရာရခဲ့ေၾကာင္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ ဒါေပမဲ့ ဘယ္ႏွစ္ဦး ထိခိုက္ဒဏ္ရာရခဲ့သလဲဆိုတာကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိပါဘူး။ တပ္မေတာ္အေနနဲ႔ ဒီသတင္းကို တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ ထုတ္ျပန္ထားတယ္လို႔လည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

မေန႔က ရေသ့ေတာင္တိုက္ခိုက္ေတြနဲ႔ ပတ္သက္ၿပီး ရကၡိဳင့္တပ္ေတာ္ AA အဖြဲ႕က ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကို RFA က ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။ မေန႔က ရေသ့ေတာင္ၿမိဳ႕နယ္မွာ မိနစ္အနည္းငယ္အၾကာ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈေတြရွိခဲ့ေၾကာင္း၊ ေမာင္းသူမဲ့ ေလယာဥ္ငယ္တစ္စင္းကို AA က ပစ္ခ်ခဲ့ေၾကာင္း အဲဒီေလယာဥ္ ငယ္ကို လာေရာက္ရွာေဖြတဲ့ ရေသ့ေတာင္အေျခစိုက္ ေျခလ်င္တပ္ရင္း ၅၃၆ က တပ္မိသားစုဝင္ သုံးဦးကို AA က ထိန္းသိမ္းေနတာရွိေၾကာင္း  ခိုင္သုခက ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာစစ္တပ္ဟာ တပ္မွာ အမႈထမ္းေနတဲ့ ရခိုင္မိသားစုဝင္ေတြကို အသုံးခ်ၿပီး စစ္တပ္အတြက္ ကင္းေထာက္လုပ္ငန္းေတြ၊ သတင္းစုံစမ္းတာေတြ၊ ေဒသခံ မြတ္ဆလင္ေတြနဲ႔ ရခိုင္ေတြအၾကား ျပႆနာျဖစ္ပြားေအာင္ ဖန္တီးေနတာေတြရွိေၾကာင္းလည္း ခိုင္သုခက ေျပာၾကားပါတယ္။ ဖမ္းဆီးထားသူ သုံးဦးနဲ႔ပတ္သက္လို႔ ေနာက္ဆက္တြဲ သတင္းထုတ္ျပန္သြားမယ္လို႔လည္း သူက ေျပာပါတယ္။

မေန႔ကျဖစ္စဥ္အတြင္း ပစ္ခတ္မႈေတြေၾကာင့္ လက္နက္ႀကီး၊ လက္နက္ငယ္က်ည္ေတြဟာ အနီးအနား ေက်း႐ြာေတြနဲ႔ ၿမိဳ႕ေပၚရပ္ကြက္ေတြကိုပါ က်ေရာက္ခဲ့တယ္လို႔ ဒဏ္ရာရသူကို အကူအညီေပးေနတဲ့ ရေသ့ေတာင္ၿမိဳ႕ခံ ကိုဘကၠာက RFA ကိုေျပာပါတယ္။

“ရေသ့ေတာင္ၿမိဳ႕ေပၚ  တပ္ရင္းတစ္ရင္းက ျပားေခ်ာင္းႀကီး႐ြာဘက္ကို စစ္ေၾကာင္းထြက္လာတယ္။ စစ္ေၾကာင္းထြက္လာေတာ့ ရေသ့ေတာင္တံတား တခ်ိဳ႕က ျပားေခ်ာင္းႀကီးတံတားလို႔ေခၚတာေပါ့ အဲဒီတံတားနားမေရာက္ခင္ ၿမိဳ႕အဝင္ဆိုင္းဘုတ္နားမွာ သူတို႔ႏွစ္ဖက္္ထိေတြ႕မႈျဖစ္ၾကတယ္။ ပထမေတာ့ မိုင္းဆြဲတာလား ဘာလားေတာ့ မသိ အသံအက်ယ္ႀကီးတစ္ခု ၾကားလိုက္ရတယ္။ အဲဒီအခ်ိန္မွာ လက္နက္ ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ဒလေဟာပစ္တာ။ ေဘးပတ္ဝန္းက်င္ေတြအားလုံးကို ပစ္တယ္။ က်ည္ေတြက ကြၽန္ေတာ္တို႔ ၿမိဳ႕ဘက္ကိုလည္း အမ်ားႀကီးလာတယ္”

မေန႔က ျဖစ္စဥ္ဟာ အခ်ိန္ ဆယ္မိနစ္ေလာက္သာ ၾကာျမင့္ေပမယ့္ ပစ္ခတ္မႈေတြက က်ေရာက္တဲ့ က်ည္ေတြ ေၾကာင့္ ေ႐ႊပါရမီ၊ ဓညဝတီ၊ ျပည္လုံးခ်မ္းသာ၊ ပညာပါရမီ စတဲ့ စစ္ေဘးဒုကၡသည္စခန္းက ဒုကၡသည္ေတြဟာ ၿမိဳ႕အတြင္းပိုင္းေနရာေတြဆီကို ထြက္ေျပးခဲ့ၾကရတယ္လို႔ ဒုကၡသည္အေရးကူညီေပးေနသူေတြကေျပာပါတယ္။

အလားတူ ပစ္ခတ္မႈျဖစ္တဲ့ေနရာနဲ႔ မလွမ္းမကမ္းမွာရွိတဲ့ ထြန္းရေဝ၊ ျပားေခ်ာင္းႀကီး၊ အလယ္႐ြာ၊ ျပင္ေခါင္ စတဲ့ေက်း႐ြာေတြက ေဒသခံေတြဟာလည္း ေဘးလြတ္ရာကို ထြက္ေျပးတိမ္း ေရွာင္ခဲ့ၾကရတယ္လို႔ဆိုပါတယ္။

ရေသ့ေတာင္ၿမိဳ႕ခံ ကိုဘကၠာကေတာ့ ႏွစ္ဖက္္လက္နက္ကိုင္ေတြအနဲ႔ တိုက္ခိုက္မႈေတြကို လူေနရပ္ကြက္၊ ေက်း႐ြာေတြအနီးအနားမွာ ေရွာင္ရွားၾကေစခ်င္တယ္လို႔ေျပာပါတယ္။

“ေျပာခ်င္တာကေတာ့ေလ ႏွစ္ဖက္စလုံးကိုေပါ့ေနာ္ အခုလိုၿမိဳ႕နဲ႔နီးတဲ့ေနရာမ်ိဳးေပါ့။ ကြၽန္ေတာ္တို႔ ရေသ့ေတာင္ၿမိဳ႕က တျခားၿမိဳ႕နယ္ေတြနဲ႔မတူတာက လမ္းပန္းဆက္သြယ္ေရးကလည္းခက္တယ္။ ၿမိဳ႕ေပၚမွာ စစ္ေဘးဒုကၡသည္စခန္း ၁၈ ခုေလာက္ရွိတယ္။ စစ္ေဘးဒုကၡသည္ေတြကလည္း ေတာ္ေတာ္မ်ားတယ္။ ေတာ္ေတာ္ ဒုကၡေရာက္ေနတဲ့ၿမိဳ႕ဆိုေတာ့ အဲဒီလိုမ်ိဳးမျဖစ္ေစခ်င္ဘူးေပါ့ေနာ္။ ေနာင္အခါ ထိန္းထိန္း သိမ္းသိမ္းလုပ္ၾကပါလို႔ပဲ ေျပာခ်င္ပါတယ္”

ရေသ့ေတာင္ၿမိဳ႕မွာ ဒီေန႔ေန႔လယ္ကလည္း ပစ္ခတ္မႈေတြရွိၿပီး ၿမိဳ႕ေပၚက ေနအိမ္အခ်ိဳ႕ လက္နက္ဒဏ္ေတြ ေၾကာင့္ ပ်က္စီးသြားတယ္လို႔ ၿမိဳ႕ခံေတြကေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔အၾကား တိုက္ပြဲေတြဆက္လက္ျပင္းထန္ေနၿပီး အခုရက္ပိုင္းေတြအတြင္း ရေသ့ေတာင္ၿမိဳ႕နယ္မွာ တိုက္ခိုက္မႈေတြမ်ားလာတာကို ေတြ႕ရပါတယ္။

အခုလို တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနတာနဲ႔အတူ အရပ္သားေတြ ေသေၾကထိခိုက္မႈကလည္း တေန႔တျခားပိုမ်ားလာေနပါတယ္။

RFA က ေကာက္ယူရရွိထားတဲ့အခ်က္အလက္အရ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကေန မေန႔က ဇြန္လ ၂၄ ရက္ေန႔အထိ ေသဆုံးတဲ့အရပ္သား ၂၆၁ ဦးနဲ႔ ထိခိုက္ဒဏ္ရာရတဲ့ အရပ္သား ၅၇၁ ဦးအထိရွိေနၿပီျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/aa-arrest-three-navy-family-06252020073621.html
ရသေ့တောင် တပ်မိသားစုဝင် သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း AA အတည်ပြု ရသေ့တောင် တပ်မိသားစုဝင် သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း AA အတည်ပြု Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.