AA အကြမ်းဖက်သောင်းကျန်းသူများက စိုင်ခြုံကျေးရွာအုပ်စုစာရေးဖြစ်သူအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်


(Unicode)⤵⤵⤵
နေပြည်တော်၊ ဇွန် - ၁၇
   
ရခိုင်ပြည်နယ်၊  ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအုပ်စု၊ စိုင်ခြုံကျေးရွာ(မြောက်) နေအုပ်စုစာရေးဖြစ်သူ ဦးစိုးမင်းထွန်းအား မျက်နှာတွင် အဝတ်များဖြင့်စည်းထားသော AA အကြမ်းဖက်သောင်းကျန်းသူ ၂၀ ဦးခန့်မှ နေအိမ်သို့လာရောက်၍ အကြောင်းမဲ့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
   
ဖြစ်စဉ်မှာ စိုင်ခြုံကျေးရွာအုပ်စုစာရေးဖြစ်သူ ဦးစိုးမင်းထွန်းသည်နေအိမ်၌ မိသားစုနှင့် အတူရှိနေစဉ် ဇွန် ၁၆ ရက်ည ၁၂ နာရီခွဲခန့်တွင် မျက်နှာများအား အဝတ်များ ဖြင့် စည်းထားသည့် AA အကြမ်းဖက်သောင်းကျန်းသူ၂၀ ဦးခန့်ရောက်ရှိလာပြီး နေအိမ် တံခါးများအား ထုရိုက်တွန်းဖွင့် ဝင်ရောက်ကာ ဦးစိုးမင်းထွန်းအားထိုးကြိတ်ပြီး မိသားစုဝင်များကို ခြိမ်းခြောက်၍ ၎င်းအား ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်၊ ကျောက်ဖြူလေဆိပ်၏ တောင်ဘက် လမ်းမဘေးသို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင် သွားပြီး ၎င်းနေရာ၌ပင် သတ်ဖြတ်ခဲ့ကြောင်းသိရသည်။
   
AA  အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အား ထောက်ခံအားပေးမှု မရှိသည့် ကျေးရွာသူ၊ ကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
   
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်ဖြူမြို့နယ်ရဲစခန်း၌ အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
----------------------------------
(Zawgyi)⤵⤵⤵
AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက စိုင္ၿခဳံေက်း႐ြာအုပ္စုစာေရးျဖစ္သူအား အေၾကာင္းမဲ့ဖမ္းဆီးေခၚေဆာင္သတ္ျဖတ္

ေနျပည္ေတာ္၊ ဇြန္ - ၁၇
   
ရခိုင္ျပည္နယ္၊  ေက်ာက္ျဖဴၿမိဳ႕နယ္၊ စိုင္ၿခဳံေက်း႐ြာအုပ္စု၊ စိုင္ၿခဳံေက်း႐ြာ(ေျမာက္) ေနအုပ္စုစာေရးျဖစ္သူ ဦးစိုးမင္းထြန္းအား မ်က္ႏွာတြင္ အဝတ္မ်ားျဖင့္စည္းထားေသာ AA အၾကမ္းဖက္ေသာင္းက်န္းသူ ၂၀ ဦးခန႔္မွ ေနအိမ္သို႔လာေရာက္၍ အေၾကာင္းမဲ့ အတင္းအဓမၼဖမ္းဆီးေခၚေဆာင္ၿပီး သတ္ျဖတ္ခဲ့ေၾကာင္း သိရွိရသည္။
   
ျဖစ္စဥ္မွာ စိုင္ၿခဳံေက်း႐ြာအုပ္စုစာေရးျဖစ္သူ ဦးစိုးမင္းထြန္းသည္ေနအိမ္၌ မိသားစုႏွင့္ အတူရွိေနစဥ္ ဇြန္ ၁၆ ရက္ည ၁၂ နာရီခြဲခန႔္တြင္ မ်က္ႏွာမ်ားအား အဝတ္မ်ား ျဖင့္ စည္းထားသည့္ AA အၾကမ္းဖက္ေသာင္းက်န္းသူ၂၀ ဦးခန႔္ေရာက္ရွိလာၿပီး ေနအိမ္ တံခါးမ်ားအား ထု႐ိုက္တြန္းဖြင့္ ဝင္ေရာက္ကာ ဦးစိုးမင္းထြန္းအားထိုးႀကိတ္ၿပီး မိသားစုဝင္မ်ားကို ၿခိမ္းေျခာက္၍ ၎အား ေက်ာက္ျဖဴၿမိဳ႕၊ ေတာင္ရင္းရပ္ကြက္၊ ေက်ာက္ျဖဴေလဆိပ္၏ ေတာင္ဘက္ လမ္းမေဘးသို႔ အတင္းအဓမၼဖမ္းဆီးေခၚေဆာင္ သြားၿပီး ၎ေနရာ၌ပင္ သတ္ျဖတ္ခဲ့ေၾကာင္းသိရသည္။
   
AA  အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ၎တို႔အား ေထာက္ခံအားေပးမႈ မရွိသည့္ ေက်း႐ြာသူ၊ ေက်း႐ြာသားမ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားကို အေၾကာင္းမဲ့ ဖမ္းဆီးေခၚေဆာင္ျခင္း၊ ၿခိမ္းေျခာက္ျခင္း၊ သတ္ျဖတ္ျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိသည္။
   
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေက်ာက္ျဖဴၿမိဳ႕နယ္ရဲစခန္း၌ အမႈဖြင့္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သတင္းရရွိသည္။

http://cincds.gov.mm/node/8001
AA အကြမ်းဖက်သောင်းကျန်းသူများက စိုင်ခြုံကျေးရွာအုပ်စုစာရေးဖြစ်သူအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ် AA အကြမ်းဖက်သောင်းကျန်းသူများက စိုင်ခြုံကျေးရွာအုပ်စုစာရေးဖြစ်သူအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ် Reviewed by THITHTOOLWIN on 09:30 Rating: 5
Powered by Blogger.