AA စခန်း တချို့ကို သိမ်းပိုက်လိုက်ကြောင်း တပ်မတော်ကြေညာ


(Unicode)⤵⤵⤵
ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ အခြေပြုစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တပ်မတော်ဘက်က ပြောဆိုတဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

ပလက်ဝမြို့အနီးနဲ့ ရသေ့တောင် သဇင်မြိုင် ရဲစခန်းအနောက်မြောက်ဘက် AA အခိုင်အမာခြေကုပ်စခန်းတွေကို တပ်မတော်ဘက်ကနေ မနေ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“မနေ့ကမနက် ၈ နာရီလောက်မှာ ကျနော်တို့ ဒီ AA က ပလက်ဝမြို့ရဲ့အဝင်မှာပဲ အဲဒီတံတားနဲ့ ပလက်ဝမြို့ကြားထဲမှာ တောင်ကုန်း သုံး ကုန်း ရှိပါတယ်။ ပွိုင့် ၆၀၂၊ ပွိုင့် ၅၄၀၊ ပွိုင့်-၅၆၅ အဲဒီတောင်ကုန်း သုံး ကုန်းမှာ အခိုင်မာခြေကုတ်ယူထားတဲ့နေရာ ရှိတယ်။ ပြီးရင်သူတို့ကာကင်းစခန်း လေး ခုလောက်ရှိတယ်။ အဲဒီ ခုနစ်ခုကိုတော့ မနေ့က မနက် ၈ နာရီလောက်မှာ သိမ်းဆီးရမိတာ ရှိပါတယ်။ အလောင်းလက်နက်တွေ ရလိုက်တာ ရှိတယ်။ နောက်တခုကတော့ ကျနော်တို့ သဇင်မြိုင်ရဲစခန်းရဲ့အနောက်မြောက်ဘက် မီတာ ၅,၀၀၀ လောက်မှာ AA အခြေပြုတဲ့နေရာတခု ကျနော်တို့ သိမ်းဆည်းရမိတာရှိတယ်။ ပစ်ကျင်းတွေ တဲတွေရှိတယ်။ ပြီးရင်ကျနော်တို့ စစ်အသုံးအဆောင်ပစ္စည်းအချို့ ရရှိလိုက်တာရှိပါတယ်။”

AA အဖွဲ့အနေနဲ့ ဒီတောင်ကုန်းအပေါ်မှာ အခြေပြုပြီးတော့ ပလက်ဝမြို့ဆက်သွယ်ရေးလမ်းကြောင်း နယ်မြေလုံခြုံရေး၊ ကုလားတန်မြစ်ကြောင်းတလျှောက် လမ်းကြောင်းလုံခြုံရေးနဲ့ ကုလားတန်မြစ်ကူးတံတား၊ လမ်းဖောက်လုပ်ရေးစီမံကိန်းကို နှောင့်ယှက်ခြိမ်းခြောက်နေတာလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

ရခိုင်လက်နက်ကိုင် AA ပြောခွင့်ရခိုင်သုခကတော့ တပ်မတော်ဘက်က သိမ်းပိုက်တဲ့ စခန်းဟ အခိုင်မာစခန်း မဟုတ်ဘဲ AA အဖွဲ့ရဲ့ ယာယီအခြေပြုစခန်းသာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့မှာ သူတိုကပြောသလိုမျိုး အခိုင်အမာခြေကုတ်စခန်းဆိုတာ မရှိဘူး။ လှုပ်ရှားစစ်ကြောင်းတွေ ယာယီအခြေပြုစခန်းချတဲ့နေရာတွေပဲ ရှိတယ်။ အခုသူတို့ သိမ်းပိုက်ရရှိတယ်ဆိုပြီးတော့ ဝါဒဖြန့်နေတဲ့နေရာဟာလည်းပဲ လွန်ခဲ့တဲ့မေလ ၂၄ ရက်နေ့တုန်းက ကျနော်တို့ စစ်ကြောင်းတခုက လူနာတွေကို ဆေးကုသခဲ့တဲ့ ယာယီအခြေပြုနေရာ တခုတာဖြစ်တယ်။ ဆိုတော့အဲဒီ နေရာကို မြန်မာစစ်တပ်ဘက်ကနေပြီးတော့ လေကြောင်းတိုက်ခိုက်မှုအကြီးကျယ်လုပ်၊ လက်နက်ကြီးတွေနဲ့နေပြီးတော့ နေရာ ၃ ခု လောက်က နေပြီးတော့ စစ်ဆင်ပစ်ခတ်ပြီးတော့မှ တိုက်ခိုက်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဘက်က ဆုတ်ပေးလိုက်တာ ရှိတယ်။”

မေလ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ် သဇင်မြိုင်နယ်ခြားစောင့်ရဲစခန်းကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ မိသားစုဝင် ၃ ဦးကို ဖမ်းဆီးသွားသလို ရဲတပ်ဖွဲ့တချို့ ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပါတယ်။ ဖမ်းဆီးသွားတဲ့မိသားစုဝင်အမျိုးသမီးနဲ့ ကလေး ၃ ဦးကိုတော့ မေလ ၃၀ မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ တပ်ဖွဲ့ဝင် ၆ ဦးကိုတော့ AA ဘက်က ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

သဇင်မြိုင် ရဲစခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း ရသေ့တောင်မြို့နယ်ဘက်မှာ တပ်မတော်စစ်ကြောင်းကနေ ကုန်းလမ်း၊ ရေလမ်း တလျှောက် လိုက်လံ ပိတ်ဆို့ထိုးစစ်နေဆဲဖြစ်ပါတယ်။

မေ ၃၀ ရက်နေ့ညကတော့ မြန်မာရေတပ်သင်္ဘော ရသေ့တောင်မြို့နယ်၊ ရပ်ခုံတိုင်ကျေးရွာအနီး ရောက်ရှိစဉ်မှာ မေယုမြစ်ရဲ့ အနောက်ဘက်ကမ်းစပ်မှာ တပ်မတော်ရေယာဉ်နဲ့AAအဖွဲ့တို့ပစ်ခတ်မှုဖြစ်ပွါးပြီးနောက်၊ ရေတပ်သင်္ဘောကနေ ရွာဘက်ကို ဦးတည် ပစ်ခတ်လာတယ်လို့ စစ်ရှောင်ရက်ခုံတိုင်ရွာသား တဦးကပြောပါတယ်။

“အဲဒီနေ့က ရက်ခုံတိုင်နဲ့ နီးတဲ့နေရာကနေပြီးတော့ အပြန်လှန်ပစ်ခတ်သံတော့ ကြားလိုက်တယ်။ ဒါပေမဲ့နောက် ရွာကိုပစ်တဲ့ အချိန်ကျတော့ ရွာအနီးနားစပ်က သူတို့က ပစ်ခတ်ဖို့ကို ဖြစ်တာမရှိဘူး။ မရှိဘဲနဲ့ ဒါ သက်သက်မဲ့ ရွာတွေကို လှမ်းပစ်လိုက်တာ။”

မေလ ၃၀ ရက်နေ့ကစပြီး ရသေ့တောင်နဲ့ ဘူးသီးတောင်နယ်အစပ် မေယုမြစ်ကြောင်းတလျောက် ကျေးရွာတွေမှာ ရေတပ်သင်္ဘောနဲ့ပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ် ဒိုးဝေချောင်း၊ အောင်ဇေကုန်း၊ စဖိုကျွန်း၊ ကံပြင် စတဲ့ရွာတွေက အမျိုးသမီးနဲ့ ကျောင်းသားတွေအပါဝင်လူ ၅ ယောက်လောက် ဒဏ်ရာရရှိခဲ့ပြီး စေတီပြင်တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံနေရပါတယ်။

မေယုမြစ်ကြောင်းတလျှောက် ကျေးရွာတွေမှာရှိတဲ့ ရွာသားထောင်ဂဏန်း ရသေ့တောင်မြို့နယ်စေတီပြင် စစ်ရှောင်စခန်းမှာ လာရောက် ခိုလှုံနေတယ်လို့ စေတီပြင်စစ်ရှောင်စခန်းအကူညီပေးသူ တဦးကပြောပါတယ်။

“အခုကထပ်တိုးလာတယ်။ ၄,၀၀၀ ကျော်လောက်တော့ရှိပြီး။ ဖြစ်တာက NAVY ကနေပြီးတော့ ပစ်တာမှာ ဒီမေယုမြစ်ရဲ့ ကမ်းမှာရှိတဲ့ ကံပြင်၊ စဖိုကျွန်း၊ ဒိုးဝေချောင်း၊ မောင်ဇေကုန်း ကြောက်ပြီးတော့ပြေးလာကြတယ်။”

မေလ ၃၀ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်က အတွင်းပြင်၊ အိုးသည်မ၊ ဒိုးဝေရွာ၊ အောင်ဇေယျရွာအပြင် ရသေ့တောင်မြို့နယ်က သဇင်မြိုင်၊ ငလှမ်းပြင်၊ ပြင်ရှည်၊ ချွတ်ပြင် စတဲ့ ရွာတော်တော်များများက ရွာသားတွေ ရသေ့တောင်မြို့နယ်က စေတီပြင်၊ စစ်ရှောင်စခန်းဘက် တိမ်းရှောင်လာကြပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပြီး ရွာသား ၂၀၀,၀၀၀ နီးပါးဟာလည်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။

အစိုးရစစ်တပ်အနေနဲ့ AA အဖွဲ့ကို စစ်ဆင်ရေးတွေ ဆက်လက်လုပ်နေတဲ့ တချိန်တည်း တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုလည်း ဖွင့်ထားပေမဲ့ AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က တုံ့ပြန်မှုကတော့ အားရစရာမရှိဘူးလို့ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေလ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ဘက်ကလည်း မြန်မာအစိုးရအုပ်ချုပ်ရေးယန္တရားများနဲ့ အစိုးရလက်နက်ကိုင်အဖွဲ့တွေအားလုံး ရခိုင်ပြည်အတွင်း အမြန်ဆုံးထွက်ခွါာသွားဖို့မေလ ၂၉ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။

ကိုနိုင်ကွန်းအိန်  / ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------------------
(Zawgyi)⤵⤵⤵
AA စခန္း တခ်ိဳ႕ကို သိမ္းပိုက္လိုက္ေၾကာင္း တပ္မေတာ္ေၾကညာ

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္နဲ႔ ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္က ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ရဲ႕ အေျချပဳစခန္းေတြကို တိုက္ခိုက္သိမ္းပိုက္လိုက္တယ္လို႔ တပ္မေတာ္ဘက္က ေျပာဆိုတဲ့အေၾကာင္းကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးပါမယ္။

ပလက္ဝၿမိဳ႕အနီးနဲ႔ ရေသ့ေတာင္ သဇင္ၿမိဳင္ ရဲစခန္းအေနာက္ေျမာက္ဘက္ AA အခိုင္အမာေျခကုပ္စခန္းေတြကို တပ္မေတာ္ဘက္ကေန မေန႔က သိမ္းပိုက္ရရွိခဲ့တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကိုေျပာပါတယ္။

“မေန႔ကမနက္ ၈ နာရီေလာက္မွာ က်ေနာ္တို႔ ဒီ AA က ပလက္ဝၿမိဳ႕ရဲ႕အဝင္မွာပဲ အဲဒီတံတားနဲ႔ ပလက္ဝၿမိဳ႕ၾကားထဲမွာ ေတာင္ကုန္း သုံး ကုန္း ရွိပါတယ္။ ပြိဳင့္ ၆၀၂၊ ပြိဳင့္ ၅၄၀၊ ပြိဳင့္-၅၆၅ အဲဒီေတာင္ကုန္း သုံး ကုန္းမွာ အခိုင္မာေျခကုတ္ယူထားတဲ့ေနရာ ရွိတယ္။ ၿပီးရင္သူတို႔ကာကင္းစခန္း ေလး ခုေလာက္ရွိတယ္။ အဲဒီ ခုနစ္ခုကိုေတာ့ မေန႔က မနက္ ၈ နာရီေလာက္မွာ သိမ္းဆီးရမိတာ ရွိပါတယ္။ အေလာင္းလက္နက္ေတြ ရလိုက္တာ ရွိတယ္။ ေနာက္တခုကေတာ့ က်ေနာ္တို႔ သဇင္ၿမိဳင္ရဲစခန္းရဲ႕အေနာက္ေျမာက္ဘက္ မီတာ ၅,၀၀၀ ေလာက္မွာ AA အေျချပဳတဲ့ေနရာတခု က်ေနာ္တို႔ သိမ္းဆည္းရမိတာရွိတယ္။ ပစ္က်င္းေတြ တဲေတြရွိတယ္။ ၿပီးရင္က်ေနာ္တို႔ စစ္အသုံးအေဆာင္ပစၥည္းအခ်ိဳ႕ ရရွိလိုက္တာရွိပါတယ္။”

AA အဖြဲ႕အေနနဲ႔ ဒီေတာင္ကုန္းအေပၚမွာ အေျချပဳၿပီးေတာ့ ပလက္ဝၿမိဳ႕ဆက္သြယ္ေရးလမ္းေၾကာင္း နယ္ေျမလုံၿခဳံေရး၊ ကုလားတန္ျမစ္ေၾကာင္းတေလွ်ာက္ လမ္းေၾကာင္းလုံၿခဳံေရးနဲ႔ ကုလားတန္ျမစ္ကူးတံတား၊ လမ္းေဖာက္လုပ္ေရးစီမံကိန္းကို ေႏွာင့္ယွက္ၿခိမ္းေျခာက္ေနတာလို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဆိုပါတယ္။

ရခိုင္လက္နက္ကိုင္ AA ေျပာခြင့္ရခိုင္သုခကေတာ့ တပ္မေတာ္ဘက္က သိမ္းပိုက္တဲ့ စခန္းဟ အခိုင္မာစခန္း မဟုတ္ဘဲ AA အဖြဲ႕ရဲ႕ ယာယီအေျချပဳစခန္းသာျဖစ္တယ္လို႔ ဆိုပါတယ္။

“က်ေနာ္တို႔မွာ သူတိုကေျပာသလိုမ်ိဳး အခိုင္အမာေျခကုတ္စခန္းဆိုတာ မရွိဘူး။ လႈပ္ရွားစစ္ေၾကာင္းေတြ ယာယီအေျချပဳစခန္းခ်တဲ့ေနရာေတြပဲ ရွိတယ္။ အခုသူတို႔ သိမ္းပိုက္ရရွိတယ္ဆိုၿပီးေတာ့ ဝါဒျဖန႔္ေနတဲ့ေနရာဟာလည္းပဲ လြန္ခဲ့တဲ့ေမလ ၂၄ ရက္ေန႔တုန္းက က်ေနာ္တို႔ စစ္ေၾကာင္းတခုက လူနာေတြကို ေဆးကုသခဲ့တဲ့ ယာယီအေျချပဳေနရာ တခုတာျဖစ္တယ္။ ဆိုေတာ့အဲဒီ ေနရာကို ျမန္မာစစ္တပ္ဘက္ကေနၿပီးေတာ့ ေလေၾကာင္းတိုက္ခိုက္မႈအႀကီးက်ယ္လုပ္၊ လက္နက္ႀကီးေတြနဲ႔ေနၿပီးေတာ့ ေနရာ ၃ ခု ေလာက္က ေနၿပီးေတာ့ စစ္ဆင္ပစ္ခတ္ၿပီးေတာ့မွ တိုက္ခိုက္တဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ဘက္က ဆုတ္ေပးလိုက္တာ ရွိတယ္။”

ေမလ ၂၉ ရက္ေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ သဇင္ၿမိဳင္နယ္ျခားေစာင့္ရဲစခန္းကို AA အဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ခဲ့ရာမွာ ရဲတပ္ဖြဲ႕ဝင္ ၆ ဦးနဲ႔ မိသားစုဝင္ ၃ ဦးကို ဖမ္းဆီးသြားသလို ရဲတပ္ဖြဲ႕တခ်ိဳ႕ ထိခိုက္က်ဆုံးမႈေတြရွိခဲ့ပါတယ္။ ဖမ္းဆီးသြားတဲ့မိသားစုဝင္အမ်ိဳးသမီးနဲ႔ ကေလး ၃ ဦးကိုေတာ့ ေမလ ၃၀ မွာ ျပန္လႊတ္ေပးခဲ့ေပမဲ့ တပ္ဖြဲ႕ဝင္ ၆ ဦးကိုေတာ့ AA ဘက္က ဖမ္းဆီးထားဆဲျဖစ္ပါတယ္။

သဇင္ၿမိဳင္ ရဲစခန္း တိုက္ခိုက္ခံရၿပီးေနာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္ဘက္မွာ တပ္မေတာ္စစ္ေၾကာင္းကေန ကုန္းလမ္း၊ ေရလမ္း တေလွ်ာက္ လိုက္လံ ပိတ္ဆို႔ထိုးစစ္ေနဆဲျဖစ္ပါတယ္။

ေမ ၃၀ ရက္ေန႔ညကေတာ့ ျမန္မာေရတပ္သေဘၤာ ရေသ့ေတာင္ၿမိဳ႕နယ္၊ ရပ္ခုံတိုင္ေက်း႐ြာအနီး ေရာက္ရွိစဥ္မွာ ေမယုျမစ္ရဲ႕ အေနာက္ဘက္ကမ္းစပ္မွာ တပ္မေတာ္ေရယာဥ္နဲ႔AAအဖြဲ႕တို႔ပစ္ခတ္မႈျဖစ္ပြါးၿပီးေနာက္၊ ေရတပ္သေဘၤာကေန ႐ြာဘက္ကို ဦးတည္ ပစ္ခတ္လာတယ္လို႔ စစ္ေရွာင္ရက္ခုံတိုင္႐ြာသား တဦးကေျပာပါတယ္။

“အဲဒီေန႔က ရက္ခုံတိုင္နဲ႔ နီးတဲ့ေနရာကေနၿပီးေတာ့ အျပန္လွန္ပစ္ခတ္သံေတာ့ ၾကားလိုက္တယ္။ ဒါေပမဲ့ေနာက္ ႐ြာကိုပစ္တဲ့ အခ်ိန္က်ေတာ့ ႐ြာအနီးနားစပ္က သူတို႔က ပစ္ခတ္ဖို႔ကို ျဖစ္တာမရွိဘူး။ မရွိဘဲနဲ႔ ဒါ သက္သက္မဲ့ ႐ြာေတြကို လွမ္းပစ္လိုက္တာ။”

ေမလ ၃၀ ရက္ေန႔ကစၿပီး ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္နယ္အစပ္ ေမယုျမစ္ေၾကာင္းတေလ်ာက္ ေက်း႐ြာေတြမွာ ေရတပ္သေဘၤာနဲ႔ပစ္ခတ္မႈေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္ ဒိုးေဝေခ်ာင္း၊ ေအာင္ေဇကုန္း၊ စဖိုကြၽန္း၊ ကံျပင္ စတဲ့႐ြာေတြက အမ်ိဳးသမီးနဲ႔ ေက်ာင္းသားေတြအပါဝင္လူ ၅ ေယာက္ေလာက္ ဒဏ္ရာရရွိခဲ့ၿပီး ေစတီျပင္တိုက္နယ္ေဆး႐ုံမွာ ေဆးကုသမႈခံေနရပါတယ္။

ေမယုျမစ္ေၾကာင္းတေလွ်ာက္ ေက်း႐ြာေတြမွာရွိတဲ့ ႐ြာသားေထာင္ဂဏန္း ရေသ့ေတာင္ၿမိဳ႕နယ္ေစတီျပင္ စစ္ေရွာင္စခန္းမွာ လာေရာက္ ခိုလႈံေနတယ္လို႔ ေစတီျပင္စစ္ေရွာင္စခန္းအကူညီေပးသူ တဦးကေျပာပါတယ္။

“အခုကထပ္တိုးလာတယ္။ ၄,၀၀၀ ေက်ာ္ေလာက္ေတာ့ရွိၿပီး။ ျဖစ္တာက NAVY ကေနၿပီးေတာ့ ပစ္တာမွာ ဒီေမယုျမစ္ရဲ႕ ကမ္းမွာရွိတဲ့ ကံျပင္၊ စဖိုကြၽန္း၊ ဒိုးေဝေခ်ာင္း၊ ေမာင္ေဇကုန္း ေၾကာက္ၿပီးေတာ့ေျပးလာၾကတယ္။”

ေမလ ၃၀ ရက္ေန႔ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္က အတြင္းျပင္၊ အိုးသည္မ၊ ဒိုးေဝ႐ြာ၊ ေအာင္ေဇယ်႐ြာအျပင္ ရေသ့ေတာင္ၿမိဳ႕နယ္က သဇင္ၿမိဳင္၊ ငလွမ္းျပင္၊ ျပင္ရွည္၊ ခြၽတ္ျပင္ စတဲ့ ႐ြာေတာ္ေတာ္မ်ားမ်ားက ႐ြာသားေတြ ရေသ့ေတာင္ၿမိဳ႕နယ္က ေစတီျပင္၊ စစ္ေရွာင္စခန္းဘက္ တိမ္းေရွာင္လာၾကပါတယ္။

လက္ရွိ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြါးေနဆဲျဖစ္ၿပီး ႐ြာသား ၂၀၀,၀၀၀ နီးပါးဟာလည္း စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

အစိုးရစစ္တပ္အေနနဲ႔ AA အဖြဲ႕ကို စစ္ဆင္ေရးေတြ ဆက္လက္လုပ္ေနတဲ့ တခ်ိန္တည္း ေတြ႕ဆုံေဆြးေႏြးေရး လမ္းေၾကာင္းကိုလည္း ဖြင့္ထားေပမဲ့ AA အပါအဝင္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြဘက္က တုံ႔ျပန္မႈကေတာ့ အားရစရာမရွိဘူးလို႔ သမၼတ႐ုံး ေျပာေရး ဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေမလ ၃၀ ရက္ေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

AA ရခိုင္လက္နက္ကိုင္အဖြဲ႕ဘက္ကလည္း ျမန္မာအစိုးရအုပ္ခ်ဳပ္ေရးယႏၲရားမ်ားနဲ႔ အစိုးရလက္နက္ကိုင္အဖြဲ႕ေတြအားလုံး ရခိုင္ျပည္အတြင္း အျမန္ဆုံးထြက္ခြါာသြားဖို႔ေမလ ၂၉ ရက္ေန႔မွာ သတိေပးထုတ္ျပန္ထားပါတယ္။

ကိုႏိုင္ကြန္းအိန္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/rakhine-aa-military-conflict/5443995.html
AA စခန်း တချို့ကို သိမ်းပိုက်လိုက်ကြောင်း တပ်မတော်ကြေညာ AA စခန်း တချို့ကို သိမ်းပိုက်လိုက်ကြောင်း တပ်မတော်ကြေညာ Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.