တပ်ဖွဲ့ဝင် သုံးဦးကို AA ဖမ်းသွားတယ်လို့ ALP စွပ်စွဲ

Photo: ရခိုင်ပြည်လွတ်မြောက်ရေးပါတီ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန
(Unicode)⤵⤵⤵
 တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခိုင်စိုးမြက သူတို့ အဖွဲ့ဝင် တချို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီး သတ်ဖြတ်နေတယ်လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က တောင်ကုတ်မြို့နယ်မှာနေထိုင်တဲ့ ခိုင်ဝင်းလှိုင်ကို AA အဖွဲ့က  ဖမ်းဆီးသွားတယ်လို့ ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောပါတယ်။
“ကျွန်တော်တို့ ဖမ်းသွားတဲ့ဟာကတော့ AA အဖွဲ့ကလို့ တစ်ထစ်ချပြောနိုင်တယ်။ သူ့ကို မဖမ်းခင် သုံးရက်လောက်က ခြိမ်းခြောက်မှုတစ်ခု AA က လုပ်ခဲ့တယ်လို့ ကျွန်တော်တို့ကို အကြောင်းကြားခဲ့တယ်။ ကျွန်တော်တို့လေ့လာကြည့်တော့ AA ကဖမ်းသွားတယ်လို့ သိရတယ်။ ဖမ်းသွားပြီးနောက်ပိုင်းမှာ တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့ဆိုပြီး သူတို့က ခေါင်းရောင်း၊ ခေါင်းဝယ်နဲ့ သတ်ပစ်လိုက်ပြီလို့ ထုတ်ပြန်ချက်စာတမ်း ထွက်ပေါ်လာတာ တွေ့ရတယ်။”

ပေါက်တော့မြို့နယ် ဗရက်ချိုင်ကျေးရွာက   ရဲဘော်ခိုင်မောင်ခင်ဝင်းနဲ့ ခိုင်မောင်လုံးတို့ကို မေလ ၂၃ ရက်နေ့က AA အဖွဲ့ဝင် ၁၅ ဦးလောက်က လာရောက်ဖမ်းဆီးသွားတာကြောငသ့်  AA အဖွဲ့ရဲ့ သက်ဆိုင်ရာ ကြားခံတာဝန်ရှိသူတွေက တဆင့် အကြိမ်ကြိမ် ဆက်သွယ်ညှိနှိုင်းခဲ့ပေမယ့် လက်ရှိအချိန်အထိ အောင်မြင်မှုရခဲ့ဘူးလို့လည်း ဆိုပါတယ်။

ဇွန်လ ၁ ရက်နေ့ ရက်စွဲနဲ့ တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေး အဖွဲ့အစည်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အများအကျိုးကို နစ်နာဆုံးရှုံးစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ ခိုင်ဝင်းလှိုင်ကို အဲဒီ နေ့ညနေပိုင်း ခေါင်းရောင်း၊ ခေါင်းဝယ်စနစ်နဲ့ သုတ်သင်လိုက်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အဲဒီ အဖွဲ့အစည်းနဲ့ AA တို့ ဘယ်လို ပတ်သက်နေလဲဆိုတာ အဖြေရှာနေဆဲဖြစ်ပြီး ခိုင်ဝင်းလှိုင်ကို သတ်လိုက်တာဟာ ဘယ်သူ့လက်ချက်လဲဆိုတာ လေ့လာနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဝင်တွေ သတ်ဖြတ်ခံရတာဟာ AA အဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိအကြောင်း ငြင်းဆိုပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လက AA အဖွဲ့ဟာ အိန္ဒိယ- မြန်မာ နယ်စပ်မှာရှိတဲ့ ALP ရဲ့ တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။

AA အဖွဲ့နဲ့  ALP ကြား ပြဿနာဟာ အခုမှစတဲ့ ပြဿနာမဟုတ်သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြား သဘောထားမတူ ကွဲပြားလာတဲ့အခါ တစ်ချို့ပြဿနာတွေမှာ အင်အားသုံး ဖြေရှင်းတာတွေ တွေ့ရပြီး ပြည်တွင်းစစ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေကြား တွေ့ရတဲ့ ပြဿနာဖြစ်တာကြောင့် သိပ်ထူးဆန်းတဲ့ ဖြစ်ရပ်တော့ မဟုတ်ဘူးလို့ နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့ လို့ အမည်ပေးထားတဲ့ အဖွဲ့က ဘယ်သူတွေနဲ့ ဆက်နွယ်သလည်း ဆိုတာ ခန့်မှန်းဖို့ မလွယ်ဘူးလို့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ နာမည်ကျော် မြောက်ဦးစစ်တမ်း စာအုပ်ကိုလည်း ရေးသားပြုစုထားတဲ့ ဦးမောင်မောင်စိုးက ပြောပါတယ်။ 
“သူတို့သည် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့မှ မပတ်သက်ဘူး၊ သူတို့ဘာသာသူတို့ ဆုံးဖြတ်စီရင်မယ် ဆိုတဲ့ဟာ တွေ့ရတယ်။ တစ်ဘက်မှာလည်း AA က မြို့ပေါ်ကို ထိုးဖောက်တဲ့ ပုံစံက ULA နာမည်နဲ့ ထိုးဖောက်တာ ရှိတယ်၊ Arakan People Authority ဆိုပြီး ထိုးဖောက်တာရှိတယ်။ AA ထိုးဖောက်တဲ့ ပုံစံမျိုး မဟုတ်တာတော့ တွေ့ရတယ်။ AA အဖွဲ့နဲ့ ပတ်သက်တယ်၊ မပတ်သက်ဘူးဆိုတာ ကျွန်တော်တို့မှာ အထောက်အထား မရှိတော့ ပြောဖို့ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ ခြုံကြည့်လိုက်ရင်တော့ ဒီလိုပြဿနာတွေ ဖြစ်လာတာဟာ ရခိုင်ပြည်မှာ စစ်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေကြားက ထွက်လာတဲ့ ပြဿနာတစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။”

ALP ကို ၁၉၆၇ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ထိုးထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

AA အဖွဲ့ကတော့ ၂၀၀၈ ခုနှစ်မှာ ပေါ်ပေါက်လာတာပါ။ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်အတွင်း ရခိုင်ပြည်နယ်မှာ အကြီးအကျယ် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

RFA Burmese
-----------------------------------
(Zawgyi)⤵⤵⤵
တပ္ဖြဲ႕ဝင္ သုံးဦးကို AA ဖမ္းသြားတယ္လို႔ ALP စြပ္စြဲ

 တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္မွာ လက္မွတ္ထိုးထားတဲ့ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ/ ရခိုင္လြတ္ေျမာက္ေရးတပ္မေတာ္ (ALP/ALA) ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး ခိုင္စိုးျမက သူတို႔ အဖြဲ႕ဝင္ တခ်ိဳ႕ကို ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းဆီး သတ္ျဖတ္ေနတယ္လို႔  ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၃၁ ရက္ေန႔က ေတာင္ကုတ္ၿမိဳ႕နယ္မွာေနထိုင္တဲ့ ခိုင္ဝင္းလႈိင္ကို AA အဖြဲ႕က  ဖမ္းဆီးသြားတယ္လို႔ ဗိုလ္မႉးႀကီး ခိုင္စိုးျမက ေျပာပါတယ္။
“ကြၽန္ေတာ္တို႔ ဖမ္းသြားတဲ့ဟာကေတာ့ AA အဖြဲ႕ကလို႔ တစ္ထစ္ခ်ေျပာႏိုင္တယ္။ သူ႔ကို မဖမ္းခင္ သုံးရက္ေလာက္က ၿခိမ္းေျခာက္မႈတစ္ခု AA က လုပ္ခဲ့တယ္လို႔ ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားခဲ့တယ္။ ကြၽန္ေတာ္တို႔ေလ့လာၾကည့္ေတာ့ AA ကဖမ္းသြားတယ္လို႔ သိရတယ္။ ဖမ္းသြားၿပီးေနာက္ပိုင္းမွာ ေတာင္ကုတ္ၿမိဳ႕နယ္လုံးဆိုင္ရာ အမ်ိဳးသားလုံၿခဳံေရးအဖြဲ႕ဆိုၿပီး သူတို႔က ေခါင္းေရာင္း၊ ေခါင္းဝယ္နဲ႔ သတ္ပစ္လိုက္ၿပီလို႔ ထုတ္ျပန္ခ်က္စာတမ္း ထြက္ေပၚလာတာ ေတြ႕ရတယ္။”

ေပါက္ေတာ့ၿမိဳ႕နယ္ ဗရက္ခ်ိဳင္ေက်း႐ြာက   ရဲေဘာ္ခိုင္ေမာင္ခင္ဝင္းနဲ႔ ခိုင္ေမာင္လုံးတို႔ကို ေမလ ၂၃ ရက္ေန႔က AA အဖြဲ႕ဝင္ ၁၅ ဦးေလာက္က လာေရာက္ဖမ္းဆီးသြားတာေၾကာငသ့္  AA အဖြဲ႕ရဲ႕ သက္ဆိုင္ရာ ၾကားခံတာဝန္ရွိသူေတြက တဆင့္ အႀကိမ္ႀကိမ္ ဆက္သြယ္ညႇိႏႈိင္းခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ ေအာင္ျမင္မႈရခဲ့ဘူးလို႔လည္း ဆိုပါတယ္။

ဇြန္လ ၁ ရက္ေန႔ ရက္စြဲနဲ႔ ေတာင္ကုတ္ၿမိဳ႕နယ္လုံးဆိုင္ရာ အမ်ိဳးသားလုံၿခဳံေရး အဖြဲ႕အစည္းက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာေတာ့ အမ်ားအက်ိဳးကို နစ္နာဆုံးရႈံးေစရန္ ရည္႐ြယ္လုပ္ေဆာင္ခဲ့တဲ့ ခိုင္ဝင္းလႈိင္ကို အဲဒီ ေန႔ညေနပိုင္း ေခါင္းေရာင္း၊ ေခါင္းဝယ္စနစ္နဲ႔ သုတ္သင္လိုက္ၿပီျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

အဲဒီ အဖြဲ႕အစည္းနဲ႔ AA တို႔ ဘယ္လို ပတ္သက္ေနလဲဆိုတာ အေျဖရွာေနဆဲျဖစ္ၿပီး ခိုင္ဝင္းလႈိင္ကို သတ္လိုက္တာဟာ ဘယ္သူ႔လက္ခ်က္လဲဆိုတာ ေလ့လာေနဆဲျဖစ္တယ္လို႔ ဗိုလ္မႉးႀကီး ခိုင္စိုးျမက ေျပာပါတယ္။

AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေတာ့ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီဝင္ေတြ သတ္ျဖတ္ခံရတာဟာ AA အဖြဲ႕နဲ႔ သက္ဆိုင္ျခင္းမရွိအေၾကာင္း ျငင္းဆိုပါတယ္။

၂၀၁၇ ခုႏွစ္ ၾသဂုတ္လက AA အဖြဲ႕ဟာ အိႏၵိယ- ျမန္မာ နယ္စပ္မွာရွိတဲ့ ALP ရဲ႕ တပ္စခန္းတစ္ခုကို ဝင္ေရာက္တိုက္ခိုက္ သိမ္းပိုက္ခဲ့ပါတယ္။

AA အဖြဲ႕နဲ႔  ALP ၾကား ျပႆနာဟာ အခုမွစတဲ့ ျပႆနာမဟုတ္သလို တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြၾကား သေဘာထားမတူ ကြဲျပားလာတဲ့အခါ တစ္ခ်ိဳ႕ျပႆနာေတြမွာ အင္အားသုံး ေျဖရွင္းတာေတြ ေတြ႕ရၿပီး ျပည္တြင္းစစ္အတြင္းမွာ လက္နက္ကိုင္အဖြဲ႕ေတြၾကား ေတြ႕ရတဲ့ ျပႆနာျဖစ္တာေၾကာင့္ သိပ္ထူးဆန္းတဲ့ ျဖစ္ရပ္ေတာ့ မဟုတ္ဘူးလို႔ ႏိုင္ငံေရးနဲ႔ တိုင္းရင္းသားအေရး ေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္လုံးဆိုင္ရာ အမ်ိဳးသားလုံၿခဳံေရးအဖြဲ႕ လို႔ အမည္ေပးထားတဲ့ အဖြဲ႕က ဘယ္သူေတြနဲ႔ ဆက္ႏြယ္သလည္း ဆိုတာ ခန႔္မွန္းဖို႔ မလြယ္ဘူးလို႔ ရခိုင္ျပည္နယ္နဲ႔ ပတ္သက္တဲ့ နာမည္ေက်ာ္ ေျမာက္ဦးစစ္တမ္း စာအုပ္ကိုလည္း ေရးသားျပဳစုထားတဲ့ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။ 
“သူတို႔သည္ ဘယ္လက္နက္ကိုင္အဖြဲ႕အစည္းနဲ႔မွ မပတ္သက္ဘူး၊ သူတို႔ဘာသာသူတို႔ ဆုံးျဖတ္စီရင္မယ္ ဆိုတဲ့ဟာ ေတြ႕ရတယ္။ တစ္ဘက္မွာလည္း AA က ၿမိဳ႕ေပၚကို ထိုးေဖာက္တဲ့ ပုံစံက ULA နာမည္နဲ႔ ထိုးေဖာက္တာ ရွိတယ္၊ Arakan People Authority ဆိုၿပီး ထိုးေဖာက္တာရွိတယ္။ AA ထိုးေဖာက္တဲ့ ပုံစံမ်ိဳး မဟုတ္တာေတာ့ ေတြ႕ရတယ္။ AA အဖြဲ႕နဲ႔ ပတ္သက္တယ္၊ မပတ္သက္ဘူးဆိုတာ ကြၽန္ေတာ္တို႔မွာ အေထာက္အထား မရွိေတာ့ ေျပာဖို႔ ေတာ္ေတာ္ခက္ပါတယ္။ ဒါေပမဲ့ ၿခဳံၾကည့္လိုက္ရင္ေတာ့ ဒီလိုျပႆနာေတြ ျဖစ္လာတာဟာ ရခိုင္ျပည္မွာ စစ္ပြဲေတြနဲ႔ မတည္ၿငိမ္မႈေတြၾကားက ထြက္လာတဲ့ ျပႆနာတစ္ခုလို႔ ေျပာရမွာျဖစ္ပါတယ္။”

ALP ကို ၁၉၆၇ ခုႏွစ္မွာ တည္ေထာင္ခဲ့ပါတယ္။ ဦးသိန္းစိန္ အစိုးရလက္ထက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္မွာ ပါဝင္လက္မွတ္ထိုးထားတဲ့အဖြဲ႕ ျဖစ္ပါတယ္။

AA အဖြဲ႕ကေတာ့ ၂၀၀၈ ခုႏွစ္မွာ ေပၚေပါက္လာတာပါ။ ၿပီးခဲ့တဲ့ႏွစ္နဲ႔ ဒီႏွစ္အတြင္း ရခိုင္ျပည္နယ္မွာ အႀကီးအက်ယ္ တိုက္ခိုက္ေနတဲ့ အဖြဲ႕အစည္း ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
တပ်ဖွဲ့ဝင် သုံးဦးကို AA ဖမ်းသွားတယ်လို့ ALP စွပ်စွဲ တပ်ဖွဲ့ဝင် သုံးဦးကို AA ဖမ်းသွားတယ်လို့ ALP စွပ်စွဲ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.