ငှက်ဖျားဆေးနဲ့ ကိုဗစ်လူနာတွေကုသလို့ရမရ စမ်းသပ်မှု WHO ဆိုင်းငံ့


(Unicode)⤵⤵⤵
ငှက်ဖျားရောဂါ ကုသတဲ့ Hydroxychloroquine ကို COVID-19 ကုသရာမှာ အသုံးပြုနိုင်မယ့် အလားအလာနဲ့ ပတ်သက်လု့ိ လူသားတွေနဲ့ စမ်းသပ်နေမှုကို ယာယီ ဆိုင်းငံ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။

COVID -19 လူနာတွေကို Hydroxychloroquine နဲ့ ကုသမှုမှာ အသက်အန္တရာယ် ပိုပြီး များနိုင်ခြေ ရှိတယ်လို့ Lancet သုတေသန ဂျာနယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဖော်ပြခဲ့တဲ့ လေ့လာချက် တရပ်က ဖော်ပြခဲ့ပြီးနောက် အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် ကုသရေး အတွက် ဆေးဝါး စမ်းသပ်ဖို့ လူနာတွေ စာရင်းသွင်းထားကြတဲ့ ကမ္ဘာတလွှား နိုင်ငံတွေက ဆေးရုံပေါင်း ရာချီပါဝင်တဲ့ စုပေါင်းစမ်းသပ်မှုမှာ ဦးဆောင်သူအဖွဲ့က ဒီ ငှက်ဖျားရောဂါ ကုဆေး hydroxychloroquine နဲ့ စမ်းသပ် ကုသမှုကို ကြိုတင်လက်ဦးမှုယူ ကာကွယ်တဲ့အနေနဲ့ ဆိုင်းငံ့လိုက်တာ ဖြစ်ကြောင်း” WHO အကြီးအကဲက ပြောဆိုသွားတာပါ။

Hydroxychloroquine နဲ့ စမ်းသပ်ကုသမှုနဲ့ ပတ်သက်ပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာ အချက်အလက်တွေကို ဘုတ်အဖွဲ့က ပြန်လည်သုံးသပ်နေချိန်အတွင်း ဒီဆေးနဲ့ စမ်းသပ်မှုကို အမှုဆောင်အဖွဲ့က ခေတ္တ ရပ်ဆိုင်းတာ ဖြစ်ပါတယ်။ တခြား ဆေးဝါး စမ်းသပ်မှုတွေကိုတော့ ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း WHO အကြီးကအဲက ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
ငွက္ဖ်ားေဆးနဲ႔ ကုိဗစ္လူနာေတြကုသလုိ႔ရမရ စမ္းသပ္မႈ WHO ဆုိင္းငံ့

ငွက္ဖ်ားေရာဂါ ကုသတဲ႔ Hydroxychloroquine ကို COVID-19 ကုသရာမွာ အသံုးျပဳႏုိင္မယ့္ အလားအလာနဲ႔ ပတ္သက္လု႔ိ လူသားေတြနဲ႔ စမ္းသပ္ေနမႈကို ယာယီ ဆိုင္းငံ႔ေၾကာင္း ကမၻာ့က်န္းမာေရး အဖြဲ႔ႀကီး WHO က တနလာၤေန႔မွာ ေျပာဆိုလုိက္ပါတယ္။

COVID -19 လူနာေတြကို Hydroxychloroquine နဲ႔ ကုသမႈမွာ အသက္အႏၱရာယ္ ပိုၿပီး မ်ားႏုိင္ေျခ ရွိတယ္လို႔ Lancet သုေတသန ဂ်ာနယ္မွာ ၿပီးခဲ႔တဲ႔ သီတင္းပတ္တုန္းက ေဖာ္ျပခဲ့တဲ႔ ေလ႔လာခ်က္ တရပ္က ေဖာ္ျပခဲ႔ၿပီးေနာက္ အခုလို ဆံုးျဖတ္ခ်က္ ထြက္ေပၚလာတာ ျဖစ္ေၾကာင္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“ကိုရိုနာဗိုင္းရပ္စ္ ကုသေရး အတြက္ ေဆး၀ါး စမ္းသပ္ဖို႔ လူနာေတြ စာရင္းသြင္းထားၾကတဲ႔ ကမၻာတလႊား ႏုိင္ငံေတြက ေဆးရံုေပါင္း ရာခ်ီပါ၀င္တဲ႔ စုေပါင္းစမ္းသပ္မႈမွာ ဦးေဆာင္သူအဖြဲ႔က ဒီ ငွက္ဖ်ားေရာဂါ ကုေဆး hydroxychloroquine နဲ႔ စမ္းသပ္ ကုသမႈကို ႀကိဳတင္လက္ဦးမႈယူ ကာကြယ္တဲ႔အေနနဲ႔ ဆိုင္းငံ႔လိုက္တာ ျဖစ္ေၾကာင္း” WHO အႀကီးအကဲက ေျပာဆိုသြားတာပါ။

Hydroxychloroquine နဲ႔ စမ္းသပ္ကုသမႈနဲ႔ ပတ္သက္ၿပီး ေဘးကင္းလံုၿခံဳမႈဆိုင္ရာ အခ်က္အလက္ေတြကို ဘုတ္အဖြဲ႔က ျပန္လည္သံုးသပ္ေနခ်ိန္အတြင္း ဒီေဆးနဲ႔ စမ္းသပ္မႈကို အမႈေဆာင္အဖြဲ႔က ေခတၱ ရပ္ဆိုင္းတာ ျဖစ္ပါတယ္။ တျခား ေဆး၀ါး စမ္းသပ္မႈေတြကိုေတာ့ ဆက္လက္ လုပ္ေဆာင္ေနတယ္လို႔လည္း WHO အႀကီးကအဲက ေျပာဆိုပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/who-wait-whether-malaria-medicine-work-for-covid/5435752.html
ငှက်ဖျားဆေးနဲ့ ကိုဗစ်လူနာတွေကုသလို့ရမရ စမ်းသပ်မှု WHO ဆိုင်းငံ့ ငှက်ဖျားဆေးနဲ့ ကိုဗစ်လူနာတွေကုသလို့ရမရ စမ်းသပ်မှု WHO ဆိုင်းငံ့ Reviewed by THITHTOOLWIN on 08:47 Rating: 5
Powered by Blogger.