ကေလးသူငယ္ေတြ ကို႐ိုနာဗိုင္းရပ္စ္သစ္အႏၲရာယ္ရွိေနေၾကာင္း WHO သတိေပး


(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ မေန႔ညကအထိ ကို႐ိုနာဗိုင္းရပ္စ္ ပိုးကူးစက္ခံရတဲ့သူ အသစ္ထပ္မေတြ႕တဲ့အတြက္ ေလာေလာဆယ္အထိ လူနာ ၁၈၂ ေယာက္မွာတန႔္ေနၿပီး၊ ျပန္ေကာင္းလာတဲ့သူက ၉၅ ေယာက္ ရွိလာၿပီလို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ေသဆုံး သူကလဲ ေျခာက္ေယာက္မွာပဲ တန႔္ေနပါတယ္။

ကမာၻတဝွမ္းမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆုံးတဲ့သူ သုံးသိန္း တစ္ေသာင္းေက်ာ္သြားၿပီး၊ ကူးစက္ခံရတဲ့သူ ေလးသန္း ခုႏွစ္ သိန္းနီးပါးရွိသြားသလို၊ ျပန္ေကာင္းတဲ့သူက တစ္သန္း ရွစ္သိန္းေက်ာ္ရွိ ေနတယ္လို႔ Worldometer သတင္းမွာ ေဖာ္ျပပါတယ္။

ဥေရာပမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ဆက္ႏြယ္ၿပီး ျဖစ္လာတဲ့ေရာဂါသစ္ေၾကာင့္ ကေလး ၂၃၀ ကူးစက္ ေနၿပီး အဲဒီထဲမွာ ၿဗိတိန္နဲ႔ ျပင္သစ္က ကေလး ႏွစ္ ေယာက္ ေသဆုံးသြားတဲ့အတြက္ အႏၲရာယ္သစ္ ႀကဳံေနရၿပီလို႔ ဆြီဒင္ႏိုင္ငံအေျခစိုက္ ECDC ေခၚ ဥေရာပ-ေရာဂါကာကြယ္ေရးနဲ႔ ထိမ္းခ်ဳပ္ေရးဗဟိုက ေျပာလိုက္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ပိုးအသစ္ဟာ အသက္ႀကီးတဲ့သူေတြနဲ႔ နဂိုက်န္းမာေရးမေကာင္း တဲ့သူေတြကို အႏၲရာယ္ရွိတယ္ဆိုေပမယ့္၊ အခုေတြ႕ရွိခ်က္က ကေလးေတြကိုလဲ အႏၲရာယ္ရွိေနၿပီလို႔ ဥေရာပ CDC အဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကေလးမွာ ဒီဗိုင္းရပ္စ္ပိုး ကူးခံထားရၿပီဆိုရင္အဆိပ္သင့္သလိုျဖစ္တဲ့ လကၡဏာျပသလို၊ Kawasaki ေရာဂါလကၡဏာေတြျဖစ္တဲ့ ဖ်ားတာ၊ အပူဖုေတြေပါက္တာ၊ အာသီးေရာင္တာ၊ ရင္ပူတာေတြျဖစ္ တယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ ပါးစပ္တဝိုက္နဲ႔ လက္ေတြ ေျခေထာက္ေတြမွာ အနီေရာင္အဖုေလး ေတြေပၚလာတာ၊ ေလပူထတာ၊ ေသြးယိုတာ၊ ေသြးေပါင္က်တာကလဲ ဒီလကၡဏာေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ ကေလးေတြမွာ ကို႐ိုနာဗိုင္းရစ္ပိုးကူးေနၿပီဆိုတာ စမ္းလို႔မေပၚေပမယ့္ ဒီလကၡဏာေတြျပ လာရင္သတိထားပါလို႔ WHO အဖြဲ႕က ေသာၾကာေန႔က သတိေပးလိုက္ပါတယ္။

ဒီအေတာအတြင္းမွာပဲ မေန႔က စေနေန႔မွာ ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕ ဟိုက္ပန္းၿခံမွာ အစိုးရရဲ႕ ကို႐ိုနာ ဗိုင္းရပ္စ္ကပ္ေရာဂါဆိုင္ရာ တုံ႔ျပန္ခ်က္ကို ဆႏၵျပတဲ့အခ်ိန္မွာ ဝန္ႀကီးခ်ဳပ္ထုတ္ျပန္ထားတဲ့ တစ္ေယာက္ နဲ႔ တစ္ေယာက္ ခပ္ခြာခြာေနဖို႔ အမိန႔္ကိုခ်ိဳးေဖာက္တဲ့အတြက္ လူ ၁၉ ေယာက္ကို ရဲကဖမ္း လိုက္ပါတယ္။

ကမာၻမွာ ကို႐ိုနာဗိုင္းရပ္စ္ဒဏ္အမ်ားဆုံးခံေနရတဲ့ အေမရိကန္ျပည္ေထာင္စုမွာ ပိုးကူးတဲ့သူ တစ္သန္းခြဲ ေက်ာ္သြားၿပီး ေသဆုံးတဲ့သူ ရွစ္ေသာင္း ကိုးေထာင္ေက်ာ္ၿပီ ျဖစ္ပါတယ္။ သမၼတေဒၚနယ္လ္ ထရမ့္က ေတာ့ အေမရိကန္က ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကို ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ တ႐ုတ္ဘက္က ပါေနလို႔ဆိုၿပီး ဆိုင္းငံ့ထားခဲ့တဲ့ ကူညီေငြကို ျပန္ေပးဖို႔စဥ္းစားေနတယ္လို႔ ေျပာလိုက္ပါတယ္။ WHO အဖြဲ႕ကို အေမရိကန္က အမ်ားဆုံးကူညီေနတာျဖစ္ၿပီး ႏွစ္စဥ္ ေဒၚလာသန္း ၄၀၀ ေထာက္ပံ့ထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ပိုးကူးစက္တာ ဒုတိယအမ်ားဆုံးျဖစ္တဲ့ စပိန္ႏိုင္ငံမွာ ႏွစ္သိန္း ခုႏွစ္ေသာင္း ေျခာက္ေထာင္ေက်ာ္ ပိုးကူးခံရၿပီး ႐ုရွားႏိုင္ငံကလဲ ႏွစ္သိန္း ခုႏွစ္ ေသာင္း ႏွစ္ေထာင္ေက်ာ္ေနတဲ့အတြက္ စပိန္နဲ႔ မတိမ္းမယိမ္း ျဖစ္လာပါတယ္။ ေသဆုံးတဲ့သူကေတာ့ စပိန္မွာ ႏွစ္ေသာင္း ခုႏွစ္ေထာင္ေက်ာ္ၿပီး ႐ုရွားမွာေတာ့ ႏွစ္ေထာင့္ ငါးရာေက်ာ္ပဲရွိပါတယ္။

ပိုးစတင္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံကေတာ့ ကမာၻမွာပိုးကူးတဲ့အဆင့္ ၁၃ ႏိုင္ငံေျမာက္ကိုထိုးက်သြားၿပီး လူနာ သစ္ ရွစ္ေယာက္ပဲ ေတြ႕တယ္လို႔ဆိုပါတယ္။ ထပ္ၿပီးေသဆုံးတဲ့သူ မရွိေတာ့ဘူးလို႔ ဆိုပါတယ္။

စကၤာပူႏိုင္ငံမွာ ပိုးကူးတဲ့လူနာသစ္ မေန႔က ၄၆၀ ေက်ာ္ ထပ္ေတြ႕တဲ့အတြက္ စုစုေပါင္း ပိုးကူးတဲ့သူ ႏွစ္ေသာင္း ခုႏွစ္ေထာင္ေက်ာ္ ရွိသြားၿပီျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဆ္ဘဇားခ႐ိုင္က ကုတုပေလာင္ဒုကၡသည္စခန္း F ရပ္ကြက္မွာ ကို႐ိုနာဗိုင္းရစ္ကူးစက္ခံရတဲ့သူ ေလးေယာက္ကို ၿပီးခဲ့တဲ့ ၾကာသပေတးနဲ႔ ေသာၾကာမွာ ေတြ႕တဲ့အတြက္ မေန႔က စေနေန႔မွာေတာ့ အာဏာပိုင္က အသြားအလာ ပိတ္ပင္ကန႔္သတ္လိုက္ပါတယ္။ အဲဒီရပ္ကြက္မွာ ႐ိုဟင္ဂ်ာ အေယာက္ ငါးေထာင္ေလာက္ ရွိပါတယ္။

ေနရိန္ေက်ာ္ / RFA Burmese
------------------------------------

(Unicode)⤵⤵⤵
ကလေးသူငယ်တွေ ကိုရိုနာဗိုင်းရပ်စ်သစ်အန္တရာယ်ရှိနေကြောင်း WHO သတိပေး

မြန်မာနိုင်ငံမှာ မနေ့ညကအထိ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရတဲ့သူ အသစ်ထပ်မတွေ့တဲ့အတွက် လောလောဆယ်အထိ လူနာ ၁၈၂ ယောက်မှာတန့်နေပြီး၊ ပြန်ကောင်းလာတဲ့သူက ၉၅ ယောက် ရှိလာပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံး သူကလဲ ခြောက်ယောက်မှာပဲ တန့်နေပါတယ်။

ကမ္ဘာတဝှမ်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးတဲ့သူ သုံးသိန်း တစ်သောင်းကျော်သွားပြီး၊ ကူးစက်ခံရတဲ့သူ လေးသန်း ခုနှစ် သိန်းနီးပါးရှိသွားသလို၊ ပြန်ကောင်းတဲ့သူက တစ်သန်း ရှစ်သိန်းကျော်ရှိ နေတယ်လို့ Worldometer သတင်းမှာ ဖော်ပြပါတယ်။

ဥရောပမှာတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွယ်ပြီး ဖြစ်လာတဲ့ရောဂါသစ်ကြောင့် ကလေး ၂၃၀ ကူးစက် နေပြီး အဲဒီထဲမှာ ဗြိတိန်နဲ့ ပြင်သစ်က ကလေး နှစ် ယောက် သေဆုံးသွားတဲ့အတွက် အန္တရာယ်သစ် ကြုံနေရပြီလို့ ဆွီဒင်နိုင်ငံအခြေစိုက် ECDC ခေါ် ဥရောပ-ရောဂါကာကွယ်ရေးနဲ့ ထိမ်းချုပ်ရေးဗဟိုက ပြောလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပိုးအသစ်ဟာ အသက်ကြီးတဲ့သူတွေနဲ့ နဂိုကျန်းမာရေးမကောင်း တဲ့သူတွေကို အန္တရာယ်ရှိတယ်ဆိုပေမယ့်၊ အခုတွေ့ရှိချက်က ကလေးတွေကိုလဲ အန္တရာယ်ရှိနေပြီလို့ ဥရောပ CDC အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကလေးမှာ ဒီဗိုင်းရပ်စ်ပိုး ကူးခံထားရပြီဆိုရင်အဆိပ်သင့်သလိုဖြစ်တဲ့ လက္ခဏာပြသလို၊ Kawasaki ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ အပူဖုတွေပေါက်တာ၊ အာသီးရောင်တာ၊ ရင်ပူတာတွေဖြစ် တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပါးစပ်တဝိုက်နဲ့ လက်တွေ ခြေထောက်တွေမှာ အနီရောင်အဖုလေး တွေပေါ်လာတာ၊ လေပူထတာ၊ သွေးယိုတာ၊ သွေးပေါင်ကျတာကလဲ ဒီလက္ခဏာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကလေးတွေမှာ ကိုရိုနာဗိုင်းရစ်ပိုးကူးနေပြီဆိုတာ စမ်းလို့မပေါ်ပေမယ့် ဒီလက္ခဏာတွေပြ လာရင်သတိထားပါလို့ WHO အဖွဲ့က သောကြာနေ့က သတိပေးလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ မနေ့က စနေနေ့မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဟိုက်ပန်းခြံမှာ အစိုးရရဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ တုံ့ပြန်ချက်ကို ဆန္ဒပြတဲ့အချိန်မှာ ဝန်ကြီးချုပ်ထုတ်ပြန်ထားတဲ့ တစ်ယောက် နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ အမိန့်ကိုချိုးဖောက်တဲ့အတွက် လူ ၁၉ ယောက်ကို ရဲကဖမ်း လိုက်ပါတယ်။

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်အများဆုံးခံနေရတဲ့ အမေရိကန်ပြည်ထောင်စုမှာ ပိုးကူးတဲ့သူ တစ်သန်းခွဲ ကျော်သွားပြီး သေဆုံးတဲ့သူ ရှစ်သောင်း ကိုးထောင်ကျော်ပြီ ဖြစ်ပါတယ်။ သမ္မတဒေါ်နယ်လ် ထရမ့်က တော့ အမေရိကန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ ပတ်သက်လို့ တရုတ်ဘက်က ပါနေလို့ဆိုပြီး ဆိုင်းငံ့ထားခဲ့တဲ့ ကူညီငွေကို ပြန်ပေးဖို့စဉ်းစားနေတယ်လို့ ပြောလိုက်ပါတယ်။ WHO အဖွဲ့ကို အမေရိကန်က အများဆုံးကူညီနေတာဖြစ်ပြီး နှစ်စဉ် ဒေါ်လာသန်း ၄၀၀ ထောက်ပံ့ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်တာ ဒုတိယအများဆုံးဖြစ်တဲ့ စပိန်နိုင်ငံမှာ နှစ်သိန်း ခုနှစ်သောင်း ခြောက်ထောင်ကျော် ပိုးကူးခံရပြီး ရုရှားနိုင်ငံကလဲ နှစ်သိန်း ခုနှစ် သောင်း နှစ်ထောင်ကျော်နေတဲ့အတွက် စပိန်နဲ့ မတိမ်းမယိမ်း ဖြစ်လာပါတယ်။ သေဆုံးတဲ့သူကတော့ စပိန်မှာ နှစ်သောင်း ခုနှစ်ထောင်ကျော်ပြီး ရုရှားမှာတော့ နှစ်ထောင့် ငါးရာကျော်ပဲရှိပါတယ်။

ပိုးစတင်ခဲ့တဲ့ တရုတ်နိုင်ငံကတော့ ကမ္ဘာမှာပိုးကူးတဲ့အဆင့် ၁၃ နိုင်ငံမြောက်ကိုထိုးကျသွားပြီး လူနာ သစ် ရှစ်ယောက်ပဲ တွေ့တယ်လို့ဆိုပါတယ်။ ထပ်ပြီးသေဆုံးတဲ့သူ မရှိတော့ဘူးလို့ ဆိုပါတယ်။

စင်္ကာပူနိုင်ငံမှာ ပိုးကူးတဲ့လူနာသစ် မနေ့က ၄၆၀ ကျော် ထပ်တွေ့တဲ့အတွက် စုစုပေါင်း ပိုးကူးတဲ့သူ နှစ်သောင်း ခုနှစ်ထောင်ကျော် ရှိသွားပြီဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆ်ဘဇားခရိုင်က ကုတုပလောင်ဒုက္ခသည်စခန်း F ရပ်ကွက်မှာ ကိုရိုနာဗိုင်းရစ်ကူးစက်ခံရတဲ့သူ လေးယောက်ကို ပြီးခဲ့တဲ့ ကြာသပတေးနဲ့ သောကြာမှာ တွေ့တဲ့အတွက် မနေ့က စနေနေ့မှာတော့ အာဏာပိုင်က အသွားအလာ ပိတ်ပင်ကန့်သတ်လိုက်ပါတယ်။ အဲဒီရပ်ကွက်မှာ ရိုဟင်ဂျာ အယောက် ငါးထောင်လောက် ရှိပါတယ်။

နေရိန်ကျော် / RFA Burmese
https://www.rfa.org/burmese/program_2/who-warns-new-corornavirus-in-children-05162020225849.html
ကေလးသူငယ္ေတြ ကို႐ိုနာဗိုင္းရပ္စ္သစ္အႏၲရာယ္ရွိေနေၾကာင္း WHO သတိေပး ကေလးသူငယ္ေတြ ကို႐ိုနာဗိုင္းရပ္စ္သစ္အႏၲရာယ္ရွိေနေၾကာင္း WHO သတိေပး Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.