(Unicode)⤵⤵⤵
WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးဟာ တကယ်ပဲ တရုတ်အလိုကျ လိုက်လုပ်နေတဲ့ အဖွဲ့အစည်း တခု ဖြစ်လာနေတယ်လို့ ပြောပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဆိုင်ရာ WHO ရဲ့ ကိုင်တွယ်ပုံကို မကျေနပ်တဲ့ အတွက် အမေရိကန်ပြည်ထောင်စုဟာ WHO အဖွဲ့နဲ့ လက်တွဲလုပ်ဆောင်မှုကို ရပ်ဆိုင်းလိုက်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
WHO အတွက် အမေရိကန်ပြည်ထောင်စုက နှစ်စဉ် ထောက်ပံ့ပေးနေတဲ့ ရန်ပုံငွေ ဒေါ်လာ သန်းပေါင်းများစွာကို ရပ်ဆိုင်းတော့မှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူ နှင်းဆီဥယာဉ်မှာ သမ္မတ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့တာပါ။
"WHO အဖွဲ့ကြီးကို ပြန်လည်ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ အမေရိကန်က တောင်းဆိုခဲ့ပေမယ့် WHO ဘက်က လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် ဒီကနေ့ ကစပြီး WHO နဲ့ အဆက်ဖြတ်လိုက်ကြောင်း"သမ္မတက က ပြောသွားတာပါ။
ဒါ့အပြင် WHO ကို ပေးမယ့် ရန်ပုံငွေတွေကို ကမ္ဘာတလွှားက ကျန်းမာရေးဆိုင်ရာ အရေးတကြီး လိုအပ်ချက် ရှိနေသူတွေ အတွက် ပေးမှာ ဖြစ်ပြီး ဒီဗိုင်းရပ်စ်ပိုး နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု လိုအပ်ကြောင်းနဲ့ တကမ္ဘာလုံးက အဖြေကို လိုချင်နေကြကြောင်း လည်း ပြောပါတယ်။
တရုတ်အစိုးရ တာဝန်ရှိသူတွေဟာ ဒီကပ်ရောဂါ ဆိုင်ရာ အချက်အလက်တွေကို WHO ကို တင်ပြရမယ့် တာဝန်ရှိပေမယ့် ဂရုမစိုက်ခဲ့တဲ့ အပြင် ဒီ ရောဂါပိုးကို ပထမဆုံး တွေ့ရှိခဲ့ချိန်ကလည်း ကမ္ဘာကို လမ်းမှားလိုက်အောင် လုပ်ဖို့ WHO ကို ဖိအားပေးခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက တနှစ် ကို ရန်ပုံေွ သန်း ၄၅၀ ထည့်ဝင်ဖြည့်ဆည်း ပေးနေပေမယ့် တနှစ်ကို ရန်ပုံငွေ သန်း ၄၀ လောက်ပဲ ပေးနေတဲ့ တရုတ်က WHO ကို လုံးဝချုပ်ကိုင်ထား တာ ဖြစ်ပြီး WHO အတွက် ပြုပြင်ပြောင်းလဲရေး ဘယ်လိုလုပ်သင့်တယ် ဆိုတာကို အမေရိကန်က အသေးစိတ်တင်ပြခဲ့ ပေးမယ့် WHO က လုပ်ဆောင်ဖို့ လက်မခံခဲ့ဘူးလို့လည်း သမ္မတက ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------
(Zawgyi)⤵⤵⤵
WHO နဲ႔ လက္တြဲလုပ္ေဆာင္မႈေတြ ရပ္ဆိုင္းေၾကာင္း သမၼတ Trump ေၾကညာ
WHO ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီးဟာ တကယ္ပဲ တ႐ုတ္အလိုက် လိုက္လုပ္ေနတဲ့ အဖြဲ႕အစည္း တခု ျဖစ္လာေနတယ္လို႔ ေျပာၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ဆိုင္ရာ WHO ရဲ႕ ကိုင္တြယ္ပုံကို မေက်နပ္တဲ့ အတြက္ အေမရိကန္ျပည္ေထာင္စုဟာ WHO အဖြဲ႕နဲ႔ လက္တြဲလုပ္ေဆာင္မႈကို ရပ္ဆိုင္းလိုက္ေၾကာင္း သမၼတ ေဒၚနယ္ထရမ့္က ေသာၾကာေန႔မွာ ေျပာၾကားလိုက္ပါတယ္။
WHO အတြက္ အေမရိကန္ျပည္ေထာင္စုက ႏွစ္စဥ္ ေထာက္ပံ့ေပးေနတဲ့ ရန္ပုံေငြ ေဒၚလာ သန္းေပါင္းမ်ားစြာကို ရပ္ဆိုင္းေတာ့မွာ ျဖစ္ေၾကာင္း သမၼတအိမ္ျဖဴ ႏွင္းဆီဥယာဥ္မွာ သမၼတ ထရမ့္က သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။
"WHO အဖြဲ႕ႀကီးကို ျပန္လည္ျပဳျပင္ ေျပာင္းလဲမႈေတြ လုပ္ဖို႔ အေမရိကန္က ေတာင္းဆိုခဲ့ေပမယ့္ WHO ဘက္က လုပ္ေဆာင္ဖို႔ ပ်က္ကြက္ခဲ့တဲ့ အတြက္ ဒီကေန႔ ကစၿပီး WHO နဲ႔ အဆက္ျဖတ္လိုက္ေၾကာင္း"သမၼတက က ေျပာသြားတာပါ။
ဒါ့အျပင္ WHO ကို ေပးမယ့္ ရန္ပုံေငြေတြကို ကမာၻတလႊားက က်န္းမာေရးဆိုင္ရာ အေရးတႀကီး လိုအပ္ခ်က္ ရွိေနသူေတြ အတြက္ ေပးမွာ ျဖစ္ၿပီး ဒီဗိုင္းရပ္စ္ပိုး နဲ႔ ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈ လိုအပ္ေၾကာင္းနဲ႔ တကမာၻလုံးက အေျဖကို လိုခ်င္ေနၾကေၾကာင္း လည္း ေျပာပါတယ္။
တ႐ုတ္အစိုးရ တာဝန္ရွိသူေတြဟာ ဒီကပ္ေရာဂါ ဆိုင္ရာ အခ်က္အလက္ေတြကို WHO ကို တင္ျပရမယ့္ တာဝန္ရွိေပမယ့္ ဂ႐ုမစိုက္ခဲ့တဲ့ အျပင္ ဒီ ေရာဂါပိုးကို ပထမဆုံး ေတြ႕ရွိခဲ့ခ်ိန္ကလည္း ကမာၻကို လမ္းမွားလိုက္ေအာင္ လုပ္ဖို႔ WHO ကို ဖိအားေပးခဲ့တယ္လို႔ ေျပာပါတယ္။
အေမရိကန္ျပည္ေထာင္စုက တႏွစ္ ကို ရန္ပုံေြ သန္း ၄၅၀ ထည့္ဝင္ျဖည့္ဆည္း ေပးေနေပမယ့္ တႏွစ္ကို ရန္ပုံေငြ သန္း ၄၀ ေလာက္ပဲ ေပးေနတဲ့ တ႐ုတ္က WHO ကို လုံးဝခ်ဳပ္ကိုင္ထား တာ ျဖစ္ၿပီး WHO အတြက္ ျပဳျပင္ေျပာင္းလဲေရး ဘယ္လိုလုပ္သင့္တယ္ ဆိုတာကို အေမရိကန္က အေသးစိတ္တင္ျပခဲ့ ေပးမယ့္ WHO က လုပ္ေဆာင္ဖို႔ လက္မခံခဲ့ဘူးလို႔လည္း သမၼတက ေျပာပါတယ္။
ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/trump-terminate-relationship-with-who-/5441617.html
WHO နဲ့ လက်တွဲလုပ်ဆောင်မှုတွေ ရပ်ဆိုင်းကြောင်း သမ္မတ Trump ကြေညာ
Reviewed by THITHTOOLWIN
on
20:01
Rating:
