သိုဝွက္ထားသည့္ (WFP) တံဆိပ္ပါ စားေသာက္ဖြယ္ရာမ်ား ေမာင္ေတာၿမိဳ႕နယ္အတြင္းမွ သိမ္းဆည္းရမိ


(Zawgyi)⤵⤵⤵
ေမာင္ေတာၿမိဳ႕နယ္၊ ခေမာင္းဆိပ္ေက်း႐ြာအနီးမွာ သိုဝွက္ထားတဲ့ ကမာၻစားနပ္ရိကၡာအစီအစဥ္ (WFP) တံဆိပ္ပါ စားေသာက္ဖြယ္ရာေတြကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ေမ ၆ ရက္ မနက္က သိမ္းဆည္းရမိခဲ့ပါတယ္။

ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္မွတ္တိုင္အမွတ္၊ဘီပီ ၄၀ ႏွင့္ ၄၁ ၾကား ေမာင္ေတာၿမိဳ႕နယ္၊ ခေမာင္းဆိပ္ေက်း႐ြာရဲ႕ အေနာက္ဘက္ မီတာ ၃ဝဝဝ ခန႔္ အကြာ ခ်ဳံပုတ္တစ္ခုအတြင္းကေန မိုးကာစအမည္းေရာင္နဲ႔ ဖုံးအုပ္ထားတဲ့ ဆာလာအိတ္ ၁၆ လုံးကို မသကၤာဖြယ္ေတြ႕ရွိလို႔ ဖြင့္ေဖာက္စစ္ေဆးခဲ့တာပါ။

(WFP) တံဆိပ္ပါ ပဲနီေလး ၄၈ ထုပ္၊ (WFP) တံဆိပ္ပါဆီ ၂ လီတာ ဆံ့ ၁၀ ဘူးနဲ႔ ၃ လီတာဆံ့ ၁၂ ဘူး၊ ၃ ပိႆာခန႔္ပါ ဆား ၂ အိတ္၊ ၁ ပိႆာခန႔္ပါ နႏြင္းမႈန႔္ ၅၅ ထုပ္၊ ၂ ပိႆာခန႔္ပါ အေရာင္တင္မႈန႔္ ၁၉ ထုပ္၊ Hi Speed ျခင္ေဆးေခြ ၁၈၂ ဘူးတို႔ကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့တယ္လို႔သိရပါတယ္။

“ARSA အၾကမ္းဖက္ သမားေတြက စစ္ေဘးေရွာင္ စခန္းေတြဆီ NGO/INGO အဖြဲ႕ေတြ နဲ႔ အလႉရွင္ေတြက ေထာက္ပံ့လႉဒါန္းထားတဲ့ ပစၥည္းေတြကို နည္းလမ္းမ်ိဳးစုံနဲ႔ ရယူသုံးစြဲေနတယ္”လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

ၿပီးခဲ့တဲ့ ေမ ၂ ရက္က ဘီပီ ၄၁ အနီး နယ္စပ္ ၿခံစည္း႐ိုးတစ္ေလွ်ာက္လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို ARSA အၾကမ္းဖက္သမားမ်ားက ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ျခမ္းမွ ေခ်ာင္းေျမာင္း ပစ္ခတ္လို႔ ရဲတပ္ဖြဲ႕ဝင္ ၂ ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ပါတယ္။

One News Myanmar
---------------------------------------------


(Unicode)⤵⤵⤵
သိုဝှက်ထားသည့် (WFP) တံဆိပ်ပါ စားသောက်ဖွယ်ရာများ မောင်တောမြို့နယ်အတွင်းမှ သိမ်းဆည်းရမိ

မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာအနီးမှာ သိုဝှက်ထားတဲ့ ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP) တံဆိပ်ပါ စားသောက်ဖွယ်ရာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မေ ၆ ရက် မနက်က သိမ်းဆည်းရမိခဲ့ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင်အမှတ်၊ဘီပီ ၄၀ နှင့် ၄၁ ကြား မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာရဲ့ အနောက်ဘက် မီတာ ၃ဝဝဝ ခန့် အကွာ ချုံပုတ်တစ်ခုအတွင်းကနေ မိုးကာစအမည်းရောင်နဲ့ ဖုံးအုပ်ထားတဲ့ ဆာလာအိတ် ၁၆ လုံးကို မသင်္ကာဖွယ်တွေ့ရှိလို့ ဖွင့်ဖောက်စစ်ဆေးခဲ့တာပါ။

(WFP) တံဆိပ်ပါ ပဲနီလေး ၄၈ ထုပ်၊ (WFP) တံဆိပ်ပါဆီ ၂ လီတာ ဆံ့ ၁၀ ဘူးနဲ့ ၃ လီတာဆံ့ ၁၂ ဘူး၊ ၃ ပိဿာခန့်ပါ ဆား ၂ အိတ်၊ ၁ ပိဿာခန့်ပါ နနွင်းမှုန့် ၅၅ ထုပ်၊ ၂ ပိဿာခန့်ပါ အရောင်တင်မှုန့် ၁၉ ထုပ်၊ Hi Speed ခြင်ဆေးခွေ ၁၈၂ ဘူးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

“ARSA အကြမ်းဖက် သမားတွေက စစ်ဘေးရှောင် စခန်းတွေဆီ NGO/INGO အဖွဲ့တွေ နဲ့ အလှူရှင်တွေက ထောက်ပံ့လှူဒါန်းထားတဲ့ ပစ္စည်းတွေကို နည်းလမ်းမျိုးစုံနဲ့ ရယူသုံးစွဲနေတယ်”လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက်က ဘီပီ ၄၁ အနီး နယ်စပ် ခြံစည်းရိုးတစ်လျှောက်လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ARSA အကြမ်းဖက်သမားများက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ ချောင်းမြောင်း ပစ်ခတ်လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

One News Myanmar
https://www.facebook.com/onenewsmyan/
သိုဝွက္ထားသည့္ (WFP) တံဆိပ္ပါ စားေသာက္ဖြယ္ရာမ်ား ေမာင္ေတာၿမိဳ႕နယ္အတြင္းမွ သိမ္းဆည္းရမိ သိုဝွက္ထားသည့္ (WFP) တံဆိပ္ပါ စားေသာက္ဖြယ္ရာမ်ား ေမာင္ေတာၿမိဳ႕နယ္အတြင္းမွ သိမ္းဆည္းရမိ Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.