WFP ဆန္အိတ္ေတြ ပလက္ဝကို ေရာက္ရွိ

Photo: United Nations OCHA Myanmar
(Zawgyi)⤵⤵⤵
 ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕က စစ္ေဘးဒုကၡသည္ေတြအတြက္ ၿပီးခဲ့တဲ့သတင္းပတ္မွာ WFP ကမာၻ႔စားနပ္ရိကၡာ အစီအစဥ္အဖြဲ႕က ဆန္အိတ္ေတြ သြားပို႔ခ်ိန္မွာ ယာဥ္တန္းပစ္ခတ္ခံရေပမယ့္ အဲဒီဆန္အိတ္ေတြ စေနေန႔က ေရာက္ရွိသြားၿပီလို႔ မေန႔က ေျပာလိုက္ပါတယ္။

အဲဒီပလက္ဝမွာ စစ္ေဘးဒုကၡသည္ ၃၇၀၀ နဲ႔ ေဒသခံ ၇၀၀၀ ေက်ာ္အတြက္ ပို႔ေဆာင္ေပးတာပါ။
WFP အဖြဲ႕က ကားငါးစီးငွားရမ္းၿပီး ပလက္ဝကို ရိကၡာသြားပို႔ခ်ိန္မွာ အမည္မသိသူေတြက ဧၿပီ ၂၉ ရက္က လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တဲ့အတြက္ ယာဥ္အကူတစ္ဦး အနည္းငယ္ထိခိုက္ဒဏ္ရာ ရသြားၿပီး ကုန္တင္ယာဥ္သုံးစီး က်ည္ထိမွန္သြားပါတယ္။

ဒါေပမဲ့ ဆက္လက္ေမာင္းႏွင္သြားၿပီး ပလက္ဝၿမိဳ႕နားက ဆိပ္ကမ္းတစ္ခုကေန ေလွေတြေပၚကိုရိကၡာနဲ႔ အေထာက္အပံ့ပစၥည္းေတြေျပာင္းတင္ၿပီး ေလွေတြနဲ႔တဆင့္ ခရီးဆုံးထိ ပို႔ေဆာင္ေပးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

စစ္ေဘးဒဏ္ေၾကာင့္ လြန္ခဲ့တဲ့လပိုင္းေတြကစလို႔ ပလက္ဝမွာ စားနပ္ရိကၡာနဲ႔ ကုန္စည္စီးဆင္းမႈ ျပတ္ေတာက္သြားတဲ့အတြက္ စစ္ေဘးဒုကၡသည္ေတြ ထမင္းနပ္မွန္ မစားရဘဲ ေတာထဲက ရွာေဖြေတြ႕ရွိတဲ့ သစ္ဥသစ္ဖုေတြ စားေနခဲ့ရပါတယ္။

တခ်ိဳ႕မိသားစုေတြဟာ ခိုင္းႏြား၊ ခိုင္းကြၽဲေတြ ေရာင္းခ်ၿပီး ရိကၡာျပႆနာေျဖရွင္းရတဲ့အတြက္ ေရရွည္မွာ စိုက္ပ်ိဳးေရးနဲ႔ စားနပ္ရိကၡာဖူလုံေရးအတြက္ အခက္အခဲျဖစ္ႏိုင္တယ္လို႔ WFP အဖြဲ႕က ေျပာပါတယ္။

RFA Burmese
----------------------------------------
(Unicode)⤵⤵⤵
 WFP ဆန်အိတ်တွေ ပလက်ဝကို ရောက်ရှိ

 ချင်းပြည်နယ် ပလက်ဝမြို့က စစ်ဘေးဒုက္ခသည်တွေအတွက် ပြီးခဲ့တဲ့သတင်းပတ်မှာ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့က ဆန်အိတ်တွေ သွားပို့ချိန်မှာ ယာဉ်တန်းပစ်ခတ်ခံရပေမယ့် အဲဒီဆန်အိတ်တွေ စနေနေ့က ရောက်ရှိသွားပြီလို့ မနေ့က ပြောလိုက်ပါတယ်။

အဲဒီပလက်ဝမှာ စစ်ဘေးဒုက္ခသည် ၃၇၀၀ နဲ့ ဒေသခံ ၇၀၀၀ ကျော်အတွက် ပို့ဆောင်ပေးတာပါ။
WFP အဖွဲ့က ကားငါးစီးငှားရမ်းပြီး ပလက်ဝကို ရိက္ခာသွားပို့ချိန်မှာ အမည်မသိသူတွေက ဧပြီ ၂၉ ရက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက် ယာဉ်အကူတစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာ ရသွားပြီး ကုန်တင်ယာဉ်သုံးစီး ကျည်ထိမှန်သွားပါတယ်။

ဒါပေမဲ့ ဆက်လက်မောင်းနှင်သွားပြီး ပလက်ဝမြို့နားက ဆိပ်ကမ်းတစ်ခုကနေ လှေတွေပေါ်ကိုရိက္ခာနဲ့ အထောက်အပံ့ပစ္စည်းတွေပြောင်းတင်ပြီး လှေတွေနဲ့တဆင့် ခရီးဆုံးထိ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဘေးဒဏ်ကြောင့် လွန်ခဲ့တဲ့လပိုင်းတွေကစလို့ ပလက်ဝမှာ စားနပ်ရိက္ခာနဲ့ ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ ထမင်းနပ်မှန် မစားရဘဲ တောထဲက ရှာဖွေတွေ့ရှိတဲ့ သစ်ဥသစ်ဖုတွေ စားနေခဲ့ရပါတယ်။

တချို့မိသားစုတွေဟာ ခိုင်းနွား၊ ခိုင်းကျွဲတွေ ရောင်းချပြီး ရိက္ခာပြဿနာဖြေရှင်းရတဲ့အတွက် ရေရှည်မှာ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် အခက်အခဲဖြစ်နိုင်တယ်လို့ WFP အဖွဲ့က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
WFP ဆန္အိတ္ေတြ ပလက္ဝကို ေရာက္ရွိ  WFP ဆန္အိတ္ေတြ ပလက္ဝကို ေရာက္ရွိ Reviewed by THITHTOOLWIN on 12:20 Rating: 5
Powered by Blogger.