WFP ရိကၡာေထာက္ပံ့ေရးယာဥ္တန္း ဆမီးၿမိဳ႕အနီး ပစ္ခတ္ခံရ


(Zawgyi/Unicode)

ခ်င္းျပည္နယ္၊ ပလက္၀ျမိဳ႕နယ္မွာ စားနပ္ရိကၡာေထာက္ပံ့ေရးပစၥည္း တင္ေဆာင္လာတဲ့ ကမၻာ့စားနပ္ရိကၡာအစီအစဥ္ WFP ေမာ္ေတာ္ယာဥ္နဲ႔ တပ္မေတာ္ယာဥ္တန္း တိုက္ခိုက္ခံရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးပါမယ္။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔တိုက္ပြဲေၾကာင့္ ကုန္သြယ္ပို႔ေဆာင္ေရးလမ္းေၾကာင္းျပတ္ေတာက္ၿပီး စားနပ္ရိကၡာအခက္ခဲရွိေနတဲ့ ပလက္၀ျမိဳ႕နယ္အတြက္ ရိကၡာတင္ေဆာင္လာတဲ့ WFP မွ ေမာ္ေတာ္ယာဥ္တန္း ဧၿပီလ ၂၉ ရက္ေန႔က တိုက္ခိုက္ခံရတာဟာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ လက္ခ်က္ျဖစ္တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကို ေျပာပါတယ္။

“ပလက္၀မွာ AA က ပိတ္ဆို႔ထားတဲ့အတြက္ေၾကာင့္မို႔လို႔ အဲဒီ စားနပ္ရိကၡာအခက္ခဲျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ တပ္မေတာ္အေနနဲ႔က မတူပီ ပလက္၀လမ္း အဲဒီလမ္းဖြင့္ဖို႔အတြက္ က်ေနာ္တို႔ မတ္လေလာက္ကတည္းက ေဆာင္ရြက္ခဲ့တယ္။ တိုက္ပြဲေတြ အၾကိမ္ၾကိမ္ျဖစ္ခဲ့တယ္။ က်ေနာ္တို႔ စတင္ျပီးဖြင့္လွစ္နိုင္ခဲ့တယ္။ ခုျဖစ္တဲ့ဟာေတာ့ ၂၉ ေလာက္မွာ က်ေနာ္တို႔က WFP လုပ္ငန္းယာဥ္ က်ေနာ္တို႔ဆီက လုပ္ငန္းယာဥ္ကလည္း အစင္း ၃၀ ေက်ာ္ပါတယ္။ အဲဒီမွာက်ေနာ္တို႔လမ္း လုံျခံဳေရးေဆာင္ရြက္ထားတယ္။ WFP က ကား ၅ စီးပါတယ္။ အဲဒီ WFP က ကား ၅ စီးကိုေတာ့ က်ေနာ္တို႔က ေနာက္ဆုံးကေနထားတယ္။ လုံျခံဳမႈပိုရွိတာေပါ့ေလ။ ဆမီးကေန က်ေနာ္တို႔ စထြက္လာတဲ့ အခ်ိန္မွာ ညေနပိုင္းမွာ AA နဲ႔က အဲဒီWFPကား ၅ စီးကိုပဲ တမင္သက္သက္ေရြးျပီး တိုက္တဲ့သေဘာျဖစ္တယ္။ ျဖစ္ တာလဲ လက္နက္ၾကီး၊ လက္နက္ငယ္နဲ႔ ပစ္ခတ္တာေပါ့။ သိပ္ေ၀းေ၀းလံလံလည္း မဟုတ္ဘူး။ အနီးကပ္ျခံဳခိုေဆာင္ရြက္တဲ့ သေဘာမ်ိဳးျဖစ္ပါတယ္။ WFP ကား ၅ စီးမွာ ထိခိုက္တာေတြရွိတယ္။”

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ႏွင့္ NGO အဖြဲ႔အ စည္းေတြက ဆန္၊ စားဆီ၊ ဆား၊ ကုလားပဲ၊ အေျခခံစားေသာက္ကုန္နဲ႔ တျခားအသုံးေဆာင္ပစၥည္း တင္ေဆာင္ လာတဲ့ ကားတန္းကို ဆမီးၿမိဳ႕ကအထြက္ ရပ္ဒိန္ ေက်းရြာအနီးမွာ AA အဖြဲ႔ကေန ပစ္ခတ္တာလို႔ ခ်င္းျပည္နယ္ အစိုးရအဖြဲ႔ စည္ပင္၀န္ၾကီးဦးစိုးထက္ကဆိုပါတယ္။

“က်ေနာ္တို႔ ဆမီးကေနအထြက္ ရပ္ဒိန္နဲ႔မိုင္တိုင္အမွတ္ ၁၁၂ အဲဒီအနားမွာ WFP ရဲ႕ကား ၃ စီး အပစ္ခံရတာ မွန္ပါတယ္။ လူေတာ့ထိခိုက္မႈ ရွပ္မွန္တာ တေယာက္ရွိတယ္။ ေနာက္ ကားမွန္ေတြ ကြဲသြားတယ္။ ကားဘီးကားတာယာ ေပါက္သြားတယ္။ ေနာက္ဆီတိုင္ကီထိသြားတာေပါ့။ ျပင္ျပီးေတာ့အခု သူတို႔ေရွ႕ကိုဆက္သြားျပီးေတာ့ ပလက္၀ကို ဆက္ပို႔ဖို႔ လုပ္ေနပါတယ္။”

ျပီးခဲ့တဲ့ဧျပီလ ၁၆ ရက္ေန႔မွာ ပထမအၾကိမ္ ဆန္ရိကၡာ ၈၀၀ အိတ္ပို႔ေဆာင္ေပးနိုင္ခဲ့သလို ဧျပီလ ၂၈ ရက္ေန႔မွာ ဆန္အိတ္ ၂,၀၀၀ ေက်ာ္ ဒုတိယအၾကိမ္ပို႔ေဆာင္နိုင္ခဲ့ျပီး တတိယအၾကိမ္ပို႔ေဆာင္မႈမွာ တိုက္ခိုက္ခံရတာလို႔ သူကဆိုပါတယ္။

WFP ဆိုတဲ့ စာတမ္း ထင္ထင္ရွားရွားပါတဲ့ ေမာ္ေတာ္ယာဥ္ေတြကို AA အဖဲြ႔က အခုလို တိုက္ခိုက္တာဟာ အင္မတန္ရုပ္ဆိုးတဲ့ျဖစ္ရပ္လိ္ု႔လည္း သမၼတရံုးေျပာခြင့္ရ ဦးေဇာ္ေဌးက အြန္လိုင္းသတင္းစာရွင္းလင္းပဲြမွာ ေျပာသြားပါတယ္။

AA ေျပာခြင့္ရခိုင္သုခကေတာ့ WFP ေမာ္ေတာ္ယာဥ္တန္းကို AA ဘက္က ပစ္ခတ္တယ္ဆိုတာ မဟုတ္မွန္စြပ္စြဲခ်က္တာ ျဖစ္တယ္လို႔ေျပာပါတယ္။

“ဆမီးဘက္မွာ WFP ကားကိုပစ္တယ္ဆိုတဲ့ကိစၥကေတာ့ ဒါလုံး၀ မဟုတ္ဘူးဗ်ေနာ္။ က်ေနာ္တို႔ဖက္က အဲဒီလိုမ်ိဳး ပစ္ခတ္တာလုံး၀ မရွိဘူး။ ဒါကေတာ့ UN အဖြဲ႔အစည္းေတြကို ခုတုံးလုပ္ျပီးေတာ့မွ ၀ါဒျဖန္႕ခ်ိေရးအတြက္ UN ၀န္ထမ္းေတြ အရပ္သားျပည္သူေတြကို အသုံးခ်ျပီးေတာ့ ၀ါဒျဖန္႕လုပ္ေဆာင္ေနတာပဲျဖစ္တယ္ဗ်။”

ျပီးခဲ့တဲ့ ဧၿပီ ၂၀ ရက္တြင္ COVID-19 ေရာဂါေစာင့္ၾကည့္ခံရသူေတြရဲ႕ ႏွာေခါင္း၊ အာေခါင္တို႔ဖတ္နမူနာေတြကို ရန္ကုန္ကို ပို႔ေဆာင္စစ္ေဆးဖို႔ သြားေရာက္တဲ့ WHO မွ UN တံဆိပ္ပါေမာ္ေတာ္ယာဥ္ကို မင္းျပားၿမိဳ႕နယ္၊ ရာေမာင္ တံတားအလြန္မွာ ပစ္ခတ္တိုက္ခိုက္ခံရျပီး ၀န္ထမ္းတဦးေသဆုံးျပီး တဦး ဒဏ္ရာရရွိခဲ့ပါတယ္။ ဒီပစ္ခတ္မႈမွာလည္း AA လက္ခ်က္လို႔အစိုးရဘက္က ထုတ္ျပန္ထားျပီး AA ဘက္ကေတာ့ ဒါကိုျငင္းဆိုထားပါတယ္။

လက္ရွိမွာ ပလက္၀ၿမိဳ႕နယ္ရဲ႕အဓိကဆက္သြယ္ေရးလမ္းေၾကာင္းျဖစ္တဲ့ ေက်ာက္ေတာ္ ပလက္၀ ကုလားတန္ျမစ္ေၾကာင္းလမ္း ဟာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔တိုက္ပြဲေၾကာင့္ ပိတ္ပင္ထားရတဲ့ အေျခအေနရွိေနျပီး ရိကၡာ သယ္ေဆာင္ဖို႔ လုံျခံဳမႈမရွိေတာ့တာေၾကာင့္ မတူပီ ပလက္၀လမ္းေၾကာင္းကေန ရိကၡာတင္ပို႔ ေနရပါတယ္။

ပလက္၀ၿမိဳ႕နယ္အတြင္းမွာ တိုက္ပြဲေၾကာင့္စစ္ေရွာင္ဦးေရ ၆,၀၀၀ ေက်ာ္ရွိေနပါတယ္။

▹ ကိုႏိုင္ကြန္းအိန္ / ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------
[Unicode Version]

WFP ရိက္ခာထောက်ပံ့ရေးယာဉ်တန်း ဆမီးမြို့အနီး ပစ်ခတ်ခံရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စားနပ်ရိက္ခာထောက်ပံ့ရေးပစ္စည်း တင်ဆောင်လာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP မော်တော်ယာဉ်နဲ့ တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့တိုက်ပွဲကြောင့် ကုန်သွယ်ပို့ဆောင်ရေးလမ်းကြောင်းပြတ်တောက်ပြီး စားနပ်ရိက္ခာအခက်ခဲရှိနေတဲ့ ပလက်ဝမြို့နယ်အတွက် ရိက္ခာတင်ဆောင်လာတဲ့ WFP မှ မော်တော်ယာဉ်တန်း ဧပြီလ ၂၉ ရက်နေ့က တိုက်ခိုက်ခံရတာဟာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ လက်ချက်ဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ပလက်ဝမှာ AA က ပိတ်ဆို့ထားတဲ့အတွက်ကြောင့်မို့လို့ အဲဒီ စားနပ်ရိက္ခာအခက်ခဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ တပ်မတော်အနေနဲ့က မတူပီ ပလက်ဝလမ်း အဲဒီလမ်းဖွင့်ဖို့အတွက် ကျနော်တို့ မတ်လလောက်ကတည်းက ဆောင်ရွက်ခဲ့တယ်။ တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့တယ်။ ကျနော်တို့ စတင်ပြီးဖွင့်လှစ်နိုင်ခဲ့တယ်။ ခုဖြစ်တဲ့ဟာတော့ ၂၉ လောက်မှာ ကျနော်တို့က WFP လုပ်ငန်းယာဉ် ကျနော်တို့ဆီကလုပ်ငန်းယာဉ်ကလည်း အစင်း ၃၀ ကျော်ပါတယ်။ အဲဒီမှာကျနော်တို့လမ်း လုံခြုံရေးဆောင်ရွက်ထားတယ်။ WFP က ကား ၅ စီးပါတယ်။ အဲဒီ WFP က ကား ၅ စီးကိုတော့ ကျနော်တို့က နောက်ဆုံးကနေထားတယ်။ လုံခြုံမှုပိုရှိတာပေါ့လေ။ ဆမီးကနေ ကျနော်တို့ စထွက်လာတဲ့ အချိန်မှာ ညနေပိုင်းမှာ AA နဲ့က အဲဒီWFPကား ၅ စီးကိုပဲ တမင်သက်သက်ရွေးပြီး တိုက်တဲ့သဘောဖြစ်တယ်။ ဖြစ် တာ လဲ လက်နက်ကြီးလက်နက်ငယ်နဲ့ပစ်ခတ်တာပေါ့။ သိပ်ဝေးဝေးလံလံလည်း မဟုတ်ဘူး။ အနီးကပ်ခြုံခိုဆောင်ရွက်တဲ့ သဘောမျိုးဖြစ်ပါတယ်။ WFP ကား ၅ စီးမှာ ထိခိုက်တာတွေရှိတယ်။”

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့အ စည်းတွေက ဆန်၊ စားဆီ၊ ဆား၊ ကုလားပဲ၊ အခြေခံစားသောက်ကုန်နဲ့ တခြားအသုံးဆောင်ပစ္စည်း တင်ဆောင်လာတဲ့ကားတန်းကို ဆမီးမြို့ကအထွက် ရပ်ဒိန် ကျေးရွာအနီးမှာ AA အဖွဲ့ကနေ ပစ်ခတ်တာလို့ ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီးဦးစိုးထက်ကဆိုပါတယ်။

“ကျနော်တို့ ဆမီးကနေအထွက် ရပ်ဒိန်နဲ့မိုင်တိုင်အမှတ် ၁၁၂ အဲဒီအနားမှာ WFP ရဲ့ကား ၃ စီး အပစ်ခံရတာ မှန်ပါတယ်။ လူတော့ထိခိုက်မှု ရှပ်မှန်တာ တယောက်ရှိတယ်။ နောက် ကားမှန်တွေ ကွဲသွားတယ်။ ကားဘီးကားတာယာ ပေါက်သွားတယ်။ နောက်ဆီတိုင်ကီထိသွားတာပေါ့။ ပြင်ပြီးတော့အခု သူတို့ရှေ့ကိုဆက်သွားပြီးတော့ ပလက်ဝကို ဆက်ပို့ဖို့ လုပ်နေပါတယ်။”

ပြီးခဲ့တဲ့ဧပြီလ ၁၆ ရက်နေ့မှာ ပထမအကြိမ် ဆန်ရိက္ခာ ၈၀၀ အိတ်ပို့ဆောင်ပေးနိုင်ခဲ့သလို ဧပြီလ ၂၈ ရက်နေ့မှာ ဆန်အိတ် ၂,၀၀၀ ကျော် ဒုတိယအကြိမ်ပို့ဆောင်နိုင်ခဲ့ပြီး တတိယအကြိမ်ပို့ဆောင်မှုမှာ တိုက်ခိုက်ခံရတာလို့ သူကဆိုပါတယ်။

WFP ဆိုတဲ့ စာတမ်း ထင်ထင်ရှားရှားပါတဲ့ မော်တော်ယာဉ်တွေကို AA အဖွဲ့က အခုလို တိုက်ခိုက်တာဟာ အင်မတန်ရုပ်ဆိုးတဲ့ဖြစ်ရပ်လို့လည်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

AA ပြောခွင့်ရခိုင်သုခကတော့ WFP မော်တော်ယာဉ်တန်းကို AA ဘက်က ပစ်ခတ်တယ်ဆိုတာ မဟုတ်မှန်စွပ်စွဲချက်တာ ဖြစ်တယ်လို့ပြောပါတယ်။

“ဆမီးဘက်မှာ WFP ကားကိုပစ်တယ်ဆိုတဲ့ကိစ္စကတော့ ဒါလုံး၀ မဟုတ်ဘူးဗျနော်။ ကျနော်တို့ဖက်က အဲဒီလိုမျိုး ပစ်ခတ်တာလုံး၀ မရှိဘူး။ ဒါကတော့ UN အဖွဲ့အစည်းတွေကို ခုတုံးလုပ်ပြီးတော့မှ ဝါဒဖြန့်ချိရေးအတွက် UN ဝန်ထမ်းတွေ အရပ်သားပြည်သူတွေကို အသုံးချပြီးတော့ ဝါဒဖြန့်လုပ်ဆောင်နေတာပဲဖြစ်တယ်ဗျ။”

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်တွင် COVID-19 ရောဂါစောင့်ကြည့်ခံရသူတွေရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာတွေကို ရန်ကုန်ကို ပို့ဆောင်စစ်ဆေးဖို့ သွားရောက်တဲ့ WHO မှ UN တံဆိပ်ပါမော်တော်ယာဉ်ကို မင်းပြားမြို့နယ်၊ ရာမောင် တံတားအလွန်မှာ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဝန်ထမ်းတဦးသေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာလည်း AA လက်ချက်လို့အစိုးရဘက်က ထုတ်ပြန်ထားပြီး AA ဘက်ကတော့ ဒါကိုငြင်းဆိုထားပါတယ်။

လက်ရှိမှာ ပလက်ဝမြို့နယ်ရဲ့အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကျောက်တော် ပလက်၀ ကုလားတန်မြစ်ကြောင်းလမ်း ဟာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့တိုက်ပွဲကြောင့် ပိတ်ပင်ထားရတဲ့ အခြေအနေရှိနေပြီး ရိက္ခာ သယ်ဆောင်ဖို့ လုံခြုံမှုမရှိတော့တာကြောင့် မတူပီ ပလက်ဝလမ်းကြောင်းကနေ ရိက္ခာတင်ပို့ နေရပါတယ်။

ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲကြောင့်စစ်ရှောင်ဦးရေ ၆,၀၀၀ ကျော်ရှိနေပါတယ်။

▹ ကိုနိုင်ကွန်းအိန် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/rakhine-coflict-wfp/5400663.html
WFP ရိကၡာေထာက္ပံ့ေရးယာဥ္တန္း ဆမီးၿမိဳ႕အနီး ပစ္ခတ္ခံရ WFP ရိကၡာေထာက္ပံ့ေရးယာဥ္တန္း ဆမီးၿမိဳ႕အနီး ပစ္ခတ္ခံရ Reviewed by THITHTOOLWIN on 23:20 Rating: 5
Powered by Blogger.