အပစ်ရပ်ဒေသထဲပါတဲ့ ကွတ်ခိုင်ဘက်မှာ တပ်နဲ့ TNLA ကြားတိုက်ပွဲဖြစ်

TNLA တအာင်း ပလောင်တပ်ဖွဲ့
(Unicode)⤵⤵⤵
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအနီးမှာ ဒီကနေ့မနက်က အစိုးရ တပ်မတော်နဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့အကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် တရုတ်မြန်မာ ကုန်သွယ်ရေးလမ်းမကြီးမှာ အသွားအလာတွေ ယာယီရပ်ဆိုင်းသွားတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

ဒီတိုက်ပွဲဟာ COVID-19 ကပ်ရောဂါဖြစ်ပွားနေတာကြောင့် နှစ်ဘက်စလုံးက အပစ်ရပ်ကြေညာထားချိန်မှာ ဒုတိယအကြိမ်ဖြစ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက VOA ကို အခုလို ပြောပါတယ်။

“ဒီကနေ့မနက် ၁၁ နာရီ ဝန်းကျင်လောက်မှာ အပစ်အခတ်ကတော့ ရှိတယ်။ ယာဉ်တန်းကို လုံခြုံရေးဆောင်ရွက်နေတဲ့ ယာဉ်တန်းကို မိုင်းခွဲ တိုက်ခိုက်တာပေါ့။ မိုင်းခွဲတိုက်ခိုက်တဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်။ ကားတော့ အနည်းငယ်ထိခိုက်ခဲ့တယ်။ ကျန်တာတော့ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။”

TNLA ခေါ် တအာင်းပလောင်တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာ့အိုက်ကျော်က ဒီနေ့ တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ဒီမနက် ၁၀ နာရီလောက်မှာ မြန်မာစစ်တပ်က မူဆယ်ဘက်ကနေ လာတာပေါ့နော်။ စစ်ယာဉ်တန်းနဲ့လာတယ်။ လာပြီးမှ ဒီ နမ့်ကွတ်နား ရောက်တော့ ကျနော်တို့ တပ်က ပြည်ထောင်စုလမ်းမကြီး ဟိုဘက် ဒီဘက် ကူးတဲ့အချိန် အဲဒီမှာ နှစ်ဘက် ထိပ်တိုက်တိုးတော့ တိုက်ပွဲဖြစ်ပွားတာ။ တိုက်ပွဲက ၁၁ နာရီ ကျော်ကျော်လောက်မှာ ငြိမ်သွားပါတယ်။”

ဒီတိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ ထိခိုက်မှု မရှိကြောင်းလည်း ပြောပါတယ်။

လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကွတ်ခိုင်မြို့ကနေ ယာဉ်အဝင်အထွက်တွေကို တားမြစ်ထားကြောင်း ကွတ်ခိုင်ဒေသခံတစ်ဦး က နေ့ခင်း ၁ နာရီလောက်ပြောပါတယ်။

“တိုက်ပွဲဖြစ်တော့ ဘယ်သွားလို့ ရမလဲ။ လောလောဆည် ခဏ တိုးဂိတ်မှာ ပိတ်ထားတာပေါ့။ သွားရင် အန္တရာယ်ဖြစ်မှာ စိုးလို့လေ။ လက်ရှိလည်း ပိတ်နေတုန်းပဲ ခင်ဗျ။ ကျနော်တို့က COVID နဲ့ ခေါင်းရှုပ်နေတာ။ နောက်ထပ် ခေါင်းရှုပ်စရာတစ်ခု ထပ်ပေါ်လာတာပေါ့ဗျာ။”

အစိုးရ တပ်မတော်ဘက်က COVID-19 ရောဂါ မြန်မြန်ဆန်ဆန်တိုက်ဖျက်နိုင်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အကြမ်းဖက်အဖွဲ့အစည်းတွေ ရှိတဲ့နေရာမှ အပ ကျန်ဒေသတွေကို မေလ ၁၀ရက်နေ့ကနေ သြဂုတ်လ ၃၁ရက်နေ့အထိ အပစ်ရပ်ကြောင်း ကြေညာထားသလို MNDAA ကိုးကန့်၊ TNLA တအာင်းပလောင်နဲ့ AA ရခိုင်အဖွဲ့ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေကလည်း မေလ ၃ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ တဘက်သတ်အပစ်ရပ်ကြောင်း ကြေညာထားတာပါ။

ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်မွန်းကတော့ COVID-19 ရောဂါ ဖြစ်ပွားနေချိန်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းထားဖို့ အခုလို တိုက်တွန်းပါတယ်။

“COVID ဒီရောဂါဖြစ်နေတဲ့အချိန်မှာ ရောဂါအတွက် စိတ်ပူတာက တစ်မျိုး၊ အဲဒီတဒုန်းဒုန်း တဒိုင်းဒိုင်းဖြစ်နေတာက တစ်မျိုးဆိုတော့ ပြည်သူလူထုတွေက ပိုပြီးတော့ စိတ် ဘယ်ချမ်းမြေ့မလဲဗျာ။ မသွားရဲ၊ မလာရဲ ဖြစ်နေတဲ့အချိန်မှာ စစ်ပွဲက ပြန်ဖြစ်တယ်ဆိုတာ မကောင်းဘူးပေါ့ဗျာ။ မဖြစ်သင့်ဘူးပေါ့ဗျာ။ ဘယ်အဖွဲ့ဖြစ်ဖြစ်ဗျာ။ ဘယ်အဖွဲ့ဖြစ်ဖြစ် ထိန်းသိမ်းသင့်တာပေါ့။ ဒါတွေက။”

TNLA အပါအဝင် မဟာမိတ်အဖွဲ့တွေအနေနဲ့ မေလ ၃၁ ရက်မှာ အပစ်ရပ်သက်တမ်းကုန်ဆုံးသွားရင် ရက်ထပ်မံ တိုးမြှင့်ဖို့ကိုလည်း ဦးအိုက်မွန်းက တောင်းဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ကလည်း မိုးကုတ်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ TNLA အကြား တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ လတ်တလာအားဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်ဘက်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးတွေ ရှိနေပြီး၊ ဒီရက်ပိုင်းအတွင်း မူဆယ်မြို့မှာ လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိတာတွေ ရှိထားပါတယ်။

ကိုမိုးဇော်  / ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------------
(Zawgyi)⤵⤵⤵
အပစ္ရပ္ေဒသထဲပါတဲ့ ကြတ္ခိုင္ဘက္မွာ တပ္နဲ႔ TNLA ၾကားတိုက္ပြဲျဖစ္

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ကြတ္႐ြာအနီးမွာ ဒီကေန႔မနက္က အစိုးရ တပ္မေတာ္နဲ႔ TNLA တအာင္းပေလာင္တပ္ဖြဲ႕အၾကားမွာ တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ တ႐ုတ္ျမန္မာ ကုန္သြယ္ေရးလမ္းမႀကီးမွာ အသြားအလာေတြ ယာယီရပ္ဆိုင္းသြားတဲ့သတင္းကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

ဒီတိုက္ပြဲဟာ COVID-19 ကပ္ေရာဂါျဖစ္ပြားေနတာေၾကာင့္ ႏွစ္ဘက္စလုံးက အပစ္ရပ္ေၾကညာထားခ်ိန္မွာ ဒုတိယအႀကိမ္ျဖစ္တဲ့ တိုက္ပြဲျဖစ္ပါတယ္။

တိုက္ပြဲျဖစ္ပြားတာနဲ႔ ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္းက VOA ကို အခုလို ေျပာပါတယ္။

“ဒီကေန႔မနက္ ၁၁ နာရီ ဝန္းက်င္ေလာက္မွာ အပစ္အခတ္ကေတာ့ ရွိတယ္။ ယာဥ္တန္းကို လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ ယာဥ္တန္းကို မိုင္းခြဲ တိုက္ခိုက္တာေပါ့။ မိုင္းခြဲတိုက္ခိုက္တဲ့ျဖစ္စဥ္ျဖစ္ခဲ့တယ္။ ကားေတာ့ အနည္းငယ္ထိခိုက္ခဲ့တယ္။ က်န္တာေတာ့ ထိခိုက္မႈ မရွိဘူးလို႔ သိရပါတယ္။”

TNLA ေခၚ တအာင္းပေလာင္တပ္ဖြဲ႕က ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႈးတာ့အိုက္ေက်ာ္က ဒီေန႔ တိုက္ပြဲျဖစ္ပြားတာနဲ႔ ပတ္သက္လို႔ အခုလို ေျပာပါတယ္။

“ဒီမနက္ ၁၀ နာရီေလာက္မွာ ျမန္မာစစ္တပ္က မူဆယ္ဘက္ကေန လာတာေပါ့ေနာ္။ စစ္ယာဥ္တန္းနဲ႔လာတယ္။ လာၿပီးမွ ဒီ နမ့္ကြတ္နား ေရာက္ေတာ့ က်ေနာ္တို႔ တပ္က ျပည္ေထာင္စုလမ္းမႀကီး ဟိုဘက္ ဒီဘက္ ကူးတဲ့အခ်ိန္ အဲဒီမွာ ႏွစ္ဘက္ ထိပ္တိုက္တိုးေတာ့ တိုက္ပြဲျဖစ္ပြားတာ။ တိုက္ပြဲက ၁၁ နာရီ ေက်ာ္ေက်ာ္ေလာက္မွာ ၿငိမ္သြားပါတယ္။”

ဒီတိုက္ပြဲျဖစ္ပြားတာနဲ႔ ပတ္သက္လို႔ ထိခိုက္မႈ မရွိေၾကာင္းလည္း ေျပာပါတယ္။

လားရႈိး- မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးမွာ တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ ကြတ္ခိုင္ၿမိဳ႕ကေန ယာဥ္အဝင္အထြက္ေတြကို တားျမစ္ထားေၾကာင္း ကြတ္ခိုင္ေဒသခံတစ္ဦး က ေန႔ခင္း ၁ နာရီေလာက္ေျပာပါတယ္။

“တိုက္ပြဲျဖစ္ေတာ့ ဘယ္သြားလို႔ ရမလဲ။ ေလာေလာဆည္ ခဏ တိုးဂိတ္မွာ ပိတ္ထားတာေပါ့။ သြားရင္ အႏၲရာယ္ျဖစ္မွာ စိုးလို႔ေလ။ လက္ရွိလည္း ပိတ္ေနတုန္းပဲ ခင္ဗ်။ က်ေနာ္တို႔က COVID နဲ႔ ေခါင္းရႈပ္ေနတာ။ ေနာက္ထပ္ ေခါင္းရႈပ္စရာတစ္ခု ထပ္ေပၚလာတာေပါ့ဗ်ာ။”

အစိုးရ တပ္မေတာ္ဘက္က COVID-19 ေရာဂါ ျမန္ျမန္ဆန္ဆန္တိုက္ဖ်က္ႏိုင္ေရးနဲ႔ ထာဝရၿငိမ္းခ်မ္းေရးအတြက္ အၾကမ္းဖက္အဖြဲ႕အစည္းေတြ ရွိတဲ့ေနရာမွ အပ က်န္ေဒသေတြကို ေမလ ၁၀ရက္ေန႔ကေန ၾသဂုတ္လ ၃၁ရက္ေန႔အထိ အပစ္ရပ္ေၾကာင္း ေၾကညာထားသလို MNDAA ကိုးကန႔္၊ TNLA တအာင္းပေလာင္နဲ႔ AA ရခိုင္အဖြဲ႕ပါဝင္တဲ့ ညီေနာင္မဟာမိတ္အဖြဲ႕ေတြကလည္း ေမလ ၃ ရက္ေန႔ကေန ေမလ ၃၁ ရက္ေန႔အထိ တဘက္သတ္အပစ္ရပ္ေၾကာင္း ေၾကညာထားတာပါ။

ကြတ္ခိုင္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၁ က ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအိုက္မြန္းကေတာ့ COVID-19 ေရာဂါ ျဖစ္ပြားေနခ်ိန္မွာ တိုက္ပြဲေတြ ရပ္ဆိုင္းထားဖို႔ အခုလို တိုက္တြန္းပါတယ္။

“COVID ဒီေရာဂါျဖစ္ေနတဲ့အခ်ိန္မွာ ေရာဂါအတြက္ စိတ္ပူတာက တစ္မ်ိဳး၊ အဲဒီတဒုန္းဒုန္း တဒိုင္းဒိုင္းျဖစ္ေနတာက တစ္မ်ိဳးဆိုေတာ့ ျပည္သူလူထုေတြက ပိုၿပီးေတာ့ စိတ္ ဘယ္ခ်မ္းေျမ့မလဲဗ်ာ။ မသြားရဲ၊ မလာရဲ ျဖစ္ေနတဲ့အခ်ိန္မွာ စစ္ပြဲက ျပန္ျဖစ္တယ္ဆိုတာ မေကာင္းဘူးေပါ့ဗ်ာ။ မျဖစ္သင့္ဘူးေပါ့ဗ်ာ။ ဘယ္အဖြဲ႕ျဖစ္ျဖစ္ဗ်ာ။ ဘယ္အဖြဲ႕ျဖစ္ျဖစ္ ထိန္းသိမ္းသင့္တာေပါ့။ ဒါေတြက။”

TNLA အပါအဝင္ မဟာမိတ္အဖြဲ႕ေတြအေနနဲ႔ ေမလ ၃၁ ရက္မွာ အပစ္ရပ္သက္တမ္းကုန္ဆုံးသြားရင္ ရက္ထပ္မံ တိုးျမႇင့္ဖို႔ကိုလည္း ဦးအိုက္မြန္းက ေတာင္းဆိုပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၁၃ ရက္ေန႔ကလည္း မိုးကုတ္ၿမိဳ႕နယ္အတြင္းမွာ တပ္မေတာ္နဲ႔ TNLA အၾကား တိုက္ပြဲတစ္ႀကိမ္ျဖစ္ပြားခဲ့ပါတယ္။ လတ္တလာအားျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္ဘက္က မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး စစ္ဆင္ေရးေတြ ရွိေနၿပီး၊ ဒီရက္ပိုင္းအတြင္း မူဆယ္ၿမိဳ႕မွာ လက္နက္ခဲယမ္းေတြနဲ႔ မူးယစ္ေဆးဝါးေတြ ဆက္တိုက္ဆိုသလို ဖမ္းဆီးရမိတာေတြ ရွိထားပါတယ္။

ကိုမိုးေဇာ္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/koot-khine-tnla/5440721.html
အပစ်ရပ်ဒေသထဲပါတဲ့ ကွတ်ခိုင်ဘက်မှာ တပ်နဲ့ TNLA ကြားတိုက်ပွဲဖြစ် အပစ်ရပ်ဒေသထဲပါတဲ့ ကွတ်ခိုင်ဘက်မှာ တပ်နဲ့ TNLA ကြားတိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.