ကပ်ဘေးကာလ အပစ်ရပ်ကြေညာထားတဲ့ တပ်နဲ့ TNLA တိုက်ပွဲဖြစ်

ပျက်စီးသွားတဲ့ တပ်မတော်စစ်ကားနဲ့ တပ်မတော်ရဲ့ လက်နက်ခဲယမ်းတချို့ကို TNLA တပ်ဖွဲ့ဝင်အချို့နဲ့အတူ တွေ့ရစဉ် / Photo: TNLA
(Unicode)⤵⤵⤵
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့မှာ နမ့်ကွတ်ရွာအနီးမှာ တပ်မတော်နဲ့ TNLA တို့ ဒီမနက်က တိုက်ပွဲဖြစ်လို့ ပြည်ထောင်စုလမ်းမကြီးမှာ ခရီးသွားကားတွေ ယာယီ ပိတ်မိခဲ့ပါတယ်။

ကွတ်ခိုင်-နမ့်ဖတ်ကာကြားက နမ့်ကွတ်ရွာနဲ့ ရှုခင်းသာ အတက်နေရာတစ်ဝိုက်မှာ တပ်မတော်နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ ဒီမနက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မူဆယ်မြို့ကနေ ဆင်းလာတဲ့ တပ်မတော်ယာဉ်တန်းတွေ နမ့်ကွတ်ရွာနားကို ဖြတ်သန်းပြီးချိန် တိုက်ပွဲစတင် ဖြစ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။ နမ့်ကွတ်ရွာအနီး လေးနေရာလောက်မှာ မနက် ဆယ်နာရီကျော် ကနေ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး ညနေ သုံးနာရီအထိ ပစ်ခတ်သံတွေကြားနေရလို့ ခရီးသွားကားတွေ မသွားရဲဘဲ ဖြစ်ခဲ့တယ် လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပြန်ကြားရေးအရာရှိ ဗိုလ်မှူး မိုင်းအိုက်ကျော်က သူတို့စစ်ကြောင်းတွေ ကားလမ်းဖြတ်သန်းချိန်မှာ တပ်မတော်စစ်ကြောင်းနဲ့တိုးလို့ တိုက်ပွဲဖြစ်ခဲ့တာလို့ ပြောပါတယ်။

တိုက်ပွဲအတွင်း တပ်မတော်စစ်ကားတစ်စီး ပျက်စီးသလို လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ TNLA က ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော် စစ်ကြောင်းကားတွေ နမ့်ကွတ်ရွာအနီးမှာ မိုင်းခွဲ တိုက်ခိုက်ခံရတာဖြစ်ပြီး စစ်ကား အနည်းငယ် ပျက်စီးတယ်လို့ ပြောပါတယ်။

ဒီညနေပိုင်းအထိ တပ်မတော်က နမ့်ကွတ်နဲ့ ရှုခင်းသာတစ်ဝိုက်မှာ နယ်မြေရှင်းလင်းနေတယ်လို့ ဆိုပါတယ်။ ဒေသခံတွေနဲ့ ခရီးသွားတွေကတော့ ညနေပိုင်းအထိ နမ့်ကွတ်ရွာတစ်ဝိုက် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေကို ကြားနေရပြီး မူဆယ်ကနေ ဆင်းလာတဲ့ ခရီးသွားကားတွေ နီးစပ်ရာအိမ်တွေမှာ နားနေရသလို ကွတ်ခိုင်တိုးဂိတ်မှာလည်း နေ့လယ်ပိုင်းအထိ ခရီးသွားကားတွေ ရပ်တန့်စောင့်ဆိုင်းခဲ့ရတယ်လို့ ပြောပါတယ်။ ဒီညနေပိုင်းမှာ ကားတွေ သွားလာလို့ရနေပေမယ့် သေနတ်သံတွေ ကြားနေရဆဲဖြစ်လို့ သတိထားပြီး ဖြတ်သန်းနေကြပါတယ်။

ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားမှာ ၂၀၁၉ သြဂုတ်လအတွင်း တပ်မတော်နဲ့ TNLA တိုက်ပွဲကြောင့် အရပ်သားတွေ သေဆုံး ထိခိုက်ဒဏ်ရာရတာ၊ ခရီးသွားကားတချို့ မီးရှို့ခံရတာအပြင် ထောင်နဲ့ချီတဲ့ဒေသခံတွေ ကွတ်ခိုင်မြို့ပေါ်ကို နေရပ်စွန့်ခွာခဲ့ရပြီး မူဆယ် -မန္တလေး လမ်းပိုင်း တစ်လနီးပါး ပိတ်ဆို့မှုဖြစ်ခဲ့ပါတယ်။

အဲဒီကာလက တိုက်ပွဲပြင်းထန်တဲ့အတွက် လမ်းပိတ်ဆို့မှုဖြစ်လို့ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားက ကျေးရွာတွေ စားနပ်ရိက္ခာ ပြတ်တောက်ခဲ့ပါတယ်။

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကာလကြောင့် TNLA ဘက်က မေလကုန်အထိ အပစ်ရပ်ကာလ သတ်မှတ်ထားသလို တပ်မတော်ဘက်ကလည်း  ရခိုင်ဒေသကလွဲပြီး ကျန်တဲ့ဒေသတွေမှာ အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ထားတာပါ။ ဒီလို ထုတ်ပြန်ထားတဲ့ကြားကပဲ ဒီကနေ့ တိုက်ပွဲ ဖြစ်ခဲ့တာပါ။

ဒေသခံတွေကတော့ ကိုရိုနာရောဂါကာလမှာ ကွတ်ခိုင်ဒေသအတွင်း မနှစ်ကလို တိုက်ပွဲတွေ မဖြစ်အောင် သက်ဆိုင်ရာအဖွဲ့တွေ ထိန်းသိမ်းဆောင်ရွက်ပေးစေချင်တယ်လို့ ပြောကြပါတယ်။

ကံသာ / RFA Burmese
--------------------------------------------
(Zawgyi)⤵⤵⤵
ကပ္ေဘးကာလ အပစ္ရပ္ေၾကညာထားတဲ့ တပ္နဲ႔ TNLA တိုက္ပြဲျဖစ္

ပ်က္စီးသြားတဲ့ တပ္မေတာ္စစ္ကားနဲ႔ တပ္မေတာ္ရဲ႕ လက္နက္ခဲယမ္းတခ်ိဳ႕ကို TNLA တပ္ဖြဲ႕ဝင္အခ်ိဳ႕နဲ႔အတူ ေတြ႕ရစဥ္ / Photo: TNLA

ရွမ္းျပည္နယ္၊ ကြတ္ခိုင္ၿမိဳ႕မွာ နမ့္ကြတ္႐ြာအနီးမွာ တပ္မေတာ္နဲ႔ TNLA တို႔ ဒီမနက္က တိုက္ပြဲျဖစ္လို႔ ျပည္ေထာင္စုလမ္းမႀကီးမွာ ခရီးသြားကားေတြ ယာယီ ပိတ္မိခဲ့ပါတယ္။

ကြတ္ခိုင္-နမ့္ဖတ္ကာၾကားက နမ့္ကြတ္႐ြာနဲ႔ ရႈခင္းသာ အတက္ေနရာတစ္ဝိုက္မွာ တပ္မေတာ္နဲ႔ တအာင္း အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ TNLA တို႔ ဒီမနက္က တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

မူဆယ္ၿမိဳ႕ကေန ဆင္းလာတဲ့ တပ္မေတာ္ယာဥ္တန္းေတြ နမ့္ကြတ္႐ြာနားကို ျဖတ္သန္းၿပီးခ်ိန္ တိုက္ပြဲစတင္ ျဖစ္ခဲ့တာလို႔ ေဒသခံက ေျပာပါတယ္။ နမ့္ကြတ္႐ြာအနီး ေလးေနရာေလာက္မွာ မနက္ ဆယ္နာရီေက်ာ္ ကေန တိုက္ပြဲစတင္ျဖစ္ခဲ့ၿပီး ညေန သုံးနာရီအထိ ပစ္ခတ္သံေတြၾကားေနရလို႔ ခရီးသြားကားေတြ မသြားရဲဘဲ ျဖစ္ခဲ့တယ္ လို႔ ေဒသခံတစ္ဦးက RFA ကို ေျပာပါတယ္။

တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ TNLA ျပန္ၾကားေရးအရာရွိ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္က သူတို႔စစ္ေၾကာင္းေတြ ကားလမ္းျဖတ္သန္းခ်ိန္မွာ တပ္မေတာ္စစ္ေၾကာင္းနဲ႔တိုးလို႔ တိုက္ပြဲျဖစ္ခဲ့တာလို႔ ေျပာပါတယ္။

တိုက္ပြဲအတြင္း တပ္မေတာ္စစ္ကားတစ္စီး ပ်က္စီးသလို လက္နက္ခဲယမ္းတခ်ိဳ႕ သိမ္းဆည္းရမိတယ္လို႔ TNLA က ေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ တပ္မေတာ္ စစ္ေၾကာင္းကားေတြ နမ့္ကြတ္႐ြာအနီးမွာ မိုင္းခြဲ တိုက္ခိုက္ခံရတာျဖစ္ၿပီး စစ္ကား အနည္းငယ္ ပ်က္စီးတယ္လို႔ ေျပာပါတယ္။

ဒီညေနပိုင္းအထိ တပ္မေတာ္က နမ့္ကြတ္နဲ႔ ရႈခင္းသာတစ္ဝိုက္မွာ နယ္ေျမရွင္းလင္းေနတယ္လို႔ ဆိုပါတယ္။ ေဒသခံေတြနဲ႔ ခရီးသြားေတြကေတာ့ ညေနပိုင္းအထိ နမ့္ကြတ္႐ြာတစ္ဝိုက္ လက္နက္ႀကီး လက္နက္ငယ္ ပစ္ခတ္သံေတြကို ၾကားေနရၿပီး မူဆယ္ကေန ဆင္းလာတဲ့ ခရီးသြားကားေတြ နီးစပ္ရာအိမ္ေတြမွာ နားေနရသလို ကြတ္ခိုင္တိုးဂိတ္မွာလည္း ေန႔လယ္ပိုင္းအထိ ခရီးသြားကားေတြ ရပ္တန႔္ေစာင့္ဆိုင္းခဲ့ရတယ္လို႔ ေျပာပါတယ္။ ဒီညေနပိုင္းမွာ ကားေတြ သြားလာလို႔ရေနေပမယ့္ ေသနတ္သံေတြ ၾကားေနရဆဲျဖစ္လို႔ သတိထားၿပီး ျဖတ္သန္းေနၾကပါတယ္။

ကြတ္ခိုင္နဲ႔ နမ့္ဖတ္ကာၾကားမွာ ၂၀၁၉ ၾသဂုတ္လအတြင္း တပ္မေတာ္နဲ႔ TNLA တိုက္ပြဲေၾကာင့္ အရပ္သားေတြ ေသဆုံး ထိခိုက္ဒဏ္ရာရတာ၊ ခရီးသြားကားတခ်ိဳ႕ မီးရႈိ႕ခံရတာအျပင္ ေထာင္နဲ႔ခ်ီတဲ့ေဒသခံေတြ ကြတ္ခိုင္ၿမိဳ႕ေပၚကို ေနရပ္စြန႔္ခြာခဲ့ရၿပီး မူဆယ္ -မႏၲေလး လမ္းပိုင္း တစ္လနီးပါး ပိတ္ဆို႔မႈျဖစ္ခဲ့ပါတယ္။

အဲဒီကာလက တိုက္ပြဲျပင္းထန္တဲ့အတြက္ လမ္းပိတ္ဆို႔မႈျဖစ္လို႔ ကြတ္ခိုင္နဲ႔ နမ့္ဖတ္ကာၾကားက ေက်း႐ြာေတြ စားနပ္ရိကၡာ ျပတ္ေတာက္ခဲ့ပါတယ္။

လက္ရွိမွာ ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးကာလေၾကာင့္ TNLA ဘက္က ေမလကုန္အထိ အပစ္ရပ္ကာလ သတ္မွတ္ထားသလို တပ္မေတာ္ဘက္ကလည္း  ရခိုင္ေဒသကလြဲၿပီး က်န္တဲ့ေဒသေတြမွာ အပစ္ရပ္ထားမယ္လို႔ ထုတ္ျပန္ထားတာပါ။ ဒီလို ထုတ္ျပန္ထားတဲ့ၾကားကပဲ ဒီကေန႔ တိုက္ပြဲ ျဖစ္ခဲ့တာပါ။

ေဒသခံေတြကေတာ့ ကို႐ိုနာေရာဂါကာလမွာ ကြတ္ခိုင္ေဒသအတြင္း မႏွစ္ကလို တိုက္ပြဲေတြ မျဖစ္ေအာင္ သက္ဆိုင္ရာအဖြဲ႕ေတြ ထိန္းသိမ္းေဆာင္႐ြက္ေပးေစခ်င္တယ္လို႔ ေျပာၾကပါတယ္။

ကံသာ / RFA Burmese
https://www.rfa.org/burmese/news/tnla-and-army-attack-kutkai-05292020064222.html
ကပ်ဘေးကာလ အပစ်ရပ်ကြေညာထားတဲ့ တပ်နဲ့ TNLA တိုက်ပွဲဖြစ် ကပ်ဘေးကာလ အပစ်ရပ်ကြေညာထားတဲ့ တပ်နဲ့ TNLA တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.