တပ်ကုန်းမြို့နယ်မှာ Sino Truck ယာဉ် ဟိုက်ဒရောလစ်လန်ပြီး မုခ်ဦးကို ဝင်ရောက်တိုက်မိလို့ ၄ ဦးသေ၊ ၂ ဦးဒဏ်ရာရရှိ


(Unicode)⤵⤵⤵
 နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ချင်းစုကျေးရွာထိပ်မှာ မေလ ၂၇ ရက်နေ့ ည ၉ နာရီ အချိန်က Sino Truck ယာဉ်ရဲ့ ဟိုက်ဒရောလစ် လန်ပြီး မုခ်ဦးကို ဝင်ရောက် တိုက်မိတာကြောင့် ၄ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေး၀န်ကြီးဌာန သတင်းထုတ်ပြန် ချက်အရ သိရပါတယ်။

ချင်းစု-ကြာပင်အင်း ကျေးရွာချင်း ဆက်လမ်းအတိုင်း ချင်းစုကျေးရွာမှ ကြာပင်အင်း ကျေးရွာဘက်ကို အုန်းပင်အရှေ့ကျေးရွာနေ ဥက္ကာမင်း(၁၇)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ မိုးမိုး (၂၅)နှစ်ပါ ၅ ဦး လိုက်ပါလာတဲ့ 9L/xxxx Sino Truck ယာဉ်ဟာ ချင်းစုကျေးရွာထိပ်အရောက်မှာ ဟိုက်ဒရောလစ်လန်ကာ အရှိန်မထိန်းနိုင်ဘဲ အမြင့် ၁၅ ပေခန့်ရှိ ကျေးရွာအဝင်မုခ်ဦးကို ဝင်ရောက်တိုက်မိခဲ့တာပါ။

အဆိုပါ မုခ်ဦး ပြိုကျပိမိမှုကြောင့် ဥက္ကာမင်းပါ ၄ ဦးမှာ  ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာမှာ သေဆုံးသွားပြီး မိုးမိုးပါ ၂ ဦး မှာ ဒဏ်ရာများ ရရှိခဲ့တာကြောင့် ဥက္ကာမင်းကို တောင်ပို့သာနယ်မြေရဲစခန်းမှ ယာဉ်(ပ)၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ နဲ့ အမှုဖွင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သစ်ထူးလွင်
---------------------------------
(Zawgyi)⤵⤵⤵




သစ်ထူးလွင်
တပ်ကုန်းမြို့နယ်မှာ Sino Truck ယာဉ် ဟိုက်ဒရောလစ်လန်ပြီး မုခ်ဦးကို ဝင်ရောက်တိုက်မိလို့ ၄ ဦးသေ၊ ၂ ဦးဒဏ်ရာရရှိ တပ်ကုန်းမြို့နယ်မှာ Sino Truck ယာဉ် ဟိုက်ဒရောလစ်လန်ပြီး မုခ်ဦးကို ဝင်ရောက်တိုက်မိလို့ ၄ ဦးသေ၊ ၂ ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.