ရန္ကုန္က Semi lockdown ခ်ထားတဲ့ ၿမိဳ႕နယ္ ၁၀ ခုကို ရက္အကန႔္အသတ္မရွိထပ္တိုး

အင္းစိန္ ၿမိဳ႕နယ္ တစ္ခု တည္းမွာ တင္ ပိုးေတြ႕ လူနာ ၄၀ ေက်ာ္ ရွိေန
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းအတြင္းက (Semi lockdown) အသြားအလာကန႔္သတ္ထားတဲ့ ၿမိဳ႕နယ္ ၁၀ ခုကို ကန႔္သတ္မႈ ကာလကို ရက္အကန႔္အသတ္မရွိထပ္တိုးလိုက္တယ္လို႔ COVID-19 ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီထံကသိရပါတယ္။

အေစာပိုင္းကာလက ရန္ကုန္တိုင္းအတြင္း COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့တဲ့ ၿမိဳ႕နယ္ ၇ ခုကို အသြားအလာ ကန႔္သတ္ထားရာက ေနာက္ထပ္ ၿမိဳ႕နယ္ ၃ ခုကို ထပ္တိုးလိုက္ၿပီး စုစုေပါင္း ၿမိဳ႕နယ္ ၁၀ ခု အထိ တိုးျမႇင့္ ကန႔္သတ္ ထားခဲ့တာျဖစ္ပါတယ္။

ေမ ၁၃ ရက္မနက္ပိုင္းအထိ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးေတြ႕ရွိသူ ၁၈၀ ဦးရွိတဲ့အနက္ ရန္ကုန္တိုင္းက ၁၄၅ ဦးေတြ႕ရွိထားခဲ့တာျဖစ္ပါတယ္။

ေမ ၁၃ ရက္မနက္ပိုင္းအထိထုတ္ျပန္ခ်က္မ်ားအရ ေရာဂါကူးစက္သူလူနာအသစ္ ထပ္မေတြ႕ရတာ၂ ရက္ေက်ာ္ရွိလာၿပီျဖစ္ပါတယ္။

ဒါအျပင္ ရန္ကုန္တိုင္းမွာ ဒီကေန႔ ေမ ၁၃ ရက္ေန႔ကစၿပီး အျပင္ထြက္သူေတြ mask တပ္ဆင္မထားပါက ကူးစက္ေရာဂါႏွိမ္နင္းေရးဥပေဒနဲ႔ အေရးယူသြားမယ္လို႔ ထုတ္ျပန္ထားၿပီး ျဖစ္ပါတယ္။

BBC Burmese
------------------------------------
(Unicode)⤵⤵⤵
ရန်ကုန်က Semi lockdown ချထားတဲ့ မြို့နယ် ၁၀ ခုကို ရက်အကန့်အသတ်မရှိထပ်တိုး

ရန်ကုန်တိုင်းအတွင်းက (Semi lockdown) အသွားအလာကန့်သတ်ထားတဲ့ မြို့နယ် ၁၀ ခုကို ကန့်သတ်မှု ကာလကို ရက်အကန့်အသတ်မရှိထပ်တိုးလိုက်တယ်လို့ COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံကသိရပါတယ်။

အစောပိုင်းကာလက ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါပိုးတွေ့ရှိခဲ့တဲ့ မြို့နယ် ၇ ခုကို အသွားအလာ ကန့်သတ်ထားရာက နောက်ထပ် မြို့နယ် ၃ ခုကို ထပ်တိုးလိုက်ပြီး စုစုပေါင်း မြို့နယ် ၁၀ ခု အထိ တိုးမြှင့် ကန့်သတ် ထားခဲ့တာဖြစ်ပါတယ်။

မေ ၁၃ ရက်မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ ၁၈၀ ဦးရှိတဲ့အနက် ရန်ကုန်တိုင်းက ၁၄၅ ဦးတွေ့ရှိထားခဲ့တာဖြစ်ပါတယ်။

မေ ၁၃ ရက်မနက်ပိုင်းအထိထုတ်ပြန်ချက်များအရ ရောဂါကူးစက်သူလူနာအသစ် ထပ်မတွေ့ရတာ၂ ရက်ကျော်ရှိလာပြီဖြစ်ပါတယ်။

ဒါအပြင် ရန်ကုန်တိုင်းမှာ ဒီကနေ့ မေ ၁၃ ရက်နေ့ကစပြီး အပြင်ထွက်သူတွေ mask တပ်ဆင်မထားပါက ကူးစက်ရောဂါနှိမ်နင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52643468
ရန္ကုန္က Semi lockdown ခ်ထားတဲ့ ၿမိဳ႕နယ္ ၁၀ ခုကို ရက္အကန႔္အသတ္မရွိထပ္တိုး ရန္ကုန္က Semi lockdown ခ်ထားတဲ့ ၿမိဳ႕နယ္ ၁၀ ခုကို ရက္အကန႔္အသတ္မရွိထပ္တိုး Reviewed by THITHTOOLWIN on 23:31 Rating: 5
Powered by Blogger.