RFA သတင္းေထာက္ ဦးေအာင္မိုးျမင့္ရဲ႕ ဘဝမွတ္တမ္

(Zawgyi)⤵⤵⤵
RFA သတင္းဌာနရဲ႕ ထိုင္းႏိုင္ငံအေျခစိုက္ ဝါရင့္သတင္းေထာက္ တစ္ဦးျဖစ္တဲ့ ဦးေအာင္မိုးျမင္ ၄၉ ႏွစ္ဟာ ေမလ ၁၆ရက္ေန႔ က အသဲကင္ဆာေရာဂါနဲ႔ ထိုင္းႏိုင္ငံခ်င္းမိုင္ၿမိဳ႕မွာ ကြယ္လြန္သြားပါတယ္။

ဦးေအာင္မိုးျမင့္ဟာ RFA သတင္းေထာက္ေတြထဲမွာ လုပ္သက္အရွည္ၾကာဆုံး ထိုင္းႏိုင္ငံ အေျခစိုက္ သတင္းေထာက္တစ္ဦးပါ RFA သတင္းဌာနမွာ ၂၀၀၇ခုႏွစ္ ဝန္းက်င္က စၿပီး အလုပ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ အသဲကင္ဆာ ျဖစ္ေနမွန္းလြန္ခဲ့တဲ့ ၂ပတ္ေလာက္ ကမွသိခဲ့တာပါ အစားအေသာက္ပ်က္၊ ဗိုက္ကလည္း ေအာင့္လာတာျဖစ္လို႔ ေဆးခန္းသြားျပရာက ေဆးခန္းကတဆင့္ ေဆး႐ုံမွာ ေဆးစစ္ခဲ့ၿပီးေနာက္မွ ေရာဂါရွိမွန္း သိခဲ့တာပါ။

ေတာင္ငူၿမိဳ႕ဇာတိျဖစ္တဲ့ ဦးေအာင္မိုးျမင့္ဟာ ၁၉၈၈ အေရးေတာ္ပုံ ေနာက္ပိုင္းမွာ ေက်ာင္းသားတပ္မေတာ္ ABSDF ကို ဝင္ေရာက္ခဲ့ၿပီး ထိုင္းႏိုင္ငံကို ေရာက္ရွိလာတာပါ။ သူဟာ ABSDF တပ္ရင္း ၂၁၀၊ ဆက္သြယ္ေရးဌာနမွာ တာဝန္ထမ္းေဆာင္ခဲ့တယ္လို႔ သူငယ္ခ်င္း ကိုေမာင္ဟန္က ေျပာျပပါတယ္။

သူဟာ ေက်ာင္းသား တပ္မေတာ္ကို ဝင္ခဲ့တဲ့ ေက်ာင္းသားေတြထဲမွာ အသက္အငယ္ဆုံး ေက်ာင္းသား ၁၄ဦးထဲက တစ္ဦးျဖစ္တယ္လို႔ တပ္ဖြဲ႕ဝင္ေဟာင္းေတြက ေျပာပါတယ္။  ေနာက္ပိုင္းမွာေတာ့ သတင္းသမား ျဖစ္လာခဲ့ပါတယ္။ သူဟာ သတင္းသမား ျဖစ္ေနေပမယ့္ ခ်င္းမိုင္ၿမိဳ႕ အေျခစိုက္ အမ်ိဳးသမီးအဖြဲ႕ေတြ၊ တိုင္းရင္းသားစာေပနဲ႔ ယဥ္ေက်းမႈအဖြဲ႕ေတြမွာ အခ်ိန္အားရင္ အားသလို ေစတနာ့ဝင္ထမ္း ဝင္ေရာက္ကူညီ လုပ္ကိုင္ေပးေနတတ္ တယ္လို႔ ခ်င္းမိုင္ၿမိဳ႕က မိတ္ေဆြေတြ က ေျပာပါတယ္။ ထိုင္းႏိုင္ငံေတာင္ပိုင္းက ေ႐ြ႕ေျပာင္းအလုပ္သမား အေရးေဆာင္႐ြက္ေနတဲ့ ဦးထူးခ်စ္ကေတာ့ ဦးေအာင္မိုးျမင့္ကြယ္လြန္တာဟာ ထိုင္းႏိုင္ငံမွာ ျမန္မာႏိုင္ငံသားမ်ား အေရး ေဆာင္႐ြက္ေနသူေတြ အတြက္ဆုံးရႈံးမႈ ျဖစ္တယ္လို႔ေျပာပါတယ္။

ဦးထူးခ်စ္က ၂၀၀၄ခုႏွစ္က အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာ ဆူနာမီဒါဏ္ခံရခ်ိန္ ဦးေအာင္မိုးျမင့္ အပါအဝင္ ျမန္မာသတင္းေထာက္ေတြဟာ ထိုင္းႏိုင္ငံမွာ ဆူနာမိ ဒဏ္ခံရသူေတြထဲမွာ အေမ့ခံျဖစ္ေနတဲ့ ျမန္မာေ႐ြ႕ေျပာင္း အလုပ္သမားေတြအေၾကာင္း ကမာၻကသိေအာင္ လုပ္ေပးခဲ့သူေတြျဖစ္တယ္လို ဆိုပါတယ္။ ဦးေအာင္မိုးျမင့္ဟာ သတင္းသမားတစ္ဦးအေနနဲ႔ လက္နက္ကိုင္ တိုင္းရင္းသားေတြနဲ႔ အစိုးရ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္တဲ့ သတင္းေတြကို လုပ္တာမ်ားေပမယ့္ ၂၀၁၈ခုႏွစ္က ထိုင္းႏိုင္ငံခ်င္းယိုင္ ခ႐ိုင္မွာ ဂူထဲမွာ ပိတ္မိေနတဲ့ ေက်ာင္းသားေတြရဲ႕သတင္း ကမာၻမွာ ဟိုးေလးတေက်ာ္ ျဖစ္ေနခ်ိန္က ဒီသတင္းအတြက္ ျမန္မာျပည္တြင္း မီဒီယာေတြ အားလုံးလိုလိုက ဂူဝမွာ သတင္းယူဖို႔ ေရာက္ေနတဲ့ ထိုင္းစကားကို ကြၽမ္းကြၽမ္းက်င္က်င္ေျပာတတ္တဲ့ ဦးေအာင္မိုးျမင့္ကို ဆက္သြယ္ၿပီး သတင္းယူခဲ့ၾကပါတယ္။ ဦးေအာင္မိုးျမင့္ကလည္း သတင္းဌာနတိုင္းကို မေမာႏိုင္မပန္းႏိုင္ ေျဖၾကားေပးခဲ့ပါတယ္။

ဦးေအာင္မိုးျမင့္ဟာ ကြယ္လြန္ခ်ိန္မွာ သားတစ္ဦး သမီးတစ္ဦး က်န္ခဲ့ပါတယ္။

တင္ေအာင္ခိုင္ / RFA Burmese
--------------------------------------

(Unicode)⤵⤵⤵
RFA သတင်းထောက် ဦးအောင်မိုးမြင့်ရဲ့ ဘဝမှတ်တမ်း

RFA သတင်းဌာနရဲ့ ထိုင်းနိုင်ငံအခြေစိုက် ဝါရင့်သတင်းထောက် တစ်ဦးဖြစ်တဲ့ ဦးအောင်မိုးမြင် ၄၉ နှစ်ဟာ မေလ ၁၆ရက်နေ့ က အသဲကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ကွယ်လွန်သွားပါတယ်။

ဦးအောင်မိုးမြင့်ဟာ RFA သတင်းထောက်တွေထဲမှာ လုပ်သက်အရှည်ကြာဆုံး ထိုင်းနိုင်ငံ အခြေစိုက် သတင်းထောက်တစ်ဦးပါ RFA သတင်းဌာနမှာ ၂၀၀၇ခုနှစ် ဝန်းကျင်က စပြီး အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အသဲကင်ဆာ ဖြစ်နေမှန်းလွန်ခဲ့တဲ့ ၂ပတ်လောက် ကမှသိခဲ့တာပါ အစားအသောက်ပျက်၊ ဗိုက်ကလည်း အောင့်လာတာဖြစ်လို့ ဆေးခန်းသွားပြရာက ဆေးခန်းကတဆင့် ဆေးရုံမှာ ဆေးစစ်ခဲ့ပြီးနောက်မှ ရောဂါရှိမှန်း သိခဲ့တာပါ။

တောင်ငူမြို့ဇာတိဖြစ်တဲ့ ဦးအောင်မိုးမြင့်ဟာ ၁၉၈၈ အရေးတော်ပုံ နောက်ပိုင်းမှာ ကျောင်းသားတပ်မတော် ABSDF ကို ဝင်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာတာပါ။ သူဟာ ABSDF တပ်ရင်း ၂၁၀၊ ဆက်သွယ်ရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သူငယ်ချင်း ကိုမောင်ဟန်က ပြောပြပါတယ်။

သူဟာ ကျောင်းသား တပ်မတော်ကို ဝင်ခဲ့တဲ့ ကျောင်းသားတွေထဲမှာ အသက်အငယ်ဆုံး ကျောင်းသား ၁၄ဦးထဲက တစ်ဦးဖြစ်တယ်လို့ တပ်ဖွဲ့ဝင်ဟောင်းတွေက ပြောပါတယ်။  နောက်ပိုင်းမှာတော့ သတင်းသမား ဖြစ်လာခဲ့ပါတယ်။ သူဟာ သတင်းသမား ဖြစ်နေပေမယ့် ချင်းမိုင်မြို့ အခြေစိုက် အမျိုးသမီးအဖွဲ့တွေ၊ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေမှာ အချိန်အားရင် အားသလို စေတနာ့ဝင်ထမ်း ဝင်ရောက်ကူညီ လုပ်ကိုင်ပေးနေတတ် တယ်လို့ ချင်းမိုင်မြို့က မိတ်ဆွေတွေ က ပြောပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းက ရွေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်နေတဲ့ ဦးထူးချစ်ကတော့ ဦးအောင်မိုးမြင့်ကွယ်လွန်တာဟာ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားများ အရေး ဆောင်ရွက်နေသူတွေ အတွက်ဆုံးရှုံးမှု ဖြစ်တယ်လို့ပြောပါတယ်။

ဦးထူးချစ်က ၂၀၀၄ခုနှစ်က အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆူနာမီဒါဏ်ခံရချိန် ဦးအောင်မိုးမြင့် အပါအဝင် မြန်မာသတင်းထောက်တွေဟာ ထိုင်းနိုင်ငံမှာ ဆူနာမိ ဒဏ်ခံရသူတွေထဲမှာ အမေ့ခံဖြစ်နေတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေအကြောင်း ကမ္ဘာကသိအောင် လုပ်ပေးခဲ့သူတွေဖြစ်တယ်လို ဆိုပါတယ်။ ဦးအောင်မိုးမြင့်ဟာ သတင်းသမားတစ်ဦးအနေနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို လုပ်တာများပေမယ့် ၂၀၁၈ခုနှစ်က ထိုင်းနိုင်ငံချင်းယိုင် ခရိုင်မှာ ဂူထဲမှာ ပိတ်မိနေတဲ့ ကျောင်းသားတွေရဲ့သတင်း ကမ္ဘာမှာ ဟိုးလေးတကျော် ဖြစ်နေချိန်က ဒီသတင်းအတွက် မြန်မာပြည်တွင်း မီဒီယာတွေ အားလုံးလိုလိုက ဂူဝမှာ သတင်းယူဖို့ ရောက်နေတဲ့ ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ ဦးအောင်မိုးမြင့်ကို ဆက်သွယ်ပြီး သတင်းယူခဲ့ကြပါတယ်။ ဦးအောင်မိုးမြင့်ကလည်း သတင်းဌာနတိုင်းကို မမောနိုင်မပန်းနိုင် ဖြေကြားပေးခဲ့ပါတယ်။

ဦးအောင်မိုးမြင့်ဟာ ကွယ်လွန်ချိန်မှာ သားတစ်ဦး သမီးတစ်ဦး ကျန်ခဲ့ပါတယ်။

တင်အောင်ခိုင် / RFA Burmese
https://www.rfa.org/burmese/program_2/u-aung-moe-myint-Biography-05172020003525.html
RFA သတင္းေထာက္ ဦးေအာင္မိုးျမင့္ရဲ႕ ဘဝမွတ္တမ္ RFA သတင္းေထာက္ ဦးေအာင္မိုးျမင့္ရဲ႕ ဘဝမွတ္တမ္ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.