မူဆယ္ၿမိဳ႕အဝင္ Oriental Highway (OHC) တိုးဂိတ္အား ဗုံးျဖင့္ ပစ္ခတ္ခံရ


(Zawgyi)⤵⤵⤵
မူဆယ္ ေမ ၁၁

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕အဝင္ရွိ Oriental Highway(OHC)တိုးဂိတ္ကို ယေန႔ ည(၈)နာရီခြဲ အခ်ိန္ခန႔္က ဆိုင္ကယ္စီးလာသူ (အမည္မသိ) လူႏွစ္ဦးက အိတ္ျဖင့္ထုတ္ထားသည့္ ဗုံးဟုယူဆရေသာအရာျဖင့္ လာေရာက္ပစ္သြားသျဖင့္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေပါက္ကြဲမႈေၾကာင့္ Oriental Highway (OHC) တိုးဂိတ္ အမိုးလန္သြားၿပီး ေငြေကာက္ေကာင္တာ (၃)ခု မွန္ကြဲပ်က္စီး သြားကာ ေငြေကာက္ေကာင္တာ၌ တာဝန္က်သူ မ်ိဳးထက္ႏိုင္(၂၁)ႏွစ္၊ (ဘ)ဦးေအာင္ေနလင္း ဒဏ္ရာအနည္းငယ္ (မစိုးရိမ္ရ) ရရွိခဲ့ေၾကာင္း သိရသည္။

Oriental Highway (OHC) တိုးဂိတ္အား ဗုံးျဖင့္လာပစ္သူႏွစ္ဦးသည္ မူဆယ္ၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္းအတိုင္း ဆိုင္ကယ္ ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း ကနဦး သတင္းရရွိသည္။

ဆလိုင္းဗန္႐ိုထန္ (ျပန္/ဆက္)
MOI Webportal Myanmar
----------------------------

(Unicode)⤵⤵⤵
မူဆယ်မြို့အဝင် Oriental Highway (OHC) တိုးဂိတ်အား ဗုံးဖြင့် ပစ်ခတ်ခံရ

မူဆယ် မေ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အဝင်ရှိ Oriental Highway(OHC)တိုးဂိတ်ကို ယနေ့ ည(၈)နာရီခွဲ အချိန်ခန့်က ဆိုင်ကယ်စီးလာသူ (အမည်မသိ) လူနှစ်ဦးက အိတ်ဖြင့်ထုတ်ထားသည့် ဗုံးဟုယူဆရသောအရာဖြင့် လာရောက်ပစ်သွားသဖြင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် Oriental Highway (OHC) တိုးဂိတ် အမိုးလန်သွားပြီး ငွေကောက်ကောင်တာ (၃)ခု မှန်ကွဲပျက်စီး သွားကာ ငွေကောက်ကောင်တာ၌ တာဝန်ကျသူ မျိုးထက်နိုင်(၂၁)နှစ်၊ (ဘ)ဦးအောင်နေလင်း ဒဏ်ရာအနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

Oriental Highway (OHC) တိုးဂိတ်အား ဗုံးဖြင့်လာပစ်သူနှစ်ဦးသည် မူဆယ်မြို့၊ မြို့ရှောင်လမ်းအတိုင်း ဆိုင်ကယ် မောင်းနှင်ထွက်ပြေးသွားကြောင်း ကနဦး သတင်းရရှိသည်။

ဆလိုင်းဗန်ရိုထန် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မူဆယ္ၿမိဳ႕အဝင္ Oriental Highway (OHC) တိုးဂိတ္အား ဗုံးျဖင့္ ပစ္ခတ္ခံရ မူဆယ္ၿမိဳ႕အဝင္ Oriental Highway (OHC) တိုးဂိတ္အား ဗုံးျဖင့္ ပစ္ခတ္ခံရ Reviewed by THITHTOOLWIN on 01:05 Rating: 5
Powered by Blogger.