ရဲအေယာင္ေဆာင္ဖမ္းဆီးဖို႔ ႀကိဳးစားသူေတြေၾကာင့္ ေတာင္ကုတ္ NLD အဖြဲ႕ဝင္ေတြ တိမ္းေရွာင္ေနရ

ရဲအေယာင္ေဆာင္ဖမ္းဆီးဖို႔ ႀကိဳးစားသူေတြေၾကာင့္ ေတာင္ကုတ္ NLD အဖြဲ႕ဝင္ေတြ တိမ္းေရွာင္ေနရ
(Zawgyi)⤵⤵⤵
 ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီဝင္ေတြရဲ႕ ေနအိမ္ေတြကို ညဘက္မွာ ရဲအေယာင္ေဆာင္ထားၿပီး ဖမ္းဆီးဖို႔ႀကိဳးစားခဲ့ၾကတာျဖစ္ၿပီး အသက္အႏၲရာယ္လည္း ၿခိမ္းေျခာက္တာ ခံေနရတဲ့အတြက္ ဒီလို NLD ပါတီဝင္တခ်ိဳ႕ ထြက္ေျပးေနၾကရတယ္လို႔ ေတာင္ကုတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၂ ကိုယ္စားလွယ္ ဦးမင္းေအာင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ၉ ရက္ေန႔ကလည္း ေျမာက္ပိုင္းရခိုင္ေလသံနဲ႔ တေယာက္က သတ္ျဖတ္မယ္ဆိုၿပီး ၿခိမ္းေျခာက္ဖုန္းဆက္ခဲ့သလို ဧၿပီ ၁၄ ရက္ေန႔ညမွာလဲ လူတစုက ေနအိမ္ၿခံတခါးကို လာဖြင့္ခဲ့ေၾကာင္း၊ ေဆြမ်ိဳးေတြ နဲ႔ ႐ြာခံေတြေရာက္လာေတာ့မွ ထြက္ေျပးသြားခဲ့ၾကတယ္လို႔ လက္ရွိမွာ တိမ္းေရွာင္ေနရဆဲျဖစ္တဲ့ ဘူးေ႐ႊေမာ္႐ြာသား NLD ပါတီရဲ႕ၿမိဳ႕နယ္အလုပ္အမႈေဆာင္ ဦးသန္းေဌးက ေျပာပါတယ္။ ဦးသန္းေဌးက သူ႔ကိုၿခိမ္းေျခာက္သူေတြဟာ AA အဖြဲ႕ကလို႔ ေျပာပါတယ္။

အလားတူပဲ ေက်ာ္ကိုင္း႐ြာ အုပ္ခ်ဳပ္ေရးမႉးဆီကို ေမလ ၂ ရက္ေန႔က အရပ္ဝတ္နဲ႔လူေလးေယာက္ ေရာက္လာၿပီး ေက်ာက္ျဖဴရဲစခန္းကလို႔ေျပာၿပီး NLD ပါတီ ျပည္နယ္အလုပ္အမႈေဆာင္ ဦးဝင္းလႈိင္ကိုေခၚေပးဖို႔ ေျပာခဲ့တယ္လို႔ ဦးသန္းေဌးကေျပာပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးသန္းႏိုင္ကို RFA ကဆက္သြယ္တဲ့အခါမွာ NLD ပါတီဝင္ေတြကို ဖမ္းဖို႔ႀကိဳးစားသူေတြဟာ ရဲတပ္ဖြဲ႕ဝင္ေတြမဟုတ္ေၾကာင္း၊ ဒီသတင္းဟာ သတင္းမွားသာျဖစ္ေၾကာင္း ေျပာပါတယ္။ အစည္းအေဝးရွိေနတာေၾကာင့္ အေသးစိတ္ကိုေတာ့ ညေနမွျပန္လည္ေမးျမန္းဖို႔ ေျပာပါတယ္။ ဒီေန႔ညေနမွာ ထပ္မံေမးျမန္းဖို႔ႀကိဳးစားရာမွာေတာ့ ဆက္သြယ္လို႔ မရပါဘူး။

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးကကလည္း ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္၊ ဘူးေ႐ႊေမာ္ေက်း႐ြာက ႐ြာသား ဦးသန္းေ႐ႊကို ေမလ ၅ ရက္ေန႔ မနက္အေစာပိုင္းမွာ AA ကလာေရာက္ဖမ္းဆီးသြားတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ ဦးသန္းေ႐ႊဟာ ေက်း႐ြာရဲ႕ (COVID-19) ေရာဂါ ကာကြယ္ေစာင့္ေရွာက္ေရးေကာ္မတီမွာ ဥကၠ႒အျဖစ္ ေဆာင္႐ြက္ေနသူျဖစ္တယ္လို႔လည္း ပါရွိပါတယ္။

NLD ပါတီရဲ႕ ေတာင္ကုတ္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂) ကိုယ္စားလွယ္ ဦးမင္းေအာင္ကေတာ့ လာေရာက္ဖမ္းသူေတြဟာ သူတို႔ပါတီဝင္ ဦးသန္းေဌးကိုဖမ္းဖို႔လာတာျဖစ္ၿပီး ဦးသန္းေဌးကိုမရလို႔ သူနဲ႔အရင္းႏွီးဆုံးျဖစ္တဲ့ ဦးသန္းေ႐ႊကို ဖမ္းသြားတာျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္။ ေနအိမ္ေတြကိုလာ ေရာက္ဝိုင္းတဲ့သူေတြဟာ ဘယ္သူဘယ္ဝါေတြျဖစ္တယ္ဆိုတာေတာ့ ေသခ်ာမသိဘူးလို႔ ေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA အဖြဲ႕ဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလက NLD ပါတီဝင္ ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို အတင္းအၾကပ္ဖမ္းဆီးေခၚေဆာင္ ထိန္းသိမ္းခဲ့ဖူးသလို၊ ရေသ့ေတာင္ NLD ပါတီဥကၠ႒ ဦးရဲသိန္းကိုလည္း ဒီဇင္ဘာလက ဖမ္းဆီးေခၚေဆာင္ထားခဲ့ရမွာ တိုက္ပြဲတခုအတြင္း ထိခိုက္ဒဏ္ရာရၿပီး ေသဆုံးတယ္လို႔ ေၾကညာခဲ့ပါတယ္။

ေတာင္ကုတ္နဲ႔ ရခိုင္ျပည္နယ္က NLD ပါတီဝင္ေတြအေပၚ ဖမ္းဆီးဖို႔ႀကိဳးပမ္းတာ၊ အသက္အႏၲရာယ္ၿခိမ္းေျခာက္တာေတြနဲ႔ ပတ္သက္လို႔ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ စည္ပင္ ဝန္ႀကီး ဦးဝင္းျမင့္ကို RFA က အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ဒီအျဖစ္အပ်က္ေတြနဲ႔ပတ္သက္လို႔ အစိုးရေျပာေရးဆိုခြင့္ရွိသူ သမၼတ႐ုံး ၫႊန္ၾကားေရးမႉး ဦးေဇာ္ေဌးကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ခုခ်ိန္အထိ တစုံတရာ ျပန္လည္ေျဖၾကားတာမရွိေသးပါဘူး။

ဒီကိစၥနဲ႔ပတ္သက္ၿပီး NLD ပါတီ ျပန္ၾကားေရးအဖြဲ႕ အဖြဲ႕ဝင္ မုံ႐ြာေအာင္ရွင္က အခုလို မွတ္ခ်က္ေပးပါတယ္။

"က်ေနာ့္ဆီေတာ့ ဘာမွ Report မလာဘူး။ ဒီဟာ တကယ္တမ္းျဖစ္တယ္ဆိုရင္ေတာ့ ျပည္နယ္အစိုးရကို တိုင္ရမယ္။ ဒါမွမဟုတ္ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ျဖစ္ တိုင္ထားရမွာေပါ့။ ေနာက္တခုက ေရွာင္ေနတာလည္း ေကာင္းပါတယ္။ က်ေနာ္ေတာ့ သေဘာက်ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒါက ဘယ္အဖြဲ႕အစည္းကမွန္းလဲ မသိဘူး။ အဲဒီေတာ့အေကာင္းဆုံးကေတာ့ သက္ဆိုင္ရာကို အားလုံးကို အသိေပးထားတာ အေကာင္းဆုံးပဲ။ ႏွစ္ အခ်က္ကေတာ့ ေရွာင္ေနတာ အေကာင္းဆုံးပဲ။"

ခုလို ေတာင္ကုတ္ၿမိဳ႕က NLD ပါတီဝင္ေတြကို ၿခိမ္းေျခာက္သူေတြဟာ AA အဖြဲ႕က ျဖစ္တယ္ဆိုတဲ့ ေျပာဆိုခ်က္နဲ႔ပတ္သက္ၿပီး AA အဖြဲ႕ ေျပာခြင့္ရသူ ခိုင္သုခ က NLD ပါတီဝင္ေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ ကိစၥသာျဖစ္ၿပီး AA နဲ႔သက္ဆိုင္မႈမရွိဘူးလို႔ RFA ကို ေျဖၾကားပါတယ္။

AA အဖြဲ႕က လူေတြက ရဲဝတ္နဲ႔ ဖမ္းဆီးဖို႔ႀကိဳးစားတာျဖစ္တယ္ဆိုတဲ့ ေျပာဆိုခ်က္နဲ႔ပတ္သက္လို႔ ဒါဟာ သက္သက္အေျခအျမစ္မရွိတဲ့ စြပ္စြဲခ်က္ျဖစ္ေၾကာင္း၊ ဒီကႎစၥနဲ႔ AA အဖြဲ႕နဲ႔ ပတ္သက္မႈမရွိေၾကာင္း၊ ဒါဟာ AA အဖြဲ႕အေပၚ အထင္အျမင္လြဲမွားလာေအာင္ လုပ္ႀကံဖန္တီးခ်က္သာျဖစ္လိမ့္မယ္လို႔လည္း ခိုင္သုခက ေျပာၾကားပါတယ္။

ေတာင္ကုတ္က NLD ပါတီဝင္ေတြရဲ႕ အဆိုအရ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာလည္း အေကာင့္အတုေတြနဲ႔ သူတို႔အေပၚ အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈေတြ ရွိေနတယ္လို႔လည္း RFA ကို ေျပာၾကားပါတယ္။

RFA Burmese
----------------------------------
(Unicode)⤵⤵⤵
ရဲအယောင်ဆောင်ဖမ်းဆီးဖို့ ကြိုးစားသူတွေကြောင့် တောင်ကုတ် NLD အဖွဲ့ဝင်တွေ တိမ်းရှောင်နေရ

 ရခိုင်ပြည်နယ် တောင်ကုတ်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့ နေအိမ်တွေကို ညဘက်မှာ ရဲအယောင်ဆောင်ထားပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့ကြတာဖြစ်ပြီး အသက်အန္တရာယ်လည်း ခြိမ်းခြောက်တာ ခံနေရတဲ့အတွက် ဒီလို NLD ပါတီဝင်တချို့ ထွက်ပြေးနေကြရတယ်လို့ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားလှယ် ဦးမင်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကလည်း မြောက်ပိုင်းရခိုင်လေသံနဲ့ တယောက်က သတ်ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်ဖုန်းဆက်ခဲ့သလို ဧပြီ ၁၄ ရက်နေ့ညမှာလဲ လူတစုက နေအိမ်ခြံတခါးကို လာဖွင့်ခဲ့ကြောင်း၊ ဆွေမျိုးတွေ နဲ့ ရွာခံတွေရောက်လာတော့မှ ထွက်ပြေးသွားခဲ့ကြတယ်လို့ လက်ရှိမှာ တိမ်းရှောင်နေရဆဲဖြစ်တဲ့ ဘူးရွှေမော်ရွာသား NLD ပါတီရဲ့မြို့နယ်အလုပ်အမှုဆောင် ဦးသန်းဌေးက ပြောပါတယ်။ ဦးသန်းဌေးက သူ့ကိုခြိမ်းခြောက်သူတွေဟာ AA အဖွဲ့ကလို့ ပြောပါတယ်။

အလားတူပဲ ကျော်ကိုင်းရွာ အုပ်ချုပ်ရေးမှူးဆီကို မေလ ၂ ရက်နေ့က အရပ်ဝတ်နဲ့လူလေးယောက် ရောက်လာပြီး ကျောက်ဖြူရဲစခန်းကလို့ပြောပြီး NLD ပါတီ ပြည်နယ်အလုပ်အမှုဆောင် ဦးဝင်းလှိုင်ကိုခေါ်ပေးဖို့ ပြောခဲ့တယ်လို့ ဦးသန်းဌေးကပြောပါတယ်။

တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်ကို RFA ကဆက်သွယ်တဲ့အခါမှာ NLD ပါတီဝင်တွေကို ဖမ်းဖို့ကြိုးစားသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေမဟုတ်ကြောင်း၊ ဒီသတင်းဟာ သတင်းမှားသာဖြစ်ကြောင်း ပြောပါတယ်။ အစည်းအဝေးရှိနေတာကြောင့် အသေးစိတ်ကိုတော့ ညနေမှပြန်လည်မေးမြန်းဖို့ ပြောပါတယ်။ ဒီနေ့ညနေမှာ ထပ်မံမေးမြန်းဖို့ကြိုးစားရာမှာတော့ ဆက်သွယ်လို့ မရပါဘူး။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကကလည်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာက ရွာသား ဦးသန်းရွှေကို မေလ ၅ ရက်နေ့ မနက်အစောပိုင်းမှာ AA ကလာရောက်ဖမ်းဆီးသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဦးသန်းရွှေဟာ ကျေးရွာရဲ့ (COVID-19) ရောဂါ ကာကွယ်စောင့်ရှောက်ရေးကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်တယ်လို့လည်း ပါရှိပါတယ်။

NLD ပါတီရဲ့ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးမင်းအောင်ကတော့ လာရောက်ဖမ်းသူတွေဟာ သူတို့ပါတီဝင် ဦးသန်းဌေးကိုဖမ်းဖို့လာတာဖြစ်ပြီး ဦးသန်းဌေးကိုမရလို့ သူနဲ့အရင်းနှီးဆုံးဖြစ်တဲ့ ဦးသန်းရွှေကို ဖမ်းသွားတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ နေအိမ်တွေကိုလာ ရောက်ဝိုင်းတဲ့သူတွေဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာတော့ သေချာမသိဘူးလို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက NLD ပါတီဝင် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းခဲ့ဖူးသလို၊ ရသေ့တောင် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကိုလည်း ဒီဇင်ဘာလက ဖမ်းဆီးခေါ်ဆောင်ထားခဲ့ရမှာ တိုက်ပွဲတခုအတွင်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးတယ်လို့ ကြေညာခဲ့ပါတယ်။

တောင်ကုတ်နဲ့ ရခိုင်ပြည်နယ်က NLD ပါတီဝင်တွေအပေါ် ဖမ်းဆီးဖို့ကြိုးပမ်းတာ၊ အသက်အန္တရာယ်ခြိမ်းခြောက်တာတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦးဝင်းမြင့်ကို RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ခုချိန်အထိ တစုံတရာ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီ ပြန်ကြားရေးအဖွဲ့ အဖွဲ့ဝင် မုံရွာအောင်ရှင်က အခုလို မှတ်ချက်ပေးပါတယ်။

"ကျနော့်ဆီတော့ ဘာမှ Report မလာဘူး။ ဒီဟာ တကယ်တမ်းဖြစ်တယ်ဆိုရင်တော့ ပြည်နယ်အစိုးရကို တိုင်ရမယ်။ ဒါမှမဟုတ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖြစ် တိုင်ထားရမှာပေါ့။ နောက်တခုက ရှောင်နေတာလည်း ကောင်းပါတယ်။ ကျနော်တော့ သဘောကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ဘယ်အဖွဲ့အစည်းကမှန်းလဲ မသိဘူး။ အဲဒီတော့အကောင်းဆုံးကတော့ သက်ဆိုင်ရာကို အားလုံးကို အသိပေးထားတာ အကောင်းဆုံးပဲ။ နှစ် အချက်ကတော့ ရှောင်နေတာ အကောင်းဆုံးပဲ။"

ခုလို တောင်ကုတ်မြို့က NLD ပါတီဝင်တွေကို ခြိမ်းခြောက်သူတွေဟာ AA အဖွဲ့က ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး AA အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခ က NLD ပါတီဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကိစ္စသာဖြစ်ပြီး AA နဲ့သက်ဆိုင်မှုမရှိဘူးလို့ RFA ကို ဖြေကြားပါတယ်။

AA အဖွဲ့က လူတွေက ရဲဝတ်နဲ့ ဖမ်းဆီးဖို့ကြိုးစားတာဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ဒါဟာ သက်သက်အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်ကြောင်း၊ ဒီကိံစ္စနဲ့ AA အဖွဲ့နဲ့ ပတ်သက်မှုမရှိကြောင်း၊ ဒါဟာ AA အဖွဲ့အပေါ် အထင်အမြင်လွဲမှားလာအောင် လုပ်ကြံဖန်တီးချက်သာဖြစ်လိမ့်မယ်လို့လည်း ခိုင်သုခက ပြောကြားပါတယ်။

တောင်ကုတ်က NLD ပါတီဝင်တွေရဲ့ အဆိုအရ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း အကောင့်အတုတွေနဲ့ သူတို့အပေါ် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့လည်း RFA ကို ပြောကြားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရဲအေယာင္ေဆာင္ဖမ္းဆီးဖို႔ ႀကိဳးစားသူေတြေၾကာင့္ ေတာင္ကုတ္ NLD အဖြဲ႕ဝင္ေတြ တိမ္းေရွာင္ေနရ ရဲအေယာင္ေဆာင္ဖမ္းဆီးဖို႔ ႀကိဳးစားသူေတြေၾကာင့္ ေတာင္ကုတ္ NLD အဖြဲ႕ဝင္ေတြ တိမ္းေရွာင္ေနရ Reviewed by THITHTOOLWIN on 00:41 Rating: 5
Powered by Blogger.