အတိုင်ပင်ခံ၏ Mask ပြိုင်ပွဲ ရုရှားသံအမတ်ကြီးနဲ့ သံရုံးမိသားစုက အထူးဆုရ

Photo- Embassy of Russia in Myanmar
(Unicode)⤵⤵⤵
နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးပြုလုပ်တဲ့ Mask ပြိုင်ပွဲမှာ ရုရှားသံအမတ်ကြီးနဲ့ သံရုံးမိသားစုက  အထူးဆုရရှိခဲ့ပါတယ်။
“ကျွန်မ အထူးဆုတစ်ခုချီးမြှင့်ပါမယ်။ ဒီဆုကတော့ ရုရှနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolay Listopadov နဲ့သံရုံးမိသားစုအတွက်ပါ။ ကျွန်မတို့ ပြိုင်ပွဲကိုအားပေးလိုတဲ့စိတ်နဲ့ သံရုံးမိသားစုဝင် (၃)ဦးလုံး ရုရှလင်နင်သားနဲ့ ချုပ်ထားတဲ့ mask တွေတပ်ဆင်ပြီးရိုက်ထားတဲ့ပုံက စိတ်ရွှင်လန်းစရာပါ။”လို့ နိုင်ငံတော်အတိုင်ပင်ခံက facebook စာမျက်နှာကတဆင့် မေ ၂၃ ရက် မှာ ကြေညာခဲ့ပါတယ်။

အတိုင်ပင်ခံရဲ့   Mask ပြိုင်ပွဲ ဝင်ပြိုင်သူ (၂၁၁၂၀ ) ဦးရှိခဲ့ပါတယ်။

ပြည်သူ အနှစ်သက်ဆုံးဆု၊ တီထွင်ဖန်တီးမှု အကောင်းဆုံးဆု၊ပြည်သူအကျိုးပြုဆု နဲ့ စိတ်ဝင်စားဖွယ် အကောင်းဆုံး ရည်ရွယ်ချက်ဆု ဆိုတဲ့ အမျိုးအစား ၄ ခုမှာ အနိုင်ရသူ ၁၂ ယောက် ရှိပြီး ရုရှားသံအမတ်ကြီးနဲ့ သံရုံးမိသားစုက အထူးဆုရရှိခဲ့တာပါ။

One News Myanmar
--------------------------------------------
(Zawgyi)⤵⤵⤵




One News Myanmar
https://www.facebook.com/onenewsmyan
အတိုင်ပင်ခံ၏ Mask ပြိုင်ပွဲ ရုရှားသံအမတ်ကြီးနဲ့ သံရုံးမိသားစုက အထူးဆုရ အတိုင်ပင်ခံ၏ Mask ပြိုင်ပွဲ ရုရှားသံအမတ်ကြီးနဲ့ သံရုံးမိသားစုက အထူးဆုရ Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.