KNU တပ္မဟာ(၅) က အဓမၼတပ္သားသစ္ စုေဆာင္းေနတယ္ဆုိတဲ့ ေျပာဆုိမႈေတြထြက္ေပၚ

ကရင္အမ်ိဳးသားအစည္းအရံုး KNU တပ္သားမ်ား
(Zawgyi/Unicode)

ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္အတြင္း ကရင္အမ်ိဳးသားအစည္းအရံုး KNU တပ္မဟာ(၅)အဖြဲ႕ကေန အတင္းအဓမၼ စစ္သားစုေဆာင္းေနတာေၾကာင့္ ေဒသခံရြာသားေတြ ေနရပ္ကေနတိမ္းေရွာင္ေနရတဲ့ အေျခအေနေတြကို နိုင္ကြန္းအိန္ တင္ဆက္ေပးမွာပါ။

KNUတပ္မဟာ(၅)အဖြဲ႕ လူသစ္စုေဆာင္းမွဳေၾကာင့္ ကရင္ျပည္နယ္၊ ဖာပြန္ၿမိဳ႕နယ္အတြင္း ရြာသား ၁၀၀ ေက်ာ္ ကမာေမာင္းနဲ႕ ျမိဳင္ၾကီးငူဘက္ ထြက္ေျပးတိမ္းေရွာင္ေနရေၾကာင္း တပ္မေတာ္သတင္းမွန္ထုတ္ျပန္ေရးအဖြဲ႕အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကို အခုလိုေျပာပါတယ္။

“KNU တပ္မဟာ(၅)ဖက္မွာ ဒီဖါပြန္နယ္အတြင္းမွာရွိတဲ့နယ္ေျမေတြမွာ တပ္သားသစ္ေတြ စုေဆာင္းေနတဲ့အတြက္ နယ္ေျမခံတခ်ိဳ႕ ထြက္ေျပးတိမ္းေရွာင္ေနရတာရွိတယ္။ ဒါနဲ႕ပက္သက္ျပီးေတာ့က NCAစာခ်ဳပ္ထဲမွာပါျပီးျဖစ္တယ္။ ဒါနဲ႕ပက္သက္ျပီးေတာ့ေရွာင္ရွားဖို႕လိုပါတယ္။ ေဒသခံျပည္သူလူထူအတြက္လဲ ၀န္ထုတ္၀န္ပိုးျဖစ္လာနိုင္ပါတယ္။ ဒါေတြကို ေရွာင္ရွားဖို႕လိုတယ္လို႕။”

KNUအဖြဲ႕ဟာ တစ္နိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးထားတဲ့အဖြဲ႕ ျဖစ္လို႕ ယခုလို လူသစ္ စုေဆာင္းမႈေတြေဆာင္ရြက္တာဟာ NCA စာခ်ဳပ္ပါအခ်က္ေတြကို ေဖာက္ဖ်က္ေနတဲ့ အတြက္ သက္ဆိုင္ရာမွတစ္ဆင့္ သတိေပးတားျမစ္ကန႔္ကြက္ေဆာင္ရြက္သြားမယ္လို႕သူက ဆိုပါတယ္။

ဖာပြန္ၿမိဳ႕နယ္အတြင္းေက်းရြာေတြမွာ KNUတပ္မဟာ(၅) အဖြဲ႕က လူသစ္စုေဆာင္းမႈေတြေဆာင္ရြက္လာလို႕ ေမ ၁၆ ရက္မွာ ဖါးပြန္ျမိဳ႕နယ္ ၊မဲကုလား ၊ကမ္းနား ၊ထီးေဘာခို႔ ၊ ေက်ာက္သေဘၤာ၊ ေက်ာက္ကြင္း ေက်းရြာက ေက်းရြာသား စုစုေပါင္း ၆၁ ဦးတို႔ဟာ ကမေမာင္းၿမိဳ႕ဘက္ကို လည္းေကာင္း၊ ေက်ာက္ကြင္း ၊ဇာေကာ့လုံ ၊ကိုလူပ်ိဳ ၊မဲပလီခီး ေက်းရြာ တု႔ိက ေက်းရြာသား ၄၆ ဦးတို႕ဟာ လွိုင္းဘြဲၿမိဳ႕နယ္၊ ၿမိဳင္ႀကီးငူအထူးေဒသ၊ လဲလြန္းၿမိဳင္ရပ္ကြက္နဲ႕ ေမ ၁၇ ရက္မွာ ၿမိဳင္ႀကီးငူ အထူးေဒသ၊ နန္းေဟၿမိဳင္ရပ္ကြက္ဘက္ကို ထြက္ေျပးတိမ္းေရွာင္ေရာက္ရွိေနတယ္လို႕ တပ္မေတာ္ ကာကြယ္ေရး ဦးးစီးခ်ဳပ္ရံုးကေန သတင္းထုတ္ျပန္ထားပါတယ္။

တပ္သားသစ္စုေဆာင္းမွဳေၾကာင့္ ၿမိဳင္ႀကီးငူအထူးေဒသ၊ လဲလြန္းၿမိဳင္ ရပ္ကြက္ဖက္မွာ ရြာသားတခ်ိဳ႕ တိမ္းေရွာင္ ေရာက္ရွိေနေၾကာင္း လဲလြန္းၿမိဳင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ေစာေမာင္ဖိုး ကေျပာပါတယ္။

“စစ္အင္အားေတြ လိုအပ္ေနလို႕သူတို႕က စစ္သားေတြေကာက္တာေပါ့ကြယ္။ KNUေပါ့။ သူတို႕ေျပာပုံအရေတာ့။ အဲတာ ေၾကာင့္သူတို႕က ေရွာင္လာတာ။ တိမ္းေရွာင္တယ္ဆိုတာ ပထမတစုက(၅)ေယာက္ ေနာက္တစုက(၆)ေယာက္။ (၁၁) ေယာက္ထြက္ေျပးလာတာ။ ကြ်န္ေတာ္ၾကားတာေတာ့တျခား ရပ္ကြက္မာေရာက္လာတာလဲရွိတယ္။”
ကရင္ျပည္နယ္အစိုးရအဖြဲ႕၀င္၀န္ၾကီးေတြကေတာ့ ဖါးပြန္ျမိဳ႕နယ္ကရြာသားတရာေက်ာ္ ကမာေမာင္းနဲ႕ ျမိဳင္ၾကီးငူဖက္ တိမ္းေရွာင္ေရာက္ရွိ ေနေၾကာင္းအတည္ျပဳခဲ့ေပမဲ့ အေသးစိတ္အေျခအေနကိုေျပာဆိုျခင္းမရွိခဲ့ပါဘူူး။

KNU တပ္မဟာ(၅)ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးေစာကလယ္ဒိုကေတာ့ ဖါးပြန္ခရိုင္အတြင္း တပ္သားသစ္စုေဆာင္း ေနမွဳနဲ႕ ပက္သက္လို႕ သူ႕အေနနဲ႕မသိရွိေၾကာင္းေျပာပါတယ္။

“အဲဒီကိစၥနဲ႕ပက္သက္ျပီးေတာ့ ကြ်န္ေတာ္လဲ ဘာမွမသိရေသးဘူးေနာ္။ ေနာက္ျပီးေတာ့ ညႊန္ၾကားတာတို႕ဘာတို႕လဲ ဒီမွာေတာ့ ဘာမွမရွိဘူးလို႕။

ဖါပြန္ခရိုင္အတြင္းမွာေတာ့ ျမန္မာစစ္တပ္နဲ႕KNUအဖြဲ႕တို႕အၾကား စစ္ေရးတင္းမာေနဆဲျဖစ္တယ္လို႕ တပ္မေတာ္ ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာ ပါတယ္။

“ထိေတြ႕မွဳအေျခအေနက ရွိတုန္းဘဲျဖစ္တယ္ဗ်။ ကြ်န္ေတာ္တို႕ယြန္းစလင္းကားလမ္းမွာ မိုင္းေထာင္ခဲ့တာရွိတယ္။ (၁၈)ရက္ေန႕မနက္(၁၀)နာရီေလာက္မွာ။ ေရွ႕တရက္မွာလဲ KNUတပ္မဟာ(၅)က ေခးပူမွာရွိတဲ့ စခန္းကို လက္နက္ ငယ္နဲ႕ ေႏွာက္ယွက္ပစ္ခတ္တာမ်ိဳးေတြရွိတယ္။”

ဖါးပြန္ခရိုင္ဘက္မွာ တပ္မေတာ္ကေန လမ္းေဖာက္လုပ္မွဳေၾကာင့္ ၂၀၁၈ခုႏွစ္ကစျပီး ဒီကေန႕အထိ KNUတပ္မဟာ(၅) တပ္ဖြဲ႕နဲ႕ တပ္မေတာ္အၾကား စစ္ေရးတင္းမာခဲ့သလို လယ္မူပေလာေဒသခံ(၁၀)ရြာက ရြာသား (၂၀၀၀)ေက်ာ္ ရြာကေန တိမ္းေရွာင္ေနရပါတယ္။

ဒီလိုအေျခအေနတင္းမာေနမွဳအေပၚ တပ္မေတာ္နဲ႕ကရင္အမ်ိဳးသားအစည္းအရံုး KNUႏွစ္ဘက္တာ၀န္ရွိသူေတြကေန ညိွႏွိဳင္းအေျဖရွာၾကေပမဲ့ ေျပလည္မွဳမရရွိေသးပါဘူး။

 ႏုိင္ကြန္းအိန္  / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------
KNU တပ်မဟာ (၅) က အဓမ္မတပ်သားသစ် စုဆောင်းနေတယ်ဆိုတဲ့ ပြောဆိုမှုတွေထွက်ပေါ်

(Unicode)

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅)အဖွဲ့ကနေ အတင်းအဓမ္မ စစ်သားစုဆောင်းနေတာကြောင့် ဒေသခံရွာသားတွေ နေရပ်ကနေတိမ်းရှောင်နေရတဲ့ အခြေအနေတွေကို နိုင်ကွန်းအိန် တင်ဆက်ပေးမှာပါ။

KNUတပ်မဟာ(၅)အဖွဲ့ လူသစ်စုဆောင်းမှုကြောင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း ရွာသား ၁၀၀ ကျော် ကမာမောင်းနဲ့ မြိုင်ကြီးငူဘက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“KNU တပ်မဟာ(၅)ဖက်မှာ ဒီဖါပွန်နယ်အတွင်းမှာရှိတဲ့နယ်မြေတွေမှာ တပ်သားသစ်တွေ စုဆောင်းနေတဲ့အတွက် နယ်မြေခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတာရှိတယ်။ ဒါနဲ့ပက်သက်ပြီးတော့က NCAစာချုပ်ထဲမှာပါပြီးဖြစ်တယ်။ ဒါနဲ့ပက်သက်ပြီးတော့ရှောင်ရှားဖို့လိုပါတယ်။ ဒေသခံပြည်သူလူထူအတွက်လဲ ဝန်ထုတ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်။ ဒါတွေကို ရှောင်ရှားဖို့လိုတယ်လို့။”

KNUအဖွဲ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်လို့ ယခုလို လူသစ် စုဆောင်းမှုတွေဆောင်ရွက်တာဟာ NCA စာချုပ်ပါအချက်တွေကို ဖောက်ဖျက်နေတဲ့ အတွက် သက်ဆိုင်ရာမှတစ်ဆင့် သတိပေးတားမြစ်ကန့်ကွက်ဆောင်ရွက်သွားမယ်လို့သူက ဆိုပါတယ်။

ဖာပွန်မြို့နယ်အတွင်းကျေးရွာတွေမှာ KNUတပ်မဟာ(၅) အဖွဲ့က လူသစ်စုဆောင်းမှုတွေဆောင်ရွက်လာလို့ မေ ၁၆ ရက်မှာ ဖါးပွန်မြို့နယ် ၊မဲကုလား ၊ကမ်းနား ၊ထီးဘောခို့ ၊ ကျောက်သင်္ဘော၊ ကျောက်ကွင်း ကျေးရွာက ကျေးရွာသား စုစုပေါင်း ၆၁ ဦးတို့ဟာ ကမမောင်းမြို့ဘက်ကို လည်းကောင်း၊ ကျောက်ကွင်း ၊ဇာကော့လုံ ၊ကိုလူပျို ၊မဲပလီခီး ကျေးရွာ တု့ိက ကျေးရွာသား ၄၆ ဦးတို့ဟာ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ လဲလွန်းမြိုင်ရပ်ကွက်နဲ့ မေ ၁၇ ရက်မှာ မြိုင်ကြီးငူ အထူးဒေသ၊ နန်းဟေမြိုင်ရပ်ကွက်ဘက်ကို ထွက်ပြေးတိမ်းရှောင်ရောက်ရှိနေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

တပ်သားသစ်စုဆောင်းမှုကြောင့် မြိုင်ကြီးငူအထူးဒေသ၊ လဲလွန်းမြိုင် ရပ်ကွက်ဖက်မှာ ရွာသားတချို့ တိမ်းရှောင် ရောက်ရှိနေကြောင်း လဲလွန်းမြိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူး စောမောင်ဖိုး ကပြောပါတယ်။

“စစ်အင်အားတွေ လိုအပ်နေလို့သူတို့က စစ်သားတွေကောက်တာပေါ့ကွယ်။ KNUပေါ့။ သူတို့ပြောပုံအရတော့။ အဲတာ ကြောင့်သူတို့က ရှောင်လာတာ။ တိမ်းရှောင်တယ်ဆိုတာ ပထမတစုက(၅)ယောက် နောက်တစုက(၆)ယောက်။ (၁၁) ယောက်ထွက်ပြေးလာတာ။ ကျွန်တော်ကြားတာတော့တခြား ရပ်ကွက်မာရောက်လာတာလဲရှိတယ်။”
ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကတော့ ဖါးပွန်မြို့နယ်ကရွာသားတရာကျော် ကမာမောင်းနဲ့ မြိုင်ကြီးငူဖက် တိမ်းရှောင်ရောက်ရှိ နေကြောင်းအတည်ပြုခဲ့ပေမဲ့ အသေးစိတ်အခြေအနေကိုပြောဆိုခြင်းမရှိခဲ့ပါဘူူး။

KNU တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောကလယ်ဒိုကတော့ ဖါးပွန်ခရိုင်အတွင်း တပ်သားသစ်စုဆောင်း နေမှုနဲ့ ပက်သက်လို့ သူ့အနေနဲ့မသိရှိကြောင်းပြောပါတယ်။

“အဲဒီကိစ္စနဲ့ပက်သက်ပြီးတော့ ကျွန်တော်လဲ ဘာမှမသိရသေးဘူးနော်။ နောက်ပြီးတော့ ညွှန်ကြားတာတို့ဘာတို့လဲ ဒီမှာတော့ ဘာမှမရှိဘူးလို့။

ဖါပွန်ခရိုင်အတွင်းမှာတော့ မြန်မာစစ်တပ်နဲ့KNUအဖွဲ့တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော ပါတယ်။

“ထိတွေ့မှုအခြေအနေက ရှိတုန်းဘဲဖြစ်တယ်ဗျ။ ကျွန်တော်တို့ယွန်းစလင်းကားလမ်းမှာ မိုင်းထောင်ခဲ့တာရှိတယ်။ (၁၈)ရက်နေ့မနက်(၁၀)နာရီလောက်မှာ။ ရှေ့တရက်မှာလဲ KNUတပ်မဟာ(၅)က ခေးပူမှာရှိတဲ့ စခန်းကို လက်နက် ငယ်နဲ့ နှောက်ယှက်ပစ်ခတ်တာမျိုးတွေရှိတယ်။”

ဖါးပွန်ခရိုင်ဘက်မှာ တပ်မတော်ကနေ လမ်းဖောက်လုပ်မှုကြောင့် ၂၀၁၈ခုနှစ်ကစပြီး ဒီကနေ့အထိ KNUတပ်မဟာ(၅) တပ်ဖွဲ့နဲ့ တပ်မတော်အကြား စစ်ရေးတင်းမာခဲ့သလို လယ်မူပလောဒေသခံ(၁၀)ရွာက ရွာသား (၂၀၀၀)ကျော် ရွာကနေ တိမ်းရှောင်နေရပါတယ်။

ဒီလိုအခြေအနေတင်းမာနေမှုအပေါ် တပ်မတော်နဲ့ကရင်အမျိုးသားအစည်းအရုံး KNUနှစ်ဘက်တာဝန်ရှိသူတွေကနေ ညှိနှိုင်းအဖြေရှာကြပေမဲ့ ပြေလည်မှုမရရှိသေးပါဘူး။

 နိုင်ကွန်းအိန်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/knu-recruitment-in-karen-state-/5428434.html
KNU တပ္မဟာ(၅) က အဓမၼတပ္သားသစ္ စုေဆာင္းေနတယ္ဆုိတဲ့ ေျပာဆုိမႈေတြထြက္ေပၚ KNU တပ္မဟာ(၅) က အဓမၼတပ္သားသစ္ စုေဆာင္းေနတယ္ဆုိတဲ့ ေျပာဆုိမႈေတြထြက္ေပၚ Reviewed by THITHTOOLWIN on 04:53 Rating: 5
Powered by Blogger.