တပ္အင္အား တိုးခ်ဲ႕ေနတာဟာ ယုံၾကည္မႈ ထိခိုက္ေစေၾကာင္း KNU သတိေပး


(Zawgyi)⤵⤵⤵
တပ္မေတာ္က အပစ္ရပ္စဲေရးကို အခြင့္ေကာင္းယူၿပီး မူေၾတာ္ခ႐ိုင္ တပ္မဟာ (၅) နဲ႔ ဆက္စပ္ တပ္မဟာ (၂) နဲ႔ တပ္မဟာ (၇) ေဒသေတြမွာ အရင္ႏွစ္ေတြကထက္ အင္အားႏွစ္ဆ ျဖည့္တင္းတာ၊ တပ္စခန္းသစ္ေတြ တိုးခ်ဲ႕တာေတြ လုပ္ေနတယ္လို႔ KNU က ထုတ္ျပန္ခဲ့တာပါ။

ဒီလိုတပ္စခန္းသစ္ေတြ တိုးခ်ဲ႕တာဟာ အပစ္အခတ္ ရပ္စဲေရးအတြက္ အေရးပါတဲ့ ယုံၾကည္မႈ တည္ေဆာက္ေရးကို ထိခိုက္ေစႏိုင္တာေၾကာင့္ တပ္မေတာ္အေနနဲ႔ NCA အခန္း (၃) အပိုဒ္ (၅) ကို လိုက္နာဖို႔လည္း KNU က တိုက္တြန္းထားပါတယ္။

တပ္မေတာ္အေနနဲ႔ ႏိုင္ငံေတာ္က အၾကမ္းဖက္အဖြဲ႕လို႔ သတ္မွတ္ထားတဲ့ အဖြဲ႕အစည္းေတြရွိရာ နယ္ေျမမွအပ က်န္တဲ့ေနရာေတြမွာ ေမလ (၁၀) ရက္ကစလို႔ ၾသဂုတ္လကုန္အထိ အပစ္ရပ္ထားမယ္လို႔ ေၾကညာခဲ့ပါတယ္။

ကမာၻတစ္ဝွမ္း ကပ္ေရာဂါနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ လက္နက္ကိုင္ ပဋိပကၡေတြ ရပ္ၾကဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ တိုက္တြန္းခ်က္အရ တပ္မေတာ္က ႏိုင္ငံတကာ စံႏႈန္းကို လိုက္နာတာလို႔ ဆိုထားပါတယ္။

တပ္ဘက္က ဒီလိုထုတ္ျပန္ထားေပမယ့္ KNU အုပ္ခ်ဳပ္မႈ လုပ္ငန္းေတြရွိတဲ့ ေနရာတခ်ိဳ႕မွာ ေဒသခံေတြ ရွိတဲ့ေနရာကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြ ရွိတာေၾကာင့္ ေဒသခံေတြဟာ ေဘးလြတ္ရာကို ေရွာင္တိမ္းေနၾကရတယ္လို႔ KNU ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူေတြကို ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ KNU က ေျပာထားတဲ့ တပ္မဟာ ၂၊ ၇၊ ၅ နယ္ေျမေတြမွာ တပ္အင္အားတိုးခ်ဲ႕တာ မရွိေၾကာင္း Mizzima သတင္းဌာနကို ေျပာထားပါတယ္။

တစ္ဘက္က အပစ္အခတ္ရပ္စဲေရးကို ေၾကညာထားၿပီးေတာ့ တစ္ဘက္မွာ တိုက္ပြဲေတြ ျဖစ္ေနတယ္ ဆိုတာမ်ိဳးဟာ မျဖစ္သင့္တာေၾကာင့္ KNU က စစ္ေရးေကာ္မတီနဲ႔ အစိုးရတပ္မေတာ္ အႀကီးအကဲေတြ အေသအခ်ာ ေဆြးေႏြးဖို႔ လိုအပ္တယ္လို႔  ရခိုင္လြတ္ေျမာက္ေရးပါတီ ALP  က ေဒၚေစာျမရာဇာလင္းက သုံးသပ္ပါတယ္။

"ေဆြးေႏြးပြဲဟာ အဓိပၸါယ္ရွိေသာ ေဆြးေႏြးပြဲမျဖစ္လို႔ပဲ ဒီလို မၾကာမၾကာျဖစ္ေနရတယ္လို႔ သုံးသပ္ပါတယ္။ ဒါေၾကာင့္ ေနာက္ေနာင္ဆိုရင္ ထိေတြ႕ ပစ္ခတ္မႈေတြ ျဖစ္လာရင္ ပဋိပကၡေတြကေန တစ္ဆင့္ တိုက္ပြဲေတြ မျဖစ္လာဖို႔ KNU က စစ္ေရးဆိုင္ရာေခါင္းေဆာင္ေတြနဲ႔ တပ္မေတာ္ ေခါင္းေဆာင္ေတြနဲ႔ ယခု ေဆြးေႏြး ေနတာထက္ ပိုၿပီးေတာ့ ထိေရာက္တဲ့ ေဆြးေႏြးမႈကို ပိုလုပ္ဖို႔လိုအပ္တယ္။"

ၿပီးခဲ့တဲ့ ေမလ ၆ ရက္ေန႔ကလည္း ကရင္ျပည္နယ္ ဖာပြန္ခ႐ိုင္ထဲက  KNU ရဲ႕ ကို႐ိုနာက်န္းမာေရး စစ္ေဆးဂိတ္ ႏွစ္ခုကို တပ္မေတာ္က ဖယ္ရွားလိုက္တာေၾကာင့္ တိုက္ပြဲ ႏွစ္ရက္ဆက္တိုက္ ျဖစ္ခဲ့ပါတယ္။

တပ္ေနရာ ခ်ထားေရးနဲ႔ ပတ္သက္ၿပီး အစိုးရနဲ႔ လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႕ေတြၾကားမွာ သေဘာတူညီခ်က္ တိတိက်က် မရွိခဲ့တာေၾကာင့္ ျငင္းခုန္စရာေတြ ျဖစ္ေနတာလို႔ တိုင္းရင္းသားအေရး ေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးက သုံးသပ္ပါတယ္။

ဒီလို ျပႆနာေတြအတြက္ ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ (JMC) အစည္းအေဝး လိုအပ္ေနၿပီလို႔ သူက ယူဆပါတယ္။

"ဒီျပႆနာေတြ ေျဖရွင္းဖို႔အတြက္ အဓိက JMC ထိုင္ဖို႔ရယ္ ေနာက္တစ္ခုက တပ္ေနရာ ခ်ထားေရးနဲ႔ ပတ္သက္ၿပီး အၿပီးအျပတ္ျဖစ္ေအာင္ ေဆာင္႐ြက္ဖို႔ရယ္။ ဒါအေရးႀကီးတယ္လို႔ ထင္ပါတယ္။ တပ္ေနရာခ်ထားေရးေတြနဲ႔ ပတ္သက္ၿပီး အၿပီးအျပတ္ မေဆာင္႐ြက္ႏိုင္ဘူးဆိုရင္ အျငင္းပြားမႈ ေတြကေနၿပီးေတာ့ ျပႆနာအႀကီး ျပန္ျဖစ္ႏိုင္ပါတယ္"

KNU ဟာတစ္ႏိုင္ငံလုံး အပစ္အခတ္ ရပ္စဲေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ (NCA) ကို လက္မွတ္ေရး ထိုးခဲ့တာ ငါးႏွစ္ရွိၿပီျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြ အေကာင္အထည္ ေဖာ္ေဆာင္ေနခ်ိန္ အတြင္းမွာ လုပ္ငန္းစဥ္ေတြ ေႏွးေကြးတာနဲ႔ တုန႔္ဆိုင္းျခင္းေတြလည္း အစဥ္မျပတ္ ႀကဳံေနရတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာ ျဖစ္ပြားေနတဲ့ ကပ္ေရာဂါေၾကာင့္လည္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ ယာယီရပ္တန႔္ေစတဲ့ အေျခအေနကို ရင္ဆိုင္ေနရၿပီး ဒီေရာဂါ ျပန႔္ပြားမႈ အရွိန္မေသအခ်င္း  ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အသက္ဝင္ဖို႔ အလွမ္းေဝးေနအုံးမွာ ျဖစ္တယ္လို႔ ႏိုင္ငံေရးေလ့လာသူေတြက သုံးသပ္ေနၾကပါတယ္။

ျဖဴျဖဴခိုင္ / RFA Burmese
----------------------------------

(Unicode)⤵⤵⤵
တပ်အင်အား တိုးချဲ့နေတာဟာ ယုံကြည်မှု ထိခိုက်စေကြောင်း KNU သတိပေး

တပ်မတော်က အပစ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး မူတြော်ခရိုင် တပ်မဟာ (၅) နဲ့ ဆက်စပ် တပ်မဟာ (၂) နဲ့ တပ်မဟာ (၇) ဒေသတွေမှာ အရင်နှစ်တွေကထက် အင်အားနှစ်ဆ ဖြည့်တင်းတာ၊ တပ်စခန်းသစ်တွေ တိုးချဲ့တာတွေ လုပ်နေတယ်လို့ KNU က ထုတ်ပြန်ခဲ့တာပါ။

ဒီလိုတပ်စခန်းသစ်တွေ တိုးချဲ့တာဟာ အပစ်အခတ် ရပ်စဲရေးအတွက် အရေးပါတဲ့ ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေနိုင်တာကြောင့် တပ်မတော်အနေနဲ့ NCA အခန်း (၃) အပိုဒ် (၅) ကို လိုက်နာဖို့လည်း KNU က တိုက်တွန်းထားပါတယ်။

တပ်မတော်အနေနဲ့ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေရှိရာ နယ်မြေမှအပ ကျန်တဲ့နေရာတွေမှာ မေလ (၁၀) ရက်ကစလို့ သြဂုတ်လကုန်အထိ အပစ်ရပ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်း ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်အရ တပ်မတော်က နိုင်ငံတကာ စံနှုန်းကို လိုက်နာတာလို့ ဆိုထားပါတယ်။

တပ်ဘက်က ဒီလိုထုတ်ပြန်ထားပေမယ့် KNU အုပ်ချုပ်မှု လုပ်ငန်းတွေရှိတဲ့ နေရာတချို့မှာ ဒေသခံတွေ ရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ KNU က ပြောထားတဲ့ တပ်မဟာ ၂၊ ၇၊ ၅ နယ်မြေတွေမှာ တပ်အင်အားတိုးချဲ့တာ မရှိကြောင်း Mizzima သတင်းဌာနကို ပြောထားပါတယ်။

တစ်ဘက်က အပစ်အခတ်ရပ်စဲရေးကို ကြေညာထားပြီးတော့ တစ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတာမျိုးဟာ မဖြစ်သင့်တာကြောင့် KNU က စစ်ရေးကော်မတီနဲ့ အစိုးရတပ်မတော် အကြီးအကဲတွေ အသေအချာ ဆွေးနွေးဖို့ လိုအပ်တယ်လို့  ရခိုင်လွတ်မြောက်ရေးပါတီ ALP  က ဒေါ်စောမြရာဇာလင်းက သုံးသပ်ပါတယ်။

"ဆွေးနွေးပွဲဟာ အဓိပ္ပါယ်ရှိသော ဆွေးနွေးပွဲမဖြစ်လို့ပဲ ဒီလို မကြာမကြာဖြစ်နေရတယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့် နောက်နောင်ဆိုရင် ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်လာရင် ပဋိပက္ခတွေကနေ တစ်ဆင့် တိုက်ပွဲတွေ မဖြစ်လာဖို့ KNU က စစ်ရေးဆိုင်ရာခေါင်းဆောင်တွေနဲ့ တပ်မတော် ခေါင်းဆောင်တွေနဲ့ ယခု ဆွေးနွေး နေတာထက် ပိုပြီးတော့ ထိရောက်တဲ့ ဆွေးနွေးမှုကို ပိုလုပ်ဖို့လိုအပ်တယ်။"

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကလည်း ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက  KNU ရဲ့ ကိုရိုနာကျန်းမာရေး စစ်ဆေးဂိတ် နှစ်ခုကို တပ်မတော်က ဖယ်ရှားလိုက်တာကြောင့် တိုက်ပွဲ နှစ်ရက်ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

တပ်နေရာ ချထားရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကြားမှာ သဘောတူညီချက် တိတိကျကျ မရှိခဲ့တာကြောင့် ငြင်းခုန်စရာတွေ ဖြစ်နေတာလို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

ဒီလို ပြဿနာတွေအတွက် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေး လိုအပ်နေပြီလို့ သူက ယူဆပါတယ်။

"ဒီပြဿနာတွေ ဖြေရှင်းဖို့အတွက် အဓိက JMC ထိုင်ဖို့ရယ် နောက်တစ်ခုက တပ်နေရာ ချထားရေးနဲ့ ပတ်သက်ပြီး အပြီးအပြတ်ဖြစ်အောင် ဆောင်ရွက်ဖို့ရယ်။ ဒါအရေးကြီးတယ်လို့ ထင်ပါတယ်။ တပ်နေရာချထားရေးတွေနဲ့ ပတ်သက်ပြီး အပြီးအပြတ် မဆောင်ရွက်နိုင်ဘူးဆိုရင် အငြင်းပွားမှု တွေကနေပြီးတော့ ပြဿနာအကြီး ပြန်ဖြစ်နိုင်ပါတယ်"

KNU ဟာတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေး ထိုးခဲ့တာ ငါးနှစ်ရှိပြီဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းတွေ အကောင်အထည် ဖော်ဆောင်နေချိန် အတွင်းမှာ လုပ်ငန်းစဉ်တွေ နှေးကွေးတာနဲ့ တုန့်ဆိုင်းခြင်းတွေလည်း အစဉ်မပြတ် ကြုံနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ယာယီရပ်တန့်စေတဲ့ အခြေအနေကို ရင်ဆိုင်နေရပြီး ဒီရောဂါ ပြန့်ပွားမှု အရှိန်မသေအချင်း  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အသက်ဝင်ဖို့ အလှမ်းဝေးနေအုံးမှာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ဖြူဖြူခိုင် / RFA Burmese
https://www.rfa.org/burmese/news/knu-warns-military-in-increase-of-military-force-05162020065355.html
တပ္အင္အား တိုးခ်ဲ႕ေနတာဟာ ယုံၾကည္မႈ ထိခိုက္ေစေၾကာင္း KNU သတိေပး တပ္အင္အား တိုးခ်ဲ႕ေနတာဟာ ယုံၾကည္မႈ ထိခိုက္ေစေၾကာင္း KNU သတိေပး Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.