JICA ချေးငွေ ဒေါ်လာသန်း ၂၈၀ နီးပါးယူဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး


(Unicode)⤵⤵⤵
COVID-19 ရောဂါကြောင့် လူမှုစီးပွားရေးကို ကုစားနိုင်ဖို့ အတွက်ရော စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက်ပါ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကနေ ဂျပန်ယန်း ၃၀ ဘီလီယံချေးယူနိုင်ရေးနဲ့ ပတ်သတ်လို့ လွှတ်တော်မှာ အပြန်အလှန်ဆွေးနွေးခဲ့တာတွေကို ပြောပြပါမယ်။ ဒီအကြောင်းဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက တင်ပြပေးပါမယ်။

ဒီနေ့မေလ ၂၆ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာတော့ ချေးငွေတွေ၊ ချေးယူနိုင်ဖို့ အတွက် လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်အများစုက ထောက်ခံဆွေးနွေးကြပါတယ်။ အပြီးသတ်ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး။

ချေးငွေရယူရတာဟာ COVID-19 ကြောင့် နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ထိခိုက်မှုတွေကို အနည်းဆုံး ဖြစ်အောင်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို အမြန်ဆုံးပြန်လည် ရရှိစေဖို့ ဖြစ်တယ်လို့ အစိုးရဘက်ကတော့ လွှတ်တော်ကို တင်ပြထားပါတယ်။

COVID-19 ရောဂါကြောင့် လူမှုစီးပွားရေးကို ကုစားနိုင်ဖို့ အတွက်ရော စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲနိုင်ဖို့ အတွက်ပါ ပါဝင်တာမို့ ဒီလို အချိန်မှာ ခြေသိပ်မပေါ်တဲ့ ဝန်ကြီးဌာနတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ တိုက်တွန်းလာသူကတော့ ပဲခူးတိုင်းဒေသကြီး မဲဆနနယ် ၃ က ဒေါ်ရွှေရွှေစိန်လတ်ပါ။

"ကျမတို့နိုင်ငံမှာ တခုခုကို ဆုံးဖြတ်မယ်။ မူဝါဒတွေ ချမှတ်တော့မယ်ဆို သေသေချာချာ ဆန်းစစ်တဲ့ လုပ်ငန်းဟာ အားနည်းပါတယ်။ အဲလိုကြောင့် လုပ်ကိုင်နိုင်မှု စွမ်းဆောင်ရည် အားနည်းတာတွေလည်း ရှိပါတယ်။ ကျမတို့နိုင်ငံဟာ မြန်မာနိုင်ငံဟာ အထူးသဖြင့် သတင်းအချက်အလက် ရယူနိုင်မှုမှာ တိကျမှုမှာ အားနည်းချက်တွေတဲ့အတွက် ဒီလိုမျိုး မူဝါဒတွေ ချမှတ်တဲ့အခါမှာ မှန်ကန်တိကျတဲ့ သတင်းအချက်အလက်တွေ ရယူနိုင်ဖို့ ဦးစားပေးရမှာ ဖြစ်ပါတယ်။ အကြံပြုချင်တာကတော့ ကျမတို့ နိုင်ငံမှာ အခုလို အပြောင်းအလဲကာလ ချေးငွေယူတဲ့ ကိစ္စမှာ အရေးကြီးတဲ့ ဌာနတွေဖြစ်တဲ့၊ စီးပွားကူးသန်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိူးရေး ဝန်ကြီး ဌာနနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ constitutional reform အဖွဲ့အစည်းတွေရဲ့ပြုပြင်ပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။"

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်ကတော့ ချေးငွေတွေ သုံးစွဲမှုပိုင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှုကို မမေ့ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အဓိကထားလုပ်ဆောင်ပေးဖို့တိုက်တွန်းသွားပါတယ်။

"ချေးငွေကို သုံးသူတွေအနေနဲ့ ရာနှုန်းပြည့်တာဝန်ယူရပါမယ်။ အလွဲသုံးစားလုပ်တာ၊ အဂတိလုပ်တာတွေဆို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်မှာလည်းဖြစ်ပါတယ်။ ဒီလိုမှ ပြည်သူတရပ်လုံး တာဝန်ယူမှု၊ တာဝန်ခံမှုပေါ် နားလည်မယ်။ ယခုချေးငွေဟာလည်း ချေးယူသင့်တဲ့ ချေးငွေဖြစ်ပါတယ်။ စောင့်ကြည့်မယ့် monitoring team တွေလည်း မှန်ကန်တဲ့ monitoring ဖြစ်စေလိုပါတယ်။ ယခု COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုဟာ တကမ္ဘာလုံးက အစိုးရများ ကြုံတွေ့နေရတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အရည်အချင်းစစ် စာမေးပွဲဖြစ်ပါတယ်။ စီမံခန့်ခွဲသူတွေရဲ့ စီမံခန့်ခွဲမှုကောင်းမွန်ရင် COVID-19 ဟာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွင့်အလမ်းအဖြစ် အသုံးချနိုင်တယ်ဆိုတဲ့ CERP ရဲ့ ကြေငြာချက် အာဘော်ကို ကြိုဆိုပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းရင်တော့ နိုင်ငံကို စီးပွားရေးနွံအိုင်အတွင်း ပိုနက်ရှိုင်းစွာ နစ်မြှုပ်နိုင်ပါကြောင်း သတိပေးဆွေးနွေးရင်းနဲ့ နိဂုံးချုပ်ပါတယ်။"

COVID-19 ရောဂါကြောင့် နိုင်ငံရဲ့ ဘတ်ဂျက်လိုငွေဟာ ခါတိုင်းနှစ်တွေထက် ပိုမို မြင့်တက်လာနိုင်တဲ့အတွက်ရော၊ နောက်ပြီး ကိုဗစ်ကာလအလွန်မှာ ထိခိုက်လာမယ့် စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေးပိုင်းတွေကို ပြန်လည်ကုစားနိုင်ဖို့ နိုင်ငံတကာအဖွဲ့တွေဖြစ်တဲ့ IMF နဲ့ JICA တို့ထံကနေ ချေးငွေတွေ ရယူဖို့ ဆောင်ရွက်နေတာပါ။

ချေးငွေတွေ ရယူတာနဲ့ပတ်သတ်လို့ စီးပွားရေးပညာရှင် ဦးမင်းခင်ကတော့ .....

"ချေးငွေတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအခြေအနေကို ဘယ်လောက်ဖိစီးမှုရှိလဲ တိုင်းပြည်က တတ်နိုင်လား၊ မတတ်နိုင်ဖူးလား။ ဒါတွေကိုသေချာတွက်ချက်တဲ့ ဟာမျိူးရှိရမယ်။ နောက်တခုက ဒီချေးငွေရဲ့ အကျိုးသက်ရောက်မှု ဘယ်လိုတွေ အကျိုးသက်ရောက်နိုင်လဲ ဒီလိုသက်ရောက်မှုက ဘာတွေဖြစ်မလဲဆိုတာမျိုး၊ တိုက်ရိုက် သွယ်ဝိုက်ဘယ်လောက်သက်ရောက်မလဲ၊ ဘယ်လောက်ထိယူသင့်ယူထိုက်လဲပေါ့။ သေချာစစ်ဆေးတွက်ချက်ထားတာမျိုးပေါ့။ နောက်တခုကတော့ ဒီချေးငွေကိုနိုင်နိုင်နင်းနင်း ပေးဆပ်နိုင်တာမျိုးပေါ့။ အဲလိုတွက်ချက်ချိန်ဆတာတွေကိုလည်း လွှတ်တော်မှာ လူထုနားလည်နိုင်တဲ့စကားလုံးတွေနဲ့ သေချာချပြတာမျိုးတွေ ဘယ်လို လုပ်ဆောင်တယ်ဆိုတာမျိုးတွေကို ချပြပြောသင့်တယ်ထင်တယ်။"

နိုင်ငံရဲ့ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းဖို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဆီကနေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ချေးဖို့နဲ့ COVID-19 ကာလ အတွင်း ပိုးကူးစက်မှု အလျင်အမြန်ကာကွယ်ထိန်းချုပ်ရေးအတွက် ကမ္ဘာ့ဘဏ်ထံကနေ အမေရိကန်ဒေါ်လာသန်း ၅၀ ချေးယူဖို့တို့ကို လွှတ်တော်ဘက်က အတည်ပြု ထားပြီဖြစ်ပါတယ်ရှင်။

 မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------------------
(Zawgyi)⤵⤵⤵
JICA ေခ်းေငြ ေဒၚလာသန္း ၂၈၀ နီးပါးယူဖို႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ ေဆြးေႏြး

COVID-19 ေရာဂါေၾကာင့္ လူမႈစီးပြားေရးကို ကုစားႏိုင္ဖို႔ အတြက္ေရာ စီးပြားေရးမူဝါဒ ျပဳျပင္ေျပာင္းလဲႏိုင္ဖို႔အတြက္ပါ ဂ်ပန္ႏိုင္ငံ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီကေန ဂ်ပန္ယန္း ၃၀ ဘီလီယံေခ်းယူႏိုင္ေရးနဲ႔ ပတ္သတ္လို႔ လႊတ္ေတာ္မွာ အျပန္အလွန္ေဆြးေႏြးခဲ့တာေတြကို ေျပာျပပါမယ္။ ဒီအေၾကာင္းဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက တင္ျပေပးပါမယ္။

ဒီေန႔ေမလ ၂၆ ရက္က ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာေတာ့ ေခ်းေငြေတြ၊ ေခ်းယူႏိုင္ဖို႔ အတြက္ လႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုက ေထာက္ခံေဆြးေႏြးၾကပါတယ္။ အၿပီးသတ္ဆုံးျဖတ္ခ်က္ေတာ့ မခ်ရေသးပါဘူး။

ေခ်းေငြရယူရတာဟာ COVID-19 ေၾကာင့္ ႏိုင္ငံေတာ္နဲ႔ ျပည္သူေတြအတြက္ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရးဆိုင္ရာ ထိခိုက္မႈေတြကို အနည္းဆုံး ျဖစ္ေအာင္နဲ႔ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈေတြကို အျမန္ဆုံးျပန္လည္ ရရွိေစဖို႔ ျဖစ္တယ္လို႔ အစိုးရဘက္ကေတာ့ လႊတ္ေတာ္ကို တင္ျပထားပါတယ္။

COVID-19 ေရာဂါေၾကာင့္ လူမႈစီးပြားေရးကို ကုစားႏိုင္ဖို႔ အတြက္ေရာ စီးပြားေရးမူဝါဒ ျပဳျပင္ေျပာင္းလဲႏိုင္ဖို႔ အတြက္ပါ ပါဝင္တာမို႔ ဒီလို အခ်ိန္မွာ ေျခသိပ္မေပၚတဲ့ ဝန္ႀကီးဌာနေတြကို ျပဳျပင္ေျပာင္းလဲဖို႔ လိုအပ္တယ္လို႔ တိုက္တြန္းလာသူကေတာ့ ပဲခူးတိုင္းေဒသႀကီး မဲဆနနယ္ ၃ က ေဒၚေ႐ႊေ႐ႊစိန္လတ္ပါ။

"က်မတို႔ႏိုင္ငံမွာ တခုခုကို ဆုံးျဖတ္မယ္။ မူဝါဒေတြ ခ်မွတ္ေတာ့မယ္ဆို ေသေသခ်ာခ်ာ ဆန္းစစ္တဲ့ လုပ္ငန္းဟာ အားနည္းပါတယ္။ အဲလိုေၾကာင့္ လုပ္ကိုင္ႏိုင္မႈ စြမ္းေဆာင္ရည္ အားနည္းတာေတြလည္း ရွိပါတယ္။ က်မတို႔ႏိုင္ငံဟာ ျမန္မာႏိုင္ငံဟာ အထူးသျဖင့္ သတင္းအခ်က္အလက္ ရယူႏိုင္မႈမွာ တိက်မႈမွာ အားနည္းခ်က္ေတြတဲ့အတြက္ ဒီလိုမ်ိဳး မူ၀ါဒေတြ ခ်မွတ္တဲ့အခါမွာ မွန္ကန္တိက်တဲ့ သတင္းအခ်က္အလက္ေတြ ရယူႏိုင္ဖို႔ ဦးစားေပးရမွာ ျဖစ္ပါတယ္။ အၾကံျပဳခ်င္တာကေတာ့ က်မတို႔ ႏိုင္ငံမွာ အခုလို အေျပာင္းအလဲကာလ ေခ်းေငြယူတဲ့ ကိစၥမွာ အေရးႀကီးတဲ့ ဌာနေတြျဖစ္တဲ့၊ စီးပြားကူးသန္း၀န္ႀကီးဌာန၊ လယ္ယာစိုက္ပ်ိဴးေရး ၀န္ႀကီး ဌာနနဲ႔ ပို႔ေဆာင္ဆက္သြယ္ေရး၀န္ႀကီးဌာနရဲ႕ constitutional reform အဖဲြ႔အစည္းေတြရဲ႕ျပဳျပင္ေျပာင္းလဲမႈကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေျပာင္းလဲဖို႔ အႀကံျပဳတိုက္တြန္းလိုပါတယ္။"

တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မွဴးေဇာ္ဝင္းႏိုင္ကေတာ့ ေခ်းေငြေတြ သုံးစြဲမႈပိုင္းမွာ တာဝန္ယူမႈ၊ တာဝန္ခံမႈကို မေမ့ဖို႔နဲ႔ ပြင့္လင္းျမင္သာမႈရွိရွိနဲ႔ အဓိကထားလုပ္ေဆာင္ေပးဖို႔တိုက္တြန္းသြားပါတယ္။

"ေခ်းေငြကို သုံးသူေတြအေနနဲ႔ ရာႏႈန္းျပည့္တာဝန္ယူရပါမယ္။ အလြဲသံုးစားလုပ္တာ၊ အဂတိလုပ္တာေတြဆို ထိထိေရာက္ေရာက္ အေရးယူဖို႔ လိုအပ္မွာလည္းျဖစ္ပါတယ္။ ဒီလိုမွ ျပည္သူတရပ္လုံး တာဝန္ယူမႈ၊ တာဝန္ခံမႈေပၚ နားလည္မယ္။ ယခုေခ်းေငြဟာလည္း ေခ်းယူသင့္တဲ့ ေခ်းေငြျဖစ္ပါတယ္။ ေစာင့္ၾကည့္မယ့္ monitoring team ေတြလည္း မွန္ကန္တဲ့ monitoring ျဖစ္ေစလိုပါတယ္။ ယခု COVID-19 ေၾကာင့္ စီးပြားေရးထိခိုက္မႈဟာ တကမၻာလံုးက အစိုးရမ်ား ႀကံဳေတြ႔ေနရတဲ့ စီမံခန္႔ခဲြမႈဆိုင္ရာ အရည္အခ်င္းစစ္ စာေမးပဲြျဖစ္ပါတယ္။ စီမံခန္႔ခဲြသူေတြရဲ႕ စီမံခန္႔ခဲြမႈေကာင္းမြန္ရင္ COVID-19 ဟာ ႏိုင္ငံ ဖံြ႔ၿဖိဳးတိုးတက္ဖို႔အတြက္ အခြင့္အလမ္းအျဖစ္ အသံုးခ်ႏိုင္တယ္ဆိုတဲ့ CERP ရဲ႕ ေၾကျငာခ်က္ အာေဘာ္ကို ႀကိဳဆိုျပီး စီမံခန္႔ခဲြမႈ ညံ့ဖ်င္းရင္ေတာ့ ႏိုင္ငံကို စီးပြားေရးႏြံအိုင္အတြင္း ပိုနက္ရိႈင္းစြာ နစ္ျမွဳပ္ႏိုင္ပါေၾကာင္း သတိေပးေဆြးေႏြးရင္းနဲ႔ နိဂံုးခ်ဳပ္ပါတယ္။"

COVID-19 ေရာဂါေၾကာင့္ ႏိုင္ငံရဲ႕ ဘတ္ဂ်က္လိုေငြဟာ ခါတိုင္းႏွစ္ေတြထက္ ပိုမို ျမင့္တက္လာႏိုင္တဲ့အတြက္ေရာ၊ ေနာက္ၿပီး ကိုဗစ္ကာလအလြန္မွာ ထိခိုက္လာမယ့္ စီးပြားေရး၊ က်န္းမာေရးနဲ႔ လူမႈေရးပိုင္းေတြကို ျပန္လည္ကုစားႏိုင္ဖို႔ ႏိုင္ငံတကာအဖြဲ႕ေတြျဖစ္တဲ့ IMF နဲ႔ JICA တို႔ထံကေန ေခ်းေငြေတြ ရယူဖို႔ ေဆာင္႐ြက္ေနတာပါ။

ေခ်းေငြေတြ ရယူတာနဲ႔ပတ္သတ္လို႔ စီးပြားေရးပညာရွင္ ဦးမင္းခင္ကေတာ့ .....

"ေခ်းေငြေတြဟာ ကိုယ့္တိုင္းျပည္ရဲ႕ ဘ႑ာေရးအေျခအေနကို ဘယ္ေလာက္ဖိစီးမႈရွိလဲ တိုင္းျပည္က တတ္ႏိုင္လား၊ မတတ္ႏိုင္ဖူးလား။ ဒါေတြကိုေသခ်ာတြက္ခ်က္တဲ့ ဟာမ်ိဴးရွိရမယ္။ ေနာက္တခုက ဒီေခ်းေငြရဲ႕ အက်ိဳးသက္ေရာက္မႈ ဘယ္လိုေတြ အက်ိဳးသက္ေရာက္ႏိုင္လဲ ဒီလိုသက္ေရာက္မႈက ဘာေတြျဖစ္မလဲဆိုတာမ်ိဳး၊ တိုက္႐ိုက္ သြယ္ဝိုက္ဘယ္ေလာက္သက္ေရာက္မလဲ၊ ဘယ္ေလာက္ထိယူသင့္ယူထိုက္လဲေပါ့။ ေသခ်ာစစ္ေဆးတြက္ခ်က္ထားတာမ်ိဳးေပါ့။ ေနာက္တခုကေတာ့ ဒီေခ်းေငြကိုႏိုင္ႏိုင္နင္းနင္း ေပးဆပ္ႏိုင္တာမ်ိဳးေပါ့။ အဲလိုတြက္ခ်က္ခ်ိန္ဆတာေတြကိုလည္း လႊတ္ေတာ္မွာ လူထုနားလည္ႏိုင္တဲ့စကားလုံးေတြနဲ႔ ေသခ်ာခ်ျပတာမ်ိဳးေတြ ဘယ္လို လုပ္ေဆာင္တယ္ဆိုတာမ်ိဳးေတြကို ခ်ျပေျပာသင့္တယ္ထင္တယ္။"

ႏိုင္ငံရဲ႕ ဘတ္ဂ်က္လိုေငြ ျဖည့္ဆည္းဖို႔ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) ဆီကေန အေမရိကန္ေဒၚလာ သန္း ၇၀၀ ေခ်းဖို႔နဲ႔ COVID-19 ကာလ အတြင္း ပိုးကူးစက္မႈ အလ်င္အျမန္ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ကမာၻ႔ဘဏ္ထံကေန အေမရိကန္ေဒၚလာသန္း ၅၀ ေခ်းယူဖို႔တို႔ကို လႊတ္ေတာ္ဘက္က အတည္ျပဳ ထားၿပီျဖစ္ပါတယ္ရွင္။

 ေမခ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/hluttaw-jica/5436074.html
JICA ချေးငွေ ဒေါ်လာသန်း ၂၈၀ နီးပါးယူဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး JICA ချေးငွေ ဒေါ်လာသန်း ၂၈၀ နီးပါးယူဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး Reviewed by THITHTOOLWIN on 04:57 Rating: 5
Powered by Blogger.