ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ IS အကြမ်းဖက်အဖွဲ့တွေ ခေါင်းပြန်ထောင်လာနေ


(Unicode)⤵⤵⤵
အီရတ်နဲ့ ဆီးရီးယားက နယ်မြေတချို့ကို ကာလီဖိတ်နိုင်ငံ အဖြစ်ကြေညာပြီး ထိန်းချုပ်ခဲ့တဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ရဲ့ နောက်လိုက်တွေနဲ့ သူတို့ရဲ့တိုက်ခိုက်ရေးသမားတွေဟာ အခုအခါမှာ ပြန်ခေါင်းထောင်လာနေပြီး ပိုပြီးလည်း အန္တရာယ်ကြီးတဲ့ အနေထားဖြစ်လာနေတယ်လို့ အကြမ်းဖက်အန္တရာယ် တန်ပြန်နှိမ်နင်းရေး ဆိုင်ရာ အမေရိကန်အရာရှိတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ တနှစ်ကျော်က ပြိုကွဲသွားခဲ့တဲ့ ဒီအဖွဲ့ဟာ မကြာခင်လတွေအတွင်း ဆီးရီးယား အရှေ့ပိုင်းမှာ အတော်လှုပ်ရှားလာတာ တွေ့ရပြီး သူတို့အဖွဲ့ တိုက်ခိုက်ရေးစွမ်းရည် ကောင်းအောင် ပြန်လုပ်ဆောင်နေတာ တွေ့ရတယ်လို့ အကြမ်းဖက်နှိမ်နင်းရေး ဆိုင်ရာ အမေရိကန်အရာရှိတဦးက VOA ကို ပြောပါတယ်။

သူတို့အဖွဲ့ဟာ ဆီးရီးယားမှာ မကြာခင်သီတင်းပတ်တွေ အတွင်း ဆီးရီးယားအာဏာရှင်ရဲ့ တပ်သားတွေနဲ့ ဆီးရီးယား Kurds တပ်ဖွဲ့တွေ အပါအဝင် ဆီးရီးယားလုံခြုံရေးတပ်တွေကို ပိုရက်စက်တဲ့ တိုက်ခိုက်မှုတွေ လုပ်လာတယ်လို့လည်း ပြောပါတယ်။

ဒီအဖွဲ့မှာ တရားမဝင်ငွေ အများအပြားရှိနေပြီး ခန့်မှန်းခြေ ဒေါ်လာ သန်း ၅၀ ကနေ သန်း ၃၀၀ အထိ ရှိနေနိုင်တယ်လို့ အမေရိကန်အရာရှိတွေက ခန့်မှန်းကြပါတယ်။ ဒါ့အပြင် အီရတ်နဲ့ ဆီးရီးယားက ဒေသအများအပြားမှာ သူ့အင်အားက ၁၄,၀၀၀ ကနေ ၁၈,၀၀၀ လောက်အထိရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒါ့ပြင် အိုင်အက်စ် အဖွဲ့ရဲ့ ဝါဒဖြန့်မှုကနေ နောက်ထပ် လူသစ်စုဆောင်း နိုင်ခြေလည်း ရှိနေကြောင်းနဲ့ အရင်သူတို့ တန်ခိုးထွားချိန်က နိုင်ငံရပ်ခြားက တိုက်ခိုက်ရေး သမားတွေပါ လာပြီး ပူးပေါင်းခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------
(Zawgyi)⤵⤵⤵
ဆီးရီးယားနဲ႔ အီရတ္မွာရွိတဲ့ IS အၾကမ္းဖက္အဖြဲ႕ေတြ ေခါင္းျပန္ေထာင္လာေန

အီရတ္နဲ႔ ဆီးရီးယားက နယ္ေျမတခ်ိဳ႕ကို ကာလီဖိတ္ႏိုင္ငံ အျဖစ္ေၾကညာၿပီး ထိန္းခ်ဳပ္ခဲ့တဲ့ အိုင္အက္စ္ စစ္ေသြးႂကြအဖြဲ႕ရဲ႕ ေနာက္လိုက္ေတြနဲ႔ သူတို႔ရဲ႕တိုက္ခိုက္ေရးသမားေတြြဟာ အခုအခါမွာ ျပန္ေခါင္းေထာင္လာေနၿပီး ပိုၿပီးလည္း အႏၲရာယ္ႀကီးတဲ့ အေနထားျဖစ္လာေနတယ္လို႔ အၾကမ္းဖက္အႏၲရာယ္ တန္ျပန္ႏွိမ္နင္းေရး ဆိုင္ရာ အေမရိကန္အရာရွိေတြက ေျပာပါတယ္။

လြြန္ခဲ့တဲ့ တႏွစ္ေက်ာ္က ၿပိဳကြဲသြားခဲ့တဲ့ ဒီအဖြဲ႕ဟာ မၾကာခင္လေတြအတြင္း ဆီးရီးယား အေရွ႕ပိုင္းမွာ အေတာ္လႈပ္ရွားလာတာ ေတြ႕ရၿပီး သူတို႔အဖြဲ႕ တိုက္ခိုက္ေရးစြမ္းရည္ ေကာင္းေအာင္ ျပန္လုပ္ေဆာင္ေနတာ ေတြ႕ရတယ္လို႔ အၾကမ္းဖက္ႏွိမ္နင္းေရး ဆိုင္ရာ အေမရိကန္အရာရွိတဦးက VOA ကို ေျပာပါတယ္။

သူတို႔အဖြဲ႕ဟာ ဆီးရီးယားမွာ မၾကာခင္သီတင္းပတ္ေတြ အတြင္း ဆီးရီးယားအာဏာရွင္ရဲ႕ တပ္သားေတြနဲ႔ ဆီးရီးယား Kurds တပ္ဖြဲ႕ေတြ အပါအဝင္ ဆီးရီးယားလုံၿခဳံေရးတပ္ေတြကို ပိုရက္စက္တဲ့ တိုက္ခိုက္မႈေတြ လုပ္လာတယ္လို႔လည္း ေျပာပါတယ္။

ဒီအဖြဲ႕မွာ တရားမဝင္ေငြ အမ်ားအျပားရွိေနၿပီး ခန႔္မွန္းေျခ ေဒၚလာ သန္း ၅၀ ကေန သန္း ၃၀၀ အထိ ရွိေနႏိုင္တယ္လို႔ အေမရိကန္အရာရွိေတြက ခန႔္မွန္းၾကပါတယ္။ ဒါ့အျပင္ အီရတ္နဲ႔ ဆီးရီးယားက ေဒသအမ်ားအျပားမွာ သူ႔အင္အားက ၁၄,၀၀၀ ကေန ၁၈,၀၀၀ ေလာက္အထိရွိႏိုင္တယ္လို႔လည္း ခန႔္မွန္းထားပါတယ္။ ဒါ့ျပင္ အိုင္အက္စ္ အဖြဲ႕ရဲ႕ ဝါဒျဖန႔္မႈကေန ေနာက္ထပ္ လူသစ္စုေဆာင္း ႏိုင္ေျခလည္း ရွိေနေၾကာင္းနဲ႔ အရင္သူတို႔ တန္ခိုးထြားခ်ိန္က ႏိုင္ငံရပ္ျခားက တိုက္ခိုက္ေရး သမားေတြပါ လာၿပီး ပူးေပါင္းခဲ့တဲ့ သာဓကေတြ ရွိခဲ့တယ္လို႔လည္း ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/isis-terrorist-reappeared-in-syria-and-iraq/5441642.html
ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ IS အကြမ်းဖက်အဖွဲ့တွေ ခေါင်းပြန်ထောင်လာနေ ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ IS အကြမ်းဖက်အဖွဲ့တွေ ခေါင်းပြန်ထောင်လာနေ Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.