ကုိဗစ္လူနာေတြအတြက္ ေစ်းသက္သာတဲ့အသက္ရႈစက္ လန္ဒန္ Imperial ေကာလိပ္ ထုတ္လုပ္

JamVent (ဓါတ္ပံု-Imperial College )
(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါျဖစ္ပြားေနတဲ့ လူနာေတြအတြက္ ေစ်းသက္သာၿပီး အရည္ေသြးေကာင္းတဲ့ အသက္ရႈစက္ေတြ ထုတ္ႏိုင္ၿပီျဖစ္ေၾကာင္း လန္ဒန္ Imperial College က ဆရာဝန္ေတြနဲ႔ အင္ဂ်င္နီယာေတြက ေျပာပါတယ္။ ကမာၻတလႊား ဒီေရာဂါပိုး ကူးစက္မႈဒဏ္ ဆိုးဆိုးဝါးဝါး ခံေနရခ်ိန္မွာ အသက္ရႈစက္ေတြ အမ်ားအျပား လုိအပ္ေနတာ ျဖစ္ၿပီး ဒီစက္ကို က်န္းမာေရးစနစ္ညံ့ဖ်င္းတဲ့ ဖြ႕ံၿဖိဳးဆဲ ႏိုင္ငံေတြမွာ အျမန္စသံုးႏုိင္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အေျခခံက်က် စဥ္းစားၿပီးထုတ္လုပ္ထားတဲ့ JamVent လို႔ေခၚတဲ့ ဒီအသက္ရႈစက္ကို ကမာၻ႔ ဘယ္ေနရာမွာ မဆို ေစ်းသက္သက္သာသာနဲ႔ ေဆာက္လုပ္ႏုိင္တယ္လို႔ ဒီစက္တည္ေဆာက္ေရး စီမံကိန္းကို ဦးေဆာင္သူ Dr. Joseph Sherwood ကေျပာပါတယ္။

JamVent စက္ဟာ အလြယ္တကူ ရႏုိင္တဲ့ ပစၥည္းေတြကို သံုးထားတာျဖစ္ေၾကာင္းလည္း စက္ကို ပူးတြဲတီထြင္တဲ့ လန္ဒန္ Royal Brompton ေဆးရံုက ကိုရိုနာဗုိင္းရပ္စ္ ေရာဂါရွင္ေတြကို လက္ေတြ႔က်က် ကုသေပးေနတဲ့ Dr. Jakob Mathiszig-Lee ကေျပာပါတယ္။

ဒီစက္ေတြဟာ လက္ရွိသံုးေနက် စက္ေတြကို ၿပိဳင္ထုတ္ဖို႔ လုပ္တာ မဟုတ္ေၾကာင္းနဲ႔ ေစ်းႀကီးေပး ဝယ္ရတဲ့ စက္ေတြထက္ တည္ေဆာက္ဖို႔ လြယ္ကူတာေၾကာင့္ ကမာၻ႔ဘယ္ ေနရာက မဆို ထုတ္ႏိုင္ေၾကာင္းလည္း စက္တီထြင္သူေတြက ေျပာပါတယ္။

ဒါ့အျပင္ ဒီစက္ဟာ ကိုရိုနာဗိုင္းရပ္စ္ ေဝဒနာရွင္ေတြသာမက အသက္ရႈလမ္းေၾကာင္း ဆိုင္ရာ ဘယ္ေဝဒနာရွင္ အတြက္ မဆို သံုးႏိုင္မယ့္ အေျခေန ရွိတာေၾကာင့္ အထူးၾကပ္မတ္ေဆာင္ ICU က လူနာေတြအတြက္ပါ သံုးႏုိင္တယ္လို႔လည္း Doctor Mathiszig-Lee က ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------

ကိုဗစ်လူနာတွေအတွက် ဈေးသက်သာတဲ့အသက်ရှုစက် လန်ဒန် Imperial ကောလိပ် ထုတ်လုပ်

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေတဲ့ လူနာတွေအတွက် ဈေးသက်သာပြီး အရည်သွေးကောင်းတဲ့ အသက်ရှုစက်တွေ ထုတ်နိုင်ပြီဖြစ်ကြောင်း လန်ဒန် Imperial College က ဆရာဝန်တွေနဲ့ အင်ဂျင်နီယာတွေက ပြောပါတယ်။ ကမ္ဘာတလွှား ဒီရောဂါပိုး ကူးစက်မှုဒဏ် ဆိုးဆိုးဝါးဝါး ခံနေရချိန်မှာ အသက်ရှုစက်တွေ အများအပြား လိုအပ်နေတာ ဖြစ်ပြီး ဒီစက်ကို ကျန်းမာရေးစနစ်ညံ့ဖျင်းတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အမြန်စသုံးနိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အခြေခံကျကျ စဉ်းစားပြီးထုတ်လုပ်ထားတဲ့ JamVent လို့ခေါ်တဲ့ ဒီအသက်ရှုစက်ကို ကမ္ဘာ့ ဘယ်နေရာမှာ မဆို ဈေးသက်သက်သာသာနဲ့ ဆောက်လုပ်နိုင်တယ်လို့ ဒီစက်တည်ဆောက်ရေး စီမံကိန်းကို ဦးဆောင်သူ Dr. Joseph Sherwood ကပြောပါတယ်။

JamVent စက်ဟာ အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတွေကို သုံးထားတာဖြစ်ကြောင်းလည်း စက်ကို ပူးတွဲတီထွင်တဲ့ လန်ဒန် Royal Brompton ဆေးရုံက ကိုရိုနာဗိုင်းရပ်စ် ရောဂါရှင်တွေကို လက်တွေ့ကျကျ ကုသပေးနေတဲ့ Dr. Jakob Mathiszig-Lee ကပြောပါတယ်။

ဒီစက်တွေဟာ လက်ရှိသုံးနေကျ စက်တွေကို ပြိုင်ထုတ်ဖို့ လုပ်တာ မဟုတ်ကြောင်းနဲ့ ဈေးကြီးပေး ဝယ်ရတဲ့ စက်တွေထက် တည်ဆောက်ဖို့ လွယ်ကူတာကြောင့် ကမ္ဘာ့ဘယ် နေရာက မဆို ထုတ်နိုင်ကြောင်းလည်း စက်တီထွင်သူတွေက ပြောပါတယ်။

ဒါ့အပြင် ဒီစက်ဟာ ကိုရိုနာဗိုင်းရပ်စ် ဝေဒနာရှင်တွေသာမက အသက်ရှုလမ်းကြောင်း ဆိုင်ရာ ဘယ်ဝေဒနာရှင် အတွက် မဆို သုံးနိုင်မယ့် အခြေနေ ရှိတာကြောင့် အထူးကြပ်မတ်ဆောင် ICU က လူနာတွေအတွက်ပါ သုံးနိုင်တယ်လို့လည်း Doctor Mathiszig-Lee က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/london-jamvent-/5399910.html
ကုိဗစ္လူနာေတြအတြက္ ေစ်းသက္သာတဲ့အသက္ရႈစက္ လန္ဒန္ Imperial ေကာလိပ္ ထုတ္လုပ္ ကုိဗစ္လူနာေတြအတြက္ ေစ်းသက္သာတဲ့အသက္ရႈစက္ လန္ဒန္ Imperial ေကာလိပ္ ထုတ္လုပ္ Reviewed by THITHTOOLWIN on 23:25 Rating: 5
Powered by Blogger.