ICJ မြန်မာအစီရင်ခံစာအပေါ် ဂမ်ဘီယာတရားရေးဝန်ကြီးအမြင်

ဂမ်ဘီယာတရားရေးဝန်ကြီး Abubacarr Tambadou 
(Unicode)⤵⤵⤵
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ မြန်မာအစိုးရက ပထမဆုံးအကြိမ် အစီရင်ခံစာတစောင် ICJ နိုင်ငံတကာတရားရုံးကို တင်သွင်းလိုက်ပါတယ်။ တရားလိုအဖြစ် ICJ မှာ တိုင်ကြားထားတဲ့ ဂမ်ဘီယာ နိုင်ငံကတော့ မြန်မာနိုင်ငံက အစီရင်ခံစာ တင်သွင်းလိုက်တဲ့အပေါ် ကြိုဆိုခဲ့တာပါ။ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေချုပ်လည်းဖြစ်၊ တရားဝန်ကြီးလည်းဖြစ်တဲ့ Abubacarr Tambadou ကို VOA သတင်းထောက် Carol Guensburg က Skype ကနေ မေးမြန်းထားတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုမြတ်မွန်က တင်ပြပါမယ်။
ICJ နိုင်ငံတကာတရားရုံ
VOA သတင်းထောက် Carol Guensburg။ ။ ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာရင်ဆိုင်နေရတဲ့ အမှုကာလအတွင်း ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ တရားရုံးက ဆုံးဖြတ်ထားတဲ့ ကြားဖြတ် အစီအမံနဲ့ ပတ်သက်လို့ မြန်မာဘက်က တရားရုံးကို အစီရင်ခံစာ တင်သွင်းပါပြီ။ အဲဒီအစီရင်ခံစာကို တေ့ွပြီးပါပြီလား၊ ဘာတွေပါဖို့ မေ ျှာ်လင့်ထားပါလဲ။

ဂမ်ဘီယာတရားရေးဝန်ကြီး Abubacarr Tambadou။ ။ တရားရုံးရဲ့ အမိန့်တွေအတိုင်း မြန်မာဘက်က ဘာတွေ လိုက်နာဆောင်ရွက်ထားသလဲဆိုတာသိရအောင် လောလောဆယ် အစီရင်ခံစာကို ကျနော်တို့ ဖတ်ရှု သုံးသပ်နေပါတယ်။ ကျနော်တို့ အဓိကသိချင်တာ ၃ ချက်ရှိပါတယ်။ ပထမဆုံး ၁ ချက်က လူမျိုးတုန်းသတ်ဖြတ်မှုတွေ မဖြစ်အောင် မြန်မာဘက်က ဆောင်ရွက်မှုအသစ် ဘာတွေလုပ်နေသလဲဆိုတာ သိချင်ပါတယ်။ ဒုတိယ အချက်က လူမျိုးတုံး သတ်ဖြတ်မှုတွေ ထပ်မဖြစ်အောင် ဘယ်လိုထိန်းသိမ်း ဆောင်ရွက်နေသလဲဆိုတာ သိချင်ပါတယ်။ တတိယအချက်ကတော့ တရားရုံးအမိန့်အတိုင်း သက်သေအထောက်အထားတွေကို ထိန်းသိမ်းထားဖို့ ဘာတွေလုပ်ထားသလဲဆိုတာ သိချင်ပါတယ်။

အခုလိုအစီရင်ခံစာတင်တာကို တိုးတက်မှုတခုအဖြစ် ကျနောတို့က အသိအမှတ်ပြု ကြိုဆိုပါတယ်။ အမှုနဲ့ပတ်သက်လို့ မြန်မာဘက်က ဆက်လက် အာရုံစိုက်ဆောင်ရွက်တဲ့ အပြုသဘော တိုးတက်မှုုဖြစ်ပါတယ်။ တရားရုံးရဲ့ အထူးကြားဖြတ် အစီအမံဆုံးဖြတ်ချက်မှာ ၄ လ တကြိမ် အစီရင်ခံစာတင်ရမယ်ဆိုတဲ့အတိုင်း မြန်မာနိုင်ငံဘက်က လိုက်နာဆောင်ရွက်တာဖြစ်ပါတယ်။ ဒီအမှုမှာ မြန်မာဘက်က အစဉ်တစိုက်ဆောင်ရွက်နေတဲ့အတိုင်း နိုင်ငံတကာအသိုင်းအဝိုင်းက တာဝန်ရှိတဲ့ နိုင်ငံအဖြစ် နိုင်ငံတကာတရားရုံး အပေါ် လေးစားတယ်ဆိုတာ ပြသတယ်လို့လည်း ကျနော်က မြင်ပါတယ်။ ဒါဟာလည်း တိုးတက်ဖြစ်ထွန်းမှု တခုပါ။

VOA သတင်းထောက် Carol Guensburg။ ။ မြန်မာနိုင်ငံဘက်က တင်ပြတဲ့ အထောက်အထားတွေ မှန်၊ မမှန်သိရအောင် Gambia ဥပဒေအဖွဲ့ကရော လက်တွေ့ အခြေအနေတွေကို စောင့်ကြည့်တာ၊ အထောက်အထားတွေကို စုဆောင်းတာမျိုးတွေ လုပ်ပါလား။

ဂမ်ဘီယာတရားရေးဝန်ကြီး Abubacarr Tambadou။ ။ Gambia အဖွဲ့အနေနဲ့ မြန်မာနိုင်ငံထဲက အခြေအနေ၊ အချက်အလက်တွေကို စောင့်ကြည့် စုဆောင်းရုံတင် မဟုတ်ပါဘူး။ တခြားနည်းလည်းလမ်းတွေနဲ့လည်း စုဆောင်းနေပါတယ်။ ကျနော်တို့ မျက်စိဖွင့်၊ နားဖွင့်ထားပါတယ်။ တရားရုံးကို မြန်မာအစိုးရတင်ပြတဲ့ အစီရင်ခံစာ မှန်၊ မမှန်ဆိုတာကို ကျနော်တို့ အတည်ပြုနိုင်မယ်လို့ မေ ျှာ်လင့်ပါတယ်။ အစီရင်ခံစာထဲမှာ ဘာတွေပါတယ်။ မြန်မာဘက်က တင်ပြတဲ့ ဘယ်အချက်တွေက မှန်တယ်ဆိုတာ ကြည့်ရမှာပါ။

VOA သတင်းထောက် Carol Guensburg။ ။ ICJ အမှုမှာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံထဲကနေ ထွက်ပြေးနေဆဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ရော ဘာသိရပါလဲ။

ဂမ်ဘီယာတရားရေးဝန်ကြီး Abubacarr Tambadou။ ။ လူမျိုးတုံး သတ်ဖြတ်မှု ထပ်မဖြစ်အောင် လူမျိုးတုံး သတ်ဖြတ်မှုတွေ ရပ်သွားအောင် ဘယ်လိုဆောင်ရွက်မှုတွေ လုပ်နေသလဲဆိုတာ အစီရင်ခံစာထဲမှာ မြန်မာဘက်က ပြောထားတာတွေကို ကြည့်ရမှာပါ။ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေ ထွက်ပြေးနေဆဲဆိုတဲ့ လက်တေ့ွအခြေအနေကို မြန်မာဘက်က ဘယ်လိုရှင်းပြထားသလဲဆိုတာ ကျနော်တို့လည်းသိချင်ပါတယ်။

VOA သတင်းထောက် Carol Guensburg။ ။ COVID-19 ကပ်ရောဂါကြီး ဖြစ်နေတာကရော အမှုအပေါ် ဘယ်လို သက်ရောက်မှုရှိပါသလဲ၊ နောက်ထပ်အရေးပေါ် အခြေအနေတခု ထပ်တိုးသလိုဖြစ်ပါလား။

ဂမ်ဘီယာတရားရေးဝန်ကြီး Abubacarr Tambadou။ ။ COVID-19 ကြောင့် တရားရုံးက ပေးထားတဲ့ အချိန်အတိုင်းအတာအတွင်း ကျနော်တို့ဘက်က အပြည့်အဝ ပြင်ဆင်ဖို့ တော်တော်လေး အခက်အခဲရှိပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်တယ်လို့ ကျနော်တို့ တရားစွဲထားတဲ့ အမှုအတွက် သက်သေအချက်အလက်တွေ တရားရုံးကို တင်ပြနိုင်ဖို့ ခြောက် လ အချိန်ပေးထားပါတယ်။ ဇူလိုင်လ မကုန်ခင်တင်ပြရမှာပါ။ Gambia အစိုးရကို ကိုယ်စားပြုတဲ့ ဥပဒေအကျိုးဆောင်ကုမ္ပဏီ Foley Hoag က အမေရိကန်မှာ အခြေစိုက်ပါတယ်။ အမေရိကန်မှာ အားလုံးနီးပါး lockdown ဖြစ်နေတော့ ကျနော်တို့ Gambia ဘက်က တရားရုံးတင်ပြချက် ပြင်ဆင်တဲ့နေရာမှာ Foley Hoag ဘက်က အကူအညီပေးနိုင်ဖို့အတွက် အတော်ကို အခက်အခဲရှိနေပါတယ်။

ဂမ်ဘီယာမှာတော့ အသွားအလာတွေ ပိတ်ပင်ကန့်သတ်မထားပေမဲ့ အရေးပေါ်အခြေအနေကြေညာထားပါတယ်။ ဒါကြောင့် တရားရေးဝန်ကြီးဌာနနေနဲ့လည်း အမှုအတွက် လုပ်စရာလုပ်နိုင်ဖို့ အခက်အခဲတွေ္ဂ ရှိပါတယ်။ ခုလို စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာကို တရားရုံးကို ကျနော်တို့ လွန်ခဲ့တဲ့ တစ်လကပဲ တင်ပြပြီး ကျနော်တို့ဘက်က တင်ပြမယ့် လေ ျှာက်ထားချက်ကို ပြင်ဆင်နိုင်ဖို့ အချိန်တိုးပေးဖို့ တောင်းဆိုထားပါတယ်။ တရားရုံးဘက်က အောက်တိုဘာလအထိ အချိန်နောက်ဆုတ်ပေးပါတယ်။ မြန်မာနိုင်ငံဘက်က လေ ျှာက်ထားချက်အတွက်လည်း သုံးလအချိန်တိုးပေးထားပါတယ်။
စစ်တွေမြို့အနီးရှိ ဒုက္ခသည်စခန်းတွင်းက ရိုဟင်ဂျာဒုက္ခသည်တချို့။ (အောက်တိုဘာ ၁၀၊ ၂၀၁၂)
SEE ALSO:
မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာတွေ အခြေအနေ တိုးတက်ပြောင်းလဲလာတာ မရှိဘူးလို့ AI ဝေဖန်

VOA သတင်းထောက် Carol Guensburg။ ။ ဝန်ကြီး Tambadou အနေနဲ့ ဘာဖြည့်ပြောချင်တာ ရှိပါသေးလဲ။

ဂမ်ဘီယာတရားရေးဝန်ကြီး Abubacarr Tambadou။ ။ ဒီနေ့ခေတ်ကြီးမှာ လူမျိုးတုံး သတ်ဖြတ်မှုလို ရာဇဝတ်မှုမျိုးကို ဖုံးကွယ်ထားလို့ မရပါဘူး။ Rwandan လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ Felicien Kabuga ကို ၂၆ နှစ်အကြာမှာ ဖမ်းနိုင်တာကို ကြည့်ရင် အချိန်ဘယ်လောက်ကြာပါစေ။ ပြစ်မှုကျူးလွန်ခဲ့သူတွေ ဘယ်မှာ ပုန်းနေပါစေ၊ တရားမ ျှတမှုကို တနေ့တော့ ရမှာပါ။ ဒါကြောင့် တကမ္ဘာလုံးက နိုင်ငံရေးခေါင်းဆောင်တွေအားလုံးကို ကျနော် သတိပေးချင်တာကတော့ ကိုယ်တိုင်ပြစ်မှု ကျူးလွန်တာပဲဖြစ်ဖြစ်၊ ကျူးလွန်ဖို့ အမိန့်ပေးတာပဲဖြစ်ဖြစ် အနှေးနဲ့ အမြန် တနေ့မှာတော့ တာဝန်ခံရလိမ့်မယ်ဆိုတာကို ပြောချင်ပါတယ်။

Gambia နိုင်ငံ ရှေ့နေချုပ်လည်းဖြစ်၊ တရားဝန်ကြီးလည်းဖြစ်တဲ့ Abubacarr Tambadou ကို VOA သတင်းထောက် Carol Guensburg က Skype ကနေ မေးမြန်းခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရဘက်ကတော့ လက်မခံပါဘူးရှင်။

မစုမြတ်မွန်  / ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
ICJ ျမန္မာအစီရင္ခံစာအေပၚ ဂမ္ဘီယာတရားေရးဝန္ႀကီးအျမင္

ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္ဖို႔ ရည္႐ြယ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပတ္သက္လို႔ ျမန္မာအစိုးရက ပထမဆုံးအႀကိမ္ အစီရင္ခံစာတေစာင္ ICJ ႏိုင္ငံတကာတရား႐ုံးကို တင္သြင္းလိုက္ပါတယ္။ တရားလိုအျဖစ္ ICJ မွာ တိုင္ၾကားထားတဲ့ ဂမ္ဘီယာ ႏိုင္ငံကေတာ့ ျမန္မာႏိုင္ငံက အစီရင္ခံစာ တင္သြင္းလိုက္တဲ့အေပၚ ႀကိဳဆိုခဲ့တာပါ။ ဂမ္ဘီယာႏိုင္ငံရဲ႕ ေရွ႕ေနခ်ဳပ္လည္းျဖစ္၊ တရားဝန္ႀကီးလည္းျဖစ္တဲ့ Abubacarr Tambadou ကို VOA သတင္းေထာက္ Carol Guensburg က Skype ကေန ေမးျမန္းထားတာကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုျမတ္မြန္က တင္ျပပါမယ္။

VOA သတင္းေထာက္ Carol Guensburg။ ။ ICJ ႏိုင္ငံတကာတရား႐ုံးမွာ ျမန္မာရင္ဆိုင္ေနရတဲ့ အမႈကာလအတြင္း ႐ိုဟင္ဂ်ာေတြကို အကာအကြယ္ေပးဖို႔ တရား႐ုံးက ဆုံးျဖတ္ထားတဲ့ ၾကားျဖတ္ အစီအမံနဲ႔ ပတ္သက္လို႔ ျမန္မာဘက္က တရား႐ုံးကို အစီရင္ခံစာ တင္သြင္းပါၿပီ။ အဲဒီအစီရင္ခံစာကို ေတ့ြၿပီးပါၿပီလား၊ ဘာေတြပါဖို႔ ေမ ွ်ာ္လင့္ထားပါလဲ။

ဂမ္ဘီယာတရားေရးဝန္ႀကီး Abubacarr Tambadou။ ။ တရား႐ုံးရဲ႕ အမိန႔္ေတြအတိုင္း ျမန္မာဘက္က ဘာေတြ လိုက္နာေဆာင္႐ြက္ထားသလဲဆိုတာသိရေအာင္ ေလာေလာဆယ္ အစီရင္ခံစာကို က်ေနာ္တို႔ ဖတ္ရႈ သုံးသပ္ေနပါတယ္။ က်ေနာ္တို႔ အဓိကသိခ်င္တာ ၃ ခ်က္ရွိပါတယ္။ ပထမဆုံး ၁ ခ်က္က လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြ မျဖစ္ေအာင္ ျမန္မာဘက္က ေဆာင္႐ြက္မႈအသစ္ ဘာေတြလုပ္ေနသလဲဆိုတာ သိခ်င္ပါတယ္။ ဒုတိယ အခ်က္က လူမ်ိဳးတုံး သတ္ျဖတ္မႈေတြ ထပ္မျဖစ္ေအာင္ ဘယ္လိုထိန္းသိမ္း ေဆာင္႐ြက္ေနသလဲဆိုတာ သိခ်င္ပါတယ္။ တတိယအခ်က္ကေတာ့ တရား႐ုံးအမိန႔္အတိုင္း သက္ေသအေထာက္အထားေတြကို ထိန္းသိမ္းထားဖို႔ ဘာေတြလုပ္ထားသလဲဆိုတာ သိခ်င္ပါတယ္။

အခုလိုအစီရင္ခံစာတင္တာကို တိုးတက္မႈတခုအျဖစ္ က်ေနာတို႔က အသိအမွတ္ျပဳ ႀကိဳဆိုပါတယ္။ အမႈနဲ႔ပတ္သက္လို႔ ျမန္မာဘက္က ဆက္လက္ အာ႐ုံစိုက္ေဆာင္႐ြက္တဲ့ အျပဳသေဘာ တိုးတက္မႈုျဖစ္ပါတယ္။ တရား႐ုံးရဲ႕ အထူးၾကားျဖတ္ အစီအမံဆုံးျဖတ္ခ်က္မွာ ၄ လ တႀကိမ္ အစီရင္ခံစာတင္ရမယ္ဆိုတဲ့အတိုင္း ျမန္မာႏိုင္ငံဘက္က လိုက္နာေဆာင္႐ြက္တာျဖစ္ပါတယ္။ ဒီအမႈမွာ ျမန္မာဘက္က အစဥ္တစိုက္ေဆာင္႐ြက္ေနတဲ့အတိုင္း ႏိုင္ငံတကာအသိုင္းအဝိုင္းက တာဝန္ရွိတဲ့ ႏိုင္ငံအျဖစ္ ႏိုင္ငံတကာတရား႐ုံး အေပၚ ေလးစားတယ္ဆိုတာ ျပသတယ္လို႔လည္း က်ေနာ္က ျမင္ပါတယ္။ ဒါဟာလည္း တိုးတက္ျဖစ္ထြန္းမႈ တခုပါ။

VOA သတင္းေထာက္ Carol Guensburg။ ။ ျမန္မာႏိုင္ငံဘက္က တင္ျပတဲ့ အေထာက္အထားေတြ မွန္၊ မမွန္သိရေအာင္ Gambia ဥပေဒအဖြဲ႕ကေရာ လက္ေတြ႕ အေျခအေနေတြကို ေစာင့္ၾကည့္တာ၊ အေထာက္အထားေတြကို စုေဆာင္းတာမ်ိဳးေတြ လုပ္ပါလား။

ဂမ္ဘီယာတရားေရးဝန္ႀကီး Abubacarr Tambadou။ ။ Gambia အဖြဲ႕အေနနဲ႔ ျမန္မာႏိုင္ငံထဲက အေျခအေန၊ အခ်က္အလက္ေတြကို ေစာင့္ၾကည့္ စုေဆာင္း႐ုံတင္ မဟုတ္ပါဘူး။ တျခားနည္းလည္းလမ္းေတြနဲ႔လည္း စုေဆာင္းေနပါတယ္။ က်ေနာ္တို႔ မ်က္စိဖြင့္၊ နားဖြင့္ထားပါတယ္။ တရား႐ုံးကို ျမန္မာအစိုးရတင္ျပတဲ့ အစီရင္ခံစာ မွန္၊ မမွန္ဆိုတာကို က်ေနာ္တို႔ အတည္ျပဳႏိုင္မယ္လို႔ ေမ ွ်ာ္လင့္ပါတယ္။ အစီရင္ခံစာထဲမွာ ဘာေတြပါတယ္။ ျမန္မာဘက္က တင္ျပတဲ့ ဘယ္အခ်က္ေတြက မွန္တယ္ဆိုတာ ၾကည့္ရမွာပါ။

VOA သတင္းေထာက္ Carol Guensburg။ ။ ICJ အမႈမွာ ႐ိုဟင္ဂ်ာေတြ ျမန္မာႏိုင္ငံထဲကေန ထြက္ေျပးေနဆဲဆိုတဲ့ ကိစၥနဲ႔ ပတ္သက္လို႔ေရာ ဘာသိရပါလဲ။

ဂမ္ဘီယာတရားေရးဝန္ႀကီး Abubacarr Tambadou။ ။ လူမ်ိဳးတုံး သတ္ျဖတ္မႈ ထပ္မျဖစ္ေအာင္ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြ ရပ္သြားေအာင္ ဘယ္လိုေဆာင္႐ြက္မႈေတြ လုပ္ေနသလဲဆိုတာ အစီရင္ခံစာထဲမွာ ျမန္မာဘက္က ေျပာထားတာေတြကို ၾကည့္ရမွာပါ။ ရခိုင္ျပည္နယ္ထဲက ဒုကၡသည္ေတြ ထြက္ေျပးေနဆဲဆိုတဲ့ လက္ေတ့ြအေျခအေနကို ျမန္မာဘက္က ဘယ္လိုရွင္းျပထားသလဲဆိုတာ က်ေနာ္တို႔လည္းသိခ်င္ပါတယ္။

VOA သတင္းေထာက္ Carol Guensburg။ ။ COVID-19 ကပ္ေရာဂါႀကီး ျဖစ္ေနတာကေရာ အမႈအေပၚ ဘယ္လို သက္ေရာက္မႈရွိပါသလဲ၊ ေနာက္ထပ္အေရးေပၚ အေျခအေနတခု ထပ္တိုးသလိုျဖစ္ပါလား။

ဂမ္ဘီယာတရားေရးဝန္ႀကီး Abubacarr Tambadou။ ။ COVID-19 ေၾကာင့္ တရား႐ုံးက ေပးထားတဲ့ အခ်ိန္အတိုင္းအတာအတြင္း က်ေနာ္တို႔ဘက္က အျပည့္အဝ ျပင္ဆင္ဖို႔ ေတာ္ေတာ္ေလး အခက္အခဲရွိပါတယ္။ ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြ ျဖစ္တယ္လို႔ က်ေနာ္တို႔ တရားစြဲထားတဲ့ အမႈအတြက္ သက္ေသအခ်က္အလက္ေတြ တရား႐ုံးကို တင္ျပႏိုင္ဖို႔ ေျခာက္ လ အခ်ိန္ေပးထားပါတယ္။ ဇူလိုင္လ မကုန္ခင္တင္ျပရမွာပါ။ Gambia အစိုးရကို ကိုယ္စားျပဳတဲ့ ဥပေဒအက်ိဳးေဆာင္ကုမၸဏီ Foley Hoag က အေမရိကန္မွာ အေျခစိုက္ပါတယ္။ အေမရိကန္မွာ အားလုံးနီးပါး lockdown ျဖစ္ေနေတာ့ က်ေနာ္တို႔ Gambia ဘက္က တရား႐ုံးတင္ျပခ်က္ ျပင္ဆင္တဲ့ေနရာမွာ Foley Hoag ဘက္က အကူအညီေပးႏိုင္ဖို႔အတြက္ အေတာ္ကို အခက္အခဲရွိေနပါတယ္။

ဂမ္ဘီယာမွာေတာ့ အသြားအလာေတြ ပိတ္ပင္ကန႔္သတ္မထားေပမဲ့ အေရးေပၚအေျခအေနေၾကညာထားပါတယ္။ ဒါေၾကာင့္ တရားေရးဝန္ႀကီးဌာနေနနဲ႔လည္း အမႈအတြက္ လုပ္စရာလုပ္ႏိုင္ဖို႔ အခက္အခဲေတြၢ ရွိပါတယ္။ ခုလို စိန္ေခၚမႈေတြ ရွိေနတယ္ဆိုတာကို တရား႐ုံးကို က်ေနာ္တို႔ လြန္ခဲ့တဲ့ တစ္လကပဲ တင္ျပၿပီး က်ေနာ္တို႔ဘက္က တင္ျပမယ့္ ေလ ွ်ာက္ထားခ်က္ကို ျပင္ဆင္ႏိုင္ဖို႔ အခ်ိန္တိုးေပးဖို႔ ေတာင္းဆိုထားပါတယ္။ တရား႐ုံးဘက္က ေအာက္တိုဘာလအထိ အခ်ိန္ေနာက္ဆုတ္ေပးပါတယ္။ ျမန္မာႏိုင္ငံဘက္က ေလ ွ်ာက္ထားခ်က္အတြက္လည္း သုံးလအခ်ိန္တိုးေပးထားပါတယ္။

VOA သတင္းေထာက္ Carol Guensburg။ ။ ဝန္ႀကီး Tambadou အေနနဲ႔ ဘာျဖည့္ေျပာခ်င္တာ ရွိပါေသးလဲ။

ဂမ္ဘီယာတရားေရးဝန္ႀကီး Abubacarr Tambadou။ ။ ဒီေန႔ေခတ္ႀကီးမွာ လူမ်ိဳးတုံး သတ္ျဖတ္မႈလို ရာဇဝတ္မႈမ်ိဳးကို ဖုံးကြယ္ထားလို႔ မရပါဘူး။ Rwandan လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္ခဲ့သူ Felicien Kabuga ကို ၂၆ ႏွစ္အၾကာမွာ ဖမ္းႏိုင္တာကို ၾကည့္ရင္ အခ်ိန္ဘယ္ေလာက္ၾကာပါေစ။ ျပစ္မႈက်ဴးလြန္ခဲ့သူေတြ ဘယ္မွာ ပုန္းေနပါေစ၊ တရားမ ွ်တမႈကို တေန႔ေတာ့ ရမွာပါ။ ဒါေၾကာင့္ တကမာၻလုံးက ႏိုင္ငံေရးေခါင္းေဆာင္ေတြအားလုံးကို က်ေနာ္ သတိေပးခ်င္တာကေတာ့ ကိုယ္တိုင္ျပစ္မႈ က်ဴးလြန္တာပဲျဖစ္ျဖစ္၊ က်ဴးလြန္ဖို႔ အမိန႔္ေပးတာပဲျဖစ္ျဖစ္ အေႏွးနဲ႔ အျမန္ တေန႔မွာေတာ့ တာဝန္ခံရလိမ့္မယ္ဆိုတာကို ေျပာခ်င္ပါတယ္။

Gambia ႏိုင္ငံ ေရွ႕ေနခ်ဳပ္လည္းျဖစ္၊ တရားဝန္ႀကီးလည္းျဖစ္တဲ့ Abubacarr Tambadou ကို VOA သတင္းေထာက္ Carol Guensburg က Skype ကေန ေမးျမန္းခဲ့တာျဖစ္ပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို ျမန္မာအစိုးရဘက္ကေတာ့ လက္မခံပါဘူးရွင္။

မစုျမတ္မြန္  / ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/icj-gambia/5434539.html
ICJ မြန်မာအစီရင်ခံစာအပေါ် ဂမ်ဘီယာတရားရေးဝန်ကြီးအမြင် ICJ မြန်မာအစီရင်ခံစာအပေါ် ဂမ်ဘီယာတရားရေးဝန်ကြီးအမြင် Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.