လွိုင်လင်-တောင်ကြီးလမ်းမှာ ICE မူးယစ်ဆေး သန်း ၄၀,၀၀၀ ကျော်ဖိုး ထပ်ဖမ်းမိ


(Unicode)⤵⤵⤵
 ရှမ်းပြည်နယ် လွိုင်လင်-တောင်ကြီး ကားလမ်းပေါ်မှာ ကျပ် ဘီလီယံ ၄၀ (သန်းပေါင်း ၄၀၀၀၀) ကျော် တန်ဖိုးရှိတဲ့ ICE မူးယစ်ဆေးတွေ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က မေ ၂၆ မှာ သတင်းထုတ်ပြန်ထားပါတယ်။

မေ ၂၄ ရက်နေ့က  ကုန်တင်ယာဉ်ကို ရှာဖွေရာမှာ ကားရဲ့ ကြမ်းခင်းအတွင်း အံဝှက်လုပ်ပြီး ထည့်ထားတဲ့  ကီလို ၁၆၀၀ ကျော် မူးယစ်ဆေးတွေကို တွေ့ရတာဖြစ်တယ်လို့ လွိုင်လင်မြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။

မူးယစ်ဆေး သယ်ဆောင်လာတယ်လို့ စွပ်စွဲခံထားရတဲ့ ခွန်စံဦး၊ ဝေလင်းတို့ကိုတော့ လွိုင်လင်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။ သူတို့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရဲက ဖြေဆိုနိုင်ခြင်း မရှိပါဘူး။

သူတို့နှစ်ဦးကို စစ်ဆေးပေါ်ပေါက်ချက်အရ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က နှစ်ဦး၊ မိုင်းရှူးမြို့နယ်က တစ်ဦးတို့ကို အရေးယူထားတယ်လို့  ရဲတပ်ဖွဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံမှာတော့ လွိုင်လင်မြို့ ဟိုတင့်ကျေးရွာအနီး ဖမ်းမိတယ်ဆိုတဲ့ မူးယစ်ဆေးကို လက်ဖက်ခြောက်ထုပ်ပုံစံ ထုပ်ပိုးထားတာ တွေ့ရပါတယ်။

လွန်ခဲ့တဲ့ ၁ဝ လ ခန့်ကလည်း ဒီရွာနားမှာ တောင်ကြီးဘက် မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီးရဲ့ ကြမ်းခင်းထဲ ဝှက်လာတဲ့ ICE နဲ့ ကက်တမင်း ပမာဏ အများအပြား ဖမ်းမိတယ်လို့ ၂၀၁၉ သြဂုတ်လ ၁၇ ရက်နေ့ တပ်မတော် သတင်းထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ မူးယစ်ဆေး တန်ဘိုးက ကျပ် သန်း ၁၂၀၀၀ ကျော်တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာ ICE နဲ့ စိတ်ကြွဆေး ထုတ်လုပ်တဲ့ စခန်းတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းအတွင်း ICE မူးယစ်ဆေး ဖမ်းဆီးရမှုတွေဟာ ထုပ်ပိုးမှု ပုံစံတူပြီး တန်ဘိုးကလည်း ကျပ် သန်းပေါင်း တစ်သောင်းကျော်ကျကြောင်း သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

RFA Burmese
-----------------------------------
(Zawgyi)⤵⤵⤵
လြိဳင္လင္-ေတာင္ႀကီးလမ္းမွာ  ICE မူးယစ္ေဆး သန္း ၄၀,၀၀၀ ေက်ာ္ဖိုး ထပ္ဖမ္းမိ

 ရွမ္းျပည္နယ္ လြိဳင္လင္-ေတာင္ႀကီး ကားလမ္းေပၚမွာ က်ပ္ ဘီလီယံ ၄၀ (သန္းေပါင္း ၄၀၀၀၀) ေက်ာ္ တန္ဖိုးရွိတဲ့ ICE မူးယစ္ေဆးေတြ သယ္ေဆာင္လာတဲ့ ေမာ္ေတာ္ယာဥ္တစ္စီး ဖမ္းဆီးရမိတယ္လို႔ ရဲတပ္ဖြဲ႕က ေမ ၂၆ မွာ သတင္းထုတ္ျပန္ထားပါတယ္။

ေမ ၂၄ ရက္ေန႔က  ကုန္တင္ယာဥ္ကို ရွာေဖြရာမွာ ကားရဲ႕ ၾကမ္းခင္းအတြင္း အံဝွက္လုပ္ၿပီး ထည့္ထားတဲ့  ကီလို ၁၆၀၀ ေက်ာ္ မူးယစ္ေဆးေတြကို ေတြ႕ရတာျဖစ္တယ္လို႔ လြိဳင္လင္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က တာဝန္ရွိသူတစ္ေယာက္က RFA ကို ေျပာပါတယ္။

မူးယစ္ေဆး သယ္ေဆာင္လာတယ္လို႔ စြပ္စြဲခံထားရတဲ့ ခြန္စံဦး၊ ေဝလင္းတို႔ကိုေတာ့ လြိဳင္လင္ရဲစခန္းမွာ ထိန္းသိမ္းထားတယ္လို႔လည္း သိရပါတယ္။ သူတို႔ရဲ႕ ခရီးစဥ္နဲ႔ ပတ္သက္ၿပီး ရဲက ေျဖဆိုႏိုင္ျခင္း မရွိပါဘူး။

သူတို႔ႏွစ္ဦးကို စစ္ေဆးေပၚေပါက္ခ်က္အရ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္က ႏွစ္ဦး၊ မိုင္းရႉးၿမိဳ႕နယ္က တစ္ဦးတို႔ကို အေရးယူထားတယ္လို႔  ရဲတပ္ဖြဲ႕ သတင္းမွာ ေဖာ္ျပထားပါတယ္။

ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားတဲ့ ဓာတ္ပုံမွာေတာ့ လြိဳင္လင္ၿမိဳ႕ ဟိုတင့္ေက်း႐ြာအနီး ဖမ္းမိတယ္ဆိုတဲ့ မူးယစ္ေဆးကို လက္ဖက္ေျခာက္ထုပ္ပုံစံ ထုပ္ပိုးထားတာ ေတြ႕ရပါတယ္။

လြန္ခဲ့တဲ့ ၁ဝ လ ခန႔္ကလည္း ဒီ႐ြာနားမွာ ေတာင္ႀကီးဘက္ ေမာင္းႏွင္လာတဲ့ ေမာ္ေတာ္ယာဥ္တစ္စီးရဲ႕ ၾကမ္းခင္းထဲ ဝွက္လာတဲ့ ICE နဲ႔ ကက္တမင္း ပမာဏ အမ်ားအျပား ဖမ္းမိတယ္လို႔ ၂၀၁၉ ၾသဂုတ္လ ၁၇ ရက္ေန႔ တပ္မေတာ္ သတင္းထုတ္ျပန္ခ်က္တစ္ခုမွာ ေဖာ္ျပထားပါတယ္။ မူးယစ္ေဆး တန္ဘိုးက က်ပ္ သန္း ၁၂၀၀၀ ေက်ာ္တယ္လို႔ ဆိုပါတယ္။ ရွမ္းျပည္ေတာင္ပိုင္းမွာ ICE နဲ႔ စိတ္ႂကြေဆး ထုတ္လုပ္တဲ့ စခန္းေတြ ေတြ႕ရတယ္လို႔ ဆိုပါတယ္။

ရွမ္းျပည္နယ္၊ တနသၤာရီ၊ ရန္ကုန္နဲ႔ ဧရာဝတီတိုင္းအတြင္း ICE မူးယစ္ေဆး ဖမ္းဆီးရမႈေတြဟာ ထုပ္ပိုးမႈ ပုံစံတူၿပီး တန္ဘိုးကလည္း က်ပ္ သန္းေပါင္း တစ္ေသာင္းေက်ာ္က်ေၾကာင္း သတင္းထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
လွိုင်လင်-တောင်ကြီးလမ်းမှာ ICE မူးယစ်ဆေး သန်း ၄၀,၀၀၀ ကျော်ဖိုး ထပ်ဖမ်းမိ လွိုင်လင်-တောင်ကြီးလမ်းမှာ  ICE မူးယစ်ဆေး သန်း ၄၀,၀၀၀ ကျော်ဖိုး ထပ်ဖမ်းမိ Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.