ျမန္မာႏုိင္ငံက Facebook အေကာင့္တခ်ဳိ႕ ထပ္မံ အပိတ္ခံရ


(Zawgyi/Unicode)

ျမန္မာႏိုင္ငံက ေဖ့စ္ဘုတ္စာမ်က္နွာ ၃ ခု အေကာင့္ ၁၈ ခုနဲ႔ အဖြဲ႔တဖြဲ႔ရဲဲ့ စာမ်က္ႏွာေတြကို ဖယ္ရွားပစ္လိုက္တယ္လို႔ ေဖ့ဘုတ္ကုမၸဏီက အဂၤါေန႔မွာေၾကညာပါတယ္။

ဒီကြန္ယက္အဖြဲ႔ဟာ ျပည္တြင္းအတြက္ ဦးစားေပး လုပ္ေဆာင္တာ ေတြ႔ရၿပီး ေဖ့စ္ဘုတ္ရဲ့ စံုစမ္းစစ္ေဆးခ်က္ အရ ျမန္မာရဲတပ္ဖြဲ႔ဝင္ ေတြနဲ႔ ဆက္ႏြယ္မႈရွိတာ ေတြ႔ရတယ္လုိ႔ ေဖ့စ္ဘုတ္ရဲ႕ ၂၀၂၀ ဧၿပီလ အတြက္ ထုတ္ျပန္တဲ့ ေတြ႔ရွိခ်က္ စာတမ္းမွာ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံတြင္း ေဖ့စ္ဘုတ္သံုးစြဲမႈမွာ သံသယျဖစ္စရာ လုပ္ေဆာင္ခ်က္ ရွိမရွိ ေဖ့စ္ဘုတ္က စံုစမ္း စစ္ေဆးရာမွ ဒီကြန္ယက္ရဲ႕ မူမမွန္တာေတြကို ေတ႔ြခဲ့ရေၾကာင္းလည္း ေဖၚျပထားပါတယ္။

တျခားႏိုင္ငံေတြက မူမမွန္တဲ့ ေဖ့စ္ဘုတ္ သံုးစြဲမႈ ေတြ ကိုပါ ေဖ့စ္ဘုတ္ရဲ႕ ဧၿပီလ ေတြ႔ရွိခ်က္ေတြထဲမွာ ေဖၚျပထားၿပီး ကြန္ယက္ ၈ ခုက အေကာင့္ေတြ၊ ေဖ့စ္ဘုတ္စာမ်က္ႏွာေတြနဲ႔ အဖြဲ႔ေတြကို ပါ ပိတ္ပစ္ခဲ့တယ္လုိ႔ ေျပာပါတယ္။ ဒီထဲမွာ ျပည္ပ အတြက္ရည္ရြယ္ လုပ္ေဆာင္တဲ့ ၂ ဖြဲ႔က ရုရွားနဲ႔ အီရန္ႏုိင္ငံေတြက ျဖစ္ၿပီး ျမန္မာ၊ အေမရိကန္၊ ေဂ်ာဂ်ီယာနဲ႔ Mauritania ႏိုင္ငံေတြထဲက ေနာက္ အဖြဲ႔ ၆ ဖြဲ႔ကေတာ့ ျပည္တြင္းအတြက္ ရည္ရြယ္ လႈပ္ရွားတာ ေတြ႔ရတယ္လို႔ ေဖၚျပထားပါတယ္။

အခု ေဖ့စ္ဘုတ္က ရတဲ့ သတင္း အခ်က္လက္ ေတြကို ဥပေဒစိုးမိုးေရး အဖြဲ႔ေတြ၊ မူဝါဒ ခ်မွတ္သူေတြနဲ႔ စက္္မႈမိတ္ေဆြ ေတြနဲ႔ မ ွ်ေဝ ခဲ့တယ္လုိ႔လည္း ေျပာပါတယ္။

ဒီလ အတြက္ ေဖ့စ္ဘုတ္က စုစုေပါင္း ဖယ္ရွားခဲ့တဲ့ အေကာင့္က ၇၀၀ ေက်ာ္ရွိၿပီး Instagram အေကာင့္ ၁၆၂ ၊ ေဖ့စ္ဘုတ္ စာမ်က္ႏွာေပါင္း (၇၉ ၃) ရွစ္ရာနီးပါးနဲ႔ အဖြဲ႔အစည္းေပါင္း ၂၀၀ ရွိတယ္လုိ႔လည္း ေဖၚျပပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------

မြန်မာနိုင်ငံက Facebook အကောင့်တချို့ ထပ်မံ အပိတ်ခံရ

(Unicode)

မြန်မာနိုင်ငံက ဖေ့စ်ဘုတ်စာမျက်နှာ ၃ ခု အကောင့် ၁၈ ခုနဲ့ အဖွဲ့တဖွဲ့ရဲ့ စာမျက်နှာတွေကို ဖယ်ရှားပစ်လိုက်တယ်လို့ ဖေ့ဘုတ်ကုမ္ပဏီက အင်္ဂါနေ့မှာကြေညာပါတယ်။

ဒီကွန်ယက်အဖွဲ့ဟာ ပြည်တွင်းအတွက် ဦးစားပေး လုပ်ဆောင်တာ တွေ့ရပြီး ဖေ့စ်ဘုတ်ရဲ့ စုံစမ်းစစ်ဆေးချက် အရ မြန်မာရဲတပ်ဖွဲ့ဝင် တွေနဲ့ ဆက်နွယ်မှုရှိတာ တွေ့ရတယ်လို့ ဖေ့စ်ဘုတ်ရဲ့ ၂၀၂၀ ဧပြီလ အတွက် ထုတ်ပြန်တဲ့ တွေ့ရှိချက် စာတမ်းမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ဖေ့စ်ဘုတ်သုံးစွဲမှုမှာ သံသယဖြစ်စရာ လုပ်ဆောင်ချက် ရှိမရှိ ဖေ့စ်ဘုတ်က စုံစမ်း စစ်ဆေးရာမှ ဒီကွန်ယက်ရဲ့ မူမမှန်တာတွေကို တေ့ွခဲ့ရကြောင်းလည်း ဖေါ်ပြထားပါတယ်။

တခြားနိုင်ငံတွေက မူမမှန်တဲ့ ဖေ့စ်ဘုတ် သုံးစွဲမှု တွေ ကိုပါ ဖေ့စ်ဘုတ်ရဲ့ ဧပြီလ တွေ့ရှိချက်တွေထဲမှာ ဖေါ်ပြထားပြီး ကွန်ယက် ၈ ခုက အကောင့်တွေ၊ ဖေ့စ်ဘုတ်စာမျက်နှာတွေနဲ့ အဖွဲ့တွေကို ပါ ပိတ်ပစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီထဲမှာ ပြည်ပ အတွက်ရည်ရွယ် လုပ်ဆောင်တဲ့ ၂ ဖွဲ့က ရုရှားနဲ့ အီရန်နိုင်ငံတွေက ဖြစ်ပြီး မြန်မာ၊ အမေရိကန်၊ ဂျောဂျီယာနဲ့ Mauritania နိုင်ငံတွေထဲက နောက် အဖွဲ့ ၆ ဖွဲ့ကတော့ ပြည်တွင်းအတွက် ရည်ရွယ် လှုပ်ရှားတာ တွေရတယ်လို့ ဖေါ်ပြထားပါတယ်။

အခု ဖေ့စ်ဘုတ်က ရတဲ့ သတင်း အချက်လက် တွေကို ဥပဒေစိုးမိုးရေး အဖွဲ့တွေ၊ မူဝါဒ ချမှတ်သူတွေနဲ့ စက်မှုမိတ်ဆွေ တွေနဲ့ မ ျှဝေ ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီလ အတွက် ဖေ့စ်ဘုတ်က စုစုပေါင်း ဖယ်ရှားခဲ့တဲ့ အကောင့်က ၇၀၀ ကျော်ရှိပြီး Instagram အကောင့် ၁၆၂ ၊ ဖေ့စ်ဘုတ် စာမျက်နှာပေါင်း (၇၉ ၃) ရှစ်ရာနီးပါးနဲ့ အဖွဲ့အစည်းပေါင်း ၂၀၀ ရှိတယ်လို့လည်း ဖေါ်ပြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-facebook-related-with-the-police/5407388.html
ျမန္မာႏုိင္ငံက Facebook အေကာင့္တခ်ဳိ႕ ထပ္မံ အပိတ္ခံရ ျမန္မာႏုိင္ငံက Facebook အေကာင့္တခ်ဳိ႕ ထပ္မံ အပိတ္ခံရ Reviewed by THITHTOOLWIN on 05:57 Rating: 5
Powered by Blogger.