ေငြေၾကးခဝါခ်ႏုိင္ငံစာရင္းထဲ ျမန္မာကို EU ထည့္သြင္း

EU  ေကာ္မရွင္ ဒုတိယဥကၠ႒ Valdis Dombrovskis (ေမ ၀၇၊ ၂၀၂၀)
(Zawgyi/Unicode)

EU ဥေရာပသမဂၢရဲ႕ ဘ႑ာေရးစနစ္အတြက္ အႏၱရာယ္႐ွိတဲ့ ႏုိင္ငံမ်ားစာရင္းမွာ ျမန္မာႏိုင္ငံကို ထည့္သြင္းလိုက္ပါတယ္။ ေငြေၾကးခဝါခ်မႈနဲ႔ အၾကမ္းဖက္အဖဲြ႔ေတြအေပၚ ေငြေၾကးေထာက္ပံ့မႈေတြကို မဟာျဗဴဟာက်က် မတားဆီးႏိုင္ဘူးဆိုၿပီး ဒီစာရင္းထဲမွာ ျမန္မာႏိုင္ငံကို ဥေရာပေကာ္မ႐ွင္က ထည့္သြင္းလိုက္တာပါ။

EU ေကာ္မရွင္ ဒုတိယဥကၠ႒ Valdis Dombrovskis က"EU ရဲ႕ ဘ႑ာေရးလုပ္ငန္းဆိုင္ရာ အထူးအဖဲြ႔က ေငြေၾကးခဝါခ်မႈ၊ အၾကမ္းဖက္အဖဲြ႔အစည္းေတြအေပၚ ေငြေၾကးေထာက္ပံ့မႈတို႔နဲ႔ပတ္သက္ၿပီး တိုက္ဖ်က္ေရးစနစ္အားနည္းတယ္လို႔ ေတြ႕႐ွိတဲ့ ျမန္မာႏိုင္ငံအပါအဝင္ Bahamas, Barbados, Botswana, Cambodia, Ghana, Jamaica, Mauritius, Mongolia, Nicaragua, Panama နဲ႔ Zimbabwe စုစုေပါင္း ၁၂ ႏုိင္ငံကို စာရင္းထဲ ထည့္သြင္းလိုက္တယ္။" လို႔ ေမလ ၇ ရက္ ၾကာသပေတးေန႔က ေၾကညာပါတယ္။

EU ဘ႑ာေရးစနစ္ထဲကို မသန္႔႐ွင္းတဲ့ေငြေတြ စိမ့္ဝင္ေနတာ အဆံုးသတ္ဖုိ႔လိုအပ္တယ္လို႔လည္း သူက ေျပာပါတယ္။ ခုလို EU ရဲ႕ ဘ႑ာေရးစနစ္အတြက္ အႏၱရာယ္႐ွိတဲ့ႏိုင္ငံစာရင္းထဲ ထည့္သြင္းခံရတဲ့အတြက္ ျမန္မာႏိုင္ငံနဲ႔ ဆက္စပ္လုပ္ေနတဲ့ EU ဘဏ္လုပ္ငန္းေတြ၊ ဘ႑ာေရးလုပ္ငန္းေတြအေနနဲ႔ သူတို႔နဲ႔ဆက္စပ္လုပ္ကိုင္ေနတဲ့ လုပ္ငန္းေတြဟာ EU ရဲ႕စည္းမ်ဥ္း စည္းကမ္းေတြနဲ႔အညီ ေဆာင္႐ြက္ေနရဲ႕လားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Reuters သတင္းထဲမွာေတာ့ အဲဒီစာရင္းဝင္ႏိုင္ငံေတြမွာ လုပ္ငန္းေဆာင္႐ြက္ေနတဲ့ ကုမၸဏီေတြအေနနဲ႔ EU ရဲ႕ ေထာက္ပံ့မႈရေတာ့မွာ မဟုတ္ဘူးလို႔ ေျပာထားပါတယ္။

အရင္က စာရင္းထဲမွာထည့္သြင္းထားတဲ့ ႏုိင္ငံေတြထဲက ၆ ႏုိင္ငံကေတာ့ တိုးတက္မႈေတြရွိလာတဲ့အတြက္ဆိုၿပီး EU ရဲ႕ အခုစာရင္းထဲကေန ဖယ္ထုတ္လိုက္ပါတယ္။ အဲဒီႏုိင္ငံေတြကေတာ့ Bosnia-Herzegovina, Guyana, လာအို၊ အီသီယိုးပီးယား၊ သီရိလကၤာနဲ႔ တူနီးရွားႏုိင္ငံေတြျဖစ္ပါတယ္။

ေငြေၾကးခဝါခ်ေနတာ၊ အၾကမ္းဖက္အဖြဲ႕ေတြအတြက္ ေငြေၾကးေထာက္ပံ့ေနတာေတြတိုက္ဖ်က္ဖုိ႔ အစီအစဥ္ေတြကိုလည္း ဥေရာပေကာ္မ႐ွင္က တခ်ိန္ထဲမွာပဲ ထုတ္ျပန္ခဲ့ပါတယ္။ EU ႏိုင္ငံေတြၾကား ပိုၿပီး ဟန္ခ်က္ညီညီေဆာင္႐ြက္ႏိုင္ဖုိ႔ ဒီအစီအစဥ္ေတြကို ခ်မွတ္တာျဖစ္ပါတယ္။ လက္႐ွိအားနည္းခ်က္ေတြ၊ ဟာကြက္ေတြကို ျပင္ဆင္ဖို႔ လာမယ့္ ၁၂ လအတြင္း ဒီအစီအစဥ္ေတြနဲ႔ ေဆာင္႐ြက္သြားမယ္လို႔ ဥေရာပေကာ္မ႐ွင္ ထုတ္ျပန္ခ်က္မွာ ေျပာၾကားထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------
[Unicode Version]

ငွေကြေးခဝါချနိုင်ငံစာရင်းထဲ မြန်မာကို EU ထည့်သွင်း

EU ဥရောပသမဂ္ဂရဲ့ ဘဏ္ဍာရေးစနစ်အတွက် အန္တရာယ်ရှိတဲ့ နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းလိုက်ပါတယ်။ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်အဖွဲ့တွေအပေါ် ငွေကြေးထောက်ပံ့မှုတွေကို မဟာဗြူဟာကျကျ မတားဆီးနိုင်ဘူးဆိုပြီး ဒီစာရင်းထဲမှာ မြန်မာနိုင်ငံကို ဥရောပကော်မရှင်က ထည့်သွင်းလိုက်တာပါ။

EU ကော်မရှင် ဒုတိယဥက္ကဋ္ဌ Valdis Dombrovskis က"EU ရဲ့ ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ အထူးအဖွဲ့က ငွေကြေးခဝါချမှု၊ အကြမ်းဖက်အဖွဲ့အစည်းတွေအပေါ် ငွေကြေးထောက်ပံ့မှုတို့နဲ့ပတ်သက်ပြီး တိုက်ဖျက်ရေးစနစ်အားနည်းတယ်လို့ တွေ့ရှိတဲ့ မြန်မာနိုင်ငံအပါအဝင် Bahamas, Barbados, Botswana, Cambodia, Ghana, Jamaica, Mauritius, Mongolia, Nicaragua, Panama နဲ့ Zimbabwe စုစုပေါင်း ၁၂ နိုင်ငံကို စာရင်းထဲ ထည့်သွင်းလိုက်တယ်။" လို့ မေလ ၇ ရက် ကြာသပတေးနေ့က ကြေညာပါတယ်။

EU ဘဏ္ဍာရေးစနစ်ထဲကို မသန့်ရှင်းတဲ့ငွေတွေ စိမ့်ဝင်နေတာ အဆုံးသတ်ဖို့လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။ ခုလို EU ရဲ့ ဘဏ္ဍာရေးစနစ်အတွက် အန္တရာယ်ရှိတဲ့နိုင်ငံစာရင်းထဲ ထည့်သွင်းခံရတဲ့အတွက် မြန်မာနိုင်ငံနဲ့ ဆက်စပ်လုပ်နေတဲ့ EU ဘဏ်လုပ်ငန်းတွေ၊ ဘဏ္ဍာရေးလုပ်ငန်းတွေအနေနဲ့ သူတို့နဲ့ဆက်စပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေဟာ EU ရဲ့စည်းမျဉ်း စည်းကမ်းတွေနဲ့အညီဆောင်ရွက်နေရဲ့လားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Reuters သတင်းထဲမှာတော့ အဲဒီစာရင်းဝင်နိုင်ငံတွေမှာ လုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ EU ရဲ့ ထောက်ပံ့မှုရတော့မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

အရင်က စာရင်းထဲမှာထည့်သွင်းထားတဲ့ နိုင်ငံတွေထဲက ၆ နိုင်ငံကတော့ တိုးတက်မှုတွေရှိလာတဲ့အတွက်ဆိုပြီး EU ရဲ့ အခုစာရင်းထဲကနေ ဖယ်ထုတ်လိုက်ပါတယ်။ အဲဒီနိုင်ငံတွေကတော့ Bosnia-Herzegovina, Guyana, လာအို၊ အီသီယိုးပီးယား၊ သီရိလင်္ကာနဲ့ တူနီးရှားနိုင်ငံတွေဖြစ်ပါတယ်။

ငွေကြေးခဝါချနေတာ၊ အကြမ်းဖက်အဖွဲ့တွေအတွက် ငွေကြေးထောက်ပံ့နေတာတွေတိုက်ဖျက်ဖို့ အစီအစဉ်တွေကိုလည်း ဥရောပကော်မရှင်က တချိန်ထဲမှာပဲ ထုတ်ပြန်ခဲ့ပါတယ်။ EU နိုင်ငံတွေကြား ပိုပြီး ဟန်ချက်ညီညီဆောင်ရွက်နိုင်ဖို့ ဒီအစီအစဉ်တွေကို ချမှတ်တာဖြစ်ပါတယ်။ လက်ရှိအားနည်းချက်တွေ၊ ဟာကွက်တွေကို ပြင်ဆင်ဖို့ လာမယ့် ၁၂ လအတွင်း ဒီအစီအစဉ်တွေနဲ့ ဆောင်ရွက်သွားမယ်လို့ ဥရောပကော်မရှင် ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/money-laudering-myanmar/5410065.html
ေငြေၾကးခဝါခ်ႏုိင္ငံစာရင္းထဲ ျမန္မာကို EU ထည့္သြင္း ေငြေၾကးခဝါခ်ႏုိင္ငံစာရင္းထဲ ျမန္မာကို EU ထည့္သြင္း Reviewed by THITHTOOLWIN on 04:15 Rating: 5
Powered by Blogger.