COVID ကပ္ေရာဂါ ရင္ဆုိင္ေနရတဲ့ကာလမွာ ဗုဒၶရဲ႕ အဆုံးအမေတြကုိ သတိရၾကဖုိ႔ အိႏၵိယ၀န္ႀကီးခ်ဳပ္ေျပာ


(Zawgyi/Unicode)

ကမာၻတ၀ွမ္း ကို႐ိုနာဗုိင္းရပ္စ္ရင္ဆုိင္ေနရခ်ိန္မွာ ဗုိင္းရပ္စ္တုိက္ဖ်က္ဖို႔အတြက္ ဗုဒၶရဲ႕ အဆုံးအမေတြ နဲ႔ သင္ၾကားျပသမႈေတြကို သတိရၾကဖို႔ အိႏၵိယ၀န္ႀကီးခ်ဳပ္ နရင္ဒရာမိုဒီက ေျပာၾကားလိုက္ပါတယ္။

ေမလ ၇ ရက္ေန႔မွာက်ေရာက္ခဲ့တဲ့ ေဂါတမျမတ္စြာဘုရားဖြားျမင္ေတာ္မူတဲ့ ကဆုန္လျပည့္ေန႔ ေျပာၾကားခဲ့တဲ့အေၾကာင္း ရိုက္တာ သတင္းေဆာင္းပါးကို အေျခခံၿပီး ကိုရန္ႏုိင္ ေျပာျပေပးမွာပါ။

ကမာၻတ၀ွမ္းမွာ အခုလို COVID- 19 ကပ္ေရာဂါဆုိးႀကီးနဲ႔ရင္ဆုိင္ေနရခ်ိန္မွာ ဗုဒၶျမတ္စြာဘုရားရဲ႕ အဆုံးအမေတြက ဒီစိန္ေခၚမႈေတြကို ရင္ဆုိင္ေက်ာ္လႊားဖို႔အတြက္ အသင့္ေတာ္ဆုံးျဖစ္တယ္လို႔ အိႏၵိယ၀န္ႀကီးခ်ဳပ္ နရင္ဒရာမိုဒီက ေမလ ၇ ရက္ေန႔က က်ေရာက္တဲ့ ကဆုန္လျပည့္ေန႔မွာ ေျပာၾကားလိုက္ပါတယ္။

“ ကမာၻတ၀ွမ္း အေျခအေနေတြ မတည္မၿငိမ္ နဲ႔ ၀႐ုန္းသုန္းကားျဖစ္ေနခ်ိန္မွာ ၊ အခ်ိန္အေတာ္မ်ားမ်ား ၀မ္းနည္းပူေဆြးတာေတြ၊ စိတ္ပ်က္အားေလ်ာ့တာေတြ ၊ ေမွ်ာ္လင့္ခ်က္မဲ့တာေတြကို အလြန္ခံစားၾကရပါတယ္။ အဲဒီလိုအခ်ိန္မွာ ဗုဒၶရဲ႕ အဆုံးအမေတြက အသင့္ေတာ္ဆုံးျဖစ္ပါတယ္။”

ကဆုန္လျပည့္ေန႔ဟာ ေဂါတမျမတ္စြာဘုရားကို ဖြားျမင္ေတာ္မူတဲ့ေန႔ျဖစ္သလို၊ ဘုရားအျဖစ္ကိုေရာက္တဲ့ေနလည္းျဖစ္တဲ့အျပင္၊ ပရိနိဗၺာန္စံတဲ့ေန႔လည္းျဖစ္တာေၾကာင့္ ဗုဒၶဘာသာ၀င္ေတြ အထြဋ္အျမတ္ထားရာေန႔ တေန႔ျဖစ္ၿပီး၊ အိႏၵိယ၀န္ႀကီးခ်ဳပ္ မိုဒီက တႏုိင္ငံလုံးကို အဲဒီလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့လည္း ကမာၻတ၀ွမ္းကို႐ုိနာဗုိင္းရပ္စ္ကူးစက္မႈေတြေၾကာင့္၊ အိႏၵိယနုိင္ငံအေရွ႕ပိုင္း Bihar ျပည္နယ္ ဗုဒၶဂါယာၿမိဳ႕မွာ လြန္ခဲ့တဲ့ ႏွစ္ ၂၅၀၀ ေက်ာ္က ဘုရားအျဖစ္ေရာက္ေတာ္မူခဲ့တဲ့ မဟာေဗာဓိေက်ာင္းေဆာင္ အပါအ၀င္ ကမာၻတ၀ွမ္း ကဆုန္လျပည့္ေန႔ အခမ္းအနားကို တခမ္းတနားက်င္းပတာမ်ိဳးေတြ မလုပ္ခဲ့ၾကပါပဘူး။

“လူေတြအေနနဲ႔ အခုလို အခက္အခဲ ဒုကၡေတြကို ေက်ာ္လႊား ႐ုန္းထြက္ နုိင္ဖို႔အတြက္ အၿမဲတမ္းႀကိဳးပမ္းေနရမယ္လို႔ ဗုဒၶက ဆုံးမေျပာၾကားခဲ့ပါတယ္။ လူေတြအေနနဲ႔ ဒါေတြကို စိတ္ပ်က္ေနလို႔မရပါဘူး။ ဒီကေန႔လို အခ်ိန္မွာဆုိရင္လည္း က်ေနာ္တုိ႔ အားလုံးဟာ ဒီလို အခက္အခဲႀကဳံေနရတဲ့ ကာလႀကီးကေန ႐ုန္းထြက္နိုင္ဖို႔ အဆက္မျပတ္ႀကိဳးပမ္းေနၾကတာျဖစ္ပါတယ္။”

ႏွစ္စဥ္ႏွစ္တုိင္း အခုလို ကဆုန္လျပည့္ေနနဲ႔ ကဆုန္ေညာင္ေရသြန္းပဲြ ကာလအတြင္း ၊ ကမာၻတ၀ွမ္းမွာရွိတဲ့ ဗုဒၶဘာသာ၀င္ ၁ သိန္းေလာက္ဟာ ေဂါတမျမတ္စြာ အိႏၵိယႏုိင္ငံ ဗုဒၶဂါယာၿမိဳ႕ကို ဘုရားဖူးခရီးအျဖစ္ သြားေလ့ရွိၾကၿပီး မဟာေဗာဓိေက်ာင္းေဆာင္ နဲ႔ ဘုရားအျဖစ္ေရာက္ရွိေတာ္မူတဲ့ ေဗာဓိေညာင္ပင္ေတြကို သြားေရာက္ရွိခုိးပူေဇာ္ေလ့ရွိၾကေပမယ့္ အခုႏွစ္မွာေတာ့ ဗုိင္းရပ္စ္ကူးစက္မႈေတြေၾကာင့္ ခရီးသြားလာမႈ ကန္႔သတ္ထားတဲ့အတြက္ ဗုဒၶဘာသာဘုန္းႀကီးတခ်ိဳ႕ နဲ႔ ဘုရားဖူးတခ်ိဳ႕ပဲ ၀တ္ျပဳဆုေတာင္းခဲ့ၾကပါတယ္။

ရန္ႏိုင္ /  ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------

ကိုဗစ် ကပ်ရောဂါ ရင်ဆိုင်နေရတဲ့ကာလမှာ ဗုဒ္ဓရဲ့ အဆုံးအမတွေကို သတိရကြဖို့ အိန္ဒိယဝန်ကြီးချုပ်ပြော

(Unicode)

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ရင်ဆိုင်နေရချိန်မှာ ဗိုင်းရပ်စ်တိုက်ဖျက်ဖို့အတွက် ဗုဒ္ဓရဲ့ အဆုံးအမတွေ နဲ့ သင်ကြားပြသမှုတွေကို သတိရကြဖို့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။ မေလ ၇ ရက်နေ့မှာကျရောက်ခဲ့တဲ့ ဂေါတမမြတ်စွာဘုရားဖွားမြင်တော်မူတဲ့ ကဆုန်လပြည့်နေ့ ပြောကြားခဲ့တဲ့အကြောင်း ရိုက်တာ သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင် ပြောပြပေးမှာပါ။

ကမ္ဘာတဝှမ်းမှာ အခုလို COVID- 19 ကပ်ရောဂါဆိုးကြီးနဲ့ရင်ဆိုင်နေရချိန်မှာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမတွေက ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားဖို့အတွက် အသင့်တော်ဆုံးဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက မေလ ၇ ရက်နေ့က ကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာ ပြောကြားလိုက်ပါတယ်။

“ ကမ္ဘာတဝှမ်း အခြေအနေတွေ မတည်မငြိမ် နဲ့ ဝရုန်းသုန်းကားဖြစ်နေချိန်မှာ ၊ အချိန်အတော်များများ ဝမ်းနည်းပူဆွေးတာတွေ၊ စိတ်ပျက်အားလျော့တာတွေ ၊ မျှော်လင့်ချက်မဲ့တာတွေကို အလွန်ခံစားကြရပါတယ်။ အဲဒီလိုအချိန်မှာ ဗုဒ္ဓရဲ့ အဆုံးအမတွေက အသင့်တော်ဆုံးဖြစ်ပါတယ်။”

ကဆုန်လပြည့်နေ႔ဟာ ဂေါတမမြတ်စွာဘုရားကို ဖွားမြင်တော်မူတဲ့နေ့ဖြစ်သလို၊ ဘုရားအဖြစ်ကိုရောက်တဲ့နေလည်းဖြစ်တဲ့အပြင်၊ ပရိနိဗ္ဗာန်စံတဲ့နေ့လည်းဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာနေ့ တနေ့ဖြစ်ပြီး၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီက တနိုင်ငံလုံးကို အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကမ္ဘာတဝှမ်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့်၊ အိန္ဒိယနိုင်ငံအရှေ့ပိုင်း Bihar ပြည်နယ် ဗုဒ္ဓဂါယာမြို့မှာ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကျော်က ဘုရားအဖြစ်ရောက်တော်မူခဲ့တဲ့ မဟာဗောဓိကျောင်းဆောင် အပါအဝင် ကမ္ဘာတဝှမ်း ကဆုန်လပြည့်နေ့ အခမ်းအနားကို တခမ်းတနားကျင်းပတာမျိုးတွေ မလုပ်ခဲ့ကြပါပဘူး။

“လူတွေအနေနဲ့ အခုလို အခက်အခဲ ဒုက္ခတွေကို ကျော်လွှား ရုန်းထွက် နိုင်ဖို့အတွက် အမြဲတမ်းကြိုးပမ်းနေရမယ်လို့ ဗုဒ္ဓက ဆုံးမပြောကြားခဲ့ပါတယ်။ လူတွေအနေနဲ့ ဒါတွေကို စိတ်ပျက်နေလို့မရပါဘူး။ ဒီကနေ့လို အချိန်မှာဆိုရင်လည်း ကျနော်တို့ အားလုံးဟာ ဒီလို အခက်အခဲကြုံနေရတဲ့ ကာလကြီးကနေ ရုန်းထွက်နိုင်ဖို့ အဆက်မပြတ်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။”

နှစ်စဉ်နှစ်တိုင်း အခုလို ကဆုန်လပြည့်နေနဲ့ ကဆုန်ညောင်ရေသွန်းပွဲ ကာလအတွင်း ၊ ကမ္ဘာတဝှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် ၁ သိန်းလောက်ဟာ ဂေါတမမြတ်စွာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမြို့ကို ဘုရားဖူးခရီးအဖြစ် သွားလေ့ရှိကြပြီး မဟာဗောဓိကျောင်းဆောင် နဲ့ ဘုရားအဖြစ်ရောက်ရှိတော်မူတဲ့ ဗောဓိညောင်ပင်တွေကို သွားရောက်ရှိခိုးပူဇော်လေ့ရှိကြပေမယ့် အခုနှစ်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ခရီးသွားလာမှု ကန့်သတ်ထားတဲ့အတွက် ဗုဒ္ဓဘာသာဘုန်းကြီးတချို့ နဲ့ ဘုရားဖူးတချို့ပဲ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။

ရန်နိုင် /  ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/modi-remembering-the-noble-teachings-of-lord-buddha/5410583.html
COVID ကပ္ေရာဂါ ရင္ဆုိင္ေနရတဲ့ကာလမွာ ဗုဒၶရဲ႕ အဆုံးအမေတြကုိ သတိရၾကဖုိ႔ အိႏၵိယ၀န္ႀကီးခ်ဳပ္ေျပာ COVID ကပ္ေရာဂါ ရင္ဆုိင္ေနရတဲ့ကာလမွာ ဗုဒၶရဲ႕ အဆုံးအမေတြကုိ သတိရၾကဖုိ႔ အိႏၵိယ၀န္ႀကီးခ်ဳပ္ေျပာ Reviewed by THITHTOOLWIN on 07:06 Rating: 5
Powered by Blogger.