ျမန္မာ့ COVID တုိက္ဖ်က္ေရးကူညီဖုိ႔ အိႏၵိယ၀န္ႀကီးခ်ဳပ္ နဲ႔ အတုိင္ပင္ခံပုဂၢိဳလ္ တယ္လီဖုန္းကတဆင့္ ေဆြးေႏြး

အိႏၵိယ ဝန္ႀကီးခ်ဳပ္ Narendra Modi နဲ႔ ျမန္မာနိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္းဆန္းစုၾကည္ တို႔ ၂၀၁၇ စက္တင္ဘာတုန္းက ေတြ႔ဆံုစဥ္
(Zawgyi/Unicode)

အိႏၵိယ ဝန္ႀကီးခ်ဳပ္ Narendra Modi ဟာ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္းဆန္းစုၾကည္ နဲ႔ COVID-19 ကူးစက္ ေရာဂါ တိုက္ဖ်က္ေရး အေျခအေနကို တယ္လီဖုန္းကတဆင့္ ေဆြးေႏြးခဲ့တယ္လို႔ အိႏၵိယ ျပည္ပေရးရာဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ ခဲ့ပါ တယ္။

ဧၿပီလ ၃၀ ရက္စြဲနဲ႔ အဲဒီ ေၾကညာခ်က္ မထုတ္ျပန္ခင္ေလးမွာပဲ အိႏၵိယ ဝန္ႀကီးခ်ဳပ္ Modi က နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ေကာင္းမြန္တဲ့ေဆြးေႏြးမႈ ရွိခဲ့တယ္လို႔ သူ႔ရဲ႕တြစ္တာမွာ ေရးထားခဲ့ပါတယ္။

လတ္တေလာ ျဖစ္ေပၚေနတဲ့ COVID-19 အေျခအေနကို သူတို႔ ၂ ဦး ေဆြးေႏြးခဲ့ေၾကာင္းနဲ႔ ႏွစ္နိုင္ငံအၾကား ထူးျခား ေကာင္းမြန္တဲ့ ဆက္ဆံေရးနဲ႔ အိႏၵိယရဲ့ အိမ္နီးခ်င္းေတြသာ ပထမ မူဝါဒကို အေၿခခံၿပီး အခက္အခဲေတြကို အတူ ေျဖရွင္းသြားဖို႔ကိုလည္း သေဘာတူခဲ့ၾကတယ္လို႔ ဝန္ႀကီးခ်ဳပ္ Modi က တြစ္တာမွာ ေရးခဲ့ပါတယ္။

အိႏၵိယျပည္ပေရးရာ ဝန္ႀကီးဌာနရဲ့ ထုတ္ျပန္ခ်က္မွာေတာ့ ႏွစ္နိုင္ငံအတြင္းနဲ႔ ေဒသတြင္းမွာ လတ္တေလာ ျဖစ္ေပၚေနတဲ့ COVID-19 အေျခအေနကို ေခါင္းေဆာင္ ၂ဦး ေဆြးေႏြးခဲ့ၾကၿပီး ကူးစက္ေရာဂါ ပ်ံ႕ႏွံ့မႈကို ထိန္းခ်ဳပ္ ကိုင္တြယ္ေဆာင္ရြက္ေနပုံေတြကိုလည္း တစ္ဦးနဲ႔ တစ္ဦး အသိေပးခဲ့ၾကတယ္လို႔ ေဖာ္ျပထားပါတယ္။

အိႏၵိယရဲ့ အိမ္နီးခ်င္းသာ ပထမ မူဝါဒမွာ ျမန္မာနိုင္ငံရဲ့ အေရးပါပုံကို ထည့္သြင္းစဥ္းစားရင္း ဝန္ႀကီးခ်ဳပ္ Modi က ျမန္မာနိုင္ငံရဲ့ COVID-19 ေရာဂါ တိုက္ဖ်က္ေရးအတြက္ အိႏၵိယနိုင္ငံက အကူအညီေပးဖို႔ အဆင့္သင့္ရွိတယ္ဆိုတာကိုလည္း ေျပာခဲ့တယ္လို႔လည္း ေၾကညာခ်က္ မွာ ပါရွိပါတယ္။

ဒါ့အျပင္ အိႏၵိယနိုင္ငံတြင္းမွာ ေရာက္ရွိေနတဲ့ ျမန္မာနိုင္ငံသားေတြကို လိုအပ္တဲ့ အကူအညီေပးဖို႔ ဝန္ႀကီးခ်ဳပ္ Modi က အာမခံခဲ့သလို ျမန္မာနိုင္ငံတြင္းက အိႏၵိယနိုင္ငံသားေတြနဲ႔ ပူးေပါင္း ေဆာင္ရြက္ေပးတဲ့အတြက္ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို ေက်းဇူးတင္ရွိေၾကာင္း ေျပာခဲ့ပါတယ္။

ေနာက္ဆုံးမွာ ေခါင္းေဆာင္ ၂ဦးအၾကား အဆက္အသြယ္ မျပတ္ရွိဖို႔နဲ႔ COVID-19 ေၾကာင့္ ေပၚေပါက္ေနတဲ့ လက္ရွိနဲ႔ အနာဂါတ္ စိန္ေခၚ ခ်က္ေတြကို ရင္ဆိုင္ေျဖရွင္းရာမွာ အတူ လက္တြဲ လုပ္ေဆာင္ၾကဖို႔ကိုလည္း ေခါင္းေဆာင္ ၂ ဦး သေဘာတူညီခဲ့ၾကတယ္လို႔ အိႏၵိယ ျပည္ပေရးရာ ဝန္ႀကီးဌာနရဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------

မြန်မာ့ COVID တိုက်ဖျက်ရေးကူညီဖို့ အိန္ဒိယဝန်ကြီးချုပ် နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် တယ်လီဖုန်းကတဆင့် ဆွေးနွေး

(Unicode)

အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည် နဲ့ COVID-19 ကူးစက် ရောဂါ တိုက်ဖျက်ရေး အခြေအနေကို တယ်လီဖုန်းကတဆင့် ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ခဲ့ပါ တယ်။

ဧပြီလ ၃၀ ရက်စွဲနဲ့ အဲဒီ ကြေညာချက် မထုတ်ပြန်ခင်လေးမှာပဲ အိန္ဒိယ ဝန်ကြီးချုပ် Modi က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ကောင်းမွန်တဲ့ဆွေးနွေးမှု ရှိခဲ့တယ်လို့ သူ့ရဲ့တွစ်တာမှာ ရေးထားခဲ့ပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့ COVID-19 အခြေအနေကို သူတို့ ၂ ဦး ဆွေးနွေးခဲ့ကြောင်းနဲ့ နှစ်နိုင်ငံအကြား ထူးခြား ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ အိန္ဒိယရဲ့ အိမ်နီးချင်းတွေသာ ပထမ မူဝါဒကို အခြေခံပြီး အခက်အခဲတွေကို အတူ ဖြေရှင်းသွားဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ ဝန်ကြီးချုပ် Modi က တွစ်တာမှာ ရေးခဲ့ပါတယ်။

အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ နှစ်နိုင်ငံအတွင်းနဲ့ ဒေသတွင်းမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ COVID-19 အခြေအနေကို ခေါင်းဆောင် ၂ဦး ဆွေးနွေးခဲ့ကြပြီး ကူးစက်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ် ကိုင်တွယ်ဆောင်ရွက်နေပုံတွေကိုလည်း တစ်ဦးနဲ့ တစ်ဦး အသိပေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အိန္ဒိယရဲ့ အိမ်နီးချင်းသာ ပထမ မူဝါဒမှာ မြန်မာနိုင်ငံရဲ့ အရေးပါပုံကို ထည့်သွင်းစဉ်းစားရင်း ဝန်ကြီးချုပ် Modi က မြန်မာနိုင်ငံရဲ့ COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် အိန္ဒိယနိုင်ငံက အကူအညီပေးဖို့ အဆင့်သင့်ရှိတယ်ဆိုတာကိုလည်း ပြောခဲ့တယ်လို့လည်း ကြေညာချက် မှာ ပါရှိပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံတွင်းမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို လိုအပ်တဲ့ အကူအညီပေးဖို့ ဝန်ကြီးချုပ် Modi က အာမခံခဲ့သလို မြန်မာနိုင်ငံတွင်းက အိန္ဒိယနိုင်ငံသားတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပေးတဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ကျေးဇူးတင်ရှိကြောင်း ပြောခဲ့ပါတယ်။

နောက်ဆုံးမှာ ခေါင်းဆောင် ၂ဦးအကြား အဆက်အသွယ် မပြတ်ရှိဖို့နဲ့ COVID-19 ကြောင့် ပေါ်ပေါက်နေတဲ့ လက်ရှိနဲ့ အနာဂါတ် စိန်ခေါ် ချက်တွေကို ရင်ဆိုင်ဖြေရှင်းရာမှာ အတူ လက်တွဲ လုပ်ဆောင်ကြဖို့ကိုလည်း ခေါင်းဆောင် ၂ ဦး သဘောတူညီခဲ့ကြတယ်လို့ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-india-/5399745.html
ျမန္မာ့ COVID တုိက္ဖ်က္ေရးကူညီဖုိ႔ အိႏၵိယ၀န္ႀကီးခ်ဳပ္ နဲ႔ အတုိင္ပင္ခံပုဂၢိဳလ္ တယ္လီဖုန္းကတဆင့္ ေဆြးေႏြး ျမန္မာ့ COVID တုိက္ဖ်က္ေရးကူညီဖုိ႔ အိႏၵိယ၀န္ႀကီးခ်ဳပ္ နဲ႔ အတုိင္ပင္ခံပုဂၢိဳလ္ တယ္လီဖုန္းကတဆင့္ ေဆြးေႏြး Reviewed by THITHTOOLWIN on 03:47 Rating: 5
Powered by Blogger.