ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၄ ဦး ထပ္မံအတည္ျပဳ

ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႔ႏွံ႔မႈ ကာကြယ္ႏိုင္ေရး ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ ပိုးသတ္ေဆး ပက္ဖ်န္းေနသည့္ မီးသတ္တပ္ဖြဲ႔ဝင္မ်ား။ (မတ္ ၂၇၊ ၂၀၂၀)
(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ပုိး ကူးစက္သူ ေနာက္ထပ္ ၄ ေယာက္ကုိ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက အတည္ျပဳလုိက္တဲ့အတြက္ အခုဆုိရင္ ေရာဂါကူးစက္သူ စုစုေပါင္း ၁၅၅ ေယာက္ ရွိသြားပါၿပီ။

COVID-19 အတည္ျပဳလူနာေတြနဲ႔ ထိေတြ႔မႈရွိခဲ့သူ အသက္ ၁၉ ႏွစ္၊ ၂၀ နဲ႔ ၃၂ ႏွစ္အရြယ္ အမ်ဳိးသမီး ၃ ဦးနဲ႔ ျပည္ပခရီးသြား ရာဇ၀င္လည္းမရွိ၊ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႔မႈလည္းမရွိတဲ့ အသက္ ၄၈ ႏွစ္အရြယ္ အမ်ဳိးသားတဦးတုိ႔မွာ ေရာဂါပုိး စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနရဲ႕ တနဂၤေႏြေန႔ ည ၈ နာရီ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့တာပါ။

ေမလထဲမွာ ဒါဟာ ပထမဆုံးအႀကိမ္ ေရာဂါေတြ႔ရွိမႈကုိ အတည္ျပဳခဲ့တာလည္း ျဖစ္ပါတယ္။

က်န္းမာေရး၀န္ႀကီးဌာနကေတာ့ ေရာဂါကူးစက္မႈ အတည္ျပဳႏုိင္သူ ေလ်ာ့နည္းလာေၾကာင္း အေစာပုိင္းမွာ သတင္းထုတ္ျပန္ထားၿပီး ဓာတ္ခဲြအတည္ျပဳလူနာေတြနဲ႔ အနီးကပ္ထိေတြ႔သူေတြကုိ ေစာေစာစီးစီး ရွာေဖြေဖာ္ထုတ္ၿပီး အသြားအလာ ကန္႔သတ္စစ္ေဆးမႈေတြရဲ႕ ရလဒ္အျဖစ္ ေျပာဆုိခဲ့တာပါ။

ေရာဂါကူးစက္ခံရတယ္လုိ႔ သံသယရွိသူေတြကုိ ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္စစ္ေဆးခဲ့တာေတြ၊ ျပည္ပက၀င္လာသူေတြကုိ သတ္မွတ္ထားတဲ့ ေနရာေတြမွာ အသြားအလာ ကန္႔သတ္ထားၿပီး ေစာင့္ၾကည့္မႈေတြရဲ႕ အက်ဳိးဆက္အျဖစ္နဲ႔လည္း ေျပာဆုိခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ေရာဂါပိုး စတင္ေတြ႕ရွိခ်ိန္ မတ္လ ၂၃ ရက္ေန႔ကစလုိ႔ ဧၿပီလ ဒုတိယပတ္နဲ႔ တတိယပတ္ေတြမွာ ကူးစက္မႈႏႈန္း မ်ားျပားခဲ့ၿပီး ဧၿပီလေႏွာင္းပိုင္းမွာ ေလ်ာ့သြားခဲ့တယ္လို႔လည္း က်န္းမာေရး ဝန္ႀကီးဌာနက ေျပာပါတယ္။ ဒါေပမယ့္ ေရာဂါကူးစက္မႈေတြ ႀကံဳေနရတဲ့ ျပည္ပႏိုင္ငံေတြကေန ျပန္လာသူ ျမန္မာႏိုင္ငံသားေတြ အမ်ားအျပား ရွိေနဆဲျဖစ္သလို စက္႐ုံေတြနဲ႔ စီးပြားေရး လုပ္ငန္းေတြလည္း ျပန္လည္ဖြင့္လွစ္ေတာ့မွာျဖစ္လို႔ ကူးစက္မႈႏႈန္း ျပန္လည္ ျမင့္တက္လာႏိုင္ေျခရွိတယ္လို႔လည္း သတိေပးထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၄ ဦး ထပ်မံအတည်ပြု

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ နောက်ထပ် ၄ ယောက်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် ရောဂါကူးစက်သူ စုစုပေါင်း ၁၅၅ ယောက် ရှိသွားပါပြီ။

COVID-19 အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့သူ အသက် ၁၉ နှစ်၊ ၂၀ နဲ့ ၃၂ နှစ်အရွယ် အမျိုးသမီး ၃ ဦးနဲ့ ပြည်ပခရီးသွား ရာဇဝင်လည်းမရှိ၊ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုလည်းမရှိတဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားတဦးတို့မှာ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ တနင်္ဂနွေနေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

မေလထဲမှာ ဒါဟာ ပထမဆုံးအကြိမ် ရောဂါတွေ့ရှိမှုကို အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ရောဂါကူးစက်မှု အတည်ပြုနိုင်သူ လျော့နည်းလာကြောင်း အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပြီး ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့သူတွေကို စောစောစီးစီး ရှာဖွေဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်စစ်ဆေးမှုတွေရဲ့ ရလဒ်အဖြစ် ပြောဆိုခဲ့တာပါ။

ရောဂါကူးစက်ခံရတယ်လို့ သံသယရှိသူတွေကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်စစ်ဆေးခဲ့တာတွေ၊ ပြည်ပကဝင်လာသူတွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာ အသွားအလာ ကန့်သတ်ထားပြီး စောင့်ကြည့်မှုတွေရဲ့ အကျိုးဆက်အဖြစ်နဲ့လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါပိုး စတင်တွေ့ရှိချိန် မတ်လ ၂၃ ရက်နေ့ကစလို့ ဧပြီလ ဒုတိယပတ်နဲ့ တတိယပတ်တွေမှာ ကူးစက်မှုနှုန်း များပြားခဲ့ပြီး ဧပြီလနှောင်းပိုင်းမှာ လျော့သွားခဲ့တယ်လို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမယ့် ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့ ပြည်ပနိုင်ငံတွေကနေ ပြန်လာသူ မြန်မာနိုင်ငံသားတွေ အများအပြား ရှိနေဆဲဖြစ်သလို စက်ရုံတွေနဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်လို့ ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာနိုင်ခြေရှိတယ်လို့လည်း သတိပေးထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-myanmar-update/5403024.html
ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၄ ဦး ထပ္မံအတည္ျပဳ ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၄ ဦး ထပ္မံအတည္ျပဳ Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.