COVID-19 ကြောင့် ကမ္ဘာတဝန်းသေဆုံးသူ ၃ သိန်းခွဲကျော်ပြီ

အိန္ဒိယနိုင်ငံ Mumbai မြို့က ဆေးရုံဝန်းတခုမှာ COVID-19 လူနာတဦးကို သယ်ဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတချို့။ (ဧပြီ ၁၁၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၃၅၀,၀၀၀ ကျော် သွားပါပြီ။ အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်က COVID-19 ဆိုင်ရာ ပြုစုထားတဲ့ စာရင်းအရ တကမ္ဘာလုံးမှာ ရောဂါကူးစက်သူက ၅,၆၀၀,၀၀၀ ကျော်နေပါပြီ။

အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စုက ကူးစက်သူရော၊ သေဆုံးသူပါ အများဆုံးဖြစ်ပါတယ်။ အမေရိကန်မှာ COVID-19 ရောဂါဖြစ်နေသူ ၁,၇၀၀,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၁၀၀,၀၀၀ ကျော်သွားပါပြီ။

ခုလို အရေအတွက်တိုးနေပေမဲ့ ပြည်နယ်တော်တော်များများမှာ ထိန်းချုပ် ကန့်သတ်မှုတွေကို ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ဖယ်ရှားနေကြပါတယ်။ Las Vegas မြို့က ကာစီနိုလောင်းကစားရုံတွေကို ဇွန် ၄ ရက်နေ့ကစပြီး ပြန်ဖွင့်မယ်လို့ Nevada ပြည်နယ်အုပ်ချုပ်ရေးမှူးက ကြေညာပါတယ်။

ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ သီတင်း ၁၀ ပတ်ကြာ ပိတ်ထားခဲ့ပြီးနောက် ပြန်ဖွင့်မှာ ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံ Manaus မြို့က Gilberto Novaes ဆေးရုံမှာ တွေရတဲ့ လူနာများ (မေ ၂၀၊ ၂၀၂၀)
အမေရိကန်ပြီးရင် ရောဂါကူးစက်မှု ဒုတိယအဆိုးဆုံးဖြစ်နေတာက Brazil နိုင်ငံဖြစ်ပါတယ်။ အင်္ဂါနေ့ တနေ့ထဲ Brazil မှာ သေဆုံးသူ ၁၀၀၀ ကျော်ခဲ့ပြီး ကမ္ဘာမှာ တရက်ထဲသေဆုံးသူ အများဆုံးဖြစ်ခဲ့ပါတယ်။

Mexico နိုင်ငံကလည်း တရက်ထဲ သေဆုံးသူ ၅၀၀ ကျော်၊ အတည်ပြုလူနာသစ် ၃,၅၀၀ နီးပါးနဲ့ စိုးရိမ်စရာဖြစ်နေပါတယ်။ New Zealand နိုင်ငံကတော့ နိုင်ငံထဲက ဆေးရုံတွေမှာ COVID-19 လူနာ တယောက်မှ မရှိတော့ဘူးလို့ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စပိန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးခဲ့သူ ၂၇,၀၀၀ ကျော်အတွက် ၁၀ ရက် ဝမ်းနည်းအောက်မေ့ခြင်းအထိမ်းအမှတ်ကို ဒီကနေ့မှာ စတင်ပါတယ်ရှင်။

 ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------
(Zawgyi)⤵⤵⤵
COVID-19 ေၾကာင့္ ကမာၻတဝန္းေသဆံုးသူ ၃ သိန္းခြဲေက်ာ္ၿပီ

ကမာၻတဝန္း COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆံုးသူ ၃၅၀,၀၀၀ ေက်ာ္ သြားပါၿပီ။ အေမရိကန္ျပည္ေထာင္စု Johns Hopkins တကၠသိုလ္က COVID-19 ဆိုင္ရာ ျပဳစုထားတဲ့ စာရင္းအရ တကမာၻလံုးမွာ ေရာဂါကူးစက္သူက ၅,၆၀၀,၀၀၀ ေက်ာ္ေနပါၿပီ။

အဲဒီထဲမွာ အေမရိကန္ျပည္ေထာင္စုက ကူးစက္သူေရာ၊ ေသဆံုးသူပါ အမ်ားဆံုးျဖစ္ပါတယ္။ အေမရိကန္မွာ COVID-19 ေရာဂါျဖစ္ေနသူ ၁,၇၀၀,၀၀၀ နီးပါးနဲ႔ ေသဆံုးသူ ၁၀၀,၀၀၀ ေက်ာ္သြားပါၿပီ။

ခုလို အေရအတြက္တုိးေနေပမဲ့ ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ ထိန္းခ်ဳပ္ ကန္႔သတ္မႈေတြကို ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြက ဖယ္႐ွားေနၾကပါတယ္။ Las Vegas ၿမိဳ႕က ကာစီႏိုေလာင္းကစား႐ံုေတြကို ဇြန္ ၄ ရက္ေန႔ကစၿပီး ျပန္ဖြင့္မယ္လို႔ Nevada ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက ေၾကညာပါတယ္။

ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ဖုိ႔ သီတင္း ၁၀ ပတ္ၾကာ ပိတ္ထားခဲ့ၿပီးေနာက္ ျပန္ဖြင့္မွာ ျဖစ္ပါတယ္။

အေမရိကန္ၿပီးရင္ ေရာဂါကူးစက္မႈ ဒုတိယအဆုိးဆံုးျဖစ္ေနတာက Brazil ႏိုင္ငံျဖစ္ပါတယ္။ အဂၤါေန႔ တေန႔ထဲ Brazil မွာ ေသဆံုးသူ ၁၀၀၀ ေက်ာ္ခဲ့ၿပီး ကမာၻမွာ တရက္ထဲေသဆံုးသူ အမ်ားဆံုးျဖစ္ခဲ့ပါတယ္။

Mexico ႏိုင္ငံကလည္း တရက္ထဲ ေသဆံုးသူ ၅၀၀ ေက်ာ္၊ အတည္ျပဳလူနာသစ္ ၃,၅၀၀ နီးပါးနဲ႔ စိုးရိမ္စရာျဖစ္ေနပါတယ္။ New Zealand ႏိုင္ငံကေတာ့ ႏိုင္ငံထဲက ေဆး႐ံုေတြမွာ COVID-19 လူနာ တေယာက္မွ မ႐ွိေတာ့ဘူးလို႔ ဒီေန႔ ဗုဒၶဟူးေန႔မွာ သတင္းထုတ္ျပန္ပါတယ္။ စပိန္ႏိုင္ငံမွာ COVID-19 ေၾကာင့္ ေသဆံုးခဲ့သူ ၂၇,၀၀၀ ေက်ာ္အတြက္ ၁၀ ရက္ ဝမ္းနည္းေအာက္ေမ့ျခင္းအထိမ္းအမွတ္ကို ဒီကေန႔မွာ စတင္ပါတယ္႐ွင္။

 ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/covid-main/5437544.html
COVID-19 ကြောင့် ကမ္ဘာတဝန်းသေဆုံးသူ ၃ သိန်းခွဲကျော်ပြီ COVID-19 ကြောင့် ကမ္ဘာတဝန်းသေဆုံးသူ ၃ သိန်းခွဲကျော်ပြီ Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.