ထုိင္းႏုိင္ငံေရာက္ ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ COVID-19 အေရးေပၚ ဖုန္းလုိင္းဖြင့္


(Zawgyi/Unicode)

ထိုင္းနိုင္ငံအတြင္းမွာရွိတဲ့ ေရႊ႕ေျပာင္းလုပ္သားေတြ အသုံးျပဳနိုင္ဖို႔ COVID- 19 အေရးေပၚ တယ္လီဖုန္းလိုင္း ဝန္ေဆာင္မႈကို စတင္လိုက္ၿပီလို႔ ထိုင္းနိုင္ငံ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးဌာနက ေျပာပါတယ္။ထိုင္းႏိုင္ငံအတြင္းက ေရႊ႕ေျပာင္းလုပ္သား ၂.၇ သန္းအၾကား ေရာဂါ ကူး စက္ မႈအႏၲရာယ္ေလ်ာ့ပါးေစဖို႔ အခုလို အထူးအေရးေပၚလိုင္းကို ဖြင့္ေပးတာလို႔လည္း ထိုင္းလူထုက်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ဒီအေရးေပၚလိုင္းကို ျမန္မာ၊ ခမာ၊ လာအိုနဲ႔ ဗီယက္နမ္စကားေတြနဲ႔ ဆက္သြယ္နိုင္ပါတယ္။ ျမန္မာနဲ႔ တစ္ျခား ေရႊ႕ေျပာင္းလုပ္သားေတြ အေနနဲ႔ COVID-19 အေၾကာင္း ဆက္သြယ္ေမးျမန္းလိုတယ္ဆိုရင္ အေရးေပၚလိုင္း ၁၄၂၂ ကို ဆက္သြယ္ရမွာျဖစ္ပါတယ္။

အလုပ္သမားအေဆာင္ေတြမွာ ျပည့္သိပ္ၿပီးေနၾကရတဲ့ စကၤာပူမွာ ျပည္ပက ေရႊ႕ေျပာင္းလုပ္သားေတြ အၾကား ေရာဂါကူးစက္မႈႏႈန္းျမင့္မား တာကို ေတြ႕ရၿပီးတဲ့ေနာက္မွာ ေရႊ႕ေျပာင္းလုပ္သားေတြကို ကူးစက္မႈ အႏၲရာယ္မ်ားသူေတြ အျဖစ္ ထိုင္း က်န္းမာေရးဝန္ႀကီး ဌာနက သတ္မွတ္ခဲ့ပါတယ္။

ထိုင္းနိုင္ငံမွာအိမ္နီးခ်င္းနိုင္ငံေတြက လာတဲ့ အလုပ္သမားေတြ အမ်ားအျပားရွိေၾကာင္း၊ အခု ဖြင့္လွစ္ေပးတဲ့ အေရးေပၚ တယ္လီဖုန္းလိုင္း ၁၄၂၂ က ေရႊ႕ေျပာင္းလုပ္သားေတြကို COVID- 19 ေရာဂါ အခ်က္အလက္ေတြကို မွန္မွန္ကန္ကန္ ေပးနိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေၾကာင္း ထိုင္းကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးဌာန အႀကီးအကဲ Suwannachai Watanayingcharoenchai က ေျပာပါတယ္။

ဒီ အေရးေပၚလိုင္း ကို ထိုင္းႏိုင္ငံအတြင္းက NGO ေတြနဲ႔ ကမၻာ့ က်န္းမာေရးအဖြဲ႕တို႔နဲ႔ ပူးေပါင္းၿပီး ဖြင့္ေပးခဲ့တာလို႔လည္း ဘန္ေကာက္ပို႔စ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

 ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် COVID-19 အရေးပေါ် ဖုန်းလိုင်းဖွင့်

(Unicode)

ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အသုံးပြုနိုင်ဖို့ COVID- 19 အရေးပေါ် တယ်လီဖုန်းလိုင်း ဝန်ဆောင်မှုကို စတင်လိုက်ပြီလို့ ထိုင်းနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနက ပြောပါတယ်။ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်းလုပ်သား ၂.၇ သန်းအကြား ရောဂါ ကူး စက် မှုအန္တရာယ်လျော့ပါးစေဖို့ အခုလို အထူးအရေးပေါ်လိုင်းကို ဖွင့်ပေးတာလို့လည်း ထိုင်းလူထုကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီအရေးပေါ်လိုင်းကို မြန်မာ၊ ခမာ၊ လာအိုနဲ့ ဗီယက်နမ်စကားတွေနဲ့ ဆက်သွယ်နိုင်ပါတယ်။ မြန်မာနဲ့ တစ်ခြား ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ COVID-19 အကြောင်း ဆက်သွယ်မေးမြန်းလိုတယ်ဆိုရင် အရေးပေါ်လိုင်း ၁၄၂၂ ကို ဆက်သွယ်ရမှာဖြစ်ပါတယ်။

အလုပ်သမားအဆောင်တွေမှာ ပြည့်သိပ်ပြီးနေကြရတဲ့ စင်္ကာပူမှာ ပြည်ပက ရွှေ့ပြောင်းလုပ်သားတွေ အကြား ရောဂါကူးစက်မှုနှုန်းမြင့်မား တာကို တွေ့ရပြီးတဲ့နောက်မှာ ရွှေ့ပြောင်းလုပ်သားတွေကို ကူးစက်မှု အန္တရာယ်များသူတွေ အဖြစ် ထိုင်း ကျန်းမာရေးဝန်ကြီး ဌာနက သတ်မှတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာအိမ်နီးချင်းနိုင်ငံတွေက လာတဲ့ အလုပ်သမားတွေ အများအပြားရှိကြောင်း၊ အခု ဖွင့်လှစ်ပေးတဲ့ အရေးပေါ် တယ်လီဖုန်းလိုင်း ၁၄၂၂ က ရွှေ့ပြောင်းလုပ်သားတွေကို COVID- 19 ရောဂါ အချက်အလက်တွေကို မှန်မှန်ကန်ကန် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထိုင်းကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန အကြီးအကဲ Suwannachai Watanayingcharoenchai က ပြောပါတယ်။ ဒီ အရေးပေါ်လိုင်း ကို ထိုင်းနိုင်ငံအတွင်းက NGO တွေနဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တို့နဲ့ ပူးပေါင်းပြီး ဖွင့်ပေးခဲ့တာလို့လည်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/thai-migrant-covid-phone-line-/5410531.html
ထုိင္းႏုိင္ငံေရာက္ ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ COVID-19 အေရးေပၚ ဖုန္းလုိင္းဖြင့္ ထုိင္းႏုိင္ငံေရာက္ ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ COVID-19 အေရးေပၚ ဖုန္းလုိင္းဖြင့္ Reviewed by THITHTOOLWIN on 07:06 Rating: 5
Powered by Blogger.