အိႏိၵယမွာ COVID-19 ကူးစက္သူ အေရအတြက္ တ႐ုတ္ထက္ ပိုမ်ားေနၿပီ


(Zawgyi / Unicode)

အိႏၵိယႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ အေရအတြက္ဟာ တ႐ုတ္ႏုိင္ငံထက္ ေက်ာ္သြားၿပီလို႔ အိႏၵိယ က်န္းမာေရး၀န္ႀကီးဌာနက ေျပာလိုက္ပါတယ္။

အိႏၵိယႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္ခံထားရသူအျဖစ္ အတည္ျပဳထားတဲ့သူ ၈၅၉၄၀ နဲ႔ ေသဆုံးသူ ၂၇၅၂ ဦးထက္မနည္းရွိၿပီး တ႐ုတ္ႏုိင္ငံမွာေတာ့ ေရာဂါကူးစက္ခံရသူက ၈၂၉၄၁ ေယာက္ထက္မနည္းရွိတာ ျဖစ္ပါတယ္။

Maharashtra ျပည္နယ္မွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၂၉၁၀၀ နဲ႔ ကူးစက္မႈအမ်ားဆုံးျဖစ္ၿပီး တမီးလ္နာဒူးျပည္နယ္မွာေတာ့ ၁၀၁၀၀ ေက်ာ္၊ ဂူဂ်ာရတ္ျပည္နယ္မွာ ၉၉၀၀ ေက်ာ္နဲ႔ နယူးေဒလီမွာေတာ့ ၈၈၉၅ ေယာက္ရွိတယ္လို႔ ဆုိပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း တႏုိင္ငံလုံးမွာ ေနာက္ထပ္ေရာဂါကူးစက္သူ ၃၉၇၀ ရွိၿပီး ေသဆုံးသူ ၁၀၃ ေယာက္ ရွိခဲ့ပါတယ္။

အိႏၵိယႏုိင္ငံမွာ လူေတြကို အျပင္မထြက္ဖို႔ တားျမစ္ထားတဲ့အမိန္႔ကို ရက္ထပ္တိုးမတိုးဆုိတာ ၀န္ႀကီးခ်ဳပ္ Narendra Modi အစိုးရက ဒီသီတင္းပတ္ကုန္မွာ ဆုံးျဖတ္မွာျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံမွာေတာ့ ႏွစ္စဥ္က်င္းပတဲ့ တ႐ုတ္အမ်ိဳးသားကြန္ဂရက္ကို ရက္ေလွွ်ာ့ၿပီး ခပ္တုိတုိပဲ က်င္းပသြားမယ္လို႔ တ႐ုတ္အမ်ိဳးသားကြန္ဂရက္ရဲ႕ ႏုိင္ငံျခားေရးေကာ္မတီ ဥကၠ႒က ေျပာပါတယ္။

ေမလ ၂၂ ရက္ေန႔မွာ က်င္းပမယ့္ တ႐ုတ္အမ်ိဳးသားကြန္ဂရက္ကို ပုံမွန္အားျဖင့္ေတာ့ ၂ ပတ္ၾကာ က်င္းပေလ့ရွိေပမယ့္ ဗုိင္းရပ္စ္ကူးစက္မႈေတြေၾကာင့္ ဒီႏွစ္မွာ ၁ ပတ္ေလာက္ပဲ က်င္းပသြားဖို႔ ရွိပါတယ္။

ေတာင္ကိုရီးယားမွာေတာ့ ညကလပ္သြားတဲ့သူေတြၾကား ဗုိင္းရပ္စ္ကူးစက္မႈေတြ ျပန္ျဖစ္ရာကေန အခုဆုိရင္ ဆိုးလ္ၿမိဳ႕တ၀ိုက္မွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၁၆၂ ေယာက္ထိ ရွိလာေပမယ့္ ေရာဂါပိုးကူးစက္မႈ စၿပီး ေလ်ာ့က်လာၿပီလို႔ သတိနဲ႔ ေမွ်ာ္လင့္တဲ့အေၾကာင္း အာဏာပိုင္ေတြက ေျပာလိုက္ပါတယ္။

စမ္းသပ္မႈေတြကို တုိးလုပ္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြအတြင္း ေန႔စဥ္ကူးစက္မႈႏႈန္းက ၃၀ ေက်ာ္ေလာက္ပဲ ရွိခဲ့တယ္လို႔ ဆုိပါတယ္။

ၾသစေၾတးလ်ႏုိင္ငံမွာေတာ့ ကန္႔သတ္မႈေတြ ေျဖေလွ်ာ့လာေနေပမယ့္ လူေတြအေနနဲ႔ ေရာဂါကူးစက္မႈ ဒုတိယလိႈင္း မျဖစ္ေအာင္ သတိထားၾကဖို႔ လိုတယ္လို႔ အာဏာပိုင္ေတြက သတိေပးလိုက္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------

(Unicode)

အိန္ဒိယမှာ COVID-19 ကူးစက်သူ အရေအတွက် တရုတ်ထက် ပိုများနေပြီ

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ တရုတ်နိုင်ငံထက် ကျော်သွားပြီလို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူအဖြစ် အတည်ပြုထားတဲ့သူ ၈၅၉၄၀ နဲ့ သေဆုံးသူ ၂၇၅၂ ဦးထက်မနည်းရှိပြီး တရုတ်နိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူက ၈၂၉၄၁ ယောက်ထက်မနည်းရှိတာ ဖြစ်ပါတယ်။

Maharashtra ပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉၁၀၀ နဲ့ ကူးစက်မှုအများဆုံးဖြစ်ပြီး တမီးလ်နာဒူးပြည်နယ်မှာတော့ ၁၀၁၀၀ ကျော်၊ ဂူဂျာရတ်ပြည်နယ်မှာ ၉၉၀၀ ကျော်နဲ့ နယူးဒေလီမှာတော့ ၈၈၉၅ ယောက်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တနိုင်ငံလုံးမှာ နောက်ထပ်ရောဂါကူးစက်သူ ၃၉၇၀ ရှိပြီး သေဆုံးသူ ၁၀၃ ယောက် ရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ လူတွေကို အပြင်မထွက်ဖို့ တားမြစ်ထားတဲ့အမိန့်ကို ရက်ထပ်တိုးမတိုးဆိုတာ ဝန်ကြီးချုပ် Narendra Modi အစိုးရက ဒီသီတင်းပတ်ကုန်မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ နှစ်စဉ်ကျင်းပတဲ့ တရုတ်အမျိုးသားကွန်ဂရက်ကို ရက်လျှော့ပြီး ခပ်တိုတိုပဲ ကျင်းပသွားမယ်လို့ တရုတ်အမျိုးသားကွန်ဂရက်ရဲ့ နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

မေလ ၂၂ ရက်နေ့မှာ ကျင်းပမယ့် တရုတ်အမျိုးသားကွန်ဂရက်ကို ပုံမှန်အားဖြင့်တော့ ၂ ပတ်ကြာ ကျင်းပလေ့ရှိပေမယ့် ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ဒီနှစ်မှာ ၁ ပတ်လောက်ပဲ ကျင်းပသွားဖို့ ရှိပါတယ်။

တောင်ကိုရီးယားမှာတော့ ညကလပ်သွားတဲ့သူတွေကြား ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်ဖြစ်ရာကနေ အခုဆိုရင် ဆိုးလ်မြို့တဝိုက်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၂ ယောက်ထိ ရှိလာပေမယ့် ရောဂါပိုးကူးစက်မှု စပြီး လျော့ကျလာပြီလို့ သတိနဲ့ မျှော်လင့်တဲ့အကြောင်း အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

စမ်းသပ်မှုတွေကို တိုးလုပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း နေ့စဉ်ကူးစက်မှုနှုန်းက ၃၀ ကျော်လောက်ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံမှာတော့ ကန့်သတ်မှုတွေ ဖြေလျှော့လာနေပေမယ့် လူတွေအနေနဲ့ ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်အောင် သတိထားကြဖို့ လိုတယ်လို့ အာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-india/5422492.html

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား