

(Zawgyi)⤵⤵⤵
နိရဉ္စရာ၊ မေ ၄ / ၂၀၂၀







Narinjara
------------------------------

Unicode:

ဘင်္ဂလာဒေ့ရှ်တွင် တစ်နေ့ လူပေါင်း၅၀၀ ကျော်နှုန်းဖြင့် Covid 19 ကူးစက်မှုမြန်ဆန်နေ၊ သေဆုံးသူ ၁၈၀ ကျော်ရှိလာ

နိရဥ္စရာ၊ မေ ၄ / ၂၀၂၀

မြန်မာနိုင်ငံအိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် တစ်နေ့ကို လူပေါင်း ၅၀၀ ကျော်နူန်းဖြင့် ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြန်ဆန်နေပြီး လက်ရှိအချိန်တွင် ရောဂါပိုးတွေ့ရှိသူ ၁၀၁၄၃ ဦး၊ သေဆုံးသူ ၁၈၂ ဦးရှိသွားပြီဟု သိရသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူပေါင်း ၆၂၆၀ ကို စမ်းသပ်စစ်ဆေးခဲ့ရာတွင် လူပေါင်း ၆၈၈ ယောက်တွင် ရောဂါပိုးတွေ့ရှိခဲ့ဟု The Daily Star က Covid-19 infection cases cross 10,000 mark, 5 more die in 24hrs: DGHS ‌ခေါင်းစဉ်ဖြင့် သတင်းဖော်ပြသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ် ရောဂါ ဖြစ်နေသူများအထဲမှ ၅ ဦးသေဆုံးခဲ့ပြီး ယခုအခါ ဘင်္ဂလာဒေ့ရှ် တစ်နိုင်ငံလုံးတွင် သေဆုံးသူ အရေအတွက်မှာ ၁၈၂ ဦးရှိသွားပြီဟု သိရသည်။

ရောဂါဖြစ်ပွားရာမှ ပြန်လည်ကောင်းမွန်လာသူမှာ ၁၂၁၀ ဦးရှိသည်ဟု သိရသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် မေလ ၁ ရက်နေ့က ရောဂါပိုးတွေ့ရှိသူမှာ ၈၂၃၈ ဦးထိ မြှင့်တက်လာခဲ့ပြီး၊ မေလ ၂ ရက်နေ့ ၈၇၉၀ ဦးထိ ရှိလာခဲ့သည်။ မေလ ၃ ရက် ၉၄၅၅ ဦးနှင့် ယနေ့ မေလ ၄ ရက်နေ့တွင် ၁၀၁၄၃ ဦးထိ ရှိလာခဲ့သည်ဟု ဆိုသည်။

တစ်ကမ္ဘာလုံးတွင် ကိုဗစ်ရောဂါ ကူးစက်ခံနေရသူမှာ ယနေ့ မေ ၄ ရက်တွင် ၃၅၆၅ ၃၁၀ ဦးရှိသွားပြီဟု သိရသည်။

Narinjara
https://www.facebook.com/narinjara.info/
ဘင်္ဂလာဒေ့ရှ်တွင် တစ်နေ့ လူပေါင်း၅၀၀ ကျော်နှုန်းဖြင့် Covid 19 ကူးစက်မှုမြန်ဆန်နေ၊ သေဆုံးသူ ၁၈၀ ကျော်ရှိလာ ဘင်္ဂလာဒေ့ရှ်တွင် တစ်နေ့ လူပေါင်း၅၀၀ ကျော်နှုန်းဖြင့် Covid 19 ကူးစက်မှုမြန်ဆန်နေ၊ သေဆုံးသူ ၁၈၀ ကျော်ရှိလာ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.