ရုရွားယဥ္ေက်းမႈ၀န္ႀကီး COVID-19 ကူးစက္ေန

ရုရွား ယဥ္ေက်းမႈ ဝန္ႀကီး Olga Lyubimova
(Zawgyi/Unicode)

ရုရွားႏိုင္ငံမွာ ယဥ္ေက်းမႈ ဝန္ႀကီး Olga Lyubimova မွာ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါပိုးရွိေနေၾကာင္း စမ္းသပ္ေတြ႔ရွိရတာေၾကာင့္ အခုဆို ရုရွားအစိုးရ ကက္ဘက္နက္အဖြဲ႔ဝင္ ၃ ဦးမွာ ဒီေရာဂါ အကူးစက္ခံေနရတယ္လို႔ ရုရွားရဲ့ ဗုဒၶဟူးေန႔ထုတ္ TASS သတင္းမွာ ေဖၚျပထားပါတယ္။

ဝန္ႀကီး Olga ဟာ ေရာဂါဒဏ္ သိပ္ျပင္းျပင္းထန္ထန္ မခံစားေနရပဲ အေဝးကေနပဲ အလုပ္ ဆက္လုပ္ေနတယ္လို႔ သူ႔ရဲ႕ေျပာခြင့္ရက ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ Mikhail Mishustin ကလည္း သူ႔မွာ ဒီေရာဂါ အကူးစက္ခံရေၾကာင္း ေတြ႔ရတဲ့ အတြက္ ရာထူးကေန ေခတၱဆင္းေပးမယ္လို႔ သမၼတ Vladimir Putin ကို အေၾကာင္းၾကားခဲ့ေၾကာင္းနဲ႔ သူ႔ေနရာမွာ ဒုတိယဝန္ႀကီးခ်ဳပ္ တဦးျဖစ္တဲ့ Andrei Belousov က ယာယီ တာဝန္ယူေနတယ္ လို႔လည္း သတင္းမွာ ေဖၚျပထားပါတယ္။

သမၼတ Putin ကေတာ့ ဝန္ႀကီးခ်ဳပ္ဟာ အခု ဒီေရာဂါဒဏ္ ခံစားေနရာ ကေန သက္သာလာၿပီ ျဖစ္ေပမယ့္ အဖ်ားေတာ့ ရွိေနေသး ေၾကာင္းနဲ႔ သူ႔ရဲ့ ေန႔စဥ္လုပ္ငန္းတာဝန္ေတြ မွာ ပါဝင္ေဆာင္ရြက္ေနၿပီ လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ေဆာက္လုပ္ေရးဝန္ႀကီး Vladimir Yakushev မွာလည္း ဒီေရာဂါ အကူးစက္ ခံခဲ့ရတာ ျဖစ္ၿပီး သူ႔ကိုေတာ့ ေဆးရံုတင္ထားတယ္လို႔ သတင္းမွာ ေဖၚျပထားပါတယ္။ ဒါ့အျပင္ သူ႔လက္ေထာက္ ေတြထဲက တေယာက္လည္း ဒီေရာဂါ အကူးစက္ခံထားရတယ္လုိ႔ ေဆာက္လုပ္ေရးဝန္ႀကီးွဌာန ဝက္ဘ္ ဆိုက္မွာ ေဖၚျပထားပါတယ္။

ရုရွားႏိုင္ငံမွာ ဒီေရာဂါ အကူးစက္ခံရသူ (၁၆၅, ၉၂၉ ) ရွိၿပီး ေသဆံုးရသူက (၁ ၅၃၇) ရွိေနပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------

ရုရှားယဉ်ကျေးမှုဝန်ကြီး COVID-19 ကူးစက်နေ

(Unicode)

ရုရှားနိုင်ငံမှာ ယဉ်ကျေးမှု ဝန်ကြီး Olga Lyubimova မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိနေကြောင်း စမ်းသပ်တွေ့ရှိရတာကြောင့် အခုဆို ရုရှားအစိုးရ ကက်ဘက်နက်အဖွဲ့ဝင် ၃ ဦးမှာ ဒီရောဂါ အကူးစက်ခံနေရတယ်လို့ ရုရှားရဲ့ ဗုဒ္ဓဟူးနေ့ထုတ် TASS သတင်းမှာ ဖေါ်ပြထားပါတယ်။

ဝန်ကြီး Olga ဟာ ရောဂါဒဏ် သိပ်ပြင်းပြင်းထန်ထန် မခံစားနေရပဲ အဝေးကနေပဲ အလုပ် ဆက်လုပ်နေတယ်လို့ သူ့ရဲ့ပြောခွင့်ရက ပြောပါတယ်။

ဝန်ကြီးချုပ် Mikhail Mishustin ကလည်း သူ့မှာ ဒီရောဂါ အကူးစက်ခံရကြောင်း တွေ့ရတဲ့ အတွက် ရာထူးကနေ ခေတ္တဆင်းပေးမယ်လို့ သမ္မတ Vladimir Putin ကို အကြောင်းကြားခဲ့ကြောင်းနဲ့ သူ့နေရာမှာ ဒုတိယဝန်ကြီးချုပ် တဦးဖြစ်တဲ့ Andrei Belousov က ယာယီ တာဝန်ယူနေတယ် လို့လည်း သတင်းမှာ ဖေါ်ပြထားပါတယ်။

သမ္မတ Putin ကတော့ ဝန်ကြီးချုပ်ဟာ အခု ဒီရောဂါဒဏ် ခံစားနေရာ ကနေ သက်သာလာပြီ ဖြစ်ပေမယ့် အဖျားတော့ ရှိနေသေး ကြောင်းနဲ့ သူ့ရဲ့ နေ့စဉ်လုပ်ငန်းတာဝန်တွေ မှာ ပါဝင်ဆောင်ရွက်နေပြီ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဆောက်လုပ်ရေးဝန်ကြီး Vladimir Yakushev မှာလည်း ဒီရောဂါ အကူးစက် ခံခဲ့ရတာ ဖြစ်ပြီး သူ့ကိုတော့ ဆေးရုံတင်ထားတယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် သူ့လက်ထောက် တွေထဲက တယောက်လည်း ဒီရောဂါ အကူးစက်ခံထားရတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးှဌာန ဝက်ဘ် ဆိုက်မှာ ဖေါ်ပြထားပါတယ်။

ရုရှားနိုင်ငံမှာ ဒီရောဂါ အကူးစက်ခံရသူ (၁၆၅, ၉၂၉ ) ရှိပြီး သေဆုံးရသူက (၁ ၅၃၇) ရှိနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/russia-culture-minister-covid-positive/5408913.html
ရုရွားယဥ္ေက်းမႈ၀န္ႀကီး COVID-19 ကူးစက္ေန ရုရွားယဥ္ေက်းမႈ၀န္ႀကီး COVID-19 ကူးစက္ေန Reviewed by THITHTOOLWIN on 05:33 Rating: 5
Powered by Blogger.