![]() |
ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres |
တကမာၻလံုး COVID-19 ကပ္ေရာဂါျပႆနာ ေျဖ႐ွင္းေနရခ်ိန္မွာ အစိုးရေတြအေနနဲ႔ စိတ္က်န္းမာေရးကိုလည္း အာ႐ံုစိုက္ၾကဖို႔ ကုလသမဂၢက တိုက္တြန္းလိုက္ပါတယ္။ COVID-19 ေၾကာင့္ မိသားစုေတြ၊ လူမႈအသိုင္းအဝိုင္းေတြမွာ ေနာက္ထပ္ စိတ္ဒဏ္ခံစားၾကရတယ္လို႔ဆုိၿပီး အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က တိုက္တြန္းလိုက္တာပါ။
COVID-19 ကပ္ေရာဂါေၾကာင့္ ကိုယ္က်န္းမာေရးကိုတင္ မဟုတ္ဘဲ စိတ္က်န္းမာေရးကိုပါ အႀကီးအက်ယ္ ထိခိုက္ခံစားၾကရတယ္လို႔ အတြင္းေရးမွဴးခ်ဳပ္ Guterres ကေျပာသြားတာပါ။ က်န္းမာေရးဝန္ထမ္းေတြ၊ စိတ္ေရာဂါ အခံ႐ွိသူေတြ၊ ကပ္ေရာဂါႀကီးကို လက္ေတြ႔ရင္ဆိုင္ေနၾကရသူေတြရဲ႕စိတ္က်န္းမာေရးအတြက္ အင္မတန္စိုးရိမ္စရာျဖစ္ေနတယ္လို႔ အတြင္းေရးမွဴးခ်ဳပ္က ေျပာပါတယ္။
လက္႐ွိႀကံဳေနရတဲ့ ကပ္ေရာဂါအတြင္း စိတ္က်န္းမာေရးျပႆနာကိုလည္း ကိုင္တြယ္ ေျဖ႐ွင္းၾကဖုိ႔ အစုိးရေတြ၊ လူထုအေျချပဳအဖဲြ႕ေတြ၊ က်န္းမာေရးအာဏာပိုင္ေတြကို အတြင္းေရးမွဴးခ်ဳပ္ Guterres ကတိုက္တြန္းပါတယ္။
ေနရာတိုင္း လူတိုင္းအေနနဲ႔ စိတ္က်န္းမာေရးဆိုင္ရာ အကူအညီရ႐ွိမယ့္ ကမာၻႀကီး ဖန္တီးဖုိ႔ ကုလသမဂၢက ခိုင္ခိုင္မာမာ သႏိၷ႒ာန္ခ်ထားတယ္လို႔လည္း သူကေျပာပါတယ္။
ေလာေလာဆယ္ COVID-19 ေရာဂါကူးစက္သူ ကမာၻတဝန္းမွာ ၄.၃ သန္းေက်ာ္နဲ႔ ေသဆံုးသူ ၃၀၀,၀၀၀ ေလာက္႐ွိတယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ WHO က ေျပာထားခ်ိန္မွာ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က ခုလို စိတ္က်န္းမာေရးထိခိုက္မႈအေပၚ အာ႐ံုစိုက္ၾကဖို႔ တိုက္တြန္းခဲ့တာျဖစ္ပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------
[Unicode Version]
COVID-19 ရင်ဆိုင်နေရချိန် စိတ်ကျန်းမာရေး အလေးပေးဖို့ ကုလတိုက်တွန်း
တကမ္ဘာလုံး COVID-19 ကပ်ရောဂါပြဿနာ ဖြေရှင်းနေရချိန်မှာ အစိုးရတွေအနေနဲ့ စိတ်ကျန်းမာရေးကိုလည်း အာရုံစိုက်ကြဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ COVID-19 ကြောင့် မိသားစုတွေ၊ လူမှုအသိုင်းအဝိုင်းတွေမှာ နောက်ထပ် စိတ်ဒဏ်ခံစားကြရတယ်လို့ဆိုပြီး အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းလိုက်တာပါ။
COVID-19 ကပ်ရောဂါကြောင့် ကိုယ်ကျန်းမာရေးကိုတင် မဟုတ်ဘဲ စိတ်ကျန်းမာရေးကိုပါ အကြီးအကျယ် ထိခိုက်ခံစားကြရတယ်လို့ အတွင်းရေးမှူးချုပ် Guterres ကပြောသွားတာပါ။ ကျန်းမာရေးဝန်ထမ်းတွေ၊ စိတ်ရောဂါ အခံရှိသူတွေ၊ ကပ်ရောဂါကြီးကို လက်တွေ့ရင်ဆိုင်နေကြရသူတွေရဲ့စိတ်ကျန်းမာရေးအတွက် အင်မတန်စိုးရိမ်စရာဖြစ်နေတယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
လက်ရှိကြုံနေရတဲ့ ကပ်ရောဂါအတွင်း စိတ်ကျန်းမာရေးပြဿနာကိုလည်း ကိုင်တွယ် ဖြေရှင်းကြဖို့ အစိုးရတွေ၊ လူထုအခြေပြုအဖွဲ့တွေ၊ ကျန်းမာရေးအာဏာပိုင်တွေကို အတွင်းရေးမှူးချုပ် Guterres ကတိုက်တွန်းပါတယ်။
နေရာတိုင်း လူတိုင်းအနေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီရရှိမယ့် ကမ္ဘာကြီး ဖန်တီးဖို့ ကုလသမဂ္ဂက ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထားတယ်လို့လည်း သူကပြောပါတယ်။
လောလောဆယ် COVID-19 ရောဂါကူးစက်သူ ကမ္ဘာတဝန်းမှာ ၄.၃ သန်းကျော်နဲ့ သေဆုံးသူ ၃၀၀,၀၀၀ လောက်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောထားချိန်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ခုလို စိတ်ကျန်းမာရေးထိခိုက်မှုအပေါ် အာရုံစိုက်ကြဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-main/5419413.html
