အိန္ဒိယမှာ COVID-19 ကူးစက်သူနဲ့ သေဆုံးသူ တရုတ်ထက် ပိုများသွားပြီ

အိန္ဒိယနိုင်ငံ New Delhi မြို့က လူတချို့ကို ဈေးမှာ တွေ့ရတဲ့ မြင်ကွင်း။ (မေ ၂၂၊ ၂၀၂၀)
(Unicode)⤵⤵⤵
အိန္ဒိယနိုင်ငံမှာတော့ ဒီနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇,၄၆၆ ယောက်ထက်မနည်းရှိတာကြောင့် နေ့စဉ်ကူးစက်မှုနှုန်း နောက်ထပ်အများဆုံးစံချိန်တင်ခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင် အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၅,၀၀၀ ကျော် နဲ့ သေဆုံးသူ ၄၇၀၀ ကျော်သွားခဲ့ပြီဖြစ်တာကြောင့် ကူးစက်သူရော သေဆုံးသူအရေအတွက်ပါ တရုတ်နိုင်ငံထက် ပိုများသွားပြီဖြစ်ပါတယ်။

ကူးစက်တဲ့သူအများစုက လူဦးရေထူထပ်တဲ့ မြို့တွေမှာဖြစ်ပေမဲ့ အခုအခါမှာတော့ မြို့တွေမှာသွားပြီး အလုပ်လုပ်နေတဲ့သူတွေဟာ အလုပ်ပြုတ်ပြီး သူတို့ရဲ့ရွာတွေကို ပြန်ကြတာကြောင့် နိုင်ငံအရှေ့ပိုင်းက ဆင်းရဲတဲ့ပြည်နယ်တွေမှာလည်း ကူးစက်မှုတွေ တိုးလာနေပါတယ်။

ထိုင်းနိုင်ငံမှာတော့ အာဏာပိုင်တွေက ကန့်သတ်ချက်တွေကို နောက်ထပ် ဖြေလျှော့မှုတွေလုပ်ဆောင်လာနေပြီး ရုပ်ရှင်ရုံတွေ၊ ပြဇာတ်ရုံတွေ၊ တိရစ္ဆာန်ရုံတွေနဲ့ ငါးပြတိုက်တွေကို တနင်္လာနေ့ကစပြီး ဖွင့်လှစ်နိုင်ပြီလို့ ပြောပါတယ်။

ဒါပေမဲ့ လူဦးရေအကန့်အသတ်နဲ့ဝင်ခွင့်ပြုရမှာဖြစ်ပြီး ရုပ်ရှင်ရုံတွေအနေနဲ့ လူ ၂၀၀ ထက်မပိုဘဲ ခွင့်ပြုရမှာဖြစ်ပြီးတော့ လင်မယားတွေကလွဲပြီး တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ ထိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အနှိပ်ခန်းတွေ၊ လေ့ကျင့်ခန်းလုပ်တဲ့ အားကစားရုံတွေနဲ့ တခြားအားကစားကွင်းတွေလည်း ဖွင့်ခွင့်ပေးလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာလည်း လူတွေကို အိမ်ထဲကနေ အပြင်မထွက်ဖို့ အမိန့်ထုတ်ထားတာကို စတင်ဖြေလျော့လာနေပြီး လာမယ့်တနင်္လာနေ့ကစလို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပြန်ဖွင့်တော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ ခပ်ခွာခွာနေကြဖို့ နဲ့ နှာခေါင်းစည်း မျက်နှာဖုံးတွေတပ်ဆင်ဖို့ လိုမှာဖြစ်ပါတယ်။ ဖိလစိပိုင်မှာ ဒီနေ့ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၃၉ ယောက်ရှိပြီး ၆၀ ရာခိုင်နှုန်း က မနီလာမြို့တော်ကဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက တချို့ဒေသတွေမှာ ဗိုင်းရပ်စ်ကြောင့်ပိတ်ထားတဲ့ ဗလီတွေပြန်ဖွင့်လိုက်တာကြောင့် မွတ်စလင်တွေ ဒီနေ့မှာ ဗလီသွားပြီး ဝတ်ပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ကလေးတွေကို ခွင့်မပြုထားဘဲ လူတွေအနေနဲ့ ကန့်သတ်ချက်တွေနဲ့အညီ ခပ်ခွာခွာနေပြီး နှာခေါင်းစည်းမျက်နှာဖုံးတွေတပ်အောင် ရဲနဲ့ စစ်တပ်တွေကို ဗလီတွေမှာချထားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------
(Zawgyi)⤵⤵⤵
အိႏၵိယမွာ COVID-19 ကူးစက္သူနဲ႔ ေသဆုံးသူ တ႐ုတ္ထက္ ပိုမ်ားသြားၿပီ

အိႏၵိယႏိုင္ငံမွာေတာ့ ဒီေန႔မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၇,၄၆၆ ေယာက္ထက္မနည္းရွိတာေၾကာင့္ ေန႔စဥ္ကူးစက္မႈႏႈန္း ေနာက္ထပ္အမ်ားဆုံးစံခ်ိန္တင္ခဲ့ပါတယ္။ ဒါေၾကာင့္ အခုဆိုရင္ အိႏၵိယႏိုင္ငံမွာ ဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၆၅,၀၀၀ ေက်ာ္ နဲ႔ ေသဆုံးသူ ၄၇၀၀ ေက်ာ္သြားခဲ့ၿပီျဖစ္တာေၾကာင့္ ကူးစက္သူေရာ ေသဆုံးသူအေရအတြက္ပါ တ႐ုတ္ႏိုင္ငံထက္ ပိုမ်ားသြားၿပီျဖစ္ပါတယ္။

ကူးစက္တဲ့သူအမ်ားစုက လူဦးေရထူထပ္တဲ့ ၿမိဳ႕ေတြမွာျဖစ္ေပမဲ့ အခုအခါမွာေတာ့ ၿမိဳ႕ေတြမွာသြားၿပီး အလုပ္လုပ္ေနတဲ့သူေတြဟာ အလုပ္ျပဳတ္ၿပီး သူတို႔ရဲ႕႐ြာေတြကို ျပန္ၾကတာေၾကာင့္ ႏိုင္ငံအေရွ႕ပိုင္းက ဆင္းရဲတဲ့ျပည္နယ္ေတြမွာလည္း ကူးစက္မႈေတြ တိုးလာေနပါတယ္။

ထိုင္းႏိုင္ငံမွာေတာ့ အာဏာပိုင္ေတြက ကန႔္သတ္ခ်က္ေတြကို ေနာက္ထပ္ ေျဖေလွ်ာ့မႈေတြလုပ္ေဆာင္လာေနၿပီး ႐ုပ္ရွင္႐ုံေတြ၊ ျပဇာတ္႐ုံေတြ၊ တိရစာၦန္႐ုံေတြနဲ႔ ငါးျပတိုက္ေတြကို တနလၤာေန႔ကစၿပီး ဖြင့္လွစ္ႏိုင္ၿပီလို႔ ေျပာပါတယ္။

ဒါေပမဲ့ လူဦးေရအကန႔္အသတ္နဲ႔ဝင္ခြင့္ျပဳရမွာျဖစ္ၿပီး ႐ုပ္ရွင္႐ုံေတြအေနနဲ႔ လူ ၂၀၀ ထက္မပိုဘဲ ခြင့္ျပဳရမွာျဖစ္ၿပီးေတာ့ လင္မယားေတြကလြဲၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ခပ္ခြာခြာ ထိုင္ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ အႏွိပ္ခန္းေတြ၊ ေလ့က်င့္ခန္းလုပ္တဲ့ အားကစား႐ုံေတြနဲ႔ တျခားအားကစားကြင္းေတြလည္း ဖြင့္ခြင့္ေပးလိုက္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕ေတာ္မွာလည္း လူေတြကို အိမ္ထဲကေန အျပင္မထြက္ဖို႔ အမိန႔္ထုတ္ထားတာကို စတင္ေျဖေလ်ာ့လာေနၿပီး လာမယ့္တနလၤာေန႔ကစလို႔ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြလည္း ျပန္ဖြင့္ေတာ့မွာျဖစ္ပါတယ္။

ဒါေပမဲ့ ခပ္ခြာခြာေနၾကဖို႔ နဲ႔ ႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြတပ္ဆင္ဖို႔ လိုမွာျဖစ္ပါတယ္။ ဖိလစိပိုင္မွာ ဒီေန႔ဗိုင္းရပ္စ္ကူးစက္ခံရသူ ၅၃၉ ေယာက္ရွိၿပီး ၆၀ ရာခိုင္ႏႈန္း က မနီလာၿမိဳ႕ေတာ္ကျဖစ္ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံက တခ်ိဳ႕ေဒသေတြမွာ ဗိုင္းရပ္စ္ေၾကာင့္ပိတ္ထားတဲ့ ဗလီေတြျပန္ဖြင့္လိုက္တာေၾကာင့္ မြတ္စလင္ေတြ ဒီေန႔မွာ ဗလီသြားၿပီး ဝတ္ျပဳခဲ့ၾကပါတယ္။ ဒါေပမဲ့ ကေလးေတြကို ခြင့္မျပဳထားဘဲ လူေတြအေနနဲ႔ ကန႔္သတ္ခ်က္ေတြနဲ႔အညီ ခပ္ခြာခြာေနၿပီး ႏွာေခါင္းစည္းမ်က္ႏွာဖုံးေတြတပ္ေအာင္ ရဲနဲ႔ စစ္တပ္ေတြကို ဗလီေတြမွာခ်ထားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/asia-covid/5440688.html
အိန္ဒိယမှာ COVID-19 ကူးစက်သူနဲ့ သေဆုံးသူ တရုတ်ထက် ပိုများသွားပြီ အိန္ဒိယမှာ COVID-19 ကူးစက်သူနဲ့ သေဆုံးသူ တရုတ်ထက် ပိုများသွားပြီ Reviewed by THITHTOOLWIN on 17:52 Rating: 5
Powered by Blogger.