ျမန္မာ COVID-19 ကူးစက္သူ ေနာက္ ၂ ဦးထပ္တိုးၿပီး ၁၈၀ ဦးျဖစ္လာ


(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုး ကူးစက္သူ ဒီကေန႔မွာ ေနာက္ ၂ ေယာက္ ထပ္တိုးတာေၾကာင့္ စုစုေပါင္း ၁၈၀ ဦး ရွိသြားၿပီျဖစ္ပါတယ္။

 (၁၀-၅-၂၀၂၀) ရက္ေန႔၊ ညေနပိုင္းမွာ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ ပထမအသုတ္အျဖစ္ ဓာတ္ခြဲနမူနာ (၉၀) ခုနဲ ့ ေဆးသုေတသနဦးစီးဌာနမွ ဓာတ္ခြဲနမူနာ (၁၁၅) ခု၊ စုစုေပါင္း (၂၀၅)ခုကို စစ္ေဆးၿပီးစီးခဲ့ရာမွာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ (၂)ဦး ေတြ႕ရွိ ခဲ့တာျဖစ္ပါတယ္။

ဒါအျပင့္ ဓာတ္ခြဲစစ္ေဆးမႈမ်ားမွာ ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ားမွ (၂) ႀကိမ္ ဆက္တိုက္ ပိုးမေတြ႕ရွိသူ (၄) ဦး (Case - 98, 141, 142 ႏွင့္ 144) ရွိခဲ့တာေၾကာင့္ ေရာဂါပိုးကင္းစင္လာသူ စုစုေပါင္း (၇၂) ဦးရွိၿပီ ျဖစ္ပါတယ္။

အဲဒီထဲက (၅၅) ဦးကုိ ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီး ျဖစ္ကာ သတ္မွတ္ေနရာမ်ားမွာ အသြားအလာ ဆက္လက္ကန႔္သတ္ ေစာင့္ၾကပ္ ၾကည့္ရႈလ်က္ရွိျပီ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

သစ္ထူးလြင္
----------------------------------

(Unicode)⤵⤵⤵
မြန်မာ COVID-19 ကူးစက်သူ နောက် ၂ ဦးထပ်တိုးပြီး ၁၈၀ ဦးဖြစ်လာ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်သူ ဒီကနေ့မှာ နောက် ၂ ယောက် ထပ်တိုးတာကြောင့် စုစုပေါင်း ၁၈၀ ဦး ရှိသွားပြီဖြစ်ပါတယ်။

 (၁၀-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းမှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၉၀) ခုနဲ့ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၁၅) ခု၊ စုစုပေါင်း (၂၀၅)ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂)ဦး တွေ့ရှိ ခဲ့တာဖြစ်ပါတယ်။

ဒါအပြင့် ဓာတ်ခွဲစစ်ဆေးမှုများမှာ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များမှ (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case - 98, 141, 142 နှင့် 144) ရှိခဲ့တာကြောင့် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၇၂) ဦးရှိပြီ ဖြစ်ပါတယ်။

အဲဒီထဲက (၅၅) ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာများမှာ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြပ် ကြည့်ရှုလျက်ရှိပြီ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သစ်ထူးလွင်
ျမန္မာ COVID-19 ကူးစက္သူ ေနာက္ ၂ ဦးထပ္တိုးၿပီး ၁၈၀ ဦးျဖစ္လာ ျမန္မာ COVID-19 ကူးစက္သူ ေနာက္ ၂ ဦးထပ္တိုးၿပီး ၁၈၀ ဦးျဖစ္လာ Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.