ျမန္မာ COVID-19 တိုက္ဖ်က္ေရး အေမရိကန္ အကူအညီတိုးေပး

ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္သံအမတ္ႀကီး Scot Marciel (ဓာတ္ပံု - U.S. Embassy Rangoon's Facebook)
(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ COVID -19 ေရာဂါ ကာကြယ္တုိက္ဖ်က္ေရးအတြက္ အေမရိကန္ေဒၚလာ ၉.၅ သန္း အကူအညီေပးမွာ ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္သံအမတ္ႀကီး Scot Marciel က သံ႐ုံးေဖ့စ္ဘုတ္စာမ်က္ႏွာကေန ေျပာဆိုသြားပါတယ္။

COVID-19 တိုက္ဖ်က္ေရး အကူအညီရန္ပံုေငြ အေမရိကန္ေဒၚလာ ၇.၃ သန္းေပးမယ့္အေၾကာင္း ဧၿပီလ ၂၈ ရက္ေန႔က ေၾကညာခဲ့ၿပီးတဲ့ေနာက္ အခုထပ္တိုးၿပီး စုစုေပါင္း အကူအညီေငြ ေဒၚလာ ၉.၅ သန္း ေပးမယ့္ အေၾကာင္း သံအမတ္ႀကီးက ေၾကညာတာပါ။
ျမန္မာမိသားစုေတြၾကား COVID-19 ေရာဂါကာကြယ္တားဆီးေရးအျပင္ အျခား က်န္းမာေရးနဲ႔ ဆုိင္တဲ့ဗဟုသုတေတြ တိုးတက္ေစဖို႔ အေမရိကန္သံ႐ုံးအေနနဲ႔ ျမန္မာ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔လည္း သံအမတ္ႀကီး Marciel က ဗြီဒီယိုကေန ေျပာဆိုခဲ့ပါတယ္။

ျမန္မာႏုိင္ငံမွာ COVID-19 ကပ္ေရာဂါကို ဘယ္လိုကာကြယ္ရမလဲဆိုတာေတြကို ဘာသာေပါင္းစုံနဲ႔ ေရးထားတဲ့ ပညာေပး လက္ကမ္းစာေစာင္ေတြကိုလည္း ျဖန္႔ေ၀ေပးေနသလို ေရာဂါပိုးစစ္ေဆးမႈေတြ ပိုၿပီး အရွိန္ျမင့္ေဆာင္ရြက္ႏိုင္္ဖို႔ ဓာတ္ခြဲခန္းေတြအတြက္ သင္တန္းေတြ၊ ပစၥည္းကိရိယာေတြကိုလည္း ပံ့ပိုးေပးေနတယ္လို႔လည္း ေျပာပါတယ္။

စစ္ေဘးသင့္ေဒသအပါအ၀င္ ေရွ႕တန္းမွာ တာ၀န္ယူ လုပ္ကုိင္ေနၾကတဲ့ က်န္းမာေရး၀န္ထမ္းေတြကို အကူအညီေပးႏုိင္ေရးအတြက္ ေနာက္ဆုံးရ သတင္းေတြ ရရွိေအာင္ အေမရိကန္က ေရာဂါျပန္႔ပြါးမႈဆုိင္ရာ အႀကီးတန္းတာ၀န္ရွိသူေတြနဲ႔ လက္တြဲေဆာင္ရြက္ေနတယ္လို႔လည္း ေျပာပါတယ္။

ဒီအကူအညီေတြဟာ ျမန္မာ့က်န္းမာေရးက႑ဖြံ႔ၿဖိဳးတိုးတက္ဖို႔ ေပးထားတဲ့ ေရရွည္ကတိက၀တ္ေတြထဲက တစိတ္တပိုင္းျဖစ္ၿပီး ျမန္မာ့က်န္းမာေရးက႑ ဆက္လက္တိုးတက္ဖို႔ လက္တြဲေဆာင္ရြက္သြားမယ္လို႔လည္း သံအမတ္ႀကီးမာစီယယ္က ေျပာဆိုသြားတာျဖစ္ပါတယ္။

ျမန္မာႏုိ္င္ငံမွာ ေမလ ၅ ရက္ေန႔ ညဘက္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာ စုစုေပါင္း ၆၅၅ ခုမွာ ေရာဂါပိုးကူးစက္ထားသူ မေတြ႔ဘူးလို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ေမလ ၆ ရက္ ဒီကေန႔ မနက္ ၇ နာရီအခ်ိန္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ လက္ရွိအခ်ိန္ထိဆိုရင္ ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါကူးစက္ထားသူ ၁၆၁ ဦး၊ ျပန္သက္သာသြားသူ ၄၉ ဦးနဲ႔ ေသဆံုးသူ ၆ ဦးရွိၿပီလို႔လည္း က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------------
[Unicode Version]

မြန်မာ COVID-19 တိုက်ဖျက်ရေး အမေရိကန် အကူအညီတိုးပေး

မြန်မာနိုင်ငံမှာ COVID -19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၉.၅ သန်း အကူအညီပေးမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က သံရုံးဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောဆိုသွားပါတယ်။

COVID-19 တိုက်ဖျက်ရေး အကူအညီရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇.၃ သန်းပေးမယ့်အကြောင်း ဧပြီလ ၂၈ ရက်နေ့က ကြေညာခဲ့ပြီးတဲ့နောက် အခုထပ်တိုးပြီး စုစုပေါင်း အကူအညီငွေ ဒေါ်လာ ၉.၅ သန်း ပေးမယ့် အကြောင်း သံအမတ်ကြီးက ကြေညာတာပါ။

မြန်မာမိသားစုတွေကြား COVID-19 ရောဂါကာကွယ်တားဆီးရေးအပြင် အခြား ကျန်းမာရေးနဲ့ ဆိုင်တဲ့ဗဟုသုတတွေ တိုးတက်စေဖို့ အမေရိကန်သံရုံးအနေနဲ့ မြန်မာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သံအမတ်ကြီး Marciel က ဗွီဒီယိုကနေ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကို ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကို ဘာသာပေါင်းစုံနဲ့ ရေးထားတဲ့ ပညာပေး လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေပေးနေသလို ရောဂါပိုးစစ်ဆေးမှုတွေ ပိုပြီး အရှိန်မြင့်ဆောင်ရွက်နိုင်ဖို့ ဓာတ်ခွဲခန်းတွေအတွက် သင်တန်းတွေ၊ ပစ္စည်းကိရိယာတွေကိုလည်း ပံ့ပိုးပေးနေတယ်လို့လည်း ပြောပါတယ်။

စစ်ဘေးသင့်ဒေသအပါအဝင် ရှေ့တန်းမှာ တာဝန်ယူ လုပ်ကိုင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အကူအညီပေးနိုင်ရေးအတွက် နောက်ဆုံးရ သတင်းတွေ ရရှိအောင် အမေရိကန်က ရောဂါပြန့်ပွါးမှုဆိုင်ရာ အကြီးတန်းတာဝန်ရှိသူတွေနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ဒီအကူအညီတွေဟာ မြန်မာ့ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ပေးထားတဲ့ ရေရှည်ကတိကဝတ်တွေထဲက တစိတ်တပိုင်းဖြစ်ပြီး မြန်မာ့ကျန်းမာရေးကဏ္ဍ ဆက်လက်တိုးတက်ဖို့ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း သံအမတ်ကြီးမာစီယယ်က ပြောဆိုသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မေလ ၅ ရက်နေ့ ညဘက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၅၅ ခုမှာ ရောဂါပိုးကူးစက်ထားသူ မတွေ့ဘူးလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ မေလ ၆ ရက် ဒီကနေ့ မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်ထိဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ထားသူ ၁၆၁ ဦး၊ ပြန်သက်သာသွားသူ ၄၉ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိပြီလို့လည်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-us-aid/5408255.html
ျမန္မာ COVID-19 တိုက္ဖ်က္ေရး အေမရိကန္ အကူအညီတိုးေပး ျမန္မာ COVID-19 တိုက္ဖ်က္ေရး အေမရိကန္ အကူအညီတိုးေပး Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.