နယူးေယာက္ျပည္နယ္မွာ COVID-19 ေၾကာင့္ ကေလးငယ္တခ်ဳိ႕ ေသဆုံးတဲ့အေပၚ က်န္းမာေရးပညာရွင္ေတြ စုိးရိမ္

COVID ရွိမရွိ ကေလးငယ္တဦး ေဆးစစ္ခံေန
(Zawgyi/ Unicode)

အေမရိကန္ျပည္ေထာင္စု နယူးေယာက္ မွာ ဧၿပီလ ေႏွာင္းပိုင္းက စတင္ေတြ႕ရွိခဲ့တဲ့ ကိုဗစ္ ကူးစက္ခံရတဲ့ အသက္ ၂ ႏွစ္နဲ႔ ၁၅ ႏွစ္ၾကား ကေလးေတြမွာ ဗိုက္နာတာ၊ ဝမ္းသြားတာ၊ မ်က္လုံးေတြ ယားယံ နီရဲလာတာ (Pink eyes)၊ လက္ထိပ္နဲ႔ လက္ဆစ္ေတြမွာ ေယာင္ရမ္း နာက်င္လာတာ စတဲ့ ျပင္းထန္တဲ့ ေဝဒနာေတြ ခံစားရတာမ်ိဳးေတြ႕ရွိခဲ့ရတယ္လို႔ နယူးေယာက္ ကူးစက္ေရာဂါ အထူးကု ေဒါက္တာ ေဇယ်ာသက္က ဗြီအိုေအကို ေျပာပါတယ္။

နယူးေယာက္မွာ ေမလ (၈)ရက္ေန႔က ကိုဗစ္ေၾကာင့္ ပထမဆုံးေသဆုံးခဲ့တဲ့ အသက္ (၅)ႏွစ္အ႐ြယ္ ကေလးတဦးဆိုရင္ ေဆး႐ုံမွာ ငါးရက္အတြင္း ေက်ာက္ကပ္ ပ်က္စီးခဲ့ၿပီးေနာက္၊ ေလျဖတ္ေဝဒနာနဲ႔ ဦးေႏွာက္ အလုပ္မလုပ္ေတာ့ပဲ ေသဆုံးခဲ့တဲ့ ျဖစ္ရပ္ဟာ ေဆးပညာေလာကအတြက္ တုန္လႈပ္ခဲ့ရတယ္လို႔ ေဒါက္တာေဇယ်ာသက္က ဆိုပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

COVID-19 နဲ႔ ဆက္စပ္ေနတဲ့ ေရာဂါဆန္းတမ်ိဳးေၾကာင့္ နယူးေယာက္မွာ ၿပီးခဲ့တဲ့ သတင္းပတ္အတြင္း ၅ ႏွစ္၊ ၇ ႏွစ္နဲ႔ ဆယ္ေက်ာ္အသက္အ႐ြယ္ ကေလးသုံးဦးေသဆုံးခဲ့တာပါ။ ဒီျဖစ္ရပ္နဲ႔ ပတ္သက္လို႔ သူတုိ႔ ေဆးေလာက အသိုင္းအ၀ိုင္းမွာ တုန္လႈပ္ခဲ့ရတယ္လို႔ နယူးေယာက္ၿမိဳ႕ Wyckoff Heights ေဆး႐ုံ ဒုဥကၠဌ ကူးစက္ေရာဂါ အထူးကု ေဒါက္တာ ေဇယ်ာသက္က ဗြီအိုေအကို အခုလိုေျပာပါတယ္။

" ကေလးလူနာေတြကုိျပန္ၿပီး ကိုဗစ္ကို စစ္လိုက္တဲ့အခ်ိန္မွာ အကုန္လံုးက Positive ျဖစ္ေနတာ ေတြ႕ရေတာ့ သူတို႔ ေတာ္ေတာ္ေလးကို လန္႔သြားတယ္။ ကေလးတေယာက္က brain death ျဖစ္ၿပီး ငါးရက္အတြင္း ဆံုးသြားပါတယ္။ အဲေတာ့ သူ႔ကိုၾကည့္လိုက္တဲ့အခါမွာ အဲဒီကေလးက ေလျဖတ္ သြားတာပါ။ ဆိုေတာ့ အသက္ငါးႏွစ္ကေလးက ေလျဖတ္စရာ အေၾကာင္းမရွိပါဘူး။ ဘယ္လိုနည္းနဲ႕မွ ေလျဖတ္စရာ အေၾကာင္းမရွိဘူး။ တျခားအေျခအေနေတြေၾကာင့္ ရွိေတာ့ရွိႏိုင္ပါတယ္။ ဒါေပမဲ့ ဒီလိုမ်ဳိး ငါးရက္အတြင္းမွာ ဒီေလာက္ႀကီးအထိ brain death ျဖစ္ၿပီး ေလျဖတ္ၿပီး ဒုကၡေရာက္ သြားစရာ အေၾကာင္းကို မရွိဘူးေပါ့ဆိုၿပီး အဲဒီကေနစၿပီး investigate လုပ္ရင္း ေဆးရံုေတြကို စၿပီးအသိေပးလာခဲ့ပါတယ္။"

နယူးေယာက္က ေဆး႐ုံေတြကို ေရာက္လာတဲ့ COVID-19 ေရာဂါလကၡဏာေတြနဲ႔ ဆက္စပ္ေနတဲ့ ကေလးလူနာေတြမွာ လူႀကီးေတြလိုမ်ိဳး အသက္ရႈမဝတဲ့ လကၡဏာမ်ိဳး မေတြ႕ရပဲ ဗိုက္နာၿပီး ဝမ္းသြားတဲ့ ေဝဒနာကို ျပင္းျပင္းထန္ထန္ခံစားရတာမ်ိဳးကို ေတြ႕ရတယ္လို႔ ေဒါက္တာေဇယ်ာသက္က ေျပာပါတယ္။

"ကေလးေတြမွာ အျဖစ္အမ်ားဆုံး ေရာဂါလကၡဏာက ဗိုက္နာတယ္၊ ဝမ္းသြားတယ္၊ မ်က္လုံးေတြမွာ (Pink eyes) ယားယံၿပီး နီရဲလာတယ္၊ အထူးသျဖင့္ ကေလးေတြမွာ ေတာ္ေတာ္ သိသိသာသာကို ဗိုက္နာတာ ေတြ႕ရတယ္။ ဝမ္းသြားတာကလည္း ေတာ္ေတာ္ဆိုးတယ္။ လူႀကီးေတြမွာ ဝမ္းသြားတာရွိေပမယ့္ ကေလးေတြေလာက္ မဆိုးဘူး။ ကေလးေတြ ေဆး႐ုံတက္ကို တက္လာတဲ့အခ်ိန္မွာ လူႀကီးေတြလိုမ်ိဳး အသက္ရွဴမဝလို႔ တက္လာတာမ်ိဳးမဟုတ္ပဲ၊ သူတို႔ေရာဂါလကၡဏာက ဗိုက္နာ၊ ဝမ္းေလွ်ာၿပီး ေဆး႐ုံကို ေရာက္လာတာ။ အဲဒီအခ်ိန္တုန္းက ဘယ္သူမွ သတိမထားမိတာက ဗိုက္နာတယ္ဆိုတာ ျဖစ္ေလ့ျဖစ္ထရွိတယ္ေပါ့။ အစာမေၾကလို႔ပဲလို႔ ထင္လိုက္တာ။ ကေလးေတြက ဗိုက္နာ၊ ဝမ္းေလ်ာတာကေန တခ်ိဳ႕ကေလးေတြမွာ လက္ေမာင္း၊ လက္ထိပ္နဲ႔ လက္ဆစ္ေတြမွာ နီရဲၿပီး ေယာင္လာတာေတြ ေတြ႕လာရတယ္။ အဲဒီလို ေယာင္တာက ကေလးေတြမွာ ေတာ္ေတာ္ ဆိုးဆိုးဝါးဝါးကို ျဖစ္တာ။ အဲဒီအခ်ိန္မွာ ထင္လိုက္တာက rheumatic fever အဆစ္အျမစ္ ေရာင္ရမ္းကိုက္ခဲၿပီးေတာ့ ဖ်ားတဲ့ ကူးစက္ေရာဂါလိုပဲ ထင္တာ။ အဲဒီေနာက္ ကေလးေတြက ဘာျဖစ္လာသလဲဆိုရင္ သံုး၊ ေလးရက္ေလာက္လဲၾကာေတာ့ ေက်ာက္ကပ္မေကာင္းေတာ့ဘူး၊ ၿပီးလဲၿပီးေရာ ကေလးက စကားမေျပာေတာ့ဘူး။ (stroke) ေလျဖတ္သလိုမ်ဳိးျဖစ္ၿပီး တခါတည္း အသက္ပါ ဆံုးရွဳံးတဲ့ အေျခအေနထိ ေရာက္သြားတယ္။"

အထူးသျဖင့္ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့ ငါးႏွစ္အ႐ြယ္ ကေလးငယ္ တဦးဟာ ေဆး႐ုံမွာ ငါးရက္အတြင္း ေလျဖတ္ၿပီး (brain death) နဲ႔ ပထမဆုံး ေသဆုံးခဲ့တဲ့ ျဖစ္ရပ္ဟာေဆးေလာက အသိုင္းအဝိုင္းၾကားမွာ အေတာ္ေလးတုန္လႈပ္ခဲ့ရတယ္လို႔ ေဒါက္တာေဇယ်ာသက္က ဆိုပါတယ္။

COVID-19 ေဝဒနာ ကို ခံစားေနရတဲ့ ကေလးေတြမွာ Kawasaki ေရာဂါလကၡဏာ ျပေနတာေတြ႕ရတဲ့အတြက္ အရင္က Kawasaki ေရာဂါပဲျဖစ္ေနတာလို႔ပဲ ေဆး႐ုံေတြက ထင္မွတ္ ခဲ့ေၾကာင္း ေဒါက္တာေဇယ်ာသက္ကေျပာပါတယ္။

" Kawasaki ဆိုတဲ့ ဗိုင္းရပ္စ္ကူးစက္ခံရသူမွာ ေျခေခ်ာင္း၊ လက္ေခ်ာင္းေလးေတြနာတယ္၊ လည္ပင္းေတြမွာ အႀကိတ္ေတြျဖစ္တယ္။ အဲဒီလိုပဲ ကေလးေတြမွာ ေျခေတြ၊ လက္ေတြနာတယ္။ ဖ်ားတယ္။ ဒါေပမယ့္ Kawasaki နဲ႔ မတူတဲ့အခ်က္က လည္ပင္းေတြမွာ အႀကိတ္တခုမွ မရွိဘူး။ အဲေတာ့ ပုံမွန္မဟုတ္တဲ့ Kawasaki ဆိုၿပီးေတာ့ပဲ ကုသေပးခဲ့ပါတယ္။ အဲဒီအခ်ိန္က ဧၿပီလကုန္ေပါ့။ ဒါေပမယ့္ အဲဒီကေလးေတြကို ကိုဗစ္ျပန္စစ္လိုက္ေတာ့ အကုန္လံုးက (Positive) ေရာဂါကူးစက္ခံေနရတယ္ဆိုတာ ေတြ႕ရတယ္။"

လက္ရွိ ေနာက္ဆုံးတရားဝင္ ထုတ္ျပန္ခ်က္ေတြအရ နယူးေယာက္ၿမိဳ႕ တၿမိဳ႕လုံးမွာ COVID ေရာဂါ ကူးစက္ခံရၿပီး ေဝဒနာခံစားေနရတဲ့ ကေလးလူနာေပါင္း ၁၀၀ နီးပါးရွိေနၿပီး အဲဒီထဲမွာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ၃ ေယာက္ေသဆုံးခဲ့တာျဖစ္ရပ္ဟာ အလြန္သတိထားရမယ့္ အေျခအေန ျဖစ္ေနတယ္လို႔ ေဒါက္တာေဇယ်ာသက္က ေျပာပါတယ္။

"က်ေနာ္သိတာကေတာ့ ေမလ (၈)ရက္ေန႔ စာရင္းေတြအရ ကေလးသံုးေယာက္ ဆံုးသြားပါတယ္။ အခုခ်ိန္ထိ ကေလးလူနာ ၁၀၀ ေလာက္ရွိေနတယ္လို႔ ေျပာတယ္။ ဒါက ျပည္နယ္အစိုးရက တရား၀င္ အတည္ျပဳထားတာျဖစ္ပါတယ္။ အဲဒီကေလးေတြမွာ COVID-19 ေရာဂါ ကူးစက္ခံထားရတယ္ဆိုတာကို အတည္ျပဳ ထုတ္ျပန္ၿပီး သတိေပးထားတာျဖစ္ပါတယ္။ ဆိုေတာ့ က်ေနာ္တို႔လည္း ေတာ္ေတာ္ေလး သတိရွိလာတာေပါ့။"

နယူးေယာက္မွာ ကိုဗစ္ေရာဂါ စတင္ကူးစက္လာတဲ့ အေစာပိုင္းကာလ မတ္နဲ႔ ဧၿပီလေတြမွာ ကေလးေတြမွာ ကူးစက္မႈေတြရွိခဲ့တယ္ဆိုတာ ေတြ႕ရေပမယ့္ ျပင္းထန္တဲ့ ေရာဂါလကၡဏာေတြ ျပတာမ်ိဳး မေတြ႕ခဲ့ရဘူးလို႔ ေဒါက္တာေဇယ်ာသက္က ေျပာပါတယ္။ အခုလို ေနာက္ပိုင္းမွာ ဗိုင္းရပ္စ္ကူးစက္ခံရတဲ့ ကေလးေတြမွာ ေဝဒနာျပင္းထန္လာတဲ့ အေျခအေနေရာက္လာတဲ့ အေၾကာင္းအရင္းကို အတိအက် မသိရေသးဘူးလို႔ ဆိုပါတယ္။

ကေလးငယ္ေတြကို ဗိုင္းရပ္စ္ရွိမရွိ ႏွာေခါင္းထဲထည့္ၿပီး စစ္ေဆးတဲ့ နည္းလမ္း ဟာ အႏၲရာယ္ မ်ားတဲ့အတြက္ အရင္က ကေလးေတြကို သိပ္ၿပီး စစ္ေဆးေလ့မရွိခဲ့ေပမယ့္ကေလးေတြကို ဗိုင္းရပ္စ္ ကူးစက္မႈ မခံရေအာင္ ကာကြယ္ႏိုင္တဲ့ အေကာင္းဆုံး နည္းလမ္းအျဖစ္ ေရာဂါရွိမရွိ စစ္ေဆးဖို႔ လိုေနေၾကာင္း ေဒါက္တာေဇယ်ာသက္က အခုလိုေျပာပါတယ္။

"အိမ္တအိမ္မွာ တေယာက္က ကိုဗစ္ ကူးစက္ခံရၿပီဆိုရင္ က်န္တဲ့လူေတြ အကုန္လံုးကို စစ္ပါ။ အဲဒီလို စစ္လိုက္လို႔ ကူးစက္ခံရမႈရွိမရွိ သိလိုက္ရျခင္းသည္ ေရာဂါကာကြယ္ေရးအတြက္ အမ်ားႀကီး အေထာက္အကူေပးပါတယ္။"

နယူးေယာက္ၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ေသဆုံးခဲ့တဲ့ ကေလး သုံးဦးနဲ႔ ေဝဒနာခံစားေနရတဲ့ ကေလး အေယာက္ ၁၀၀နီးပါး ရွိေနၿပီဆိုတဲ့ အေျခအေနဟာ အေမရိကန္ျပည္ေထာင္စုမွာ ကေလးေတြမွာပါ ေရာဂါ အျပင္းအထန္ခံစားေနရၿပီဆိုတာ ပထမဆုံးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။အျခားျပည္နယ္ေတြမွာေတာ့ အတိအက် မသိရေသးေပမယ့္ ဝါရွင္တန္ျပည္နယ္၊ Seattle ၿမိဳ႕က ကိုဗစ္ ေရာဂါ ကူးစက္ခံရတဲ့ ဆယ္ေက်ာ္အသက္အ႐ြယ္ ကေလးတဦးကိုေတာ့ ကာလီဖိုးနီးယားျပည္နယ္ Stanford ကေလးေဆး႐ုံမွာ ကုသေပးေနတယ္လို႔ ဆိုပါတယ္။

အခုလို COVID-19 ေရာဂါကူးစက္မႈဟာ ကေလးေတြၾကားမွာ အႏၲရာယ္ျဖစ္လာမယ္ဆိုတာ အရင္က ထင္မထားခဲ့တဲ့ အေၾကာင္းအရင္းေတြထဲမွာ တ႐ုတ္ႏိုင္ငံက ေပးတဲ့ အခ်က္အလက္ေတြအရ ကေလးေတြမွာ ျဖစ္တာမေတြ႕ရဘူးလို႔ ဆိုထားတဲ့အတြက္ ကေလးေတြနဲ႔ ပတ္သက္လို႔ ေလ်ာ့တြက္ခဲ့ၾကတယ္လို႔ ေဒါက္တာေဇယ်ာသက္က ေျပာပါတယ္။

အင္ၾကင္းႏုုိင္ / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------

နယူးယောက်ပြည်နယ်မှာ COVID-19 ကြောင့် ကလေးငယ်တချို့ သေဆုံးတဲ့အပေါ် ကျန်းမာရေးပညာရှင်တွေ စိုးရိမ်

(Unicode)

အမေရိကန်ပြည်ထောင်စု နယူးယောက် မှာ ဧပြီလ နှောင်းပိုင်းက စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ် ကူးစက်ခံရတဲ့ အသက် ၂ နှစ်နဲ့ ၁၅ နှစ်ကြား ကလေးတွေမှာ ဗိုက်နာတာ၊ ဝမ်းသွားတာ၊ မျက်လုံးတွေ ယားယံ နီရဲလာတာ (Pink eyes)၊ လက်ထိပ်နဲ့ လက်ဆစ်တွေမှာ ယောင်ရမ်း နာကျင်လာတာ စတဲ့ ပြင်းထန်တဲ့ ဝေဒနာတွေ ခံစားရတာမျိုးတွေ့ရှိခဲ့ရတယ်လို့ နယူးယောက် ကူးစက်ရောဂါ အထူးကု ဒေါက်တာ ဇေယျာသက်က ဗွီအိုအေကို ပြောပါတယ်။

နယူးယောက်မှာ မေလ (၈)ရက်နေ့က ကိုဗစ်ကြောင့် ပထမဆုံးသေဆုံးခဲ့တဲ့ အသက် (၅)နှစ်အရွယ် ကလေးတဦးဆိုရင် ဆေးရုံမှာ ငါးရက်အတွင်း ကျောက်ကပ် ပျက်စီးခဲ့ပြီးနောက်၊ လေဖြတ်ဝေဒနာနဲ့ ဦးနှောက် အလုပ်မလုပ်တော့ပဲ သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ ဆေးပညာလောကအတွက် တုန်လှုပ်ခဲ့ရတယ်လို့ ဒေါက်တာဇေယျာသက်က ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

COVID-19 နဲ့ ဆက်စပ်နေတဲ့ ရောဂါဆန်းတမျိုးကြောင့် နယူးယောက်မှာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ၅ နှစ်၊ ၇ နှစ်နဲ့ ဆယ်ကျော်အသက်အရွယ် ကလေးသုံးဦးသေဆုံးခဲ့တာပါ။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ သူတို့ ဆေးလောက အသိုင်းအဝိုင်းမှာ တုန်လှုပ်ခဲ့ရတယ်လို့ နယူးယောက်မြို့ Wyckoff Heights ဆေးရုံ ဒုဥက္ကဌ ကူးစက်ရောဂါ အထူးကု ဒေါက်တာ ဇေယျာသက်က ဗွီအိုအေကို အခုလိုပြောပါတယ်။

" ကလေးလူနာတွေကိုပြန်ပြီး ကိုဗစ်ကို စစ်လိုက်တဲ့အချိန်မှာ အကုန်လုံးက Positive ဖြစ်နေတာ တွေ့ရတော့ သူတို့ တော်တော်လေးကို လန့်သွားတယ်။ ကလေးတယောက်က brain death ဖြစ်ပြီး ငါးရက်အတွင်း ဆုံးသွားပါတယ်။ အဲတော့ သူ့ကိုကြည့်လိုက်တဲ့အခါမှာ အဲဒီကလေးက လေဖြတ် သွားတာပါ။ ဆိုတော့ အသက်ငါးနှစ်ကလေးက လေဖြတ်စရာ အကြောင်းမရှိပါဘူး။ ဘယ်လိုနည်းနဲ့မှ လေဖြတ်စရာ အကြောင်းမရှိဘူး။ တခြားအခြေအနေတွေကြောင့် ရှိတော့ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ငါးရက်အတွင်းမှာ ဒီလောက်ကြီးအထိ brain death ဖြစ်ပြီး လေဖြတ်ပြီး ဒုက္ခရောက် သွားစရာ အကြောင်းကို မရှိဘူးပေါ့ဆိုပြီး အဲဒီကနေစပြီး investigate လုပ်ရင်း ဆေးရုံတွေကို စပြီးအသိပေးလာခဲ့ပါတယ်။"

နယူးယောက်က ဆေးရုံတွေကို ရောက်လာတဲ့ COVID-19 ရောဂါလက္ခဏာတွေနဲ့ ဆက်စပ်နေတဲ့ ကလေးလူနာတွေမှာ လူကြီးတွေလိုမျိုး အသက်ရှုမဝတဲ့ လက္ခဏာမျိုး မတွေ့ရပဲ ဗိုက်နာပြီး ဝမ်းသွားတဲ့ ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားရတာမျိုးကို တွေ့ရတယ်လို့ ဒေါက်တာဇေယျာသက်က ပြောပါတယ်။

"ကလေးတွေမှာ အဖြစ်အများဆုံး ရောဂါလက္ခဏာက ဗိုက်နာတယ်၊ ဝမ်းသွားတယ်၊ မျက်လုံးတွေမှာ (Pink eyes) ယားယံပြီး နီရဲလာတယ်၊ အထူးသဖြင့် ကလေးတွေမှာ တော်တော် သိသိသာသာကို ဗိုက်နာတာ တွေ့ရတယ်။ ဝမ်းသွားတာကလည်း တော်တော်ဆိုးတယ်။ လူကြီးတွေမှာ ဝမ်းသွားတာရှိပေမယ့် ကလေးတွေလောက် မဆိုးဘူး။ ကလေးတွေ ဆေးရုံတက်ကို တက်လာတဲ့အချိန်မှာ လူကြီးတွေလိုမျိုး အသက်ရှူမဝလို့ တက်လာတာမျိုးမဟုတ်ပဲ၊ သူတို့ရောဂါလက္ခဏာက ဗိုက်နာ၊ ဝမ်းလျှောပြီး ဆေးရုံကို ရောက်လာတာ။ အဲဒီအချိန်တုန်းက ဘယ်သူမှ သတိမထားမိတာက ဗိုက်နာတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတယ်ပေါ့။ အစာမကြေလို့ပဲလို့ ထင်လိုက်တာ။ ကလေးတွေက ဗိုက်နာ၊ ဝမ်းလျောတာကနေ တချို့ကလေးတွေမှာ လက်မောင်း၊ လက်ထိပ်နဲ့ လက်ဆစ်တွေမှာ နီရဲပြီး ယောင်လာတာတွေ တွေ့လာရတယ်။ အဲဒီလို ယောင်တာက ကလေးတွေမှာ တော်တော် ဆိုးဆိုးဝါးဝါးကို ဖြစ်တာ။ အဲဒီအချိန်မှာ ထင်လိုက်တာက rheumatic fever အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲပြီးတော့ ဖျားတဲ့ ကူးစက်ရောဂါလိုပဲ ထင်တာ။ အဲဒီနောက် ကလေးတွေက ဘာဖြစ်လာသလဲဆိုရင် သုံး၊ လေးရက်လောက်လဲကြာတော့ ကျောက်ကပ်မကောင်းတော့ဘူး၊ ပြီးလဲပြီးရော ကလေးက စကားမပြောတော့ဘူး။ (stroke) လေဖြတ်သလိုမျိုးဖြစ်ပြီး တခါတည်း အသက်ပါ ဆုံးရှုံးတဲ့ အခြေအနေထိ ရောက်သွားတယ်။"

အထူးသဖြင့် ပြီးခဲ့တဲ့ သောကြာနေ့ကကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ငါးနှစ်အရွယ် ကလေးငယ် တဦးဟာ ဆေးရုံမှာ ငါးရက်အတွင်း လေဖြတ်ပြီး (brain death) နဲ့ ပထမဆုံး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာဆေးလောက အသိုင်းအဝိုင်းကြားမှာ အတော်လေးတုန်လှုပ်ခဲ့ရတယ်လို့ ဒေါက်တာဇေယျာသက်က ဆိုပါတယ်။

COVID-19 ဝေဒနာ ကို ခံစားနေရတဲ့ ကလေးတွေမှာ Kawasaki ရောဂါလက္ခဏာ ပြနေတာတွေ့ရတဲ့အတွက် အရင်ကKawasaki ရောဂါပဲဖြစ်နေတာလို့ပဲ ဆေးရုံတွေက ထင်မှတ် ခဲ့ကြောင်း ဒေါက်တာဇေယျာသက်ကပြောပါတယ်။

" Kawasaki ဆိုတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူမှာ ခြေချောင်း၊ လက်ချောင်းလေးတွေနာတယ်၊ လည်ပင်းတွေမှာ အကြိတ်တွေဖြစ်တယ်။ အဲဒီလိုပဲ ကလေးတွေမှာ ခြေတွေ၊ လက်တွေနာတယ်။ ဖျားတယ်။ ဒါပေမယ့် Kawasaki နဲ့ မတူတဲ့အချက်က လည်ပင်းတွေမှာ အကြိတ်တခုမှ မရှိဘူး။ အဲတော့ ပုံမှန်မဟုတ်တဲ့ Kawasaki ဆိုပြီးတော့ပဲ ကုသပေးခဲ့ပါတယ်။ အဲဒီအချိန်က ဧပြီလကုန်ပေါ့။ ဒါပေမယ့် အဲဒီကလေးတွေကို ကိုဗစ်ပြန်စစ်လိုက်တော့ အကုန်လုံးက (Positive) ရောဂါကူးစက်ခံနေရတယ်ဆိုတာ တွေ့ရတယ်။"

လက်ရှိ နောက်ဆုံးတရားဝင် ထုတ်ပြန်ချက်တွေအရ နယူးယောက်မြို့ တမြို့လုံးမှာ COVID ရောဂါ ကူးစက်ခံရပြီး ဝေဒနာခံစားနေရတဲ့ ကလေးလူနာပေါင်း ၁၀၀ နီးပါးရှိနေပြီး အဲဒီထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ၃ ယောက်သေဆုံးခဲ့တာဖြစ်ရပ်ဟာ အလွန်သတိထားရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ဒေါက်တာဇေယျာသက်က ပြောပါတယ်။

"ကျနော်သိတာကတော့ မေလ (၈)ရက်နေ့ စာရင်းတွေအရ ကလေးသုံးယောက် ဆုံးသွားပါတယ်။ အခုချိန်ထိ ကလေးလူနာ ၁၀၀ လောက်ရှိနေတယ်လို့ ပြောတယ်။ ဒါက ပြည်နယ်အစိုးရက တရားဝင် အတည်ပြုထားတာဖြစ်ပါတယ်။ အဲဒီကလေးတွေမှာ COVID-19 ရောဂါ ကူးစက်ခံထားရတယ်ဆိုတာကို အတည်ပြု ထုတ်ပြန်ပြီး သတိပေးထားတာဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့လည်း တော်တော်လေး သတိရှိလာတာပေါ့။"

နယူးယောက်မှာ ကိုဗစ်ရောဂါ စတင်ကူးစက်လာတဲ့ အစောပိုင်းကာလ မတ်နဲ့ ဧပြီလတွေမှာ ကလေးတွေမှာ ကူးစက်မှုတွေရှိခဲ့တယ်ဆိုတာ တွေ့ရပေမယ့် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပြတာမျိုး မတွေ့ခဲ့ရဘူးလို့ ဒေါက်တာဇေယျာသက်က ပြောပါတယ်။ အခုလို နောက်ပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကလေးတွေမှာ ဝေဒနာပြင်းထန်လာတဲ့ အခြေအနေရောက်လာတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ကလေးငယ်တွေကို ဗိုင်းရပ်စ်ရှိမရှိ နှာခေါင်းထဲထည့်ပြီး စစ်ဆေးတဲ့ နည်းလမ်း ဟာ အန္တရာယ် များတဲ့အတွက် အရင်က ကလေးတွေကို သိပ်ပြီး စစ်ဆေးလေ့မရှိခဲ့ပေမယ့်ကလေးတွေကို ဗိုင်းရပ်စ် ကူးစက်မှု မခံရအောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းအဖြစ် ရောဂါရှိမရှိ စစ်ဆေးဖို့ လိုနေကြောင်း ဒေါက်တာဇေယျာသက်က အခုလိုပြောပါတယ်။

"အိမ်တအိမ်မှာ တယောက်က ကိုဗစ် ကူးစက်ခံရပြီဆိုရင် ကျန်တဲ့လူတွေ အကုန်လုံးကို စစ်ပါ။ အဲဒီလို စစ်လိုက်လို့ ကူးစက်ခံရမှုရှိမရှိ သိလိုက်ရခြင်းသည် ရောဂါကာကွယ်ရေးအတွက် အများကြီး အထောက်အကူပေးပါတယ်။"

နယူးယောက်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးခဲ့တဲ့ ကလေး သုံးဦးနဲ့ ဝေဒနာခံစားနေရတဲ့ ကလေး အယောက် ၁၀၀နီးပါး ရှိနေပြီဆိုတဲ့ အခြေအနေဟာ အမေရိကန်ပြည်ထောင်စုမှာ ကလေးတွေမှာပါ ရောဂါ အပြင်းအထန်ခံစားနေရပြီဆိုတာ ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။အခြားပြည်နယ်တွေမှာတော့ အတိအကျ မသိရသေးပေမယ့် ဝါရှင်တန်ပြည်နယ်၊ Seattle မြို့က ကိုဗစ် ရောဂါ ကူးစက်ခံရတဲ့ ဆယ်ကျော်အသက်အရွယ် ကလေးတဦးကိုတော့ ကာလီဖိုးနီးယားပြည်နယ် Stanford ကလေးဆေးရုံမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။

အခုလို COVID-19 ရောဂါကူးစက်မှုဟာ ကလေးတွေကြားမှာ အန္တရာယ်ဖြစ်လာမယ်ဆိုတာ အရင်က ထင်မထားခဲ့တဲ့ အကြောင်းအရင်းတွေထဲမှာ တရုတ်နိုင်ငံက ပေးတဲ့ အချက်အလက်တွေအရ ကလေးတွေမှာ ဖြစ်တာမတွေ့ရဘူးလို့ ဆိုထားတဲ့အတွက် ကလေးတွေနဲ့ ပတ်သက်လို့ လျော့တွက်ခဲ့ကြတယ်လို့ ဒေါက်တာဇေယျာသက်က ပြောပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/new-york-covid-children-dead-/5419182.html
နယူးေယာက္ျပည္နယ္မွာ COVID-19 ေၾကာင့္ ကေလးငယ္တခ်ဳိ႕ ေသဆုံးတဲ့အေပၚ က်န္းမာေရးပညာရွင္ေတြ စုိးရိမ္ နယူးေယာက္ျပည္နယ္မွာ COVID-19 ေၾကာင့္ ကေလးငယ္တခ်ဳိ႕ ေသဆုံးတဲ့အေပၚ က်န္းမာေရးပညာရွင္ေတြ စုိးရိမ္ Reviewed by THITHTOOLWIN on 07:36 Rating: 5
Powered by Blogger.