ျမန္မာႏုိင္ငံမွာ COVID-19 အတည္ျပဳလူနာသစ္မေတြ႔

ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုအတြင္းတြင္ ပိုးသတ္ေဆးဖ်န္းေနၾကတဲ့ မီးသတ္တပ္ဖဲြ႔၀င္မ်ား (ဧၿပီ ၂၀၊ ၂၀၂၀)
(Zawgyi/Unicode)

ျမန္မာႏိုင္ငံ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ေမလ ၅ ရက္ေန႔ ည ၈ နာရီသတင္းထုတ္ျပန္ခ်က္အရ အမ်ိဳးသားက်န္းမာေရးဌာန၊ ဓါတ္ခြဲမႈဆိုင္ရာဌာန ရန္ကုန္က ပထမအသုတ္ စစ္ေဆးခဲ့တဲ့ ဓါတ္ခြဲနမူနာ ၉၄ ခုနဲ႔ ေဆးသုေတသန ဦးစီးဌာနက စစ္ေဆးခဲ့တဲ့ ဓါတ္ခြဲနမူနာ ၁၀၆ ခု၊ စုစုေပါင္း ၂၀၀ မွာ COVID-19 အတည္ျပဳလူနာအသစ္ မေတြ႕ရွိရေၾကာင္း ေဖာ္ျပပါတယ္။

မေန႔တုန္းကေတာ့ ကူးစက္သူအသစ္ ၆ ဦးကုိ အတည္ျပဳခဲ့တဲ့အတြက္ ေရာဂါ ကူးစက္ခံထားရသူ စုစုေပါင္း ၁၆၁ ဦး ရွိေနပါတယ္။

မေန႔က ထပ္တုိးတဲ့ လူနာ ၆ ဦးထဲမွာေတာ့ ေနျပည္ေတာ္ ဇမၼဴသီရိၿမိဳ႕နယ္က တပ္မေတာ္သား ၁ ဦးလည္း ပါ၀င္ခဲ့ၿပီး ဒါဟာဆုိရင္ ေနျပည္ေတာ္မွာ ပထမဆုံး ေရာဂါပိုး ကူးစက္ခံရသူ ေတြ႕ရွိတာလည္း ျဖစ္ပါတယ္။

ေမလ ၄ ရက္ကေန ေမလ ၅ရက္ ေန႔လယ္ပိုင္းအထိ ေစာင့္ၾကည့္လူနာသစ္ ၉၈ ဦး ရွိပါတယ္။

ကူးစက္မႈေတြဟာ ျပည္ပက ျပန္လည္ေရာက္ရွိလာသူေတြဆီက ကူးစက္မႈႏႈန္းထက္ မိမိတို႔ေနထိုင္ရာ အရပ္အတြင္းက ေရာဂါပိုး ရွိသူေတြဆီကတဆင့္ ကူးစက္တဲ့ႏႈန္းက ပိုမ်ားတယ္လို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါဓာတ္ခဲြစစ္ေဆးမႈေတြမွာ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႔သူေတြထဲမွာ ကူးစက္မႈ ၄.၅ ရာခုိင္ႏႈန္း၊ ေစာင့္ၾကည့္လူနာေတြထဲမွာ ၁.၈ ရာခုိင္ႏႈန္းနဲ႔ ေရာဂါလကၡဏာ မရွိေပမဲ့ ျပည္တြင္း၊ ျပည္ပခရီးသြားရာဇ၀င္ရွိတဲ့အတြက္ အသြားအလာ ကန္႔သတ္ထားသူေတြၾကားမွာ ၀.၃ ရာခုိင္ႏႈန္းေတြ႔ရွိရေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

အစိုးရက အတည္ျပဳ ထုတ္ျပန္ထားတဲ့ COVID 19 ေရာဂါေၾကာင့္ ေသဆုံးသူဦးေရက ၆ ဦး ရွိပါတယ္။ ကုသမႈခံယူၿပီး ေရာဂါကင္းရွင္းသူ ၄၉ ေယာက္ရွိတယ္လို႔လည္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ထုတ္ျပန္တဲ့ စာရင္းေတြအရ သိရပါတယ္ရွင္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------
[Unicode Version]

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာသစ်မတွေ့

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မေလ ၅ ရက်နေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်အရ အမျိုးသားကျန်းမာရေးဌာန၊ ဓါတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန်က ပထမအသုတ် စစ်ဆေးခဲ့တဲ့ ဓါတ်ခွဲနမူနာ ၉၄ ခုနဲ့ ဆေးသုတေသန ဦးစီးဌာနက စစ်ဆေးခဲ့တဲ့ ဓါတ်ခွဲနမူနာ ၁၀၆ ခု၊ စုစုပေါင်း ၂၀၀ မှာ COVID-19 အတည်ပြုလူနာအသစ် မတွေ့ရှိရကြောင်း ဖော်ပြပါတယ်။

မနေ့တုန်းကတော့ ကူးစက်သူအသစ် ၆ ဦးကို အတည်ပြုခဲ့တဲ့အတွက် ရောဂါ ကူးစက်ခံထားရသူ စုစုပေါင်း ၁၆၁ ဦး ရှိနေပါတယ်။

မနေ့က ထပ်တိုးတဲ့ လူနာ ၆ ဦးထဲမှာတော့ နေပြည်တော် ဇမ္မူသီရိမြို့နယ်က တပ်မတော်သား ၁ ဦးလည်း ပါဝင်ခဲ့ပြီး ဒါဟာဆိုရင် နေပြည်တော်မှာ ပထမဆုံး ရောဂါပိုး ကူးစက်ခံရသူ တွေ့ရှိတာလည်း ဖြစ်ပါတယ်။

မေလ ၄ ရက်ကနေ မေလ ၅ရက် နေ့လယ်ပိုင်းအထိ စောင့်ကြည့်လူနာသစ် ၉၈ ဦး ရှိပါတယ်။

ကူးစက်မှုတွေဟာ ပြည်ပက ပြန်လည်ရောက်ရှိလာသူတွေဆီက ကူးစက်မှုနှုန်းထက် မိမိတို့နေထိုင်ရာ အရပ်အတွင်းက ရောဂါပိုး ရှိသူတွေဆီကတဆင့် ကူးစက်တဲ့နှုန်းက ပိုများတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုတွေမှာ အတည်ပြုလူနာတွေနဲ့ ထိတွေ့သူတွေထဲမှာ ကူးစက်မှု ၄.၅ ရာခိုင်နှုန်း၊ စောင့်ကြည့်လူနာတွေထဲမှာ ၁.၈ ရာခိုင်နှုန်းနဲ့ ရောဂါလက္ခဏာ မရှိပေမဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားရာဇဝင်ရှိတဲ့အတွက် အသွားအလာ ကန့်သတ်ထားသူတွေကြားမှာ ဝ.၃ ရာခိုင်နှုန်းတွေ့ရှိရကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အစိုးရက အတည်ပြု ထုတ်ပြန်ထားတဲ့ COVID 19 ရောဂါကြောင့် သေဆုံးသူဦးရေက ၆ ဦး ရှိပါတယ်။ ကုသမှုခံယူပြီး ရောဂါကင်းရှင်းသူ ၄၉ ယောက်ရှိတယ်လို့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်ရှင်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar/5406103.html
ျမန္မာႏုိင္ငံမွာ COVID-19 အတည္ျပဳလူနာသစ္မေတြ႔ ျမန္မာႏုိင္ငံမွာ COVID-19 အတည္ျပဳလူနာသစ္မေတြ႔ Reviewed by THITHTOOLWIN on 22:33 Rating: 5
Powered by Blogger.